mydoctor-top-telemedicine

” တေမိတစ်ဖြစ်လဲ ကိုမိုက်ခဲ “

မိုးလင်းအိပ်ရာထကတည်းက ရှတတ စပ်တပ်တပ်ဖြစ်နေသောလည်ချောင်းကြောင့် ကိုစိုင်းတစ်ယောက် နေရ ထိုင်ရ တစ်မျိုးဖြစ်နေသည်….။

မနေ့က မိုးမိလာတဲ့ဒဏ်ကြောင့် နေမကောင်းဖြစ်ချင်နေပြီလားမသိ? ကိုယ်ကတော့မပူ…အင်း….ဖျားတာတော့မဖျားသေး…။အာခေါင်က ခြောက်ပြီးစပ်နေတာကြောင့် စိတ်မကြည်တာဖြစ်မှာပါ။

အို…..ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ရုံးပျက်လို့တော့မဖြစ်…။အရေးကြီးအစည်းအဝေးတွေ ဘာတွေကြောင့်တော့မဟုတ်။ဒီနေ့ရဲုးဆင်းလျှင် ရုံးကလူတွေ ကာရာအိုကေသွားဆိုကြမည်။ဆိုတော့ ကိုစိုင်းက မပါလို့မဖြစ်..တစ်ရုံးလုံးက ပေးထားသည့်အမည် ကိုမိုက်ခဲ ဆိုတဲ့အတိုင်းပဲ ကိုစိုင်းတို့ လေးငါးဆယ်ပုဒ်လောက်တော့ အပြတ်ဆွဲရမည်။ကဲ..။ပြောနေတာကြာတယ်…ရုံးသွားပြီ။

ညနေ ၆နာရီ…..

ရုံးဆင်းပြီးလို့ ကာရာအိုခေဆိုင်ရောက်နေကြပြီ။

ထူးထူးဆန်းဆန်း ကိုမိုက်ခဲတစ်ယောက် မိုက်ခဲဖို့နေနေသာသာ သီချင်းပင်မထည့်။ဘယ်သူ့ကိုမှ စကားလည်းမပြော။မအီမသာအမူအရာနှင့်….ဘီယာယမကာလည်းမသောက်၊အစားလည်းမစား၊ရေတွေသာ တစ်ခွက်ပြီးတစ်ခွက်လှိမ့်သောက်နေလေသည်။

ည၉နာရီထိုးလို့ ပိုက်ဆံပင်ရှင်းပြီးကြပြီ။ကိုမိုက်ခဲတစ်ယောက် အသံမထွက်….ဒီတော့ လုပ်ဖော်ပိုင်ဖက်တွေလည်း မနေနိုင်တော့ဘဲ မေးရသည်….

“ကိုမိုက်ခဲကြီး…ဘယ်လိုဖြစ်တာတုန်း?သီချင်းလည်းတစ်ပုဒ်မှမဆို…..ကိုတေမိဖြစ်နေပါလား…အဆန်းပဲ…။ဘယ်သူနဲ့ ဘာအဆင်မပြေဖြစ်နေလို့တုန်း? ”

ကိုမိုက်ခဲ ပြန်မဖြေ…လည်ပင်းကိုလက်နှင့်ပုတ်ပြပြီး… မျက်နှာရှုံ့မဲ့ပြသည်….

ဒီလောက်ဆို သိလိုက်ကြပြီလေ

“သြော်…ကိုမိုက်ခဲတစ်ယောက်…. လည်ပင်းနာပြီး အသံဝင်နေတာကိုး…ပြောပြောကစော…အဲ…စောစောကပြောရောပေါ့ဗျာ…ကျွန်တော့မှာ ဒီဂျရောငုံဆေး(Degirol)ပါတယ်ဗျ။

ရော့ ရော့……ဒါလေးငုံထားလိုက်…မကြာဘူးသက်သာသွားလိမ့်မယ် ”

