စားစရာလေးတွေနဲ့မျက်နှာပေါင်းတင်ကြမယ်
အခုခေတ်မှာဆိုရင် အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အတော်များများကမျက်နှာအသားရေလှပဖို့အတွက် ပေါင်း
တင်ခြင်းတွေကိုပြုလုပ်လာကြပါတယ်။ပေါင်းတင်တဲ့အခါမှာ တစ်ချို့ကတော့ Spa တွေသွားပြီတင်ကြသလိုတစ်ချို့ကအိမ်မှာ
ပဲကိုယ့်ကို maskလေးတွေလုပ်ကြပါတယ်။အိမ်မှာပဲmask လေးတွေကိုယ်တိုင်လုပ်ပြီးပေါင်းတင်ကြမဲ့သူတွေအတွက် စားစရာ
လေးတွေနဲ့ မုန့်လည်းစားရင်းပေါင်းလည်းတင်ရင်းလုပ်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
(၁)Cocoa Powder
ဒီနည်းလေးကတော့ပေါင်းတင်ပြီးသွားရင်မျက်နှာအသားအရေလေးက ကလေးလေးလိုနူညံ့သွားမှာပါနော်။ဒီ Mask လေး
ဘယ်လုပ်ကြမလဲဆိုရင်—–Cocoa Powder ဇွန်းကြီး(၁)ဇွန်း,ဂျုံမှုန့်ဇွန်းသေး(၁)ဇွန်း,ပျားရည်လက်ဖက်ရည်ဇွန်း(၃)ဇွန်း,
ကြက်ဥအကာ,သံလွင်ဆီတစ်စက်,နွားနို့ဇွန်ကြီး(၁)ဇွန်–ပါပဲ သတိထားရမှာကတော့ ကိုယ်မျက်နှာကဝက်ခြံထွက်တတ်
တဲ့အသားအရည်ဆိုရင်နွားနို့အစားဒိန်ချဉ်ကိုသုံးပေးလို့ရပါတယ်။
(၂)Lemon
ဒီနည်းလေးကတော့ ပါဝင်ပသစ္စည်းလည်းမများတဲ့အတွက်ကြောင့် လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်နော်။သံပုရာရည်ထဲ
ကိုသံလွင်ဆီအနည်းငယ်၊ပျားရည်အနည်းငယ်ထည့်ပြီးသေချာစွာမွှေပါ။ပြီးရင်မျက်နှာမှာ(10)mins လောက်လိမ်းထားပေးပြီး
ရင်ရေနွးလေးနဲ့မျက်နှာသစ်လိုက်တယ်ဆိုရင်ဘဲမျက်နှာလေးကကြည့်ပြီးလှပသွားမှာနော်။
(၃)Mayonnaise
Mayonnaise ကပေါင်မုန့်လေးနဲ့စား၊Sushi လေးနဲ့စားလို့အရသာရှိရုံတင်မဟုတ်ဘဲ မျက်နှာပေါင်းတင်တဲ့အခါမှာ
လည်းအရမ်းကိုအကျိုးရှိလှပါတယ်။Mayonnaise ကိုမျက်နှာမှာနေရာအနှံလိမ်းထားပြီး mins(20)လောက်ကြာတဲ့အခါမှာရေ
ဆေးချပေးပါတယ်။ပေါင်းတင်ပြီးသွားပြီဆိုရင်မျက်နှာလေးကသန့်စင်ပြီးနူညံ့တဲ့ခံစားမှုလေးဖြစ်သွားမှာပါ။
(၄)Egg
ဒီနည်းလေးဟာဆိုရင် ကြက်ဥအနှစ်နဲ့အကာနဲ့ခွဲလိုုက်ပါ။အကာကိုဘဲယူပြီးပျားရည်အနည်းငယ်၊သံပုရာရည် အနည်း
ငယ်ထည့်ပြီးရောသမအောင်မွှေပါ။ပြီးရင်မျက်နှာအနှံ့လိမ်းပါ။ပြီးရင်တစ်ရှူးအပါးစလေးတွေကိုသေးသေးလေးတွေဗြဲပြီးမျက်
နှာအနှ့ံ့ကပ်ပါ။ထို့ကဲ့သို ကြက်ဥအကာလေးလိမ်းလိုက်တစ်ရှုးလေးတွေကပ်လိုက်နဲ့(၃,၄)ခါလောက်ထပ်ပြီးကပ်ပါ။ပြီးသွားရင်
တော့(10)mins လောက်ထားပါ။ခြောက်သွားပြီဆိုရင် မျက်နှာပေါ်ကတစ်ရှူးစများကိုခွာပြီးရေဆေးချပါ။အဲ့လိုပေါင်းတင်က
တော့မျက်နှာအဆီပြန်တာကို အတော်လေးထိန်းပေးပြီးမျက်နှာကအသားအရည်လေးကိုတင်းတင်းလေးဖြစ်စေပါတယ်။
ကဲ——အခုဖော်ပြပေးတဲ့ပေါင်းတင့်နည်းလေးတွေကို အိမ်မျာအလွယ်တကူပြုလုပ်ပြီးပေါင်းတင်ရင်းရှိရင်းစွဲ အလှတွေပိုပြီး
တိုးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။