ချစ်သောကလေးငယ်များ အဆိပ်ငွေ့မရှုရှိုက်မိစေဖို့
ကိုယ်တိုင်ဆေးလိပ်မသောက်တတ်ပေမယ့်ဆေးလိပ်သောက်သလိုခံစားရတဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူ( Passive Smoker ) တွေထဲမှာ အများဆုံးက ကလေးငယ်လေးတွေပါ။သန်းချီတဲ့ကလေးတွေဟာတစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့သားကောင်တွေဖြစ်နေတာတွေ့ရပါတယ်။
ဆေးလိပ်တစ်လိပ်ကိုမီးညှီလိုက်တာဟာ ဓာတုပစ္စည်း၄၀၀၀ကျော်ကို မီးရှို့လိုက်သလိုပါဘဲ။ ဒီထဲကမှ ကင်ဆာဖြစ်စေတဲ့အမျိုးပေါင်း ၅၀ကျော်ပါဝင်နေပါတယ်။ကလေးငယ်တွေရဲ့ဖွံ့ဖြိုးဆဲအဆုတ်ဟာလူကြီးတွေထက်ပိုပြီး ထိခိုက်ဒဏ်ရာရလွယ်ပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့ခံစားရတဲ့ကလေးတွေဟာလတ်တလောအနေနဲ့
_ နား ပိုးဝင်ခြင်း
_ အအေးမိနှာစေးမကြာခဏဖြစ်ခြင်း
_ ချောင်းဆိုးတာရှည်ခြင်း
_ ပန်းနာရင်ကျပ်ဖြစ်လွ်းခြင်း
_ သွားပိုးစားခြင်း
ရေရှည်အနေနဲ့တော့
_ အဆုတ်ကင်ဆာဖြစ်ခြင်း
_ နှလုံးရောဂါဖြစ်ခြင်း
_ ရေတိမ်ဖြစ်ခြင်း
_ အတုမြင်အတတ်သင်တာကြောင့် ကလေးကြီးလာချိန်တွင် ဆေးလိပ်သောက်ခြင်း တို့ဖြစ်န်ုင်ပါတယ်။တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ကလေးတွေ ထိတွေ့နိုင်တဲ့နေရာတွေကတော့
_ ကျောင်းဝင်းတွင်း
_ မိတ်ဆွေတွေအိမ်ကိုအလည်သွားတဲ့အခါ
_ ဈေးဝယ်စင်တာတွေကို သွားတဲ့အခါ
_ စားသောက်ဆိုင်တွေသွားတဲ့အခါ
_ အိမ်မှာနေလို့ ဆေးလိပ်သောက်တတ်တဲ့သူအိမ်မှာရှိတဲ့အခါတွေမှာ ထိတွေ့နိုင်ပါတယ်။တစ်ချို့က ကလေးရှိတဲ့အချိန် အပြင်မှာထွက်သောက်တာမျိုးဆို ကလေးကို လုံးဝမထိခိုက်တော့ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ဆေးလိပ်လုံးဝမသောက်တာက အကောင်းဆုံးပါ။
မဟုတ်ရင် ဆေးလိပ်သောက်သူရဲ့ အကျီၤ ဆံပင်တွေမှာ ကပ်ညှိပြီး ကလေးဆီကို ရောက်စေတာပဲမို့မိမိအနားမှာ ကလေးငယ်ရှိနေသူများအဖို့ ဆေးလိပ်လုံးဝမသောက်ဖို့ အကြံပြုပါရစေ။
မယ်တင်( ဆေး ၁)
ခ်စ္ေသာကေလးငယ္မ်ား အဆိပ္ေငြ႕မရႈရႈိက္မိေစဖို႔
ကိုယ္တိုင္ေဆးလိပ္မေသာက္တတ္ေပမယ့္ေဆးလိပ္ေသာက္သလိုခံစားရတဲ့ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ရႉေနရသူ( Passive Smoker ) ေတြထဲမွာ အမ်ားဆံုးက ကေလးငယ္ေလးေတြပါ။သန္းခ်ီတဲ့ကေလးေတြဟာတစ္ဆင့္ခံေဆးလိပ္ေငြ႕ရဲ႕သားေကာင္ေတြျဖစ္ေနတာေတြ႕ရပါတယ္။
ေဆးလိပ္တစ္လိပ္ကိုမီးညႇီလိုက္တာဟာ ဓာတုပစၥည္း၄၀၀၀ေက်ာ္ကို မီးရႈိ့လိုက္သလိုပါဘဲ။ ဒီထဲကမွ ကင္ဆာျဖစ္ေစတဲ့အမ်ိဳးေပါင္း ၅၀ေက်ာ္ပါဝင္ေနပါတယ္။ကေလးငယ္ေတြရဲ႕ဖြံ႕ၿဖိဳးဆဲအဆုတ္ဟာလူႀကီးေတြထက္ပိုၿပီး ထိခိုက္ဒဏ္ရာရလြယ္ပါတယ္။တစ္ဆင့္ခံေဆးလိပ္ေငြ႕ခံစားရတဲ့ကေလးေတြဟာလတ္တေလာအေနနဲ႔
_ နား ပိုးဝင္ျခင္း
_ အေအးမိႏွာေစးမၾကာခဏျဖစ္ျခင္း
_ ေခ်ာင္းဆိုးတာရွည္ျခင္း
_ ပန္းနာရင္က်ပ္ျဖစ္လြး္ျခင္း
_ သြားပိုးစားျခင္း
ေရရွည္အေနနဲ႔ေတာ့
_ အဆုတ္ကင္ဆာျဖစ္ျခင္း
_ ႏွလံုးေရာဂါျဖစ္ျခင္း
_ ေရတိမ္ျဖစ္ျခင္း
_ အတုျမင္အတတ္သင္တာေၾကာင့္ ကေလးႀကီးလာခ်ိန္တြင္ ေဆးလိပ္ေသာက္ျခင္း တို႔ျဖစ္ႏ္ုင္ပါတယ္။တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ကို ကေလးေတြ ထိေတြ႕ႏိုင္တဲ့ေနရာေတြကေတာ့
_ ေက်ာင္းဝင္းတြင္း
_ မိတ္ေဆြေတြအိမ္ကိုအလည္သြားတဲ့အခါ
_ ေစ်းဝယ္စင္တာေတြကို သြားတဲ့အခါ
_ စားေသာက္ဆိုင္ေတြသြားတဲ့အခါ
_ အိမ္မွာေနလို႔ ေဆးလိပ္ေသာက္တတ္တဲ့သူအိမ္မွာရွိတဲ့အခါေတြမွာ ထိေတြ႕ႏိုင္ပါတယ္။တစ္ခ်ိဳ႕က ကေလးရွိတဲ့အခ်ိန္ အျပင္မွာထြက္ေသာက္တာမ်ိဳးဆို ကေလးကို လံုးဝမထိခိုက္ေတာ့ဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ ေဆးလိပ္လံုးဝမေသာက္တာက အေကာင္းဆံုးပါ။
မဟုတ္ရင္ ေဆးလိပ္ေသာက္သူရဲ႕ အက်ီၤ ဆံပင္ေတြမွာ ကပ္ညႇိၿပီး ကေလးဆီကို ေရာက္ေစတာပဲမို႔မိမိအနားမွာ ကေလးငယ္ရွိေနသူမ်ားအဖို႔ ေဆးလိပ္လံုးဝမေသာက္ဖို႔ အၾကံျပဳပါရေစ။
မယ္တင္( ေဆး ၁)