သုတ်ပိုးလေးတွေ သေစေလို
ကိုယ်ဝန်တားဖို့ အတွက် နည်းပေါင်းများစွာ ရှိတဲ့ အထဲက သုတ်ပိုးသေစေတဲ့ဆေး ရှိတယ် ဆိုတာကော သိကြရဲ့လား။
အဲ့ဆေးက ဘာဆေးလဲ။
အသုံးအများဆုံးဆေးကတော့ Nonoxynol-9 ဖြစ်ပြီး အခြားဆေး အမျိုး အစားတွေလည်း ရှိပါသေးတယ်။ နာမည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့ရောင်းချနေကြပါတယ်။ သို့သော် မြန်မာနိုင်ငံမှာတော့ အတွေ့နည်းပြီး အသုံးလည်း နည်းပါတယ်။
ခရင်၊ ဂျယ်၊ ဆေးတောင့်၊ ဆေးအမြှပ် ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။
ဘယ်လိုသုံးရမှာလဲ။
- လိင်ဆက်ဆံမှုမပြုခင် အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲ ထည့်ထားရမှာဖြစ်ပါတယ်။
- အသုံးပြုရလွယ်ကူပြီး အတူနေစဉ်အတွင်းမှာ အဟန့်အတားမဖြစ်စေဘူးလေ။
- ဒါ့အပြင် ဆေးအသုံးပြုမှု ရပ်တာနဲ့ ကိုယ်ဝန်ပြန်ရစေနိုင်တော့ ခဏတာအတွက် သုံးချင်တဲ့ အိမ်ထောင်ရှင်တွေ အကြိုက်ပဲပေါ့။
- ဟော်မုန်းဆေးတွေကြောင့် ဝမှာ စိုးတဲ့ လူတွေလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။
ဒီနည်းလမ်းက လုံးဝစိတ်ချရပါသလား။
ဒီဆေး တစ်မျိုးတည်း သုံးတာက အခြားနည်းလမ်းတွေသုံးတာထက် ကိုယ်ဝန်ရနိုင်ချေ ပိုများတတ်လို့ အချို့သောသန္ဓေတားပစ္စည်းတွေနဲ့ တွဲသုံးလာကြတာကို တွေ့ရပါတယ်။
ဥပမာ။ ။ ကွန်ဒုံး သို့ သားအိမ်ခေါင်းစွပ်လို ကိုယ်ဝန်တား ပစ္စည်းတွေနဲ့ တွဲသုံးတာမျိုးပေါ့။ ဒါကြောင့် သူတစ်မျိုးတည်း သုံးတာ သိပ်မတွေ့တတ်ပဲ သုတ်ပိုးမဝင်နိုင်အောင်ကာတဲ့ ပစ္စည်းတွေနဲ့ တွဲသုံးပြီး ပိုမိုထိရောက်စွာ ကာကွယ်နိုင်စေမှာ ဖြစ်ပါတယ်။
ဆိုးကျိုးတွေကော ရှိပါသလား။
ဆေးမတည့်သူတွေမှာ အရေပြားယားယံတာ၊ လိင်အင်္ဂါတွေ ယားယံ၊ ရောင်ရမ်းခြင်းတွေ ဖြစ်တတ်ပါတယ်။
တစ်နေ့ကို ၂ကြိမ်ထက် ပိုအသုံးမပြုသင့်ပါဘူး။ အထူးသဖြင့် လိင်မှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါတွေ ကူးနိုင်တဲ့ အခြေအနေရှိသူတွေမှာ ပိုမသုံးသင့်ပါဘူး။ အရေပြားတွေ ပျက်စီးစေလွယ်တဲ့အတွက် ရောဂါကူးနှုန်းမြင့်စေလို့ ဖြစ်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။
ဒီနည်းဟာ ရေတို နည်းလမ်းဖြစ်ပြီး တစ်မျိုးတည်းသုံးရင် စိတ်မချရလို့ မိမိစိတ်တိုင်းကျအခြားနည်းလမ်းတွေနဲ့ပါ တွဲသုံးဖို့ အကြံပေးပါရစေနော်။
(မှတ်ချက်။ ။MyDoctorR အပလီကေးရှင်းပေါ်ရှိ ဆရာဝန်တစ်ဦးဦးသို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါသည်။ ညွှန်ကြားချက်များကိုတသွေမသိမ်းလိုက်နာဆောင်ရွက်ရန်အထူးလိုအပ်ပါသည်။)
