All Articlesအခြားရောဂါများအထွေထွေရောဂါများ

Social Media နဲ့ ကျန်းမာရေးပြဿနာများ ?

1 Mins read

Social Media နဲ့ ကျန်းမာရေးပြဿနာများ ?

Social Media မကောင်းကြောင်းကို Social Media ပေါ်တက်ပြောရတာလည်း သိပ်တော့မကောင်း။ နည်းနည်းတော့ အားနာစရာ။ မိန်းမချက်ကျွေးတာ ပလုပ်ပလောင်းစားရင်း မိန်းမအတင်းပြောရသလိုပဲ သိပ်တော့ သဘာဝမကျလှ။ မိန်းမဆိုတာ မရှိမကောင်းရှိမကောင်းလို့ ပြောကြေးဆို Social Media ဆိုတာကတော့ မိန်းမထက်ပိုဆိုးတယ်ပြောလို့ရတယ်။

မိန်းမကို အချစ်လွန်ရင် မိန်းမပိုပျော်မှာ သေချာပေမဲ့ Social Media တွေမှာ အချစ်လွန် အချိန်ကုန် စွဲလန်းလွန်းရင်တော့ ကျား/မ မရွေး ဒီလို ကျန်းမာရေးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

Social Media ကြောင့် တိုက်ရိုက်ထိခိုက်တာတွေရှိသလို ဖုန်း ကွန်ပျူတာ ကြာရှည်သုံးလို့ဖြစ်တာတွေလည်း ပါတာပေါ့။

မျက်လုံးထိခိုက်ခြင်း

ဖုန်းတွေ ကွန်ပျူတာတွေရဲ့ မျက်နှာပြင်က blue light လို့ ခေါ်တဲ့ တောက်ပတဲ့ အဖြူရောင် အလင်းဟာ မျက်လုံးမြင်လွှာကို ထိခိုက်စေတာမို့ ကြာကြာသုံးလေ အမြင်အာရုံ ထိခိုက်လာနိုင်လေဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်း ပိုဆိုးလာခြင်း

အချိန်ကုန်လို့ ကုန်မှန်းမသိ ခေါင်းငုံ့ ဖုန်းပွတ်ရင်း social media ပေါ် မျောလွင့်နေရာက လက်တွေ့ဘဝထဲလည်း ပြန်ရောက်ရော ဇက်ကြောတွေနာနေတာမျိုး ဖြစ်တတ်ပါတယ်။
လည်ပင်းကျီးပေါင်းရောဂါအခံ ရှိသူတွေမှာ ပိုဆိုးသွားတတ်ပါတယ်။
မကြာခဏ ဇက်ကို အနေအထားပြောင်းပေးပါ။

လက်ဆစ်နာခြင်း ထုံခြင်း

ဖုန်းကိုကြာကြာကိုင်ရင်း လက်ဆစ်ကလေးတွေ နာလာတတ်သလို ဖုန်းအပူရှိန်ကြောင့် လက်ထုံလာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင် လက်ဖျံကြွက်သားတွေမှာလည်း ဒဏ်ဖြစ်လာတတ်ပါတယ်။

အိပ်မပျော်ခြင်း

ခုနက ပြောခဲ့တဲ့ မြင်လွှာထိခိုက်စေတဲ့ blue light မှာ ကြောက်စရာ နောက်ထပ် အန္တရာယ်တစ်ခုရှိပါသေးတယ်။
ဦးဏှောက်က ပုံမှန်အိပ်ပျော်ဖို့အတွက် ထုတ်ပေးတဲ့ Dark hormone လို့ တင်စားခေါ်ကြတဲ့ မရှိမဖြစ် Melatonin ဟော်မုန်း မထွက်အောင် blue light က တားပါတယ်။

ညအိပ်မပျော်သူတွေ မအိပ်ခင် နှစ်နာရီနောက်ပိုင်း ဖုန်း ကွန်ပျူတာမသုံးဖို့ ဆင်ခြင်သင့်ပါတယ်။
မသုံးမဖြစ် သုံးရမယ် ဆိုရင်လည်း blue light ကို filter လုပ်ပြီးပိတ်ထားနိုင်တဲ့ application တွေ အသုံးပြုရပါမယ်။

ဆေးပညာဗဟုသုတ အလွဲတွေနဲ့ ဆေးဝါးအလွဲတွေ

အယုံလွယ်တဲ့ ဗီဇအခံနဲ့ နေရာတကာကူညီချင်စိတ် တွေက ဒီအမှားတွေကို ပံ့ပိုးလိုက်တဲ့အခါ social media ကြောင့် ပိုဆိုးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်သွားတတ်ပါတယ်။

စိတ်ကျရောဂါ နှင့် အခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

Social media မှာ ပျော်ရွှင် တက်ကြွ အောင်မြင် လှပ ‘ပြ’နေသူတွေကို ကြည့်ရင်း depression ဝေဒနာတွေ ပိုဆိုးလာတတ်ပါတယ်။

