All Articlesအခြားရောဂါများအထွေထွေရောဂါများ

အသည်းနှင့်ဆေးလိပ်သောက်ခြင်းအနုပညာ

1 Mins read

အသည်းနှင့်ဆေးလိပ်သောက်ခြင်းအနုပညာ

”ဆေးလိပ်”

ကျွန်တော်တို့တစ်တွေ နေ့စဉ်နှစ်ခြိုက်စွာ သောက်သုံးနေကြသော၊နေရာတိုင်းမပါမဖြစ်သော နှစ်ခြိုက်ဖွယ်အငွေ့အသက် အနံ့အရသာ။ ဆေးလိပ်ရဲ့ဆိုးကျိုးတွေဆိုရင် အကုန်လုံးနီးပါးက အဆုတ်၂ခြမ်း၊ပါးစပ်တစ်စုံပဲပြေးမြင်တယ်၊ဆေးလိပ်ဘူးခွံတွေမှာလဲ အဆုတ်ကင်ဆာနဲ့ခံတွင်းကင်ဆာပုံတွေပဲ ပါတာကိုး။

တကယ်တော့ ဆေးလိပ်ဟာခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေတတ်တာပါ၊အဆုတ်မှရယ် ခံတွင်းမှရယ်မဟုတ်ပါဘူး။ လူတွေသိပ်မသိသေးတာက ဆေးလိပ်ဟာအသည်းအပေါ်မှာလဲ မကောင်းတဲ့သက်ရောက်မှုတွေရှိတယ်ဆိုတာကိုပါ။

ဆေးလိပ်ဟာအသည်းကို ဘယ်လိုထိခိုက်စေသလဲ…

အဓိကသက်ရောက်မှု(၃)မျိုး ရှိပါတယ်…

၁။တိုက်ရိုက်အဆိပ်အတောက်ဖြစ်စေခြင်း။

ဆေးလိပ်မှာပါတဲ့ဓာတုပစ္စည်းအချို့ဟာအသည်းကိုတိုက်ရိုက်ထိခိုက်စေရုံသာမ အသည်းဆဲလ်တွေကိုပါဒုက္ခပေးနိုင်သောဓါတ်သတ္တိများ(Cytokines)ကိုပါ ခန္ဓာကိုယ်မှထွက်ပေါ်စေနိုင်ပါတယ်။

၂။ကိုယ်ခံစွမ်းအားစနစ်ကို သက်ရောက်ခြင်း။

ဆေးလိပ်မှာပါတဲ့နီကိုတင်းဟာ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေကိုထိခိုက်စေနိုင်သော CD8ဆဲလ်များကိုများစေပြီး အကျိုးပြုCD4ဆဲလ်များကို လျော့နည်းစေတာကြောင့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေသာမက အသည်းဆဲလ်တွေအပေါ်မှာထိခိုက်မှုရှိစေနိုင်ပါတယ်။

၃။ကင်ဆာနှင့်နှီးနွယ်သော သက်ရောက်ခြင်း။

ဆေးလိပ်မှာပါဝင်တဲ့ Hydrocarbons၊Nitrosamine၊Tar နဲ့ Vinyl chloride တို့ဟာ အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကိုမြင့်တက်စေပါတယ်။ဒါတင်မက အသည်းရောင်ရောဂါဖြစ်နေတဲ့သူတွေမှာ ဆေးလိပ်သောက်သုံးခြင်းဟာ အသည်းကင်ဆာကိုဖြစ်ပွားစေနိုင်ပါတယ်။

ဆေးလိပ်တစ်လိပ်ကို မီးညှိတဲ့အခါမှာဘာတွေဖြစ်သွားမလဲ…

သင့် လက်ညှိုးနဲ့လက်ခလယ်ကြားထဲမှာဆေးလိပ်တစ်လိပ်ကို ဖျောက်ခနဲမီးညှိလိုက်တာနဲ့တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်ကလီစာ၊အစိတ်အပိုင်းအားလုံးနီးပါးကိုဒုက္ခပေးနိုင်သော ဓါတ်ပစ္စည်း(၄၀၀၀)ကျော်ကို သင့်အဆုတ်အတွင်းသို့သွတ်သွင်းလိုက်ပြီးဖြစ်ပါတယ်။

