အရေပြားတွေ ပက်ကြားအက်နေပြီဆို
လူတိုင်းရုပ်ချောခြင်ကြပါတယ် ရုပ်ချော ဖို့က လှနေဖို့လိုပါတယ် လှတာဆိုတာ က အရေပြားတွေ ပက်ကြားအက် မွဲခြောက်နေရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူးနော်
မိန်းကလေးတယောက်က ဘယ်လိုမျက်နှာကျမျိုးပဲရှိနေပါစေ အသားအရည် ဝင်းပ စိုပြေနေရင် ကို လှပနေပြီလို့ပြောလို့ရပါတယ်။
လူတိုင်းသုံးတဲ့ facebookမှာတောင် အသားအရည်လှပစေအောင် လုပ်ပေးတဲ့ applicationတွေ အပြိုင်းအရိုင်းနဲ့ ပုံတွေဖန်တီးနေကြတာကိုပဲ ကြည့်ပါနော် အဲလို တွေရှိတဲ့အတွက် ပျိုမဒီတို့အတွက် အသားအရည် လှပစေမယ့် အိမ်တွင်းနည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်
၁။ အသားအရည်လှပစေဖို့ အစားအစားကို မှန်ကန်စွာစားတတ်ဖို့လိုပါတယ်
အစားအသောက်စားတဲ့ပုံက အဓိကပါ သင်ဘယ်လို စားနေလဲက သင့်ကျန်းမာရေးပေါ် တိုက်ရိုက်အချိုးကျပါတယ် အရက်သမားတွေပဲ ကြည့်ပါ များတဲ့နောက်နေ့ဆို အသားပွယောင်းယောင်း အနီကွက်တွေ အနီစက်တွေနဲ့ ဖြစ်နေကြပါလေရော ဒါကြောင့် လှခြင်လို့အဓိက စားမယ်ဆို antioxidant ပါတာတွေစားရမယ် မုန်လါဥနီ ခရမ်းချဉ်သီး ဘလူးဘယ်ရီသီး ပဲအမျိုးမျိုးစတာတွေ နေ့တိုင်းပုံမှန်စားပေးရပါမယ် အရမ်းပြည့်စုံသော လှပခြင်းကို ရခြင်ရင်တော့ omega 3ပါတဲ့ အစားအစာ ကိုပါ ပုံမှန်စားရပါမယ် အလွယ်အခေါ် ငါးကြီးဆီပေါ့။
၂။ အသားမခြောက်ဖို့ အရေးကြီးတာ တစ်ခုက ရေသောက်တာပါ
ရေသောက်ခြင်းဟာ အသားစိုပြေစေဖို့ နည်းတစ်ခုပါပဲ တနေ့၂လီတာလောက်ပုံမှန်သောက်သင့်ပါတယ်နော်။
၃။ ရေငွေ့လွှတ်စက် humidifierသုံးခြင်း
အဓိက အဲကွန်းထဲ ၂၄နာရီနီးပါးနေနေတဲ့သူတွေအတွက် အဲစက်ကလေး အနားမှာထားခြင်းက အသားအရည်ခြောက်သွေ့မှုကိုသိသိသာသာလျော့စေပါတယ်။
၄။ အလှဆီ ပုံမှန်လိမ်းပေးခြင်း
အသက်ကြီးလာလေလေ အသားအရည်ခြောက်လာလေလေပါ အရေပြားကထွက်တဲ့ အဆီနည်း သွားတာပါ အဲလို ခြောက်သွေ့မှုတွေ ပေါ်မလာအောင် အလှဆီလေးနဲ့ ကာကွယ်ပါမှ သင့်လှပမှု လျော့ကျမသွားမှာပါ။
၅။ ရေချိုးနည်း စနစ်
ရေပူတွေနဲ့ချိုးတာဟာ အသားအရည်ကို ခြောက်သွေ့စေလို့ မလုပ်သင့်ပါဘူး ရေကို လည်း အချိန်ကြာကြာမချိုးပါနဲ့နော် အများဆုံး ၁၀မိနစ်သာ ချိုးပါနော်။ ခုဖော်ပြလိုက်တာက တော့ ခုနှစ်ဆောင်တိုက်ခန်းမီးမထွန်းပဲ လင်းစေတဲ့အကြောင်းတွေ ဖြစ်ပါကြောင်း ။ ။
ဒေါက်ဇေ
(ref.healthline)