ကလေးနှင့်အားကစား
ဂိုး…..
ဒိုလေးကွ… ငါက မက်ဆီကွ….
ရပ်ကွက်ဘောလုံးကွင်းထဲ ..ကလေးတွေ ဘောလုံးကန်နေကြတာပါ…
လောလောဆယ်ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးရဲ့ ရိုက်ခတ်မှုက လူကြီးတွေကော ကလေးတွေကိုပါ သက်ရောက်မှုပေါ့…
စဉ်စားမိတယ်.. အရင်ခေတ် ဒီလို ဖုန်းတွေမပေါခင်.. social media တွေ မများခင်တုန်းက ကလေးတွေဆိုတာ.. နေဝင်မိုးချုပ်ချိန်ထိ လမ်းပေါ်မှာ.. အိမ်နီးချင်းက မိန်းကလေးတွေရော ယောကျ်ားလေးတွေကော… ထုတ်ဆီးထိုးကြိုးခုန်..ဘောလုံးကန် .. ခြင်းခတ်..ဝါသနာပါရာ အားကစားနည်းမျိုးစုံကို ဆော့ကစားခဲ့ကြတာ… အိမ်က အဖေအမေတွေ လာခေါ်ရတဲ့အထိ… တော်ရုံကလေး သူငယ်ဆိုတာ အိမ်ပြင်မထွက်ရဲတာမျိုး သိပ်မရှိ.. လူသိပ်မကြောက်တတ်ကြ…
ယခုခေတ်မှာ တိုးတက်လာတာနဲ့အမျှ … ကားတွေ များလာတယ် ဖုန်းတွေပေါလာတယ်.. မိဘတွေ ကိုယ်တိုင်က ကလေးတွေကို အိမ်ပြင်သိပ်ပေးမထွက်ရဲတော့…အိမ်နီးချင်းကလေးတွေ တူတူကစားကြ၊ဆော့ကြတဲ့ ဓလေ့ဟာ တဖြည်းဖြည်းပျောက်ကွယ်လာတယ်.. ခုနကလို ဘောလုံးစိတ်ဝင်စားတဲ့ ကလေးတွေလောက်သာ ရပ်ကွက်ဘောလုံးကွင်းထဲ ဘောလုံးကန်ကြတာလောက်ပဲဘရှိတော့တယ်..
ပြီးတော့ “အားကစား”ဆိုတဲ့ အတိုင်း အားလပ်မှ ဆော့ရတဲ့အတွက်… ဒီနေ့လို ခေတ်ကြီးထဲက ကလေးတွေအတွက် အချိန်ဆိုတာ အတော်ရှားပါး… မနက်မိုးလင်းတာနဲ့.. ကျူရှင်.. ပြီးရင်ကျောင်း.. ညနေကျောင်းဆင်းရင် ကျူရှင်.. ညဆို guide .. ဒီလို နေ့စဉ်လည်ပတ်နေရတော့ ကစားဖို့ အချိန်မရှိတော့… ပညာရေးအတွက်ပဲ အာရုံစိုက်နေကြရပါတယ်…
ကျောင်းစာကြောင့် ပင်ပန်းတာ၊ အာရုံစိုက်ရတဲ့အခါ မျက်မှန်တက်ရတာ၊ တခါတလေ အချိန်မလုံလောက်တဲ့အတွက် စားသောက်တဲ့အခါ ဖြစ်သလိုစားရတာမျိုးတွေ ရှိတော့ ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်..