ဆေးလိပ်သောက်ရုံနဲ့ ငါတို့တွေက တန်းပြီးသေရောတဲ့လား…

တန်းပြီးတော့လဲမသေပါဘူး၊နောင်မှာသေမယ်လို့လည်း ယတိပြတ်ပြောမရပါဘူး၊၊ဘုရားရှင်ဟောကြားသလို ဘယ်အရာမှမမြဲတာကြောင့် ဖြစ်ကိုဖြစ်ရမယ်လို့တစ်ထစ်ချပြောမရပါဘူး၊ဖြစ်နိုင်ပါတယ်၊ဖြစ်တတ်ပါတယ်လို့ပဲ အကြံပေးလို့ရပါတယ်။သေချာတာကတော့ ဆေးလိပ်သောက်ခြင်းဟာ မသောက်ခြင်းထက် ကျန်းမာရေးကို ပိုထိခိုက်စေတာကတော့ ရှောင်လွှဲမရတဲ့အမှန်တရားပါ။

ဒါဆို တစ်ရက်ဆေးလိပ်ဘယ်နှလိပ်သောက်ရင် ရောဂါတွေဖြစ်မှာလဲ…

ဒါလဲပဲအတိအကျအနေနဲ့ ဒီလောက်သောက်ရင်ဒီလိုတွေဖြစ်မယ်တော့ပြောလို့မရပါဘူး။

ပုံမှန်အားဖြင့်တော့ တစ်ရက်ကိုဆေးလိပ်၁ဗူး(အလိပ် ၂၀)နှုန်းနဲ့ ဆယ်နှစ်သောက်မယ်ဆိုရင် နှလုံးရောဂါများ(နှလုံးသွေးကြောကျဉ်း၊သွေးတိုး)၊အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ(ပန်းနာရင်ကြပ်၊နာတာရှည်အဆုတ်လေပြွန်ရောရောဂါ)၊ကင်ဆာရောဂါများ(အဆုတ်ကင်ဆာ၊အသည်းကင်ဆာ၊ရင်င်ဆာ၊ခံတွင်း/လည်ချောင်းကင်ဆာ စသည်)၊အစာအိမ်နာရောဂါများ၊မြုံခြင်း စတာတွေကိုသာမက အခြားဆိုးကျိုးပေါင်းများစွာကိုပါဖြစ်စေနိုင်ပါတယ်။သားကဒါကြောင့် ဆေးလိပ်ဆိုရင် အဆုတ်၊ခံတွင်းကိုသာမမြင်မိစေပဲ အသည်းနဲ့အခြားရောဂါတွေကိုပါ သတိချပ်စေလိုကြောင်းတိုက်တွန်းရင်းနဲ့ပဲ ဆေးလိပ်ကင်းစင်သောပတ်ဝန်းကျင်များတည်ဆောက်နိုင်ပါစေကြောင်း ဆုတောင်းလျက်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

dr.ye’lwin mm

အသည္းႏွင့္ေဆးလိပ္ေသာက္ျခင္းအႏုပညာ

”ေဆးလိပ္”

ကၽြန္ေတာ္တို႔တစ္ေတြ ေန႕စဥ္ႏွစ္ၿခိဳက္စြာ ေသာက္သံုးေနၾကေသာ၊ေနရာတိုင္းမပါမျဖစ္ေသာ ႏွစ္ၿခိဳက္ဖြယ္အေငြ႕အသက္ အနံ႕အရသာ။ ေဆးလိပ္ရဲ႕ဆိုးက်ဳိးေတြဆိုရင္ အကုန္လံုးနီးပါးက အဆုတ္၂ျခမ္း၊ပါးစပ္တစ္စံုပဲေျပးျမင္တယ္၊ေဆးလိပ္ဘူးခြံေတြမွာလဲ အဆုတ္ကင္ဆာနဲ႕ခံတြင္းကင္ဆာပံုေတြပဲ ပါတာကိုး။

တကယ္ေတာ့ ေဆးလိပ္ဟာခႏၶာကိုယ္တစ္ခုလံုးကို ထိခိုက္ေစတတ္တာပါ၊အဆုတ္မွရယ္ ခံတြင္းမွရယ္မဟုတ္ပါဘူး။ လူေတြသိပ္မသိေသးတာက ေဆးလိပ္ဟာအသည္းအေပၚမွာလဲ မေကာင္းတဲ့သက္ေရာက္မွဳေတြရွိတယ္ဆိုတာကိုပါ။

ေဆးလိပ္ဟာအသည္းကို ဘယ္လိုထိခိုက္ေစသလဲ…

အဓိကသက္ေရာက္မွဳ(၃)မ်ဳိး ရွိပါတယ္…

၁။တိုက္႐ိုက္အဆိပ္အေတာက္ျဖစ္ေစျခင္း။

ေဆးလိပ္မွာပါတဲ့ဓာတုပစၥည္းအခ်ဳိ႕ဟာအသည္းကိုတိုက္႐ိုက္ထိခိုက္ေစရံုသာမ အသည္းဆဲလ္ေတြကိုပါဒုကၡေပးႏိုင္ေသာဓါတ္သတၱိမ်ား(Cytokines)ကိုပါ ခႏၶာကိုယ္မွထြက္ေပၚေစႏိုင္ပါတယ္။

