မီးဖွားခြင်းအဆင့်ဆင့်

မီးဖွားတဲ့အခါသာမန်မြင်ရတဲ့ အခြေအနေကတော့ မိခင်ကဗိုက်နာတယ်၊ ညှစ်တယ်၊ မရရင်မွေးလမ်းကြောင်းချဲ့တယ်၊ ကလေးထွက်လာတယ် စသဖြင့်ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒါကတော့အပြင်ပန်းမှာမြင်နေရတဲ့အရာတွေဖြစ်ပြီး သားအိမ်အတွင်းပိုင်းမှာဖြစ်နေတာတွေ၊ မွေးလမ်းကြောင်းမှာဖြစ်နေတာတွေအများအပြားရှိပါတယ်။ ကလေးလေးအဆင်ပြေပြေမွေးဖွားလာအောင်၊ ကလေးရောမိခင်ပါအဆင်ပြေအောင်ဖြစ်နေတဲ့အဖြစ်အပျက်တွေ၊ မီးဖွားခြင်းရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကအဆင့်ဆင့်ဖြစ်ပေါ်ပြီးကလေးမွေးဖွားလာအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

မီဖွားတဲ့အဆင့်တွေကိုတော့ ပုံမှန်3ဆင့်ခွဲခြားထားပါတယ်။ ဗိုက်စနာတာကနေ သားအိမ်ခေါင်းက10cmထိကျယ်လာတာကို ပထမအဆင့်၊ ကလေးတစ်ကိုယ်လုံးအပြင်ရောက်လာတာကို ဒုတိယအဆင့်၊ အချင်းအကုန်ကျပြီးတဲ့အချိန်ကို တတိယအဆင့်ဆိုပြီးခွဲခြားထားပါတယ်။ အဆိုပါအဆင့်တွေကိုကျော်ဖြတ်ပြီးမှ ကလေးမွေးခြင်းပြီးဆုံးတာဖြစ်ပါတယ်။

ပထမအဆင့်ကတော့မွေးကာနီးဗိုက်နာတာနဲ့အစပြုပါတယ်။ နေ့စေ့လစေ့လို့ မွေးတော့မယ်ဆိုရင် ကျောကနာသလိုလို ဗိုက်ကနာသလိုလိုဖြစ်ပါတယ်။ အရင်နာနေကြဖြစ်နေနိုင်ပေမယ့် ထူးထူးကဲကဲနာတတ်ပါတယ်။ အရင်ကနည်းနည်းနာလိုက်ပျောက်လိုက်နဲ့ပြီးသွားနိုင်ပေမယ့် ကလေးမွေးတော့မှာမို့လို့နာလာရင်တော့ ပိုပိုပြီးနာလာပါတယ်။ နာတာကြာလာသလို ပိုပိုပြီးနာလာပါတယ်။ ကလေးကိုသားအိမ်ကအပြင်ကိုထွက်အောင်ညှစ်နေတဲ့အချိန်မို့လို့
ပိုပိုပြီးပြင်းထန်လာတာဖြစ်ပါတယ်။ သားအိမ်ကညှစ်နေတဲ့တစ်ချိန်တည်းမှာပဲ သားအိမ်ခေါင်းကလည်းပွင့်လာပါတယ်။ ကလေးရဲ့ခေါင်းက 9.5-10cmလောက်ရှိနိုင်တာကြောင့် သားအိမ်ခေါင်းကလည်း 10cmရောက်အောင်ပွင့်လာရပါတယ်။

သားအိမ်ခေါင်းမှာလည်း ကလေးထွက်ရတာလွယ်ကူချောမွေ့အောင် အချွဲတွေထွက်နေတဲ့အပြင်သွေးအနည်းငယ်နဲ့ရောပြီး အချွဲဆင်းနိုင်ပါတယ်။ သားအိမ်ခေါင်းကလည်း။ တစ်နာရီကို 1cmနှုန်းနဲ့ 10cmရောက်တဲ့အထိပွင့်လာရပါတယ်။ သားဦးမွေးတဲ့အမေတွေမှာတော့ 10နာရီထက်ကြာနိုင်ပါတယ်။ အဆိုပါအတောအတွင်းမှာဗိုက်ကပိုပိုနာလာတဲ့အတွက် ကလေးကလည်းအောက်ကိုတဖြည်းဖြည်းဆင်းလာတယ်လို့ယူဆရပါမယ်။

