Covid-19 2nd wave ပိုမဆိုးလာစေဖို့ Stay at home နေခြင်းဟာ ဘယ်လောက်အရေးပါသလဲ…
Covid-19 ရောဂါပိုးဟာ မြန်မာနိုင်ငံမှာ 2nd wave စပြီး ရက်ပိုင်းအတွင်းမှာပဲ လူပေါင်းထောင်ကျော်ကူးစက်နေပြီဖြစ်ပါတယ်။ အမေရိကန်၊ အင်္ဂလန်လို ဒိတ်ဒိတ်ကြဲနိုင်ငံကြီးတွေမှာတောင် ကူးစက်သူဦးရေ၊သေဆုံးသူဦးရေ အဆမတန်များပြားပြီး ထိန်းမရဖြစ်နေခဲ့တာ မြန်မာနိုင်ငံလို WHO မှာ နောက်တန်းရောက်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ တကယ့်ကိုရင်လေးစရာပါပဲ။ ထိန်းသိမ်းနိုင်ဖို့ကတော့ Stay at home နေတာအကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဒီ Covid-19 ရောဂါဟာ လေထုထဲကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါမို့လို့ပါ။
ကူးစက်ပုံတွေကိုအသေးစိတ်ပြောရရင်…
1)ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုး၊ စကားပြောလိုက်လို့ထွက်လာတဲ့ ပိုးပါတဲ့လေကို
ရှူရှိုက်မိတဲ့အခါ
2) ရောဂါပိုးရှိတဲ့သူကနေထွက်တဲ့ secretions တွေကပ်တွယ်နေတဲ့ပစ္စည်းတွေကို လက်နဲ့ကိုင်တွယ်မိတဲ့အခါ
3)ရောဂါပိုးရှိသူနဲ့ ၁ မီတာအတွင်း အကာအကွယ်မရှိပဲ တိုက်ရိုက်ထိတွေ့မှုပြုလုပ်မိတဲ့အခါ ကူးစက်တတ်ပါတယ်။
အကယ်၍ ကူးစက်ခံခဲ့ရပြီဆိုလျှင် ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာ၊အန်တာ၊အနံ့အရသာမရတာ၊ကိုယ်လက်ကိုက်ခဲတာ၊နုံးတာ၊စိတ်အခြေအနေမမှန်တာ စတဲ့လက္ခဏာတွေကိုခံစားရရုံသာမက နှလုံးကြွက်သားတွေကိုထိခိုက်ပြီး နှလုံးအလုပ်မလုပ်တော့တာ၊ အသည်းနဲ့ ကျောက်ကပ်ကိုထိခိုက်တာ၊ ခန္တာကိုယ်နေရာတော်တော်များများမှာသွေးခဲတာ၊ သွေးကြောပိတ်တာ၊ အဆုတ်ကိုထိခိုက်ပျက်စီးစေတာတွေအပြင် အာရုံကြောဆဲလ်တွေကိုထိခိုက်တဲ့ အကြောသေရောဂါနဲ့တခြားအာရုံကြောရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒီနောက်ဆက်တွဲရောဂါဆိုးတွေဟာ အသက်ကြီးတဲ့သူ၊ ကိုယ်ဝန်ဆောင်သည်၊ ကိုယ်ခံအားမကောင်းတဲ့သူ၊ ဆီးချို၊သွေးတိုး စတဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ပိုပြီးသတိထားသင့်ပါတယ်။ ဒါပေမယ့်လည်း ရောဂါအခံမရှိသူတွေနဲ့ ငယ်ရွယ်သူတွေမှာလည်း ဖြစ်ပွားတတ်တာမို့လို့ သတိမလျော့စေချင်ပါဘူး။ အကာကွယ်နိုင်ဆုံးကတော့ အိမ်မှာပဲနေပါ။ မဖြစ်မနေအပြင်သွားရမယ်ဆိုရင် Mask တပ်ပါ။လက်ကို ဆပ်ပြာနဲ့ခဏခဏဆေးပါ။ Alcohol hand sanitizer ဖြစ်ဖြစ်အမြဲဆောင်ထားပါ။လူစုလူဝေးကိုရှောင်ပါ။ ဖျားနာ၊ ချောင်းဆိုးသူတွေနဲ့ဝေးဝေးနေပါ။ အိမ်မှာနေရင်တောင် တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာမှာနေပေးပါ။အကာကွယ်နိုင်ဆုံးကတော့ အိမ်မှာပဲနေပါ။ ဒီအချက်တွေရယ် Stay at home ကိုသာ အကောင်းဆုံး လိုက်နာမယ်ဆိုရင် Covid ရဲ့ သားကောင်ဖြစ်လာစေနိုင်မှာမဟုတ်ပါဘူး….။
ဒေါက်တာသက်လွှာ