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတွေ ကျဆင်းလာတတ်ပါတယ်။

Online Shopping တွေရဲ့ စွဲဆောင်မှုနဲ့ လွယ်လင့်တကူ ဝယ်ယူနိုင်မှုတွေကြောင့် Impulse Control Disorder လို စိတ်ဝေဒနာတစ်မျိုးလို့ ယူဆလာကြတဲ့ အလွန်အကျွံ မြင်သမျှဝယ်တတ်တဲ့ compulsive shopping ဆိုတဲ့ စိတ်ဝေဒနာမျိုးတွေ ပိုဆိုးလာတတ်ပါတယ်။
ဈေးအဝယ်လွန်ရောဂါလို့ပဲ ဆိုရမလား။

ဒါတွေ အပြင် ဖုန်းပွတ်ရင်း အစားအသောက်စားတဲ့ အကျင့်ကြောင့် အစာမကြေတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
အစားအသောက်ပမာဏကို မချင့်ချိန်နိုင်တာကြောင့်လည်း တဖြည်းဖြည်း အဝလွန်လာတဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

?ဒီ Social Media တွေရဲ့ ကောင်းတဲ့ အချက်တွေလည်း အများကြီးရှိသေးတာမို့ အပြီးတိုင် မစွန့်လွှတ်နိုင်သေးခင်မှာတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး အချိန်နည်းနိုင်သမျှနည်းနည်းပဲ သုံးရပါလိမ့်မယ်။

Social Media သုံးမဲ့အချိန်မှာ တခြားအကျိုးရှိမဲ့ အရာတစ်ခုခုနဲ့ တဖြည်းဖြည်း အစားထိုးပြီး Social Media Detox လုပ်တဲ့ နည်းလမ်းတွေကို ရှာရပါမယ်။

လူမှုကွန်ရက်ထောင်ချောက်တွေထဲက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရုန်းထွက် ကျန်းမာနိုင်ကြပါစေ..

Dr ဖြိုးဝေလင်း
(16.4.19)

? Social Media နဲ႔ က်န္းမာေရးျပႆနာမ်ား ?

Social Media မေကာင္းေၾကာင္းကို Social Media ေပၚတက္ေျပာရတာလည္း သိပ္ေတာ့မေကာင္း။ နည္းနည္းေတာ့ အားနာစရာ။ မိန္းမခ်က္ေကြၽးတာ ပလုပ္ပေလာင္းစားရင္း မိန္းမအတင္းေျပာရသလိုပဲ သိပ္ေတာ့ သဘာဝမက်လွ။ မိန္းမဆိုတာ မ႐ွိမေကာင္း႐ွိမေကာင္းလို႔ ေျပာေၾကးဆို Social Media ဆိုတာကေတာ့ မိန္းမထက္ပိုဆိုးတယ္ေျပာလို႔ရတယ္။

မိန္းမကို အခ်စ္လြန္ရင္ မိန္းမပိုေပ်ာ္မွာ ေသခ်ာေပမဲ့ Social Media ေတြမွာ အခ်စ္လြန္ အခ်ိန္ကုန္ စြဲလန္းလြန္းရင္ေတာ့ က်ား/မ မေရြး ဒီလို က်န္းမာေရးျပႆနာေတြပါ ျဖစ္လာႏိုင္ပါတယ္။

Social Media ေၾကာင့္ တိုက္ရိုက္ထိခိုက္တာေတြရွိသလို ဖုန္း ကြန္ပ်ဴတာ ၾကာရွည္သံုးလို႔ျဖစ္တာေတြလည္း ပါတာေပါ့။

? မ်က္လံုးထိခိုက္ျခင္း

ဖုန္းေတြ ကြန္ပ်ဴတာေတြရဲ႕ မ်က္ႏွာျပင္က blue light လို႔ ေခၚတဲ့ ေတာက္ပတဲ့ အျဖဴေရာင္ အလင္းဟာ မ်က္လံုးျမင္လႊာကို ထိခိုက္ေစတာမို႔ ၾကာၾကာသံုးေလ အျမင္အာရံု ထိခိုက္လာႏိုင္ေလျဖစ္ပါတယ္။

? လည္ပင္းက်ီးေပါင္း ပိုဆိုးလာျခင္း

အခ်ိန္ကုန္လို႔ ကုန္မွန္းမသိ ေခါင္းငံု႔ ဖုန္းပြတ္ရင္း social media ေပၚ ေမ်ာလြင့္ေနရာက လက္ေတြ႔ဘဝထဲလည္း ျပန္ေရာက္ေရာ ဇက္ေၾကာေတြနာေနတာမ်ိဳး ျဖစ္တတ္ပါတယ္။
လည္ပင္းက်ီးေပါင္းေရာဂါအခံ ႐ွိသူေတြမွာ ပိုဆိုးသြားတတ္ပါတယ္။
မၾကာခဏ ဇက္ကို အေနအထားေျပာင္းေပးပါ။

