ထိပ်ကပ်နာကြောင့် ကိုက်တဲ့ခေါင်း
ခေါင်းကိုက်စေတဲ့ အကြောင်းရင်းပေါင်းများစွာထဲက လူတွေ သိပ်သတိမထားမိတဲ့ ရောဂါတစ်ခုကတော့ ထိပ်ကပ်နာပါပဲ။ ထိပ်ကပ်နာလို့ ပြောရင် တော်တော်များများက နှာစေး..နှာပိတ်..နှာခေါင်းမှာဖြစ်တဲ့ ပြဿနာလို့ပဲ သိကြတယ်။ ခေါင်းနဲ့ မျက်ရိုးမကြာခဏကိုက်နေတတ်တဲ့ လူနာတော်တော်များများမှာ ထိပ်ကပ်နာရှိနေတတ်ပြီး ထိပ်ကပ်နာကို ကုလိုက်တော့မှ ခေါင်းကိုက်ပျောက်သွားတတ်ပါတယ်။
? ထိပ်ကပ်နာဆိုတာဘာလဲ ??
ထိပ်ကပ်နာလို့ အလွယ်ခေါ်တတ်ကြတဲ့ Sinusitis ဆိုတာ နှဖူး၊ ပါးရိုးနဲ့ နှာခေါင်းအောက်မှာရှိတဲ့ နှာခေါင်းနဲ့ဆက်သွယ်ထားတဲ့ Sinus လို့ခေါ်တဲ့ လှိုဏ်ခေါင်းလေးတွေ ပိတ်ဆို့ ရောင်ရမ်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
Sinus လှိုဏ်ခေါင်းလေးတွေရဲ့ mucous membrane အလွှာက ထုတ်ပေးတဲ့ mucous အချွဲတွေက နှာခေါင်းပေါက်ကနေ ဝင်လာတဲ့လေတွေကို နွေးထွေးသန့်စင်အောင်လုပ်ပေးရပါတယ်။
နှာခေါင်းအတွင်းပိုင်းနဲ့ ဒီ sinus လှိုဏ်ခေါင်းတွေကို ဆက်ထားတဲ့ လမ်းကြောင်းပိတ်သွားတဲ့အခါ mucous အချွဲတွေ sinus တွေထဲမှာ ပိတ်မိသွားပါတယ်။
ဒီအခါမှာ bacteria ပိုးတွေ ပေါက်ပွားလာပြီး sinusitis ရောဂါဖြစ်လာပါတော့တယ်။
? ဘာလက္ခဏာတွေ ပြမလဲ ??
• ခေါင်းကိုက် သွားကိုက် မျက်ရိုးတွေကိုက်
• နှာခေါင်းပိတ်
• နှာရည်ပျစ်ပျစ် ဝါဝါ စိမ်းစိမ်းတွေထွက်
• နှာခေါင်းအနောက် လည်ချောင်းထဲမှာ ချွဲအမြဲတမ်းရှိနေသလိုဖြစ်(post nasal drip လို့ခေါ်)
• အဖျား မကြာခဏတက်
• မောပန်းနွမ်းနယ်နေတတ်
• အနံ့သိပ်မရ လျှာအရသာခံနိုင်စွမ်းလျော့
• ခံတွင်းနံ့ဆိုး
• ချောင်းမကြာခဏဆိုး
? ဘာကြောင့်ဖြစ်တာလဲ ??
အအေးမိနှာစေးပြီးနောက်မှာ ထိပ်ကပ်နာဖြစ်ကျန်နေတတ်ပါတယ်။ ခဏနဲ့ ပျောက်သွားတတ်သလို နာတာရှည် ဖြစ်နေတာမျိုးလည်း အဖြစ်များပါတယ်။ နှာခေါင်းတွင်း nasal polypအဖုအသီးလေးတွေ ရှိရင် ပိုဖြစ်တတ်ပြီး ဓာတ်မတည့်တဲ့ Allergic ပြဿနာရှိသူတွေမှာလည်း အဖြစ်များပါတယ်။
? ဘာတွေကြောင့် ပိုဆိုးစေမလဲ ??
• ဆေးလိပ်သောက်ခြင်း
• ဓာတ်မတည့်လို့ နာတာရှည် နှာခေါင်းအတွင်းပိုင်းရောင်နေတဲ့ Allergic Rhinitis ရှိရင်
• ပန်းနာရင်ကြပ်နဲ့ hayfever ရောဂါ
• cystic fibrosis ရောဂါရှိရင်
• အညှော်၊ဖုန်၊ အမှုန်အမွှား၊ အနံ့ဆိုးဆိုးနဲ့ ဓာတုပစ္စည်းနံ့တွေ အမြဲရှူနေရရင်
• ကိုယ်ခံအားကျနေရင်
• အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းစေတဲ့ Wegeners Granulomatosis လို Sarcoidosis လို ရောဂါတစ်ခုခုရှိနေရင်
• မျက်နှာထိခိုက်ဖူးရင် ခွဲစိတ်မှုလုပ်ထားဖူးရင်
• သွားနဲ့ခံတွင်းမှာ ပိုးဝင်ရင်
ဒီလိုအခြေအနေတွေမှာ ပိုဖြစ်တတ် ပိုဆိုးစေတတ်လို့ သတိထားရပါမယ်။
? ဘယ်လိုသက်သာအောင်လုပ်ရမလဲ ??
