” သုတ်ပိုးလေးတွေ မလှုပ်နိုင်လျှင် “
သုတ်ရည်ထဲမှာပါဝင်တဲ့ သုတ်ပိုးလေးတွေ …ပုံမှန်အားဖြင့် ကူးခတ်ရွေ့လျားပြီး မမျိုးဥဆီအရောက်သွားဖို့ကြိုးစားကြသည်။ထို သုတ်ပိုးလေးတွေထဲမှ တစ်ကောင်ကောင် မမျိုးဥဆီအရောက်သွားနိုင်ပြီဆိုရင်ဖြင့် မျိုးအောင်ခြင်း….သန္ဓေတည်ခြင်းဖြသ်စဉ်များ ဆက်လက်ဖြစ်ပွားပြီး ကိုယ်ဝန်ရရှိမည်ဖြစ်သည်။
အကယ်၍ သုတ်ရည်ထဲရှိ ၆၀ရာခိုင်နှုန်းနှင့်အထက်သော သုတ်ပိုးလေးတွေသည် ပုံမှန်လို မလှုပ်ရှားနိုင်ဘဲ လှုပ်ရှားမှုနှေးကွေးတာမျိုး….သို့တည်းမဟုတ်….လုံးဝမလှုပ်ရှားနိုင်တာမျိုးဖြစ်မည်ဆိုလျှင်တော့…မျိုးမအောင်.. ကလေးမရနိုင်ခြင်း ပြသနာနှင့် ကြုံတွေ့ရနိုင်သည်။
ဒီပြသနာကိုဖြစ်စေတဲ့ အကြောင်းရင်းတချို့ရှိသည်။အကြောင်းရင်းတွေထဲက တစ်ခုကတော့..မျိုးဗီဇကြောင့်ဖြစ်နိုင်သည်။တစ်နေ့လျှင်ဆေးလိပ် ၁၀ လိပ်နှင့်အထက်သောက်သူတွေမှာလည်း ဖြစ်နိုင်သည်။တင်ပဆုံကွင်းကို မကြာခဏဒဏ်ဖြစ်စေတဲ့သူတွေ၊ကားမောင်းသူတွေ၊ဆေးသုတ်သမားတွေ စတဲ့ အလုပ်သဘောသဘာဝရှိသူတွေမှာလည်း ဖြစ်နိုင်သည်။Varicocoele လို့ခေါ်တဲ့ကပ္ပါယ်အိတ်ရှိသွေးပြန်ကြောလေးတွေဖောင်းနေတဲ့ရောဂါရှိသူတွေမှာလည်း တွေ့ရတတ်တယ်။
ဒီပြသနာကို ဖြေရှင်းဖို့ရာ ကျွမ်းကျင်ဆရာဝန်ထံမှ အကြံဉာဏ်နှင့်လိုအပ်သော ကုသမှု ရယူသင့်ပါသည်။သင့်အနေနဲ့ လတ်တလော ဆင်ခြင်ရမည့်အချက်များမှာ
– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊Gym ဆော့ခြင်း၊တက်ကြွသော နေထိုင်မှုပုံစံရှိခြင်း
– ကိုယ်အလေးချိန် ပုံမှန်အတွင်းရောက်အောင် ထိန်းသိမ်းခြင်း
– ဆေးလိပ်သောက်သူဆိုပါက ဆေးလိပ်ဖြတ်ခြင်း
– အရက်၊ဘီယာသောက်တတ်သူဆိုပါက အရက်ဖြတ်ခြင်း
– လက်ကိုင်ဖုန်းအသုံးပြုမှု၊ထိတွေ့မှု တတ်အားသမျှလျှော့ချခြင်းစတာတွေ ပြုလုပ်နိုင်ပါတယ်။
ပိုင်နီမောင်
