?လူတိုင်းသိတဲ့ ‘ပါရာစီတမောလ်’ရဲ့ လူသိပ်မသိတဲ့ အချက်တွေ ?
လူမှန်ရင် ခေါင်းကိုက်ဖူးတယ်.. ဖျားဖူးတယ်.. ညောင်းညာကိုက်ခဲဖူးကြတယ်။ ဒီဝေဒနာတွေသက်သာစေဖို့လည်း ဆေးမြီးတို.. တိုင်းရင်းဆေး..ဓာတ်စာ..အနောက်တိုင်းဆေးဝါးတွေကစလို့ နောက်ဆုံးပေါ်ကုထုံးမျိုးစုံအထိ အသုံးချခဲ့ကြတာပေါ့။
ဒါပေမဲ့ ဖျားရင် ခေါင်းကိုက်ရင် ဘာဆေးသောက်ရမလဲလို့ အိပ်ပျော်နေတဲ့ လူကို ရုတ်တရက်နှိုးမေးရင်တောင် ဆယ်ယောက်မှာ ကိုးယောက်လောက်က
‘ပါရာ သောက်လိုက်ပေါ့’ လို့ပဲပြောမှာပါ။ တကယ်လည်း ပါရာစီတမောလ်ဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အရေးပါတဲ့ ဆေးစွမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီဆေးရဲ့ သိပ်လူသိမများတဲ့ အချက်လေးတွေ နည်းနည်းပြောပြချင်ပါတယ်။
? ပါရာ (para) လို့ အရပ်ထဲမှာ အတိုကောက်ခေါ်တတ်ကြပါတယ်။
ဆေးဘူးတွေပေါ်မှာ Acetaminophen လို့ ရေးတတ်သလို APAPလို့လည်း ဖော်ပြထားတတ်ပါတယ်။ ဒီနာမည်တွေအားလုံးက N-acetyl-para-aminophenol ဆိုတဲ့ ဓာတုအမည်ကနေ ပေါ်ထွက်လာတာပါ။
? 1877 မှာ Harmon Northrop Morse က စတင်ထုတ်လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ကျော်ပေါ့။ ဆေးဝါးအဖြစ် တွင်တွင်ကျယ်ကျယ် စသုံးလာတာကတော့ 1950 ဝန်းကျင်မှ ဖြစ်ပါတယ်။ ခုတော့ WHO ဆိုတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ List of Essential Medicines ဆိုတဲ့ မရှိမဖြစ် ဆေးဝါးစာရင်းမှာ ပါဝင်နေရပါပြီ။
? Non-opioid analgesics အုပ်စုထဲမှာပါဝင်ပြီး နာကျင်ကိုက်ခဲမှုဖြစ်စေတဲ့ prostaglandins တွေမထုတ်ပေးအောင် COX(cyclo oxygenase) ဆိုတဲ့ Enzyme ကို တားပေးပါတယ်။
တခြား Non opioid အကိုက်အခဲ ပျောက်ဆေးတွေထက် ပိုအားသာချက်တစ်ခုက Central Nervous system ဆိုတဲ့ ပင်မဦးနှောက် အာရုံကြောစနစ်မှာ စတင် အလုပ်လုပ်တာမို့ ခေါင်းကိုက်ပိုသက်သာစေပါတယ်။ ဒါပေမဲ့ ရောင်ရမ်းတာတွေ ကျစေဖို့တော့ သိပ်မစွမ်းနိုင်ပါဘူး။
? Paracetamol ကို သောက်ဆေး အပြင် စအိုထဲထည့်ရတဲ့ supository ဆေးတောင့်..သွေးပြန်ကြောကနေသွင်းရတဲ့ Intravenous injection အနေနဲ့ပါ ရနိုင်ပါတယ်။ ပါရာစီတမောလ် နဲ့ အခြားအကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် နှာစေးပျောက်ဆေးတွေနဲ့ တွဲထုတ်လုပ်ထားတဲ့ ဆေးတွေလည်းရှိတာမို့ ဆေးတွေပိုမသောက်မိအောင် ပါဝင်ပစ္စည်းမှာ Acetaminophen လို့ရေးထားမထား သေချာသတိထားဖို့ လိုပါတယ်။
? ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်လည်း အတော်လေးစိတ်ချသောက်လို့ ရတဲ့ ဆေးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မလိုအပ်ရင်တော့ မသောက်သင့်ပါ။
? အသည်းမှာ အဓိက အလုပ်လုပ်ပြီး ဆီးကနေပြန်လည်စွန့်ထုတ်ပါတယ်။ အသည်းရောဂါရှိသူတွေမှာတော့ သတိထားသောက်ဖို့ လိုပါတယ်။
? half-life ဆိုတဲ့ သူ့အာနိသင်တစ်ဝက်ကုန်ဖို့ အချိန်က လူပေါ်မူတည်ပြီး တစ်နာရီကနေ လေးနာရီအထိ ကြာတတ်တာမို့ ဆေးသောက်ပြီး နှစ်နာရီကနေ ရှစ်နာရီအတွင်းမှာ ဆေးအရှိန်ကုန်သွားပြီး ကိုယ်ပူပြန်တက် ခေါင်းပြန်ကိုက်နိုင်ပါတယ်။
? သောက်ဆေးက ဆေးအာနိသင်ပြဖို့ ၃၇မိနစ်ကြာပါတယ်။ စအိုတွင်းထည့်ရင်တော့ ၁၅မိနစ်ကြာရင်ဆေးစွမ်းပြပါတယ်။ အကြောတွင်း ထိုးဆေးကတော့ ၈မိနစ်ဆို စသက်သာလာပါမယ်။ ထိုးဆေးကတော့ အတော်အသုံးနည်းပါတယ်။
? အများဆုံးသောက်နိုင်တဲ့ ပမာဏက တစ်ခါသောက်ရင် 1 gram(500 mg ပါရာစီတမောလ် နှစ်လုံး) ဖြစ်ပြီး အနည်းဆုံး ခြောက်နာရီခြားဖို့လိုပါတယ်။
တစ်နေကုန်မှာ 500mg ဆေး ၈လုံးထက် မပိုရပါဘူး။ အသည်းပျက်စီးနိုင်ပါတယ်။ အရက်သောက်သူတွေဆိုရင်တော့ ပိုဆိုးမှာပါ။
? အစာအိမ်မထိခိုက်စေတဲ့ တစ်ခုတည်းသော အကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။
Dr ဖြိုးဝေလင်း
(7.6.19)
?လူတိုင္းသိတဲ့ ‘ပါရာစီတေမာလ္’ရဲ႕ လူသိပ္မသိတဲ့ အခ်က္ေတြ ?
လူမွန္ရင္ ေခါင္းကိုက္ဖူးတယ္.. ဖ်ားဖူးတယ္.. ေညာင္းညာကိုက္ခဲဖူးၾကတယ္။ ဒီေဝဒနာေတြသက္သာေစဖို႔လည္း ေဆးၿမီးတို.. တိုင္းရင္းေဆး..ဓာတ္စာ..အေနာက္တိုင္းေဆးဝါးေတြကစလို႔ ေနာက္ဆံုးေပၚကုထံုးမ်ိဳးစံုအထိ အသံုးခ်ခဲ့ၾကတာေပါ့။
ဒါေပမဲ့ ဖ်ားရင္ ေခါင္းကိုက္ရင္ ဘာေဆးေသာက္ရမလဲလို႔ အိပ္ေပ်ာ္ေနတဲ့ လူကို ႐ုတ္တရက္ႏိႈးေမးရင္ေတာင္ ဆယ္ေယာက္မွာ ကိုးေယာက္ေလာက္က
‘ပါရာ ေသာက္လိုက္ေပါ့’ လို႔ပဲေျပာမွာပါ။ တကယ္လည္း ပါရာစီတေမာလ္ဟာ လူေတြရဲ႕ ေန႔စဥ္ဘဝမွာ ေတာ္ေတာ္ေလး အေရးပါတဲ့ ေဆးစြမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ဒီေဆးရဲ႕ သိပ္လူသိမမ်ားတဲ့ အခ်က္ေလးေတြ နည္းနည္းေျပာျပခ်င္ပါတယ္။
? ပါရာ (para) လို႔ အရပ္ထဲမွာ အတိုေကာက္ေခၚတတ္ၾကပါတယ္။
ေဆးဘူးေတြေပၚမွာ Acetaminophen လို႔ ေရးတတ္သလို APAPလို႔လည္း ေဖာ္ျပထားတတ္ပါတယ္။ ဒီနာမည္ေတြအားလံုးက N-acetyl-para-aminophenol ဆိုတဲ့ ဓာတုအမည္ကေန ေပၚထြက္လာတာပါ။