၂။ကိုယ္ခံစြမ္းအားစနစ္ကို သက္ေရာက္ျခင္း။

ေဆးလိပ္မွာပါတဲ့နီကိုတင္းဟာ ကိုယ္ခံအားစနစ္ရဲ႕ ဆဲလ္ေတြကိုထိခိုက္ေစႏိုင္ေသာ CD8ဆဲလ္မ်ားကိုမ်ားေစၿပီး အက်ဳိးျပဳCD4ဆဲလ္မ်ားကို ေလ်ာ့နည္းေစတာေၾကာင့္ လူ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြသာမက အသည္းဆဲလ္ေတြအေပၚမွာထိခိုက္မွဳရွိေစႏိုင္ပါတယ္။

၃။ကင္ဆာႏွင့္ႏွီးႏြယ္ေသာ သက္ေရာက္ျခင္း။

ေဆးလိပ္မွာပါဝင္တဲ့ Hydrocarbons၊Nitrosamine၊Tar နဲ႕ Vinyl chloride တို႕ဟာ အသည္းကင္ဆာျဖစ္ပြားမွဳႏွဳန္းကိုျမင့္တက္ေစပါတယ္။ဒါတင္မက အသည္းေရာင္ေရာဂါျဖစ္ေနတဲ့သူေတြမွာ ေဆးလိပ္ေသာက္သံုးျခင္းဟာ အသည္းကင္ဆာကိုျဖစ္ပြားေစႏိုင္ပါတယ္။

ေဆးလိပ္တစ္လိပ္ကို မီးညွိတဲ့အခါမွာဘာေတြျဖစ္သြားမလဲ…

သင့္ လက္ညွိဳးနဲ႕လက္ခလယ္ၾကားထဲမွာေဆးလိပ္တစ္လိပ္ကို ေဖ်ာက္ခနဲမီးညွိလိုက္တာနဲ႕တစ္ၿပိဳင္နက္ လူ႕ခႏၶာကိုယ္ကလီစာ၊အစိတ္အပိုင္းအားလံုးနီးပါးကိုဒုကၡေပးႏိုင္ေသာ ဓါတ္ပစၥည္း(၄၀၀၀)ေက်ာ္ကို သင့္အဆုတ္အတြင္းသို႕သြတ္သြင္းလိုက္ၿပီးျဖစ္ပါတယ္။

ေဆးလိပ္ေသာက္ရံုနဲ႕ ငါတို႕ေတြက တန္းၿပီးေသေရာတဲ့လား…

တန္းၿပီးေတာ့လဲမေသပါဘူး၊ေနာင္မွာေသမယ္လို႕လည္း ယတိျပတ္ေျပာမရပါဘူး၊၊ဘုရားရွင္ေဟာၾကားသလို ဘယ္အရာမွမၿမဲတာေၾကာင့္ ျဖစ္ကိုျဖစ္ရမယ္လို႕တစ္ထစ္ခ်ေျပာမရပါဘူး၊ျဖစ္ႏိုင္ပါတယ္၊ျဖစ္တတ္ပါတယ္လို႕ပဲ အၾကံေပးလို႕ရပါတယ္။ေသခ်ာတာကေတာ့ ေဆးလိပ္ေသာက္ျခင္းဟာ မေသာက္ျခင္းထက္ က်န္းမာေရးကို ပိုထိခိုက္ေစတာကေတာ့ ေရွာင္လႊဲမရတဲ့အမွန္တရားပါ။