ရီချို(ဆေး ၁)
သုတ္ပိုးေလးေတြ ေသေစလို
ကိုယ္ဝန္တားဖို႔ အတြက္ နည္းေပါင္းမ်ားစြာ ရွိတဲ့ အထဲက သုတ္ပိုးေသေစတဲ့ေဆး ရွိတယ္ ဆိုတာေကာ သိၾကရဲ့လား။
အဲ့ေဆးက ဘာေဆးလဲ။
အသံုးအမ်ားဆံုးေဆးကေတာ့ Nonoxynol-9 ျဖစ္ျပီး အျခားေဆး အမ်ိဳး အစားေတြလည္း ရွိပါေသးတယ္။ နာမည္အမ်ိဳးမ်ိဳး၊ တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ေရာင္းခ်ေနၾကပါတယ္။ သို႔ေသာ္ ျမန္မာနိုင္ငံမွာေတာ့ အေတြ႔နည္းျပီး အသံုးလည္း နည္းပါတယ္။
ခရင္၊ ဂ်ယ္၊ ေဆးေတာင့္၊ ေဆးအျမွပ္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေတြ႔နိုင္ပါတယ္။
ဘယ္လိုသံုးရမွာလဲ။
- လိင္ဆက္ဆံမွဳမျပဳခင္ အမ်ိဳးသမီးရဲ့ မိန္းမကိုယ္ထဲ ထည့္ထားရမွာျဖစ္ပါတယ္။
- အသံုးျပဳရလြယ္ကူျပီး အတူေနစဥ္အတြင္းမွာ အဟန္႔အတားမျဖစ္ေစဘူးေလ။
- ဒါ့အျပင္ ေဆးအသံုးျပဳမွဳ ရပ္တာနဲ႔ ကိုယ္ဝန္ျပန္ရေစနိုင္ေတာ့ ခဏတာအတြက္ သံုးခ်င္တဲ့ အိမ္ေထာင္ရွင္ေတြ အၾကိဳက္ပဲေပါ့။
- ေဟာ္မုန္းေဆးေတြေၾကာင့္ ဝမွာ စိုးတဲ့ လူေတြလည္း အဆင္ေျပေစမွာျဖစ္ပါတယ္။
ဒီနည္းလမ္းက လံုးဝစိတ္ခ်ရပါသလား။
ဒီေဆး တစ္မ်ိဳးတည္း သံုးတာက အျခားနည္းလမ္းေတြသံုးတာထက္ ကိုယ္ဝန္ရနိုင္ေခ် ပိုမ်ားတတ္လို႔ အခ်ိဳ႕ေသာသေႏၶတားပစၥည္းေတြနဲ႔ တြဲသံုးလာၾကတာကို ေတြ႔ရပါတယ္။
ဥပမာ။ ။ ကြန္ဒံုး သို႔ သားအိမ္ေခါင္းစြပ္လို ကိုယ္ဝန္တား ပစၥည္းေတြနဲ႔ တြဲသံုးတာမ်ိဳးေပါ့။ ဒါေၾကာင့္ သူတစ္မ်ိဳးတည္း သံုးတာ သိပ္မေတြ႔တတ္ပဲ သုတ္ပိုးမဝင္နိုင္ေအာင္ကာတဲ့ ပစၥည္းေတြနဲ႔ တြဲသံုးျပီး ပိုမိုထိေရာက္စြာ ကာကြယ္နိုင္ေစမွာ ျဖစ္ပါတယ္။
ဆိုးက်ိဳးေတြေကာ ရွိပါသလား။
ေဆးမတည့္သူေတြမွာ အေရျပားယားယံတာ၊ လိင္အဂၤါေတြ ယားယံ၊ ေရာင္ရမ္းျခင္းေတြ ျဖစ္တတ္ပါတယ္။
တစ္ေန႔ကို ၂ၾကိမ္ထက္ ပိုအသံုးမျပဳသင့္ပါဘူး။ အထူးသျဖင့္ လိင္မွ တစ္ဆင့္ ကူးစက္နုိင္ေသာ ေရာဂါေတြ ကူးနုိင္တဲ့ အေျခအေနရွိသူေတြမွာ ပိုမသံုးသင့္ပါဘူး။ အေရျပားေတြ ပ်က္စီးေစလြယ္တဲ့အတြက္ ေရာဂါကူးနွဳန္းျမင့္ေစလို႔ ျဖစ္ပါတယ္။
လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကို မကာကြယ္နိုင္ပါဘူး။
ဒီနည္းဟာ ေရတို နည္းလမ္းျဖစ္ျပီး တစ္မ်ိဳးတည္းသံုးရင္ စိတ္မခ်ရလို႔ မိမိစိတ္တိုင္းက်အျခားနည္းလမ္းေတြနဲ႔ပါ တြဲသံုးဖို႔ အၾကံေပးပါရေစေနာ္။
(မွတ္ခ်က္။ ။MyDoctorR အပလီေကးရွင္းေပၚရွိ ဆရာ၀န္တစ္ဦးဦးသို႕ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ပါသည္။ ညႊန္ၾကားခ်က္မ်ားကိုတေသြမသိမ္းလိုက္နာေဆာင္ရြက္ရန္အထူးလိုအပ္ပါသည္။)
ရီခ်ိဳ(ေဆး ၁)