? 1877 မွာ Harmon Northrop Morse က စတင္ထုတ္လုပ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၄၀ေက်ာ္ေပါ့။ ေဆးဝါးအျဖစ္ တြင္တြင္က်ယ္က်ယ္ စသံုးလာတာကေတာ့ 1950 ဝန္းက်င္မွ ျဖစ္ပါတယ္။ ခုေတာ့ WHO ဆိုတဲ့ ကမၻာ့ က်န္းမာေရးအဖြဲ႔ႀကီးရဲ႕ List of Essential Medicines ဆိုတဲ့ မ႐ွိမျဖစ္ ေဆးဝါးစာရင္းမွာ ပါဝင္ေနရပါၿပီ။
? Non-opioid analgesics အုပ္စုထဲမွာပါဝင္ၿပီး နာက်င္ကိုက္ခဲမႈျဖစ္ေစတဲ့ prostaglandins ေတြမထုတ္ေပးေအာင္ COX(cyclo oxygenase) ဆိုတဲ့ Enzyme ကို တားေပးပါတယ္။
တျခား Non opioid အကိုက္အခဲ ေပ်ာက္ေဆးေတြထက္ ပိုအားသာခ်က္တစ္ခုက Central Nervous system ဆိုတဲ့ ပင္မဦးေႏွာက္ အာရံုေၾကာစနစ္မွာ စတင္ အလုပ္လုပ္တာမို႔ ေခါင္းကိုက္ပိုသက္သာေစပါတယ္။ ဒါေပမဲ့ ေရာင္ရမ္းတာေတြ က်ေစဖို႔ေတာ့ သိပ္မစြမ္းႏိုင္ပါဘူး။
? Paracetamol ကို ေသာက္ေဆး အျပင္ စအိုထဲထည့္ရတဲ့ supository ေဆးေတာင့္..ေသြးျပန္ေၾကာကေနသြင္းရတဲ့ Intravenous injection အေနနဲ႔ပါ ရႏိုင္ပါတယ္။ ပါရာစီတေမာလ္ နဲ႔ အျခားအကိုက္အခဲေပ်ာက္ေဆး ဒါမွမဟုတ္ ႏွာေစးေပ်ာက္ေဆးေတြနဲ႔ တြဲထုတ္လုပ္ထားတဲ့ ေဆးေတြလည္း႐ွိတာမို႔ ေဆးေတြပိုမေသာက္မိေအာင္ ပါဝင္ပစၥည္းမွာ Acetaminophen လို႔ေရးထားမထား ေသခ်ာသတိထားဖို႔ လိုပါတယ္။
? ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြအတြက္လည္း အေတာ္ေလးစိတ္ခ်ေသာက္လို႔ ရတဲ့ ေဆးတစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ သိပ္မလိုအပ္ရင္ေတာ့ မေသာက္သင့္ပါ။
? အသည္းမွာ အဓိက အလုပ္လုပ္ၿပီး ဆီးကေနျပန္လည္စြန္႔ထုတ္ပါတယ္။ အသည္းေရာဂါ႐ွိသူေတြမွာေတာ့ သတိထားေသာက္ဖို႔ လိုပါတယ္။
? half-life ဆိုတဲ့ သူ႔အာနိသင္တစ္ဝက္ကုန္ဖို႔ အခ်ိန္က လူေပၚမူတည္ၿပီး တစ္နာရီကေန ေလးနာရီအထိ ၾကာတတ္တာမို႔ ေဆးေသာက္ၿပီး ႏွစ္နာရီကေန ႐ွစ္နာရီအတြင္းမွာ ေဆးအ႐ွိန္ကုန္သြားၿပီး ကိုယ္ပူျပန္တက္ ေခါင္းျပန္ကိုက္ႏိုင္ပါတယ္။
? ေသာက္ေဆးက ေဆးအာနိသင္ျပဖို႔ ၃၇မိနစ္ၾကာပါတယ္။ စအိုတြင္းထည့္ရင္ေတာ့ ၁၅မိနစ္ၾကာရင္ေဆးစြမ္းျပပါတယ္။ အေၾကာတြင္း ထိုးေဆးကေတာ့ ၈မိနစ္ဆို စသက္သာလာပါမယ္။ ထိုးေဆးကေတာ့ အေတာ္အသံုးနည္းပါတယ္။
? အမ်ားဆံုးေသာက္ႏိုင္တဲ့ ပမာဏက တစ္ခါေသာက္ရင္ 1 gram(500 mg ပါရာစီတေမာလ္ ႏွစ္လံုး) ျဖစ္ၿပီး အနည္းဆံုး ေျခာက္နာရီျခားဖို႔လိုပါတယ္။
တစ္ေနကုန္မွာ 500mg ေဆး ၈လံုးထက္ မပိုရပါဘူး။ အသည္းပ်က္စီးႏိုင္ပါတယ္။ အရက္ေသာက္သူေတြဆိုရင္ေတာ့ ပိုဆိုးမွာပါ။
? အစာအိမ္မထိခိုက္ေစတဲ့ တစ္ခုတည္းေသာ အကိုက္အခဲေပ်ာက္ေဆးလည္း ျဖစ္ပါတယ္။
Dr ၿဖိဳးေဝလင္း
(7.6.19)