ဒါဆို တစ္ရက္ေဆးလိပ္ဘယ္ႏွလိပ္ေသာက္ရင္ ေရာဂါေတြျဖစ္မွာလဲ…

ဒါလဲပဲအတိအက်အေနနဲ႕ ဒီေလာက္ေသာက္ရင္ဒီလိုေတြျဖစ္မယ္ေတာ့ေျပာလို႕မရပါဘူး။

ပံုမွန္အားျဖင့္ေတာ့ တစ္ရက္ကိုေဆးလိပ္၁ဗူး(အလိပ္ ၂၀)ႏွဳန္းနဲ႕ ဆယ္ႏွစ္ေသာက္မယ္ဆိုရင္ ႏွလံုးေရာဂါမ်ား(ႏွလံုးေသြးေၾကာက်ဥ္း၊ေသြးတိုး)၊အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား(ပန္းနာရင္ၾကပ္၊နာတာရွည္အဆုတ္ေလႁပြန္ေရာေရာဂါ)၊ကင္ဆာေရာဂါမ်ား(အဆုတ္ကင္ဆာ၊အသည္းကင္ဆာ၊ရင္င္ဆာ၊ခံတြင္း/လည္ေခ်ာင္းကင္ဆာ စသည္)၊အစာအိမ္နာေရာဂါမ်ား၊ျမံဳျခင္း စတာေတြကိုသာမက အျခားဆိုးက်ဳိးေပါင္းမ်ားစြာကိုပါျဖစ္ေစႏိုင္ပါတယ္။သားကဒါေၾကာင့္ ေဆးလိပ္ဆိုရင္ အဆုတ္၊ခံတြင္းကိုသာမျမင္မိေစပဲ အသည္းနဲ႕အျခားေရာဂါေတြကိုပါ သတိခ်ပ္ေစလိုေၾကာင္းတိုက္တြန္းရင္းနဲ႕ပဲ ေဆးလိပ္ကင္းစင္ေသာပတ္ဝန္းက်င္မ်ားတည္ေဆာက္ႏိုင္ပါေစေၾကာင္း ဆုေတာင္းလ်က္။

အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစ။

dr.ye’lwin mm

MyDoctor Telemedicine Application
Related posts
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid19 third wave and symptoms

1 Mins read
Covid19 တတိယလှိုင်းနဲ့ လက္ခဏာရပ်များ Covid19နဲ့တတိယလှိုင်းအန္တရာယ်ကတော့လက်ရှိမှာတကမ္ဘာလုံးကိုခြိမ်းခြောက်မှုရှိနေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ စတုတ္ထလှိုင်းဆီကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ Covid-19 တတိယလှိုင်းနဲ့အတူ ကိုရိုနာမျိုးကွဲသစ်ပေါ်ထွက်လာတဲ့အတွက် စိုးရိမ်ပူပန်မှုများလည်းမြင့်တက်လာခဲ့ပါတယ်။ ကာကွယ်ဆေးထိုးမှုတွေကိုအစဉ်တစိုက်နဲ့အရှိန်တိုးမြှင့်ဖို့ကြိုစားနေချိန်မှာ တတိယလှိုင်းနဲ့အတူ သဘာဝတိုင်းပြောင်းလဲသွားတဲ့ မျိုးကွဲသစ်ပေါ်လာတာဖြစ်ပါတယ် တတိယလှိုင်းဖြစ်ပေါ်လာတဲ့အခါ မတူညီတဲ့အခြေအနေတွေရှိလို့နေပါတယ် လူတွေရဲ့နေထိုင်သွားလာမှုပေါ့ဆတာတွေ သတိလက်လွတ်ဖြစ်တာတွေက ဒီပိုးကိုထပ်မံအနိုင်ရစေဖို့ရာအခွင့်အရေးပေးသလိုဖြစ်လို့နေပါတယ် အခုလိုမျိုးရိုးဗီဇကွဲအသစ်ကပိုမိုကူးစက်မြန်တာကြောင့်…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid19 and home care

1 Mins read
Covid19နှင့် အိမ်တွင်းစောင့်ရှောက်မှုများ COVID-19 ရှိသူနှင့်ထိတွေ့မိပြီး မိမိကိုယ်ကိုသံသယရှိတယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုလုပ်ဆောင်ပေးလို့ရပါတယ် ဘယ်နေ့ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်ရမလဲ ဆိုတာကိုသိရှိစေဖို့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ပေးရာနေရာများ (သို့မဟုတ)် COVID-19 hotline သို့ခေါ်ဆိုပေးပါ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ဖို့ရာအတွက်အဆက်အသွယ်ရှာဖွေတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ပါ။ Covid19 Test စစ်ဆေးလို့မရသေးပါက …
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Blood clotting problems with Covid19

1 Mins read
Covid19နှင့်သွေးခဲခြင်းပြသနာ Covid 19ရောဂါကိုယ်တိုင်သည် သွေးခဲခြင်းကို ၈ဆမှ ၁ဝဆထိ ဖြစ်နိုင်ချေရှိပါတယ် ဒါကြောင့်မို့ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ သွေးခဲခြင်းအန္တရာယ်နှင့် ချင့်ချိန်ပြီး ကာကွယ်ဆေးထိုးမထိုးကို ဆုံးဖြတ်ဖို့ရာ လိုအပ်ပါတယ် အထူးသဖြင့် ရောဂါအခံရှိသူတွေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနှုန်းမြင့်တာမို့ အထူးသတိပြုကြဖို့လည်းလိုပါတယ်။ ယခုcovidကာကွယ်ဆေးအမျိုးအစားတချို့မှာတော့ သွေးခဲခြင်း…

Leave a Reply

Your email address will not be published. Required fields are marked *