သားအိမ်ခေါင်းက1ဒ0cmထိပွင့်သွားပြီးရင် ဒုတိယအဆင့်ကိုရောက်လာပြီဖြစ်ပါတယ်။ ဒုတိယအတင့်မှာတော့ ကလေးမွေးတော့မယ့်အဆင့်ဖြစ်ပါတယ်။ ကလေးကခေါင်းနဲ့ထွက်သလား၊ တင်ပါးဆုံနဲ့ထွက်သလား၊ ခြေလက်နဲ့ထွက်သလားစတာတွေကမွေးဖွားတာကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ ခေါင်းနဲ့ဆင်းတာကအမှန်ကန်ဆုံးအခြေအနေဖြစ်ပြီး မိခင်ကောကလေးပါအသက်သာဆုံးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။
အဆိုပါအခြေအနေမှာတောင် မွေးလမ်းကြောင်းမကျယ်သေးရင်ချဲ့ရတဲ့အခြေအနေမျိုးတွေ့နိုင်ပါေ သးတယ်။ အခြားအစိတ်အပိုင်းနဲ့ဆင်းလာရင်တော့သင့်တော်တဲ့မွေးနည်းနဲ့ မွေးရပါမယ်။ ဗိုက်ခွဲမွေးရသလို လေစုပ်တာ၊ ညှပ်စွဲတာတွေလည်းကြုံရနိုင်ပါတယ်။

ကလေးတစ်ကိုယ်လုံးထွက်လာရင်တော့ တတိယအဆင့်ရောက်ပြီဖြစ်ပါတယ်။ အချင်းကိုတစ်စမကျန်အောင်ချဖို့လိုအပ်သလို မကျသေးရင်လည်းဆေးထိုးပြီးလက်နဲ့ဆွဲချရတာ၊ အချင်းကျန်မကျန်၊ သွေးသွန်နေလားစစ်ဆေးသလို သွေးတိတ်အောင်လည်းလုပ်ရပါတယ်။ မွေးလမ်းကြောင်းချဲ့ထားရင်ပြန်ချုပ်ရသလို သားအိမ်အခြေအနေ၊ မိခင်အခြေအနေတွေလည်းအကဲခတ်ရပါတယ်။

ကလေးမွေးတာဟာ အဆင့်များစွာကျော်ဖြတ်ရပြီးအဆင့်တိုင်းမှာ အဆင်ပြေချောမွေ့နေဖို့လိုအပ်ပါတယ်။ ဒါမှသာမိခင်ကောကလေးပါ ကျန်းမာမှာဖြစ်ပြီးချွတ်ချော်မှုတွေရှိလာရင်တော့ လိုအပ်တဲ့ကုသမှုခံယူကာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။

Dr. ZZ

မီးဖြားျခင္းအဆင့္ဆင့္

မီးဖြားတဲ့အခါသာမန္ျမင္ရတဲ့ အေျခအေနကေတာ့ မိခင္ကဗိုက္နာတယ္၊ ညႇစ္တယ္၊ မရရင္ေမြးလမ္းေၾကာင္းခ်ဲ႕တယ္၊ ကေလးထြက္လာတယ္ စသျဖင့္ရွင္းရွင္းလင္းလင္းျမင္ရမွာျဖစ္ပါတယ္။ ဒါကေတာ့အျပင္ပန္းမွာျမင္ေနရတဲ့အရာေတြျဖစ္ၿပီး သားအိမ္အတြင္းပိုင္းမွာျဖစ္ေနတာေတြ၊ ေမြးလမ္းေၾကာင္းမွာျဖစ္ေနတာေတြအမ်ားအျပားရွိပါတယ္။ ကေလးေလးအဆင္ေျပေျပေမြးဖြားလာေအာင္၊ ကေလးေရာမိခင္ပါအဆင္ေျပေအာင္ျဖစ္ေနတဲ့အျဖစ္အပ်က္ေတြ၊ မီးဖြားျခင္းရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကအဆင့္ဆင့္ျဖစ္ေပၚၿပီးကေလးေမြးဖြားလာေအာင္ ေဆာင္႐ြက္ေပးတာျဖစ္ပါတယ္။

မီဖြားတဲ့အဆင့္ေတြကိုေတာ့ ပုံမွန္3ဆင့္ခြဲျခားထားပါတယ္။ ဗိုက္စနာတာကေန သားအိမ္ေခါင္းက10cmထိက်ယ္လာတာကို ပထမအဆင့္၊ ကေလးတစ္ကိုယ္လုံးအျပင္ေရာက္လာတာကို ဒုတိယအဆင့္၊ အခ်င္းအကုန္က်ၿပီးတဲ့အခ်ိန္ကို တတိယအဆင့္ဆိုၿပီးခြဲျခားထားပါတယ္။ အဆိုပါအဆင့္ေတြကိုေက်ာ္ျဖတ္ၿပီးမွ ကေလးေမြးျခင္းၿပီးဆုံးတာျဖစ္ပါတယ္။