ဒါကြောင့် ဖြစ်နိုင်ရင် မိဘတွေ အနေနဲ့ ကလေးအတွက် နားချိန်၊ကစားချိန်သီးသန့်သတ်မှတ်ပေးတာမျိုးတွေ၊ weekend တွေမှာ မိသားစုလိုက် အပန်းဖြေထွက်တာမျိုး၊ ကစားကွင်းလိုက်ပို့တာမျိုး၊ ကလေး ဝါသနာ ပါတဲ့ အားကစားတမျိုးမျိုးကို သေချာလိုက်အပ်နှံပေးထားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်…
ရပ်ကွက်ထဲမှာလဲ playground လေးတွေ ဆောက်ပေးထားခြင်း၊ အားကစားဆိုင်ရာ သိကျွမ်းနားလည်သူတွေမှ ကလေးတွေကို activities လေးတွေ စုပေါင်းလုပ်ဆောင်ဖို့ စည်းရုံးခြင်း၊ ပြိုင်ပွဲများ လုပ်ပေးခြင်း အစရှိတာလေးတွေ လုပ်ပေးသင့်ပါတယ်…
ဒီလိုအားဖြင့် ကလေးတွေမှာ လုံလောက်တဲ့ အနားယူမှုလဲရနိုင်သလို .. လူမှုဆက်ဆံရေးမှာလဲ ပိုကောင်းလာတယ်… စုပေါင်းလုပ်ဆောင်ခြင်းတွေကို ပိုနှစ်သက်လာမယ်… ကျန်းမာရေးပိုကောင်းမယ် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်…
ဒါကြောင့် ကလေးတစ်ယောက်ကျန်းမာသန်စွမ်းဖို့ဆိုတာ.. သူ့ရဲ့နေ့စဉ် လှုပ်ရှားသွားလာမှုပေါ်မှာ အများကြီး မူတည်ပါတယ်… ကျောင်းစာဟာ အရေးကြီးသလို ကလေးရဲ့ စိတ်နေသဘောထား၊ ကလေးရဲ့ ကျန်းမာရေး..တွေဟာလဲ အရေးပါလှတာမို့ ..ကလေးသူငယ်နှင့် အားကစားအကြောင်းလေး ရေးလိုက်ရပါတယ်…
ကျန်းမာပျော်ရွှင် ယုံကြည်အားထား ကလေးနှင့်အားကစား…
ပိုင်နီမောင်
ကေလးႏွင့္အားကစား
ဂိုး…..
ဒိုေလးကြ… ငါက မက္ဆီကြ….
ရပ္ကြက္ေဘာလံုးကြင္းထဲ ..ကေလးေတြ ေဘာလံုးကန္ေနၾကတာပါ…
ေလာေလာဆယ္က်င္းပေနတဲ့ ၂၀၁၈ ကမၻာ့ဖလားေဘာလံုးပဲြႀကီးရဲ႕ ႐ိုက္ခတ္မႈက လူႀကီးေတြေကာ ကေလးေတြကိုပါ သက္ေရာက္မႈေပါ့…
စဥ္စားမိတယ္.. အရင္ေခတ္ ဒီလို ဖုန္းေတြမေပါခင္.. social media ေတြ မမ်ားခင္တုန္းက ကေလးေတြဆိုတာ.. ေနဝင္မိုးခ်ဳပ္ခ်ိန္ထိ လမ္းေပၚမွာ.. အိမ္နီးခ်င္းက မိန္းကေလးေတြေရာ ေယာက်္ားေလးေတြေကာ… ထုတ္ဆီးထိုးႀကိဳးခုန္..ေဘာလံုးကန္ .. ျခင္းခတ္..ဝါသနာပါရာ အားကစားနည္းမ်ိဳးစံုကို ေဆာ့ကစားခဲ့ၾကတာ… အိမ္က အေဖအေမေတြ လာေခၚရတဲ့အထိ… ေတာ္ရံုကေလး သူငယ္ဆိုတာ အိမ္ျပင္မထြက္ရဲတာမ်ိဳး သိပ္မ႐ွိ.. လူသိပ္မေၾကာက္တတ္ၾက…
ယခုေခတ္မွာ တိုးတက္လာတာနဲ႔အမွ် … ကားေတြ မ်ားလာတယ္ ဖုန္းေတြေပါလာတယ္.. မိဘေတြ ကုိယ္တိုင္က ကေလးေတြကို အိမ္ျပင္သိပ္ေပးမထြက္ရဲေတာ့…အိမ္နီးခ်င္းကေလးေတြ တူတူကစားၾက၊ေဆာ့ၾကတဲ့ ဓေလ့ဟာ တျဖည္းျဖည္းေပ်ာက္ကြယ္လာတယ္.. ခုနကလို ေဘာလံုးစိတ္ဝင္စားတဲ့ ကေလးေတြေလာက္သာ ရပ္ကြက္ေဘာလံုးကြင္းထဲ ေဘာလံုးကန္ၾကတာေလာက္ပဲဘ႐ွိေတာ့တယ္..
