ကိုယ်ဝန်ဆောင်စဉ် စပ်သောအစားအစာများစားသုံးခြင်း

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ပြီဆိုလျှင် မိမိအတွက်သာမက ဝမ်းထဲရှိ ကလေးအတွက်ပါ စဉ်းစားရပါတော့တယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစား သာမက အစားအသောက်တွေကိုပါ ဂရုစိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ စပ်သောအစားအသောက်များနဲ့ ပတ်သတ်တဲ့ ဒွိဟဖြစ်နေတာလေးတွေ ရှင်းပြချင်ပါတယ်။

မိခင်တော်တော်များများရဲ့ အတွေးထဲမှာ ကိုယ်ဝန်ဆောင်စဉ် စပ်သော အစားအသောက်များစားခြင်းက ဝမ်းထဲရှိ ကလေးကို ထိခိုက်စေတယ်လို့ ထင်ကြပါတယ်။ အမှန်က ကိုယ်ဝန်ဆောင်စဉ် စပ်သောအစားအသောက်များ စားခြင်းက ဝမ်းထဲရှိ ကလေးကို မထိခိုက်စေနိုင်ပါ။ စပ်သောအစားအစာများက လူအများစိတ်ပူကြသလို ရေမွှာရည်စောပေါက်ခြင်း၊ လမစေ့မီ ကလေးမွေးဖွားခြင်း၊ ကလေးပျက်ကျခြင်း၊ ကိုယ်အင်္ဂါမစုံလင်ခြင်း စတဲ့ ကလေးကို ထိခိုက်စေခြင်းမျိုး မဖြစ်စေနိုင်ပါဘူး။

ဒါပေမဲ့ အစပ်များက မိခင်ကို အစာအိမ်လောင်၍ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သာမာန်လူများအတိုင်း ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် စပ်သောအစားအစာများက ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်မအီမသာဖြစ်ခြင်း (Morning sickness) ကိုပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း စတဲ့ ပြဿနာတွေကို ရှောင်ကြဉ်ရန် အစပ်များလျော့စားသင့်ပါတယ်။ မလတ်ဆတ်သော မှိုစွဲသော ငရုတ်သီးများ စားမိခြင်းမှရှောင်ကြဉ်ရန် ရက်လွန်များ၊ သေချာစွာ ထုတ်ပိုးထားခြင်းမရှိသော ငရုတ်သီးထုတ်များကို မဝယ်ယူသင့်ပါ။ FDAမှ ခွင့်ပြုထားသော ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များကိုသာ သုံးစွဲသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကလေးကို ထိခိုက်နိုင်ပြီး အမှန်တကယ် ရှောင်ကြဉ်ရမယ့် အစားအသောက်တွေကတော့ သေချာစွာ ချက်ပြုတ်ထားခြင်း မရှိသော အသား၊ ငါးနှင့် ဥများ (သို့) အသားစိမ်း၊ ငါးစိမ်းများ၊ ပိုးသတ်ထားခြင်း မရှိသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ အရက်သေစာများ၊ Caffeine ဓာတ်ပါဝင်သော အအေးနှင့် ဖျော်ရည်ယမကာများ၊ ကြယ်ငါး၊ ငါးမန်းကဲ့သို့ mercury ပါဝင်သော ပင်လယ်ငါးများ တို့ပဲဖြစ်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

ကိုယ္​ဝန္​​ေဆာင္​စဥ္​ စပ္​​ေသာအစားအစာမ်ားစားသံုးျခင္​း

အမ်ိဳးသမီးတစ္​​ေယာက္​ ကိုယ္​ဝန္​​ေဆာင္​ၿပီဆိုလ်ွင္​ မိမိအတြက္​သာမက ဝမ္​းထဲရိွ က​ေလးအတြက္​ပါ စဥ္​းစားရပါ​ေတာ့တယ္​။ ကိုယ္​ဝန္​​ေဆာင္​စဥ္​မွာ အျပဳအမူ၊ အ​ေနအထိုင္​၊ အဝတ္​အစား သာမက အစားအ​ေသာက္​​ေတြကိုပါ ဂ႐ုစိုက္​ရပါတယ္​။ ဒါ​ေၾကာင္​့ ကိုယ္​ဝန္​​ေဆာင္​စဥ္​မွာ စပ္​​ေသာအစားအ​ေသာက္​မ်ားနဲ႔ ပတ္​သတ္​တဲ့ ဒြိဟျဖစ္​​ေနတာ​ေလး​ေတြ ႐ွင္​းျပခ်င္​ပါတယ္​။

