အမြင်အာရုံကို ခြိမ်းခြောက်နေသော ဆီးချို
ဆီးချို ဝေဒနာရှင်များ သတိမမူမိသော ဆီးချို၏ နောက်ဆက်တွဲ မှာ မျက်စိမှုန်ခြင်း၊ရေတိမ်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ဆီးချိုရောဂါသည် မျက်စိအတွင်းရှိ သွေးကြောများကို ယောင်ယမ်းစေ၍ မျက်လုံးအိမ်အတွင်း မကောင်းသော အရည်များစု၍ အမြင်အာရုံထိခိုက်စေသည်။
အများစုမှာရောဂါအစတွင်ထူးခြားလက္ခဏာမပြပါ ၊ လက္ခဏာပြသော အချိန်တွင်မူ အမြင်အာရုံထိခိုက်ပြီး ဖြစ်နေတတ်ပါသည်။ သတိထားသင့်သောလက္ခဏာမျးမှာ
(၁) မိမိ အမြင်အာရုံ မြင်ကွင်းအတွင်းတွင် အဖတ်များ လွှင့်မျေ ာလာသည်ဟုခံစားရခြင်း
(၂) အမြင်အာရုံဝါးလာခြင်း
(၃) အမြင်အာရုံ မြင်ကွင်း တစ်နေရာတွင် အမဲရောင် အကွက် မြင်နေရခြင်း
(၄) အရောင်များမသဲကွဲခြင်း စမ်းသပ်စစ်ဆေးခြင်း ဆီးချို ဝေဒနာရှင်များသည် အမြင်အာရုံ မထိခိုက်ခင် ကြိုတင်၍ မျက်စိဆရာဝန်နှင့် တစ်နှစ်တစ်ခါ စစ်ဆေးပြီးကြိုတင် ကုသသင့်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
ပုံမှန်စစ်ဆေးခြင်း၊ သွေးတွင်း အဆီဓာတ်၊အချိုဓာတ်၊သွေးပေါင် ပုံမှန်ထိန်းသိမ်း ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
မယ်တင် (ဆေး ၁)
ကြိုတင်ကာကွယ်ခြင်း
မယ်တင် (ဆေး ၁)