” သုတ္ပိုးေလးေတြ မလႈပ္ႏိုင္လ်ွင္ “
သုတ္ရည္ထဲမွာပါဝင္တဲ့ သုတ္ပိုးေလးေတြ …ပံုမွန္အားျဖင့္ ကူးခတ္ေရြ့လ်ားၿပီး မမ်ိဳးဥဆီအေရာက္သြားဖို႔ႀကိဳးစားၾကသည္။ထို သုတ္ပိုးေလးေတြထဲမွ တစ္ေကာင္ေကာင္ မမ်ိဳးဥဆီအေရာက္သြားႏိုင္ၿပီဆိုရင္ျဖင့္ မ်ိဳးေအာင္ျခင္း….သေႏၶတည္ျခင္းျဖသ္စဥ္မ်ား ဆက္လက္ျဖစ္ပြားၿပီး ကိုယ္ဝန္ရ႐ွိမည္ျဖစ္သည္။
အကယ္၍ သုတ္ရည္ထဲ႐ွိ ၆၀ရာခိုင္ႏႈန္းႏွင့္အထက္ေသာ သုတ္ပိုးေလးေတြသည္ ပံုမွန္လို မလႈပ္႐ွားႏိုင္ဘဲ လႈပ္႐ွားမႈေႏွးေကြးတာမ်ိဳး….သို႔တည္းမဟုတ္….လံုးဝမလႈပ္႐ွားႏိုင္တာမ်ိဳးျဖစ္မည္ဆိုလ်ွင္ေတာ့…မ်ိဳးမေအာင္.. ကေလးမရႏိုင္ျခင္း ျပသနာႏွင့္ ၾကံဳေတြ႔ရႏိုင္သည္။
ဒီျပသနာကိုျဖစ္ေစတဲ့ အေၾကာင္းရင္းတခ်ိဳ႕႐ွိသည္။အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့..မ်ိဳးဗီဇေၾကာင့္ျဖစ္ႏိုင္သည္။တစ္ေန႔လ်ွင္ေဆးလိပ္ ၁၀ လိပ္ႏွင့္အထက္ေသာက္သူေတြြမွာလည္း ျဖစ္ႏိုင္သည္။တင္ပဆံုကြင္းကို မၾကာခဏဒဏ္ျဖစ္ေစတဲ့သူေတြ၊ကားေမာင္းသူေတြ၊ေဆးသုတ္သမားေတြ စတဲ့ အလုပ္သေဘာသဘာဝ႐ွိသူေတြမွာလည္း ျဖစ္ႏိုင္သည္။Varicocoele လို႔ေခၚတဲ့ကပၸါယ္အိတ္ရွိေသြးျပန္ေၾကာေလးေတြေဖာင္းေနတဲ့ေရာဂါ႐ွိသူေတြမွာလည္း ေတြ႔ရတတ္တယ္။
ဒီျပသနာကို ေျဖ႐ွင္းဖို႔ရာ ကြၽမ္းက်င္ဆရာဝန္ထံမွ အၾကံဥာဏ္ႏွင့္လိုအပ္ေသာ ကုသမႈ ရယူသင့္ပါသည္။သင့္အေနနဲ႔ လတ္တေလာ ဆင္ျခင္ရမည့္အခ်က္မ်ားမွာ
– ကိုယ္လက္လႈပ္႐ွား ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္း၊Gym ေဆာ့ျခင္း၊တက္ႂကြေသာ ေနထိုင္မႈပံုစံ႐ွိျခင္း
– ကိုယ္အေလးခ်ိန္ ပံုမွန္အတြင္းေရာက္ေအာင္ ထိန္းသိမ္းျခင္း
– ေဆးလိပ္ေသာက္သူဆိုပါက ေဆးလိပ္ျဖတ္ျခင္း
– အရက္၊ဘီယာေသာက္တတ္သူဆိုပါက အရက္ျဖတ္ျခင္း
– လက္ကိုင္ဖုန္းအသံုးျပဳမႈ၊ထိေတြ႔မႈ တတ္အားသမ်ွေလ်ွာ့ခ်ျခင္းစတာေတြ ျပဳလုပ္ႏိုင္ပါတယ္။
ပိုင္နီေမာင္