All Articlesအခြားရောဂါများအထွေထွေရောဂါများ

ရိုးရိုးခေါင်းကိုက်တာလား ဦးနှောက်ထဲက အကြိတ်လား

1 Mins read

ရိုးရိုးခေါင်းကိုက်တာလား ဦးနှောက်ထဲက အကြိတ်လား

လူတိုင်းခေါင်းကိုက်ဖူးသလို ခေါင်းကိုက်တိုင်းလည်း ဘာကြောင့်ကိုက်သလဲ ကိုယ့်ဟာကို အဖြေထုတ်လေ့ရှိကြတယ်။ ဘာစားမိလို့လဲ ဘယ်သွားမိလို့လဲ..
အိပ်ရေးပျက်လို့လား..အစားပျက်လို့လား..ပူလို့လား..အေးလို့လား..အာရုံကြောအားနည်းလို့လား..ကျီးပေါင်းတက်လို့လား..ဖျားလို့လား..

ဘာလို့ ခေါင်းကိုက်လဲပေါ့။

မှန်တာလည်းမှန် မှားတာတွေလည်းမှားပေါ့။

တချို့တွေကျတော့လည်း ဦးနှောက် အကျိတ် လို ရောဂါအကြီးကြီးတွေများ ဖြစ်နေတာလားလို့ကိုယ့်ကိုယ်ကို သံသယဝင်ပြီး စိတ်တွေပိုဖိစီးနေတတ်ကြတယ်။
ဒီတော့ ခေါင်းကိုက်က မသက်သာတဲ့ အပြင် ပိုဆိုးလာကြတာပေါ့။ခေါင်းကိုက်တာတစ်ခုတည်းနဲ့တော့ brain tumour ဆိုတဲ့ ဦးနှောက်အကျိတ်လို့ စွပ်စွဲလို့ မရပါဘူး။ လူတစ်ယောက် ခေါင်းကိုက်နိုင်ခြေများသလောက်..ခေါင်းကိုက်စေတဲ့ အကြောင်းတွေများသလောက် ဦးနှောက်အကြိတ်ဖြစ်နိုင်ခြေကတော့ တော်တော်လေးနည်းပါတယ်။

? ဦးနှောက်ထဲက အကျိတ်ဆိုတာဘာလဲ ??

Brain Tumour လို့ခေါ်ပါတယ်။ ကင်ဆာကျိတ် ဖြစ်နိုင်သလို သူ့လောက်အန္တရာယ်မများ ပွားနှုန်းလည်းမမြန်တဲ့ ကင်ဆာမဟုတ်တဲ့ Benign Tumour တွေလည်းဖြစ်နိုင်ပါတယ်။

ကင်ဆာကျိတ်မှာလည်း ဦးနှောက်ကစဖြစ်တဲ့ အကျိတ်ထက် တခြားကင်ဆာတစ်ခုခုကနေ သွေးကြောကတစ်ဆင့် ဦးနှောက်ကိုရောက်လာ အခြေချတဲ့ Secondary အကျိတ်တွေက ဖြစ်နိုင်ခြေပိုများပါတယ်။

?အဖြစ်များတဲ့ ခေါင်းကိုက်ရောဂါတွေက ဘာတွေလဲ ??

– စိတ်ဖိစီးလို့ကိုက်တဲ့ Tension headache

– ခေါင်းတစ်ခြမ်းကိုက်တဲ့ Migraine

– အပူဒဏ်ကြောင့်ကိုက်တဲ့ Heat headache

– မျက်ရိုးတွေကိုက် မျက်ရည်နှာရည်တွေပါကျပြီးကိုက်တဲ့ Cluster headache

– ထိပ်ကပ်နာကြောင့်ကိုက်တဲ့ Sinus headache

ဒါတွေက အဖြစ်များတဲ့ ရောဂါတွေပေမဲ့ ဘာကြောင့်မှန်းမသိဘဲလည်း ခေါင်းကိုက်နေနိုင်ပါသေးတယ်။

? ခေါင်းကိုက်ရင် ဘာလုပ်ရမလဲ ??

Paracetamol ပါတဲ့ ခေါင်းကိုက်ပျောက်ဆေးတစ်ခုခုသောက်ပါ။

စိတ်ရောကိုယ်ပါ အနားယူပါ။

အိပ်ရေးဝအောင်အိပ်ပါ။

အစားအချိန်မှန်စားပါ။

ရေများများသောက်ပါ။

? ဘယ်လိုလက္ခဏာတွေပြရင် စိုးရိမ်ရမလဲ ??

– ရုတ်တရက် ထကိုက်မယ်..

– ကိုက်နေကျပုံစံ မဟုတ်တော့ဘဲ သိသိသာသာ ပုံစံပြောင်းလာမယ်..

– ဆိုးဆိုးဝါးဝါး တသမတ်တည်း မခံနိုင်လောက်အောင် ရက်ပေါင်းများစွာ ကိုက်နေမယ်..

– မနက်အိပ်ယာထကတည်းက ကိုက်ကိုက်နေမယ် ဆိုရင်တော့ သတိထားရပါမယ်။

နောက်ထပ်ဒီလိုလက္ခဏာတွေပါ တွဲဖြစ်လာရင်တော့ ပိုသတိထားရပါတော့မယ်။

– လက်..ခြေထောက်တွေ လေးလံထုံကျင်လာရင်

– အမြင်အာရုံပါထိခိုက်လာရင်

– ပျို့ အန်ရင်

– စကားပြောရခက်လာရင် စကားပြောမမှန်ဖြစ်လာရင် စကားလုံးရွေးရခက်လာရင်

– သိသိသာသာ မှတ်ဉာဏ်ချို့ယွင်းလာပြီး သတိခဏခဏမေ့လာရင် ..

ဒါဆိုရင်တော့ ဆရာဝန်အမြန်ပြဖို့ လိုပါမယ်။ လိုအပ်ရင် ဦးနှောက်အာရုံကြောဆရာဝန်နဲ့ပါ ဆွေးနွေးတိုင်ပင်ဖို့လိုပါလိမ့်မယ်။ ကွန်ပျူတာဓာတ်မှန် (CT scan)..
သံလိုက်ဓာတ်မှန်(MRI)စတာတွေနဲ့ စမ်းသပ်အဖြေရှာဖို့ လိုကောင်းလိုနိုင်ပါတယ်။

အားလုံးခေါင်းကိုက်မြန်မြန်ပျောက်ကြပါစေ..

မပျောက်သေးရင်လည်း ရိုးရိုးကိုက်တာပဲ ဖြစ်ကြပါစေ..

Dr ဖြိုးဝေလင်း
(10.5.19)

႐ိုး႐ိုးေခါင္းကိုက္တာလား ဦးေႏွာက္ထဲက အႀကိတ္လား

လူတိုင္းေခါင္းကိုက္ဖူးသလို ေခါင္းကိုက္တိုင္းလည္း ဘာေၾကာင့္ကိုက္သလဲ ကိုယ့္ဟာကို အေျဖထုတ္ေလ့႐ွိၾကတယ္။ ဘာစားမိလို႔လဲ ဘယ္သြားမိလို႔လဲ..
အိပ္ေရးပ်က္လို႔လား..အစားပ်က္လို႔လား..ပူလို႔လား..ေအးလို႔လား..အာရံုေၾကာအားနည္းလို႔လား..က်ီးေပါင္းတက္လို႔လား..ဖ်ားလို႔လား..

ဘာလို႔ ေခါင္းကိုက္လဲေပါ့။

မွန္တာလည္းမွန္ မွားတာေတြလည္းမွားေပါ့။

တခ်ိဳ႕ေတြက်ေတာ့လည္း ဦးေႏွာက္ အက်ိတ္ လို ေရာဂါအႀကီးႀကီးေတြမ်ား ျဖစ္ေနတာလားလို႔ကိုယ့္ကိုယ္ကို သံသယဝင္ၿပီး စိတ္ေတြပိုဖိစီးေနတတ္ၾကတယ္။
ဒီေတာ့ ေခါင္းကိုက္က မသက္သာတဲ့ အျပင္ ပိုဆိုးလာၾကတာေပါ့။ေခါင္းကိုက္တာတစ္ခုတည္းနဲ႔ေတာ့ brain tumour ဆိုတဲ့ ဦးေႏွာက္အက်ိတ္လို႔ စြပ္စြဲလို႔ မရပါဘူး။ လူတစ္ေယာက္ ေခါင္းကိုက္ႏိုင္ေျခမ်ားသေလာက္..ေခါင္းကိုက္ေစတဲ့ အေၾကာင္းေတြမ်ားသေလာက္ ဦးေႏွာက္အႀကိတ္ျဖစ္ႏိုင္ေျခကေတာ့ ေတာ္ေတာ္ေလးနည္းပါတယ္။

? ဦးေႏွာက္ထဲက အက်ိတ္ဆိုတာဘာလဲ ??

Brain Tumour လို႔ေခၚပါတယ္။ ကင္ဆာက်ိတ္ ျဖစ္ႏိုင္သလို သူ႔ေလာက္အႏၲရာယ္မမ်ား ပြားႏႈန္းလည္းမျမန္တဲ့ ကင္ဆာမဟုတ္တဲ့ Benign Tumour ေတြလည္းျဖစ္ႏိုင္ပါတယ္။

ကင္ဆာက်ိတ္မွာလည္း ဦးေႏွာက္ကစျဖစ္တဲ့ အက်ိတ္ထက္ တျခားကင္ဆာတစ္ခုခုကေန ေသြးေၾကာကတစ္ဆင့္ ဦးေႏွာက္ကိုေရာက္လာ အေျခခ်တဲ့ Secondary အက်ိတ္ေတြက ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။

?အျဖစ္မ်ားတဲ့ ေခါင္းကိုက္ေရာဂါေတြက ဘာေတြလဲ ??

– စိတ္ဖိစီးလို႔ကိုက္တဲ့ Tension headache

– ေခါင္းတစ္ျခမ္းကိုက္တဲ့ Migraine

– အပူဒဏ္ေၾကာင့္ကိုက္တဲ့ Heat headache

– မ်က္႐ိုးေတြကိုက္ မ်က္ရည္ႏွာရည္ေတြပါက်ၿပီးကိုက္တဲ့ Cluster headache

– ထိပ္ကပ္နာေၾကာင့္ကိုက္တဲ့ Sinus headache

ဒါေတြက အျဖစ္မ်ားတဲ့ ေရာဂါေတြေပမဲ့ ဘာေၾကာင့္မွန္းမသိဘဲလည္း ေခါင္းကိုက္ေနႏိုင္ပါေသးတယ္။

? ေခါင္းကိုက္ရင္ ဘာလုပ္ရမလဲ ??

Paracetamol ပါတဲ့ ေခါင္းကိုက္ေပ်ာက္ေဆးတစ္ခုခုေသာက္ပါ။

စိတ္ေရာကိုယ္ပါ အနားယူပါ။

အိပ္ေရးဝေအာင္အိပ္ပါ။

အစားအခ်ိန္မွန္စားပါ။

ေရမ်ားမ်ားေသာက္ပါ။

? ဘယ္လိုလကၡဏာေတြျပရင္ စိုးရိမ္ရမလဲ ??

– ႐ုတ္တရက္ ထကိုက္မယ္..

– ကိုက္ေနက်ပံုစံ မဟုတ္ေတာ့ဘဲ သိသိသာသာ ပံုစံေျပာင္းလာမယ္..

– ဆိုးဆိုးဝါးဝါး တသမတ္တည္း မခံႏိုင္ေလာက္ေအာင္ ရက္ေပါင္းမ်ားစြာ ကိုက္ေနမယ္..

– မနက္အိပ္ယာထကတည္းက ကိုက္ကိုက္ေနမယ္ ဆိုရင္ေတာ့ သတိထားရပါမယ္။

ေနာက္ထပ္ဒီလိုလကၡဏာေတြပါ တြဲျဖစ္လာရင္ေတာ့ ပိုသတိထားရပါေတာ့မယ္။

– လက္..ေျခေထာက္ေတြ ေလးလံထံုက်င္လာရင္

– အျမင္အာရံုပါထိခိုက္လာရင္

– ပ်ိဳ႕ အန္ရင္

– စကားေျပာရခက္လာရင္ စကားေျပာမမွန္ျဖစ္လာရင္ စကားလံုးေရြးရခက္လာရင္

– သိသိသာသာ မွတ္ဥာဏ္ခ်ိဳ႕ယြင္းလာၿပီး သတိခဏခဏေမ့လာရင္ ..

ဒါဆိုရင္ေတာ့ ဆရာဝန္အျမန္ျပဖို႔ လိုပါမယ္။ လိုအပ္ရင္ ဦးေႏွာက္အာရံုေၾကာဆရာဝန္နဲ႔ပါ ေဆြးေႏြးတိုင္ပင္ဖို႔လိုပါလိမ့္မယ္။ ကြန္ပ်ဴတာဓာတ္မွန္ (CT scan)..
သံလိုက္ဓာတ္မွန္(MRI)စတာေတြနဲ႔ စမ္းသပ္အေျဖ႐ွာဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။

အားလံုးေခါင္းကိုက္ျမန္ျမန္ေပ်ာက္ၾကပါေစ..

မေပ်ာက္ေသးရင္လည္း ႐ိုး႐ိုးကိုက္တာပဲ ျဖစ္ၾကပါေစ..

Dr ၿဖိဳးေဝလင္း
(10.5.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…