ချော်လဲခြင်းနှင့် ကိုယ်ဝန်ဆောင်များ
ကိုယ်ဝန်ရှိခြင်းက သင့်ခန္ဓာကိုယ်အချိုးအစားကို ပြောင်းလဲစေရုံသာမက လမ်းလျှောက်ပုံတွေပါ ပြောင်းလဲစေနိုင်ပါတယ်။ ကလေးအလေးချိန်ကြောင့် သာမန်လူများထက် မိမိကိုယ်ကို ထိန်းမတ်လျှောက်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေဟာ သာမန်လူတွေထက် ပိုချော်လဲနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂၇%ဟာ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ချော်လဲပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အရှိန်အနည်းငယ်ဖြင့် ချော်လဲခြင်းတွေကတော့ ကြီးကြီးမားမားထိခိုက်မှုတွေ မရှိတတ်ပါဘူး။ ဝမ်းထဲရှိ ကလေးငယ်ကို သားအိမ်ကြွက်သားများ၊ ရေမွှာအိတ်များက သဘာဝအားဖြင့် ထိခိုက်မှုတွေက ကာကွယ်ပေးထားပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်း၊ ဗိုက်ကို အရှိန်ပြင်းစွာ ဆောင့်မိခြင်းတွေကတော့ အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
-အချင်းကွာခြင်း
-မိခင်တွင် အရိုးများကျိုးခြင်း
-ကလေးဦးခေါင်းခွံထိခိုက်မိခြင်း
ကိုယ်ဝန်ဆောင်များ ချော်လဲပြီး အောက်ပါအခြေအနေတွေ ကြုံတွေ့လာရင်တော့ ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။
-ဗိုက်ကိုအရှိန်ပြင်းစွာ တိုက်ရိုက်ထိခိုက်မိခြင်း
-မိန်းမကိုယ်မှ သွေးဆင်းခြင်း
-ရေမွှာများစိမ့်ထွကိခြင်း
-ဝမ်းဗိုက်အောက်ပိုင်း အလွန်နာကျင်ခြင်း
-ကလေးအလှုပ်နည်းသည်ဟု ခံစားရခြင်း (သို့) ကလေးမလှုပ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ချော်လဲကျခြင်းမှ ကင်းဝေးစေရန်
✔ ရေ၊ ဆီများ ဖိတ်စင်ထားသည့်နေရာများသို့ မသွားရန်
✔ ခြေကုပ်မြဲသော၊ သက်တောင့်သက်သာရှိသော ဖိနပ်များ ရွေးချယ်ဝတ်ဆင်ရန်
✔ ဒေါက်မြင့်ဖိနပ်စီးခြင်းမှ ရှောင်ကြဉ်ရန်
✔ လှေကား အတက်အဆင်းများတွင် လက်ရန်းများကို ကိုင်၍ အတက်အဆင်းပြုရန်
✔ မြေပြင်ကို မမြင်နိုင်လောက်အောင် လေးလံသော ပစ္စည်းများမခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ေခ်ာ္လဲျခင္းႏွင့္ ကိုယ္ဝန္ေဆာင္မ်ား
ကိုယ္ဝန္ရိွျခင္းက သင့္ခႏၶာကိုယ္အခ်ိဳးအစားကို ေျပာင္းလဲေစရံုသာမက လမ္းေလွ်ာက္ပံုေတြပါ ေျပာင္းလဲေစႏိုင္ပါတယ္။ ကေလးအေလးခ်ိန္ေၾကာင့္ သာမန္လူမ်ားထက္ မိမိကိုယ္ကို ထိန္းမတ္ေလ်ွာက္ႏိုင္ဖို႔ ခဲယဥ္းတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြဟာ သာမန္လူေတြထက္ ပိုေခ်ာ္လဲႏိုင္ပါတယ္။ ေလ့လာေတြ႔ရိွခ်က္ေတြအရ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ႕ ၂၇%ဟာ ကိုယ္ဝန္ေဆာင္စဥ္ ကာလအတြင္း ေခ်ာ္လဲပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္ အရိွန္အနည္းငယ္ျဖင့္ ေခ်ာ္လဲျခင္းေတြကေတာ့ ႀကီးႀကီးမားမားထိခိုက္မႈေတြ မရိွတတ္ပါဘူး။ ဝမ္းထဲရိွ ကေလးငယ္ကို သားအိမ္ႂကြက္သားမ်ား၊ ေရမႊာအိတ္မ်ားက သဘာဝအားျဖင့္ ထိခိုက္မႈေတြက ကာကြယ္ေပးထားပါတယ္။ ဒါေပမဲ့ ျပင္းျပင္းထန္ထန္ ထိခိုက္မိျခင္း၊ ဗိုက္ကို အရိွန္ျပင္းစြာ ေဆာင့္မိျခင္းေတြကေတာ့ ေအာက္ပါဆိုးက်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။
-အခ်င္းကြာျခင္း
-မိခင္တြင္ အ႐ိုးမ်ားက်ိဳးျခင္း
-ကေလးဦးေခါင္းခြံထိခိုက္မိျခင္း
ကိုယ္ဝန္ေဆာင္မ်ား ေခ်ာ္လဲၿပီး ေအာက္ပါအေျခအေနေတြ ၾကံဳေတြ႕လာရင္ေတာ့ ဆရာဝန္ႏွင့္ သြားေရာက္ျပသသင့္ပါတယ္။
-ဗိုက္ကိုအရိွန္ျပင္းစြာ တိုက္ရိုက္ထိခိုက္မိျခင္း
-မိန္းမကိုယ္မွ ေသြးဆင္းျခင္း
-ေရမႊာမ်ားစိမ့္ထြကိျခင္း
-ဝမ္းဗိုက္ေအာက္ပိုင္း အလြန္နာက်င္ျခင္း
-ကေလးအလႈပ္နည္းသည္ဟု ခံစားရျခင္း (သို႔) ကေလးမလႈပ္ျခင္း
ကိုယ္ဝန္ေဆာင္စဥ္ ေခ်ာ္လဲက်ျခင္းမွ ကင္းေဝးေစရန္
✔ ေရ၊ ဆီမ်ား ဖိတ္စင္ထားသည့္ေနရာမ်ားသို႔ မသြားရန္
✔ ေျခကုပ္ျမဲေသာ၊ သက္ေတာင့္သက္သာရိွေသာ ဖိနပ္မ်ား ေရြးခ်ယ္ဝတ္ဆင္ရန္
✔ ေဒါက္ျမင့္ဖိနပ္စီးျခင္းမွ ေ႐ွာင္ၾကဥ္ရန္
✔ ေလွကား အတက္အဆင္းမ်ားတြင္ လက္ရန္းမ်ားကို ကိုင္၍ အတက္အဆင္းျပဳရန္
✔ ေျမျပင္ကို မျမင္ႏိုင္ေလာက္ေအာင္ ေလးလံေသာ ပစၥည္းမ်ားမျခင္းမွ ေ႐ွာင္ၾကဥ္သင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)