မိခင္​​ေတာ္​​ေတာ္​မ်ားမ်ားရဲ႕ ​အ​ေတြးထဲမွာ ကိုယ္​ဝန္​​ေဆာင္​စဥ္​ စပ္​​ေသာ အစားအ​ေသာက္​မ်ားစားျခင္​းက ဝမ္​းထဲရိွ က​ေလးကို ထိခိုက္​​ေစတယ္​လို႔ ထင္​ၾကပါတယ္​။ အမွန္​က ကိုယ္​ဝန္​​ေဆာင္​စဥ္​ စပ္​​ေသာအစားအ​ေသာက္​မ်ား စားျခင္​းက ဝမ္​းထဲရိွ က​ေလးကို မထိခိုက္​​ေစႏိုင္​ပါ။ စပ္​​ေသာအစားအစာမ်ားက လူအမ်ားစိတ္​ပူၾကသလို ​ေရမႊာရည္​​ေစာ​ေပါက္​ျခင္​း၊ လ​မ​ေစ့မီ က​ေလး​ေမြးဖြားျခင္​း၊ က​ေလးပ်က္​က်ျခင္​း၊ ကိုယ္​အဂၤါမစံုလင္​ျခင္​း စတဲ့ က​ေလးကို ထိခိုက္​​ေစျခင္​းမ်ိဳး မျဖစ္​​ေစႏိုင္​ပါဘူး။

ဒါ​ေပမဲ့ အစပ္​မ်ားက မိခင္​ကို အစာအိမ္​​ေလာင္​၍ ဗိုက္​​ေအာင္​့ျခင္​း၊ ဗိုက္​နာျခင္​း၊ ရင္​ပူျခင္​း၊ ဝမ္​းပ်က္​ျခင္​းစတဲ့ အစာအိမ္​ႏွင္​့ အူလမ္​း​ေၾကာင္​းဆိုင္​ရာ ျပႆနာ​ေတြကို သာမာန္​လူမ်ားအတိုင္​း ျဖစ္​​ေစႏိုင္​ပါတယ္​။ ထို႔ျပင္​ စပ္​​​ေသာအစားအစာမ်ားက ကိုယ္​ဝန္​​ေဆာင္​စဥ္​ ကိုယ္​လက္​မအီမသာျဖစ္​ျခင္​း (Morning sickness) ကိုပိုျဖစ္​​ေစႏိုင္​ပါတယ္​။

ဒါ​ေၾကာင္​့ ကိုယ္​ဝန္​​ေဆာင္​စဥ္​ ဗိုက္​​ေအာင္​့ျခင္​း၊ ရင္​ပူျခင္​း စတဲ့ ျပႆနာ​ေတြကို ​ေ႐ွာင္​ၾကဥ္​ရန္​ အစပ္​မ်ား​ေလ်ာ့စားသင္​့ပါတယ္​။ မလတ္​ဆတ္​​ေသာ မိႈစြဲ​ေသာ င႐ုတ္​သီးမ်ား စားမိျခင္​းမွ​ေ႐ွာင္​ၾကဥ္​ရန္​ ရက္​လြန္​မ်ား၊ ​ေသခ်ာစြာ ထုတ္​ပိုးထားျခင္​းမရိွ​ေသာ င႐ုတ္​သီးထုတ္​မ်ားကို မဝယ္​ယူသင္​့ပါ။ FDAမွ ခြင္​့ျပဳထား​ေသာ င႐ုတ္​သီးမႈန္​႔၊ အ​ေရာင္​တင္​မႈန္​႔မ်ားကိုသာ သံုးစြဲသင္​့ပါတယ္​။

ကိုယ္​ဝန္​​ေဆာင္​စဥ္​ က​ေလးကို ထိခိုက္​ႏိုင္​ၿပီး အမွန္​တကယ္​ ​ေ႐ွာင္​ၾကဥ္​ရမယ္​့ အစားအ​ေသာက္​​ေတြက​ေတာ့ ​ေသခ်ာစြာ ခ်က္​ျပဳတ္​ထားျခင္​း မရိွ​ေသာ အသား၊ ငါးႏွင္​့ ဥမ်ား (သို႔) အသားစိမ္​း၊ ငါးစိမ္​းမ်ား၊ ပိုးသတ္​ထားျခင္​း မရိွ​ေသာ ႏို႔ႏွင္​့ ႏို႔ထြက္​ပစၥည္​းမ်ား၊ အရက္​​ေသစာမ်ား၊ Caffeine ဓာတ္​ပါဝင္​​ေသာ အ​ေအးႏွင္​့ ​ေဖ်ာ္​ရည္​ယမကာမ်ား၊ ၾကယ္​ငါး၊ ငါးမန္​းကဲ့သို႔ mercury ပါဝင္​​ေသာ ပင္​လယ္​ငါးမ်ား တို႔ပဲျဖစ္​ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…