ပထမအဆင့္ကေတာ့ေမြးကာနီးဗိုက္နာတာနဲ႔အစျပဳပါတယ္။ ေန႔ေစ့လေစ့လို႔ ေမြးေတာ့မယ္ဆိုရင္ ေက်ာကနာသလိုလို ဗိုက္ကနာသလိုလိုျဖစ္ပါတယ္။ အရင္နာေနၾကျဖစ္ေနႏိုင္ေပမယ့္ ထူးထူးကဲကဲနာတတ္ပါတယ္။ အရင္ကနည္းနည္းနာလိုက္ေပ်ာက္လိုက္နဲ႔ၿပီးသြားႏိုင္ေပမယ့္ ကေလးေမြးေတာ့မွာမို႔လို႔နာလာရင္ေတာ့ ပိုပိုၿပီးနာလာပါတယ္။ နာတာၾကာလာသလို ပိုပိုၿပီးနာလာပါတယ္။ ကေလးကိုသားအိမ္ကအျပင္ကိုထြက္ေအာင္ညႇစ္ေနတဲ့အခ်ိန္မို႔လို႔
ပိုပိုၿပီးျပင္းထန္လာတာျဖစ္ပါတယ္။ သားအိမ္ကညႇစ္ေနတဲ့တစ္ခ်ိန္တည္းမွာပဲ သားအိမ္ေခါင္းကလည္းပြင့္လာပါတယ္။ ကေလးရဲ႕ေခါင္းက 9.5-10cmေလာက္ရွိႏိုင္တာေၾကာင့္ သားအိမ္ေခါင္းကလည္း 10cmေရာက္ေအာင္ပြင့္လာရပါတယ္။

သားအိမ္ေခါင္းမွာလည္း ကေလးထြက္ရတာလြယ္ကူေခ်ာေမြ႕ေအာင္ အခြၽဲေတြထြက္ေနတဲ့အျပင္ေသြးအနည္းငယ္နဲ႔ေရာၿပီး အခြၽဲဆင္းႏိုင္ပါတယ္။ သားအိမ္ေခါင္းကလည္း။ တစ္နာရီကို 1cmႏႈန္းနဲ႔ 10cmေရာက္တဲ့အထိပြင့္လာရပါတယ္။ သားဦးေမြးတဲ့အေမေတြမွာေတာ့ 10နာရီထက္ၾကာႏိုင္ပါတယ္။ အဆိုပါအေတာအတြင္းမွာဗိုက္ကပိုပိုနာလာတဲ့အတြက္ ကေလးကလည္းေအာက္ကိုတျဖည္းျဖည္းဆင္းလာတယ္လို႔ယူဆရပါမယ္။

သားအိမ္ေခါင္းက1ဒ0cmထိပြင့္သြားၿပီးရင္ ဒုတိယအဆင့္ကိုေရာက္လာၿပီျဖစ္ပါတယ္။ ဒုတိယအတင့္မွာေတာ့ ကေလးေမြးေတာ့မယ့္အဆင့္ျဖစ္ပါတယ္။ ကေလးကေခါင္းနဲ႔ထြက္သလား၊ တင္ပါးဆုံနဲ႔ထြက္သလား၊ ေျခလက္နဲ႔ထြက္သလားစတာေတြကေမြးဖြားတာကိုအဆုံးအျဖတ္ေပးႏိုင္ပါတယ္။ ေခါင္းနဲ႔ဆင္းတာကအမွန္ကန္ဆုံးအေျခအေနျဖစ္ၿပီး မိခင္ေကာကေလးပါအသက္သာဆုံးအေျခအေနတစ္ရပ္ျဖစ္ပါတယ္။
အဆိုပါအေျခအေနမွာေတာင္ ေမြးလမ္းေၾကာင္းမက်ယ္ေသးရင္ခ်ဲ႕ရတဲ့အေျခအေနမ်ိဳးေတြ႕ႏိုင္ပါေ သးတယ္။ အျခားအစိတ္အပိုင္းနဲ႔ဆင္းလာရင္ေတာ့သင့္ေတာ္တဲ့ေမြးနည္းနဲ႔ ေမြးရပါမယ္။ ဗိုက္ခြဲေမြးရသလို ေလစုပ္တာ၊ ညႇပ္စြဲတာေတြလည္းႀကဳံရႏိုင္ပါတယ္။

ကေလးတစ္ကိုယ္လုံးထြက္လာရင္ေတာ့ တတိယအဆင့္ေရာက္ၿပီျဖစ္ပါတယ္။ အခ်င္းကိုတစ္စမက်န္ေအာင္ခ်ဖို႔လိုအပ္သလို မက်ေသးရင္လည္းေဆးထိုးၿပီးလက္နဲ႔ဆြဲခ်ရတာ၊ အခ်င္းက်န္မက်န္၊ ေသြးသြန္ေနလားစစ္ေဆးသလို ေသြးတိတ္ေအာင္လည္းလုပ္ရပါတယ္။ ေမြးလမ္းေၾကာင္းခ်ဲ႕ထားရင္ျပန္ခ်ဳပ္ရသလို သားအိမ္အေျခအေန၊ မိခင္အေျခအေနေတြလည္းအကဲခတ္ရပါတယ္။

ကေလးေမြးတာဟာ အဆင့္မ်ားစြာေက်ာ္ျဖတ္ရၿပီးအဆင့္တိုင္းမွာ အဆင္ေျပေခ်ာေမြ႕ေနဖို႔လိုအပ္ပါတယ္။ ဒါမွသာမိခင္ေကာကေလးပါ က်န္းမာမွာျဖစ္ၿပီးခြၽတ္ေခ်ာ္မႈေတြရွိလာရင္ေတာ့ လိုအပ္တဲ့ကုသမႈခံယူကာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ေရွာင္ရွားရမွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…