ၿပီးေတာ့ “အားကစား”ဆိုတဲ့ အတိုင္း အားလပ္မွ ေဆာ့ရတဲ့အတြက္… ဒီေန႔လို ေခတ္ႀကီးထဲက ကေလးေတြအတြက္ အခ်ိန္ဆိုတာ အေတာ္႐ွားပါး… မနက္မိုးလင္းတာနဲ႔.. က်ဴ႐ွင္.. ၿပီးရင္ေက်ာင္း.. ညေနေက်ာင္းဆင္းရင္ က်ဴ႐ွင္.. ညဆို guide .. ဒီလို ေန႔စဥ္လည္ပတ္ေနရေတာ့ ကစားဖို႔ အခ်ိန္မ႐ွိေတာ့… ပညာေရးအတြက္ပဲ အာရံုစိုက္ေနၾကရပါတယ္…
ေက်ာင္းစာေၾကာင့္ ပင္ပန္းတာ၊ အာရံုစိုက္ရတဲ့အခါ မ်က္မွန္တက္ရတာ၊ တခါတေလ အခ်ိန္မလံုေလာက္တဲ့အတြက္ စားေသာက္တဲ့အခါ ျဖစ္သလိုစားရတာမ်ိဳးေတြ ႐ွိေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္..
ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ မိဘေတြ အေနနဲ႔ ကေလးအတြက္ နားခ်ိန္၊ကစားခ်ိန္သီးသန္႔သတ္မွတ္ေပးတာမ်ိဳးေတြ၊ weekend ေတြမွာ မိသားစုလိုက္ အပန္းေျဖထြက္တာမ်ိဳး၊ ကစားကြင္းလိုက္ပို႔တာမ်ိဳး၊ ကေလး ဝါသနာ ပါတဲ့ အားကစားတမ်ိဳးမ်ိဳးကို ေသခ်ာလိုက္အပ္ႏွံေပးထားတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္…
ရပ္ကြက္ထဲမွာလဲ playground ေလးေတြ ေဆာက္ေပးထားျခင္း၊ အားကစားဆိုင္ရာ သိကြၽမ္းနားလည္သူေတြမွ ကေလးေတြကို activities ေလးေတြ စုေပါင္းလုပ္ေဆာင္ဖို႔ စည္းရံုးျခင္း၊ ၿပိဳင္ပဲြမ်ား လုပ္ေပးျခင္း အစ႐ွိတာေလးေတြ လုပ္ေပးသင့္ပါတယ္…
ဒီလိုအားျဖင့္ ကေလးေတြမွာ လံုေလာက္တဲ့ အနားယူမႈလဲရႏိုင္သလို .. လူမႈဆက္ဆံေရးမွာလဲ ပိုေကာင္းလာတယ္… စုေပါင္းလုပ္ေဆာင္ျခင္းေတြကို ပိုႏွစ္သက္လာမယ္… က်န္းမာေရးပိုေကာင္းမယ္ ဒီလို အက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္…
ဒါေၾကာင့္ ကေလးတစ္ေယာက္က်န္းမာသန္စြမ္းဖို႔ဆိုတာ.. သူ့ရဲ႕ေန႔စဥ္ လႈပ္႐ွားသြားလာမႈေပၚမွာ အမ်ားႀကီး မူတည္ပါတယ္… ေက်ာင္းစာဟာ အေရးႀကီးသလို ကေလးရဲ႕ စိတ္ေနသေဘာထား၊ ကေလးရဲ႕ က်န္းမာေရး..ေတြဟာလဲ အေရးပါလွတာမို႔ ..ကေလးသူငယ္ႏွင့္ အားကစားအေၾကာင္းေလး ေရးလိုက္ရပါတယ္…
က်န္းမာေပ်ာ္ရႊင္ ယံုၾကည္အားထား ကေလးႏွင့္အားကစား…
ပိုင္နီေမာင္