ကိုမိုက်ခဲလည်း ကိုရဲ ကမ်းပေးသောငုံဆေးကဒ်လေးကိုလှမ်းယူရင်း ကျေးဇူးတင်ကြောင်း အမူအရာဖြင့်ပြပြီး အိမ်ပြန်လာလိုက်သည်။

နောက်နေ့မနက်…

“ကျေးဇူးတင်တယ် ဆြာရဲရေ…..မနေ့က ခင်ဗျားပေးတဲ့ ငုံဆေးလေး အပြန်လမ်းတစ်လျှောက်ငုံသွားလိုက်တာ…အိမ်လည်းအရောက် အသံလည်းအထွက်ပဲ။လည်ပင်းနာနေတာတွေလည်း အတော်သက်သာသွားတယ်။ခုမနက် တစ်လုံးထပ်ငုံလိုက်တော့ အရှင်းကိုပျောက်သွားတာပဲ။”

“ရပါတယ်ဗျာ.။ကျုပ်တို့က မနေ့က ကိုယ်တွေရဲ့မိုက်ခဲကြီး တစ်ပုဒ်မှ ဝင်မဟဲလို့ စိတ်မကောင်းဖြစ်နေတာ ”

” စိတ်မကောင်းမဖြစ်နဲ့….မကျေပြွဲပန်နွှဲမှာ…။ရှေ့တစ်ပတ် ထပ်သွားဆိုကြမယ်။ကျုပ် sponsor ပါ့မယ်ဗျာ…”

” အိုခေဗျာ…ဒီကြားထဲ Degirol လေးလည်း ဆောင်ထားဖို့မမေ့နဲ့ဦးကိုမိုက်ခဲရေ့ ”

ပိုင်နီမေ(ဆေး ၂)

” ေတမိတစ္ျဖစ္လဲ ကိုမိုက္ခဲ “

မိုးလင္းအိပ္ရာထကတည္းက ႐ွတတ စပ္တပ္တပ္ျဖစ္ေနေသာလည္ေခ်ာင္းေၾကာင့္ ကိုစိုင္းတစ္ေယာက္ ေနရ ထိုင္ရ တစ္မ်ိဳးျဖစ္ေနသည္….။

မေန႔က မိုးမိလာတဲ့ဒဏ္ေၾကာင့္ ေနမေကာင္းျဖစ္ခ်င္ေနၿပီလားမသိ? ကိုယ္ကေတာ့မပူ…အင္း….ဖ်ားတာေတာ့မဖ်ားေသး…။အာေခါင္က ေျခာက္ၿပီးစပ္ေနတာေၾကာင့္ စိတ္မၾကည္တာျဖစ္မွာပါ။

အို…..ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႔ရံုးပ်က္လို႔ေတာ့မျဖစ္…။အေရးႀကီးအစည္းအေဝးေတြ ဘာေတြေၾကာင့္ေတာ့မဟုတ္။ဒီေန႔ရဲုးဆင္းလ်ွင္ ရံုးကလူေတြ ကာရာအိုေကသြားဆိုုၾကမည္။ဆိုေတာ့ ကိုစိုင္းက မပါလို႔မျဖစ္..တစ္ရံုးလံုးက ေပးထားသည့္အမည္ ကိုမိုက္ခဲ ဆိုတဲ့အတိုင္းပဲ ကိုစိုင္းတို႔ ေလးငါးဆယ္ပုဒ္ေလာက္ေတာ့ အျပတ္ဆြဲရမည္။ကဲ..။ေျပာေနတာၾကာတယ္…ရံုးသြားၿပီ။

ညေန ၆နာရီ…..