– ဆရာဝန်ပြဖို့လိုပါတယ်
– ခေါင်းကိုက်တာနဲ့ တခြားနာကျင်ကိုက်ခဲတာတွေအတွက် ခေါင်းကိုက်ပျောက်ဆေး..အကိုက်အခဲပျောက်ဆေးတွေ လိုအပ်ပါတယ်
– နှာခေါင်းပိတ်တာ နှာစေးတာအတွက် နှာစေးပျောက်ဆေးတွေနဲ့ နှာခေါင်းပွင့်စေမဲ့ Nasal Decongestant သောက်ဆေး ဖျန်းဆေးတွေ လိုပါတယ်
– သိပ်ဆိုးရင် ဆေးရုံတက်ပြီး ဆေးသွင်းကုသဖို့အထိ လိုတတ်ပါတယ်။
– လေကောင်းလေသန့် အမြဲရှူရဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ပေးဖို့ လိုပါတယ်
– အားကစားတစ်ခုခုလုပ်သင့်ပါတယ်
– ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ အိပ်ချိန်ပြည့်ဝဖို့လည်း အရေးကြီးပါတယ်။
အားလုံး ခေါင်းကိုက်ပျောက်ပြီး အသက်ဝဝရှူနိုင်ကြပါစေ..
Dr ဖြိုးဝေလင်း
(10.5.19)
ထိပ္ကပ္နာေၾကာင့္ ကိုက္တဲ့ေခါင္း
ေခါင္းကို္က္ေစတဲ့ အေၾကာင္းရင္းေပါင္းမ်ားစြာထဲက လူေတြ သိပ္သတိမထားမိတဲ့ ေရာဂါတစ္ခုကေတာ့ ထိပ္ကပ္နာပါပဲ။ ထိပ္ကပ္နာလို႔ ေျပာရင္ ေတာ္ေတာ္မ်ားမ်ားက ႏွာေစး..ႏွာပိတ္..ႏွာေခါင္းမွာျဖစ္တဲ့ ျပႆနာလို႔ပဲ သိၾကတယ္။ ေခါင္းနဲ႔ မ်က္႐ိုးမၾကာခဏကိုက္ေနတတ္တဲ့ လူနာေတာ္ေတာ္မ်ားမ်ားမွာ ထိပ္ကပ္နာ႐ွိေနတတ္ၿပီး ထိပ္ကပ္နာကို ကုလိုက္ေတာ့မွ ေခါင္းကိုက္ေပ်ာက္သြားတတ္ပါတယ္။
? ထိပ္ကပ္နာဆိုတာဘာလဲ ??
ထိပ္ကပ္နာလို႔ အလြယ္ေခၚတတ္ၾကတဲ့ Sinusitis ဆိုတာ ႏွဖူး၊ ပါး႐ိုးနဲ႔ ႏွာေခါင္းေအာက္မွာ႐ွိတဲ့ ႏွာေခါင္းနဲ႔ဆက္သြယ္ထားတဲ့ Sinus လို႔ေခၚတဲ့ လိႈဏ္ေခါင္းေလးေတြ ပိတ္ဆို႔ ေရာင္ရမ္းတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။
Sinus လိႈဏ္ေခါင္းေလးေတြရဲ႕ mucous membrane အလႊာက ထုတ္ေပးတဲ့ mucous အခြၽဲေတြက ႏွာေခါင္းေပါက္ကေန ဝင္လာတဲ့ေလေတြကို ေႏြးေထြးသန္႔စင္ေအာင္လုပ္ေပးရပါတယ္။
ႏွာေခါင္းအတြင္းပိုင္းနဲ႔ ဒီ sinus လိႈဏ္ေခါင္းေတြကို ဆက္ထားတဲ့ လမ္းေၾကာင္းပိတ္သြားတဲ့အခါ mucous အခြၽဲေတြ sinus ေတြထဲမွာ ပိတ္မိသြားပါတယ္။
ဒီအခါမွာ bacteria ပိုးေတြ ေပါက္ပြားလာၿပီး sinusitis ေရာဂါျဖစ္လာပါေတာ့တယ္။
? ဘာလကၡဏာေတြ ျပမလဲ ??
• ေခါင္းကိုက္ သြားကိုက္ မ်က္႐ိုးေတြကိုက္
• ႏွာေခါင္းပိတ္
• ႏွာရည္ပ်စ္ပ်စ္ ဝါဝါ စိမ္းစိမ္းေတြထြက္
• ႏွာေခါင္းအေနာက္ လည္ေခ်ာင္းထဲမွာ ခြၽဲအျမဲတမ္း႐ွိေနသလိုျဖစ္(post nasal drip လို႔ေခၚ)
• အဖ်ား မၾကာခဏတက္
• ေမာပန္းႏြမ္းနယ္ေနတတ္
• အနံ႔သိပ္မရ လွ်ာအရသာခံႏိုင္စြမ္းေလ်ာ့
• ခံတြင္းနံ႔ဆိုး
• ေခ်ာင္းမၾကာခဏဆိုး
? ဘာေၾကာင့္ျဖစ္တာလဲ ??
အေအးမိႏွာေစးၿပီးေနာက္မွာ ထိပ္ကပ္နာျဖစ္က်န္ေနတတ္ပါတယ္။ ခဏနဲ႔ ေပ်ာက္သြားတတ္သလို နာတာ႐ွည္ ျဖစ္ေနတာမ်ိဳးလည္း အျဖစ္မ်ားပါတယ္။ ႏွာေခါင္းတြင္း nasal polypအဖုအသီးေလးေတြ ႐ွိရင္ ပိုျဖစ္တတ္ၿပီး ဓာတ္မတည့္တဲ့ Allergic ျပႆနာ႐ွိသူေတြမွာလည္း အျဖစ္မ်ားပါတယ္။
? ဘာေတြေၾကာင့္ ပိုဆိုးေစမလဲ ??
• ေဆးလိပ္ေသာက္ျခင္း
• ဓာတ္မတည့္လို႔ နာတာ႐ွည္ ႏွာေခါင္းအတြင္းပိုင္းေရာင္ေနတဲ့ Allergic Rhinitis ႐ွိရင္
• ပန္းနာရင္ၾကပ္နဲ႔ hayfever ေရာဂါ
• cystic fibrosis ေရာဂါ႐ွိရင္
• အေညႇာ္၊ဖုန္၊ အမႈန္အမႊား၊ အနံ႔ဆိုးဆိုးနဲ႔ ဓာတုပစၥည္းနံ႔ေတြ အျမဲ႐ွဴေနရရင္
• ကိုယ္ခံအားက်ေနရင္
• အသက္႐ွဴလမ္းေၾကာင္းတစ္ေလွ်ာက္ ေရာင္ရမ္းေစတဲ့ Wegeners Granulomatosis လို Sarcoidosis လို ေရာဂါတစ္ခုခု႐ွိေနရင္
• မ်က္ႏွာထိခိုက္ဖူးရင္ ခြဲစိ္တ္မႈလုပ္ထားဖူးရင္
• သြားနဲ႔ခံတြင္းမွာ ပိုးဝင္ရင္
ဒီလိုအေျခအေနေတြမွာ ပိုျဖစ္တတ္ ပိုဆိုးေစတတ္လို႔ သတိထားရပါမယ္။
? ဘယ္လိုသက္သာေအာင္လုပ္ရမလဲ ??
– ဆရာဝန္ျပဖို႔လိုပါတယ္
– ေခါင္းကိုက္တာနဲ႔ တျခားနာက်င္ကိုက္ခဲတာေတြအတြက္ ေခါင္းကိုက္ေပ်ာက္ေဆး..အကိုက္အခဲေပ်ာက္ေဆးေတြ လိုအပ္ပါတယ္
– ႏွာေခါင္းပိတ္တာ ႏွာေစးတာအတြက္ ႏွာေစးေပ်ာက္ေဆးေတြနဲ႔ ႏွာေခါင္းပြင့္ေစမဲ့ Nasal Decongestant ေသာက္ေဆး ဖ်န္းေဆးေတြ လိုပါတယ္
– သိပ္ဆိုးရင္ ေဆးရံုတက္ၿပီး ေဆးသြင္းကုသဖို႔အထိ လိုတတ္ပါတယ္။
– ေလေကာင္းေလသန္႔ အျမဲ႐ွဴရဖို႔နဲ႔ အသက္႐ွဴေလ့က်င့္ခန္းေတြလုပ္ေပးဖို႔ လိုပါတယ္
– အားကစားတစ္ခုခုလုပ္သင့္ပါတယ္
– ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္ဖို႔ အိပ္ခ်ိန္ျပည့္ဝဖို႔လည္း အေရးႀကီးပါတယ္။
အားလံုး ေခါင္းကိုက္ေပ်ာက္ၿပီး အသက္ဝဝ႐ွဴႏိုင္ၾကပါေစ..
Dr ၿဖိဳးေဝလင္း
(10.5.19)