ပါဝင်သောဆေး-Al and Mg hydroxide, simethicone
ဆေးပုံစံ-ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အနာရောဂါလက္ခဏာများ သက်သာစေရန်၊ အစာမကြေခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ အစာအိမ် အက်ဆစ်အထွက်များခြင်း၊ အစာအိမ်နှင့် အစာမျိုပြွန်ရောင်ခြင်း။
သုံးစွဲရန်အညွှန်း- ၅စီစီ သို့ လိုအပ်သလိုသုံးစွဲရန်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး သောက်ရန်။ ရောဂါလက္ခဏာပြပါက အစာမစားမီနှင့် အိပ်ရာမဝင်မီ သောက်သုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သူများ-ကျောက်ကပ်မကောင်းသူများ။
သတိပြုရမည့်အချက်များ- ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ tetracycline ဆေးနှင့်တွဲမသောက်သင့်ပါ။
ဘေးထွက်ဆိုးကျိုး-သွေးတွင်း သတ္တုဓာတ်များ ပုံမမှန်ဖြစ်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အူပိတ်တတ်ခြင်း၊ ၀မ်းလျောခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-quinidine ဆေး၏စုပ်ယူမှုကိုကြာစေပါသည်။
ဒေါက်တာချို(ဆေး ၁)