? လက္ဆစ္နာျခင္း ထံုျခင္း

ဖုန္းကိုၾကာၾကာကိုင္ရင္း လက္ဆစ္ကေလးေတြ နာလာတတ္သလို ဖုန္းအပူ႐ွိန္ေၾကာင့္ လက္ထံုလာတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။
ဒါ့အျပင္ လက္ဖ်ံႂကြက္သားေတြမွာလည္း ဒဏ္ျဖစ္လာတတ္ပါတယ္။

? အိပ္မေပ်ာ္ျခင္း

ခုနက ေျပာခဲ့တဲ့ ျမင္လႊာထိခိုက္ေစတဲ့ blue light မွာ ေၾကာက္စရာ ေနာက္ထပ္ အႏၲရာယ္တစ္ခု႐ွိပါေသးတယ္။
ဦးေဏွာက္က ပံုမွန္အိပ္ေပ်ာ္ဖို႔အတြက္ ထုတ္ေပးတဲ့ Dark hormone လို႔ တင္စားေခၚၾကတဲ့ မရွိမျဖစ္ Melatonin ေဟာ္မုန္း မထြက္ေအာင္ blue light က တားပါတယ္။

ညအိပ္မေပ်ာ္သူေတြ မအိပ္ခင္ ႏွစ္နာရီေနာက္ပိုင္း ဖုန္း ကြန္ပ်ဴတာမသံုးဖို႔ ဆင္ျခင္သင့္ပါတယ္။
မသံုးမျဖစ္ သံုးရမယ္ ဆိုရင္လည္း blue light ကို filter လုပ္ၿပီးပိတ္ထားႏိုင္တဲ့ application ေတြ အသံုးျပဳရပါမယ္။

? ေဆးပညာဗဟုသုတ အလြဲေတြနဲ႔ ေဆးဝါးအလြဲေတြ

အယံုလြယ္တဲ့ ဗီဇအခံနဲ႔ ေနရာတကာကူညီခ်င္စိတ္ ေတြက ဒီအမွားေတြကို ပံ့ပိုးလိုက္တဲ့အခါ social media ေၾကာင့္ ပိုဆိုးတဲ့ က်န္းမာေရးျပႆနာေတြ ျဖစ္သြားတတ္ပါတယ္။

? စိတ္က်ေရာဂါ ႏွင့္ အျခား စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ား

Social media မွာ ေပ်ာ္ရႊင္ တက္ႂကြ ေအာင္ျမင္ လွပ ‘ျပ’ေနသူေတြကို ၾကည့္ရင္း depression ေဝဒနာေတြ ပိုဆိုးလာတတ္ပါတယ္။

ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ က်ဆင္းလာတတ္ပါတယ္။

Online Shopping ေတြရဲ႕ စြဲေဆာင္မႈနဲ႔ လြယ္လင့္တကူ ဝယ္ယူႏိုင္မႈေတြေၾကာင့္ Impulse Control Disorder လို စိတ္ေဝဒနာတစ္မ်ိဳးလို႔ ယူဆလာၾကတဲ့ အလြန္အကြၽံ ျမင္သမ်ွဝယ္တတ္တဲ့ compulsive shopping ဆိုတဲ့ စိတ္ေဝဒနာမ်ိဳးေတြ ပိုဆိုးလာတတ္ပါတယ္။
ေဈးအဝယ္လြန္ေရာဂါလို႔ပဲ ဆိုရမလား။

ဒါေတြ အျပင္ ဖုန္းပြတ္ရင္း အစားအေသာက္စားတဲ့ အက်င့္ေၾကာင့္ အစာမေၾကတဲ့ ျပႆနာေတြ ျဖစ္လာတတ္ပါတယ္။
အစားအေသာက္ပမာဏကို မခ်င့္ခ်ိန္ႏိုင္တာေၾကာင့္လည္း တျဖည္းျဖည္း အဝလြန္လာတဲ့ ျပႆနာေတြလည္း ျဖစ္လာႏိုင္ပါတယ္။

?ဒီ Social Media ေတြရဲ႕ ေကာင္းတဲ့ အခ်က္ေတြလည္း အမ်ားႀကီး႐ွိေသးတာမို႔ အၿပီးတိုင္ မစြန္႔လႊတ္ႏိုင္ေသးခင္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ၿပီး အခ်ိန္နည္းႏိုင္သမ်ွနည္းနည္းပဲ သံုးရပါလိမ့္မယ္။

Social Media သံုးမဲ့အခ်ိန္မွာ တျခားအက်ိဳး႐ွိမဲ့ အရာတစ္ခုခုနဲ႔ တျဖည္းျဖည္း အစားထိုးျပီး Social Media Detox လုပ္တဲ့ နည္းလမ္းေတြကို ႐ွာရပါမယ္။

လူမႈကြန္ရက္ေထာင္ေခ်ာက္ေတြထဲက ကိုယ့္ကိုယ္ကိုယ္ ကယ္တင္႐ုန္းထြက္ က်န္းမာႏိုင္ၾကပါေစ..

Dr ၿဖိဳးေဝလင္း
(16.4.19)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…