” သင်လွယ်ထားတာ အမွှာကိုယ်ဝန်လား? “

အမွှာကိုယ်ဝန်ဆိုသည်မှာ သန္ဓေသားတစ်ဦးထက်ပိုတဲ့ နှစ်မွှာ သုံးမွှာ စသဖြင့် ဆိုလိုပါတယ်။

မေမေလောင်းတို့ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သားသားလား မီးမီးလား သိချင်ကြသလို….အမွှာဟုတ် မဟုတ်လည်းသိချင်ကြပါတယ်။ခေတ်လေးတို့ သစ်လေးတို့လိုချစ်စရာအမွှာလေးတွေကြည့်ပြီး အမွှာကိုယ်ဝန် လိုချင်သူမေမေတွေရှိသလို ၊ ကလေးနှစ်ယောက်သုံးယောက်တစ်ပြိုင်တည်းမွေးရတာ ဝန်ပိလို့ အမွှာမလိုချင်သူတွေလည်း ရှိရဲ့။

သင်ဆိုရင်ရော?

သင့်မိသားစုမျိုးရိုးထဲမှာ အမွှာမွေးဖူးတဲ့သူရှိရင် သင့်မှာလည်း အမွှာကိုယ်ဝန်ရနိုင်ချေ (အခြားသော မျိုးရိုးမရှိသူတွေထက်) ပိုများပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အောက်ပါလက္ခဏာလေးတွေ ခံစားနေရပြီဆိုရင်တော့ အမွှာလေးဖြစ်ဖို့များနေပါပြီ:

  • ကိုယ်အလေးချိန်သိသိသာသာတက်လာခြင်း
  • အလွန်ပင်ပန်းနွမ်းနယ်ခြင်း
  • ပုံမှန်ကိုယ်ဝန်ဆောင်တွေထက် မူးဝေအော့အန်မှုပိုဆိုး၊ပိုများခြင်း
  • ကိုယ်ဝန်သက်ထက် ဗိုက်အရွယ်အစားပိုကြီးခြင်း
  • ပုံမှန်ကလေးတိုးရမယ့်အချိန် (ကိုယ်ဝန်15-16 ပတ်)ထက်စောတိုးခြင်း
  • ပုံမှန်ကိုယ်ဝန်ထက် ကလေးပိုလှုပ်ခြင်း….စတာတွေပဲဖစ်ပါတယ်။

အမွှာဟုတ် / မဟုတ် သေချာသိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ အာထရာဆောင်း အဖြေပဲဖြစ်ပါတယ်။

အကယ်၍ သင်ဟာ အမွှာကိုယ်ဝန်ဆောင်ထားရပြီဆိုရင်တော့ ပုံမှန်ကိုယ်ဝန်တွေထက် ပိုဂရုစိုက်ဖို့လိုအပ်ပြီး၊ မိခင်ရဲ့ကျန်းမာအေခြေအနေ…ကလေးရဲ့အရွယ်အစား၊အခြေအနေပေါ်မူတည်ပြီး မွေးဖွားမယ့်နည်းလမ်းကိုလည်း သားဖွားမီးယပ်ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။အမွှာကိုယ်ဝန်ဟာ သတ်မှတ်မီးဖွားရက်ထက် စောမွေးနိုင်ချေလည်းများတာကြောင့် ဆေးရုံရက်ချိန်းပုံမှန်ပြပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်ကို စနစ်တကျလိုက်နာဖို့အရေးကြီးပါတယ်။

မေ (ဆေး ၂)

” သင္လြယ္ထားတာ အမႊာကိုယ္ဝန္လား? “

အမႊာကိုယ္ဝန္ဆိုသည္မွာ သေႏၶသားတစ္ဦးထက္ပိုတဲ့ ႏွစ္မႊာ သံုးမႊာ စသျဖင့္ ဆိုလိုပါတယ္။

ေမေမေလာင္းတို႔ ကိုယ္ဝန္႐ွိၿပီဆိုတာနဲ႔ သားသားလား မီးမီးလား သိခ်င္ၾကသလို….အမႊာဟုတ္ မဟုတ္လည္းသိခ်င္ၾကပါတယ္။ေခတ္ေလးတို႔ သစ္ေလးတို႔လိုခ်စ္စရာအမႊာေလးေတြၾကည့္ၿပီး အမႊာကိုယ္ဝန္ လိုခ်င္သူေမေမေတြ႐ွိသလို ၊ ကေလးႏွစ္ေယာက္သံုးေယာက္တစ္ၿပိဳင္တည္းေမြးရတာ ဝန္ပိလို႔ အမႊာမလိုခ်င္သူေတြလည္း ႐ွိရဲ႕။

သင္ဆိုရင္ေရာ?

သင့္မိသားစုမ်ိဳး႐ိုးထဲမွာ အမႊာေမြးဖူးတဲ့သူ႐ွိရင္ သင့္မွာလည္း အမႊာကိုယ္ဝန္ရႏိုင္ေခ် (အျခားေသာ မ်ိဳး႐ိုးမ႐ွိသူေတြထက္) ပိုမ်ားပါတယ္။

ကိုယ္ဝန္ေဆာင္ေနစဥ္ ေအာက္ပါလကၡဏာေလးေတြ ခံစားေနရၿပီဆိုရင္ေတာ့ အမႊာေလးျဖစ္ဖို႔မ်ားေနပါၿပီ:

  • ကိုယ္အေလးခ်ိန္သိသိသာသာတက္လာျခင္း
  • အလြန္ပင္ပန္းႏြမ္းနယ္ျခင္း
  • ပံုမွန္ကိုယ္ဝန္ေဆာင္ေတြထက္ မူးေဝေအာ့အန္မႈပိုဆိုး၊ပိုမ်ားျခင္း
  • ကိုယ္ဝန္သက္ထက္ ဗိုက္အရြယ္အစားပိုႀကီးျခင္း
  • ပံုမွန္ကေလးတိုးရမယ့္အခ်ိန္ (ကိုယ္ဝန္15-16 ပတ္)ထက္္ေစာတိုးျခင္း
  • ပံုမွန္ကိုယ္ဝန္ထက္ ကေလးပိုလႈပ္ျခင္း….စတာေတြပဲဖစ္ပါတယ္။

အမႊာဟုတ္ / မဟုတ္ ေသခ်ာသိႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းကေတာ့ အာထရာေဆာင္း အေျဖပဲျဖစ္ပါတယ္။

အကယ္၍ သင္ဟာ အမႊာကိုယ္ဝန္ေဆာင္ထားရၿပီဆိုရင္ေတာ့ ပံုမွန္ကိုယ္ဝန္ေတြထက္ ပိုဂ႐ုစိုက္ဖို႔လိုအပ္ၿပီး၊ မိခင္ရဲ႕က်န္းမာေအေျခအေန…ကေလးရဲ႕အရြယ္အစား၊အေျခအေနေပၚမူတည္ၿပီး ေမြးဖြားမယ့္နည္းလမ္းကိုလည္း သားဖြားမီးယပ္ဆရာဝန္နဲ႔ေသခ်ာေဆြးေႏြးတိုင္ပင္ရမွာျဖစ္ပါတယ္။အမႊာကိုယ္ဝန္ဟာ သတ္မွတ္မီးဖြားရက္ထက္ ေစာေမြးႏိုင္ေခ်လည္းမ်ားတာေၾကာင့္ ေဆးရံုရက္ခ်ိန္းပံုမွန္ျပၿပီး ဆရာဝန္ရဲ႕ၫႊန္ၾကားခ်က္ကို စနစ္တက်လိုက္နာဖို႔အေရးႀကီးပါတယ္။

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *