အိပ်စက်ခြင်း အကြောင်းတစေ့တစောင်း
သင့်ခန္ဓာကိုယ်က တစ်နေ့ ဘယ်နှစ်ကြိမ် အိပ်ချင်စိတ်ဖြစ်စေသလဲ။
၂ကြိမ်ဖြစ်စေပါတယ်။ အရင်နေ့တွေက ဘယ်လောက်အိပ်ခဲ့အိပ်ခဲ့ အိပ်ချင်စိတ်ဖြစ်တဲ့အချိန်တွေ ကတော့ ညသန်းခေါင်ကနေ မနက် ရနာရီကြား နဲ့ နေ့လည် ၁နာရီကနေ ၄နာရီကြားအချိန်တွေပါပဲ။
ဘယ်အရွယ်အုပ်စုတွေက တစ်ည ၁၃ နာရီအိပ်ဖို့ လိုအပ်ပါသလဲ။
မူကြိုကလေးတွေပါ။ မွေးကင်းစကလေးတွေကတော့ ၁၈ နာရီထိကို အိပ်ကြပါတယ်။ လူကြီးတစ်ယောက်ဆိုရင်တော့ ရနာရီကနေ ၉ နာရီဆို အိပ်ရေးကောင်းကောင်းဝပါတယ်။
လူကြီးတွေ အသက်ကြီးလာတိုင်း အိပ်ချိန်သိပ်မလိုတော့တာ မှန်လား။
မှားပါတယ်။ အိပ်ချိန် လိုအပ်ချက် နည်းလာတာမဟုတ်ပါဘူး။ လွယ်လွယ်အိပ်မပျော်ခြင်း၊ ကြက်အိပ်ကြက်နိုး ဖြစ်နေတဲ့အတွက် အိပ်ချိန် နည်းသွားကြတာပါ။
အိမ်မက် မက်ချိန်တွေက အိပ်ချိန် တစ်ဝက်လောက်မှာ ဖြစ်နေတာလား။
မဟုတ်ပါ။ တစ်ညမှာ အိမ်မက်မက်ချိန်က ၂နာရီလောက်ပဲ ရှိကြတာပါ။
အိမ်မက်ဆိုးတွေရဲ့ အဓိကအကြောင်းအရင်းက ဘာတွေလဲ။
စိတ်ဖိစီးမှုနှင့် အလွန်တရာ စိုးရိမ်ပူပန်မှုပါ။ အိပ်ချင်မူးတူးဖြစ်ချိန် ကားမောင်းခြင်းနဲ့ အရက်၊ဆေး များကြောင့် မူးနေချိန် ကာမောင်းခြင်းရဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်က တူညီပါတယ်။
အိပ်ရေးပျက်သွားတဲ့ည အတွက် အစားရနိုင်ပါသလား။
ရနိုင်ပါတယ်။ နောက်နေ့မှာ အနည်းငယ်ပိုအိပ်လိုက်ခြင်းဖြင့် အဆင်ပြေသွားနိုင်ပေမယ့် ဆက်ပြီး အိပ်ချင်နေတယ် ဆိုရင်တော့ မတော်တဆထိခိုက်မှု အန္တရာယ်တွေရှိတတ်ပါတယ်။
အိပ်ရေးမဝရင် ဘာတွေဖြစ်မလဲ။
အမြင်ဝေဝါး၊ မော၊နှုန်းသွား၊ စိတ်တိုနေမှာ အမှန်ပါ။
အိပ်ပျော်စဉ်အသက်ရူရပ်ခြင်း ဝေဒနာခံစားရသူဟာ တစ်နာရီ ဘယ်နှကြိမ်လောက် အသက်ရူရပ်တတ်ပါသလဲ။
အကြိမ် ၃ဝနှင့် အထက်ဖြစ်တတ်ပါတယ်။ စက္ကန့်အနည်းငယ်သာ ကြာတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ဟောက်ခြင်း၊ မနက်နိုးသည် အချိန် ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ရီချို(ဆေး ၁)