ရံုးဆင္းၿပီးလို႔ ကာရာအိုေခဆိုင္ေရာက္ေနၾကၿပီ။

ထူးထူးဆန္းဆန္း ကိုမိုက္ခဲတစ္ေယာက္ မိုက္ခဲဖို႔ေနေနသာသာ သီခ်င္းပင္မထည့္။ဘယ္သူ႔ကိုမွ စကားလည္းမေျပာ။မအီမသာအမူအရာႏွင့္….ဘီယာယမကာလည္းမေသာက္၊အစားလည္းမစား၊ေရေတြသာ တစ္ခြက္ၿပီးတစ္ခြက္လွိမ့္ေသာက္ေနေလသည္။

ည၉နာရီထိုးလို႔ ပိုက္ဆံပင္႐ွင္းၿပီးၾကၿပီ။ကိုမိုက္ခဲတစ္ေယာက္ အသံမထြက္….ဒီေတာ့ လုပ္ေဖာ္ပိုင္ဖက္ေတြလည္း မေနႏိုင္ေတာ့ဘဲ ေမးရသည္….

“ကိုမိုက္ခဲႀကီး…ဘယ္လိုျဖစ္တာတုန္း?သီခ်င္းလည္းတစ္ပုဒ္မွမဆို…..ကိုေတမိျဖစ္ေနပါလား…အဆန္းပဲ…။ဘယ္သူနဲ႔ ဘာအဆင္မေျပျဖစ္ေနလို႔တုန္း? ”

ကိုမိုက္ခဲ ျပန္မေျဖ…လည္ပင္းကိုလက္ႏွင့္ပုတ္ျပၿပီး… မ်က္ႏွာ႐ွံု႔မဲ့ျပသည္….

ဒီေလာက္ဆို သိလိုက္ၾကၿပီေလ

“ေျသာ္…ကိုမိုက္ခဲတစ္ေယာက္…. လည္ပင္းနာၿပီး အသံဝင္ေနတာကိုး…ေျပာေျပာကေစာ…အဲ…ေစာေစာကေျပာေရာေပါ့ဗ်ာ…ကြၽန္ေတာ့မွာ ဒီဂ်ေရာငံုေဆး(Degirol)ပါတယ္ဗ်။

ေရာ့ ေရာ့……ဒါေလးငံုထားလိုက္…မၾကာဘူးသက္သာသြားလိမ့္မယ္ ”

ကိုမိုက္ခဲလည္း ကိုရဲ ကမ္းေပးေသာငံုေဆးကဒ္ေလးကိုလွမ္းယူရင္း ေက်းဇူးတင္ေၾကာင္း အမူအရာျဖင့္ျပၿပီး အိမ္ျပန္လာလိုက္သည္။

ေနာက္ေန႔မနက္…

“ေက်းဇူးတင္တယ္ ျဆာရဲေရ…..မေန႔က ခင္ဗ်ားေပးတဲ့ ငံုေဆးေလး အျပန္လမ္းတစ္ေလ်ွာက္ငံုသြားလိုက္တာ…အိမ္လည္းအေရာက္ အသံလည္းအထြက္ပဲ။လည္ပင္းနာေနတာေတြလည္း အေတာ္သက္သာသြားတယ္။ခုမနက္ တစ္လံုးထပ္ငံုလိုက္ေတာ့ အ႐ွင္းကိုေပ်ာက္သြားတာပဲ။”

“ရပါတယ္ဗ်ာ.။က်ဳပ္တို႔က မေန႔က ကိုယ္ေတြရဲ႕မိုက္ခဲျကီး တစ္ပုဒ္မွ ဝင္မဟဲလို႔ စိတ္မေကာင္းျဖစ္ေနတာ ”

” စိတ္မေကာင္းမျဖစ္နဲ႔….မေက်ပျြဲပန္ႏႊဲမွာ…။ေ႐ွ႕တစ္ပတ္ ထပ္သြားဆိုၾကမယ္။က်ဳပ္ sponsor ပါ့မယ္ဗ်ာ…”

” အိုေခဗ်ာ…ဒီျကားထဲ Degirol ေလးလည္း ေဆာင္ထားဖို႔မေမ့နဲ႔ဦးကိုမိုက္ခဲေရ႕ ”

ပိုင္နီေမ(ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *