သည်းခြေအိတ်မှာ ရှိတဲ့ကျောက်ကလေးတွေဆိုတာ

သည်းခြေကျောက်တည်တယ်ဆိုတာ အဖြစ်များတဲ့ရောဂါတစ်ခုပါ။အရင်ဆုံးသည်းခြေအိတ်ဆိုတာ ဘာလဲပြောပြချင်ပါတယ်။သည်းခြေအိတ်ဆိုတာ ညာဘက်နံရိုးအောက်မှာရှိတဲ့ အစာခြေရည်တွေထုတ်ပေးတဲ့ အဂါၤအစိတ်အပိုင်းလေးပါ။သည်ူခြေအိတ်ဆိုတဲ့နားမည်အတိုင်း အသည်းနဲ့ကပ်လျှက်တည်ရှိနေပါတယ်။ဒီသည်းခြေအိတ်လေးမှာ ကျောက်တည်တာ အများစု ( ၈၀%) ခန့်က သွေးတွင်းအဆီဓာတ်( Cholesterol) များလို့ဖြစ်ရတဲ့ အဆီကျောက်ဖြစ်ပြီးကျန်တဲ့ ၂၀% ကတော့ ထုံးဓာတ်( Calcium) ရောင်ခြ်းပစ္စည်း( Bilirubin)တွေကြောင့်ဖြစ်ရတာပါ။

သည်းခြေကျောက်တာ်ဖို့ဖြစ်နိုင်ခြေရှိသူတွေကတော့

_ အသက် ၆၀ကျော်

_ မိသားစုမျိုးရိုးထဲမှာသည်းခြေကျောက်တည်ဖူးတာ

_ အဝလွန်တာ

_ အစားအသောက်မှာ အဆီအဆိမ့်တွေအစားများတာ၊ အသီးအရွက်အစားနည်းတာ

_ အချိန်တိုအတွင်း ကိုးအလေးချိန်တအားလျှော့တာ

_ ဆီးချိုရှိတာ

_ ကိုယ်ဝန်ရှိနေချိန်

_ သွေးတွင်း အဆီကျဆေးသောက်နေသူတွေ

_ ဟော်မုန်းဆေး ( တားဆေး) သောက်နေသူတွေတချို့ဆေးတွေက သည်းခြေကျောက်ဖြစ်စေတာမှန်ပေမယ့် ဆရာဝန် ညွှန်ကြားချက်အရလိုအပ်လို့သောက်တဲ့ဆေးများဖြစ်ပါကဆရာဝန်နှင့်သာ ပြန်တိုင်ပင်သင့်ပါတယ်။သည်းခြေကျောက်တည်နေပြီလို့သိနိုင်တဲ့လက္ခဏာတွေကတော့
၁) ညာဘက်နံရိုးအောက်သို့ ချက်အပေါ်နေရာက အောင့်တာ

၂) လက်ပြင်နှစ်ခုကြား ကျောကုန်းနေရာက အောင့်တာ

၃) ညာဘက်လက်မောင်းရင်းက အောင့်တာ

၄) ပျို့၊ အန်တာ

၅) အစာမကြေ ရင်ပြည့်ရင်ကယ်မကြာခဏဖြစ်တာ

၆) အရမ်းဆိုးပြီး သည်းခြေပြွန်ပါပိတ်သွားမယ်ဆိုရင်

_ ဆီးအရောင်ရင့်တာ

_ ဝမ်းအရောင်ဖျော့တာ

_ အသားတွေ၊ မျက်လုံးတွေဝါတာ တွေထိဖြစ်နိုင်ပါတယ်။သည်းခြေကျောက်ရှိပေမယ့် လုံးဝလက္ခဏာမပြတဲ့သူတွေလည်းရှိပါတယ်။
သည်းခြေကျောက်ရှိမရှိသိနိုင်ဖို့ဆိုရင်စစ်ဆေးကြည့်န်ုင်တာတွေကတော့

_ ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်တာသည်းခြေကျောက်ရှိမရှိအပြင်သည်းခြေအိတ်ယောင်မယောင်သိနိုင်ပါတယ်။

_ CT ရိုက်တာအသည်းကိုပါသေချာအောင်စစ်ဆေးခြင်တဲ့အနေအထားမျိုးမှာရိုက်လေ့ရှိပါတယ်။ဒါဆို သည်းခြေကျောက်တည်တတ်တဲ့မျိုးရိုးရှိသူတွေ၊ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေပြတတ်တဲ့ လက္ခဏာတွေကို သတိထား ကြည့်ကြပါလို့ပြောချင်ပါတယ်။နောက်ဆက်တွဲဖြစ်တတ်တာနဲ့ ကုသပုံတွေကို ဆက်လက်ဖော်ပြပေးသွားမှာပါ။

မယ်တင်( ဆေး၁ )

သည္းေျခအိတ္မွာ ရွိတဲ့ေက်ာက္ကေလးေတြဆိုတာ

သည္းေျခေက်ာက္တည္တယ္ဆိုတာ အျဖစ္မ်ားတဲ့ေရာဂါတစ္ခုပါ။အရင္ဆံုးသည္းေျခအိတ္ဆိုတာ ဘာလဲေျပာျပခ်င္ပါတယ္။သည္းေျခအိတ္ဆိုတာ ညာဘက္နံရိုးေအာက္မွာရွိတဲ့ အစာေျခရည္ေတြထုတ္ေပးတဲ့ အဂါၤအစိတ္အပိုင္းေလးပါ။သည္ဴေျခအိတ္ဆိုတဲ့နားမည္အတိုင္း အသည္းနဲ႔ကပ္လၽွက္တည္ရွိေနပါတယ္။ဒီသည္းေျခအိတ္ေလးမွာ ေက်ာက္တည္တာ အမ်ားစု ( ၈၀%) ခန္႔က ေသြးတြင္းအဆီဓာတ္( Cholesterol) မ်ားလို႔ျဖစ္ရတဲ့ အဆီေက်ာက္ျဖစ္ၿပီးက်န္တဲ့ ၂၀% ကေတာ့ ထံုးဓာတ္( Calcium) ေရာင္ျခး္ပစၥည္း( Bilirubin)ေတြေၾကာင့္ျဖစ္ရတာပါ။

သည္းေျခေက်ာက္တာ္ဖို႔ျဖစ္ႏိုင္ေျခရွိသူေတြကေတာ့

_ အသက္ ၆၀ေက်ာ္

_ မိသားစုမ်ိဳးရိုးထဲမွာသည္းေျခေက်ာက္တည္ဖူးတာ

_ အဝလြန္တာ

_ အစားအေသာက္မွာ အဆီအဆိမ့္ေတြအစားမ်ားတာ၊ အသီးအရြက္အစားနည္းတာ

_ အခ်ိန္တိုအတြင္း ကိုး္အေလးခ်ိန္တအားေလၽွာ့တာ

_ ဆီးခ်ိဳရွိတာ

_ ကိုယ္ဝန္ရွိေနခ်ိန္

_ ေသြးတြင္း အဆီက်ေဆးေသာက္ေနသူေတြ

_ ေဟာ္မုန္းေဆး ( တားေဆး) ေသာက္ေနသူေတြတခ်ိဳ႕ေဆးေတြက သည္းေျခေက်ာက္ျဖစ္ေစတာမွန္ေပမယ့္ ဆရာဝန္ ညႊန္ၾကားခ်က္အရလိုအပ္လို႔ေသာက္တဲ့ေဆးမ်ားျဖစ္ပါကဆရာဝန္ႏွင့္သာ ျပန္တိုင္ပင္သင့္ပါတယ္။သည္းေျခေက်ာက္တည္ေနၿပီလို႔သိႏိုင္တဲ့လကၡဏာေတြကေတာ့
၁) ညာဘက္နံရိုးေအာက္သို႔ ခ်က္အေပၚေနရာက ေအာင့္တာ

၂) လက္ျပင္ႏွစ္ခုၾကား ေက်ာကုန္းေနရာက ေအာင့္တာ

၃) ညာဘက္လက္ေမာင္းရင္းက ေအာင့္တာ

၄) ပ်ိဳ႕၊ အန္တာ

၅) အစာမေၾက ရင္ျပည့္ရင္ကယ္မၾကာခဏျဖစ္တာ

၆) အရမ္းဆိုးၿပီး သည္းေျခႁပြန္ပါပိတ္သြားမယ္ဆိုရင္

_ ဆီးအေရာင္ရင့္တာ

_ ဝမ္းအေရာင္ေဖ်ာ့တာ

_ အသားေတြ၊ မ်က္လံုးေတြဝါတာ ေတြထိျဖစ္ႏိုင္ပါတယ္။သည္းေျခေက်ာက္ရွိေပမယ့္ လံုးဝလကၡဏာမျပတဲ့သူေတြလည္းရွိပါတယ္။
သည္းေျခေက်ာက္ရွိမရွိသိႏိုင္ဖို႔ဆိုရင္စစ္ေဆးၾကည့္ႏ္ုင္တာေတြကေတာ့

_ ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ၾကည့္တာသည္းေျခေက်ာက္ရွိမရွိအျပင္သည္းေျခအိတ္ေယာင္မေယာင္သိႏိုင္ပါတယ္။

_ CT ရိုက္တာအသည္းကိုပါေသခ်ာေအာင္စစ္ေဆးျခင္တဲ့အေနအထားမ်ိဳးမွာရိုက္ေလ့ရွိပါတယ္။ဒါဆို သည္းေျခေက်ာက္တည္တတ္တဲ့မ်ိဳးရိုးရွိသူေတြ၊ ျဖစ္ႏိုင္ေျခ ရွိတဲ့သူေတြျပတတ္တဲ့ လကၡဏာေတြကို သတိထား ၾကည့္ၾကပါလို႔ေျပာခ်င္ပါတယ္။ေနာက္ဆက္တြဲျဖစ္တတ္တာနဲ႔ ကုသပံုေတြကို ဆက္လက္ေဖာ္ျပေပးသြားမွာပါ။

မယ္တင္( ေဆး၁ )

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *