စိတ်ဖိစီးခြင်း၏ ဆိုးကျိုးများ
စိတ်ဖိစီးခြင်းဆိုတာ လူတိုင်းနဲ့ မကင်းတဲ့ အရာပါ။ခဏနဲ့ ပြေပျောက်သွားမဲ့ ရေတိုစိတ်ဖိစီးမှု acute stress က သိပ်ပြဿနာမဟုတ်ပေမဲ့ အလွယ်တကူပြေပျောက်မသွားဘဲ ရေရှည်ခံစားနေရတဲ့ chronic stress ဖြစ်လာပြီဆိုရင်တော့ ဒီလိုဆိုးကျိုးတွေ ပေးနိုင်ပါတယ်။
? စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ
စိတ်ဖိစီးမှုလွန်ကဲခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့စိတ်ကျရောဂါ၊ စိတ်ပူပင်မှုလွန်ကဲတဲ့ရောဂါနဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
?ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ
▪နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း စတဲ့ နှလုံး၊ သွေးကြောနှင့်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
▪အစာစားသောက်ပုံ မမှန်တာဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲ ပြဿနာအနေနဲ့ အဝလွန်ရောဂါနဲ့ အဟာရဓာတ်ချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။
▪အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ လိင်စိတ်ဆန္ဓလျော့နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
▪အမျိုးသားတွေမှာလည်း လိင်စိတ်လျော့နည်းတာ၊ လိင်ကိစ္စစွမ်းဆောင်ရည် လျော့ကျလာတာ၊ သုတ်လွှတ်မြန်တာ နဲ့ ပန်းသေပန်းညှိုး လို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
▪အသားအရည်နဲ့ ဆံသားပျက်စီးမှုတွေလည်း ဖြစ်လာတတ်ပါတယ်။
ဝက်ခြံ၊ နှင်းခူ၊ psoriasis စတာတွေ အရေပြားမှာ ပေါ်လာတတ်ပြီး ဆိုးဆိုးဝါးဝါး ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
▪အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလည်း ဖြစ်တတ်ပါတယ်။
အစာအိမ်မှအက်ဆစ် အပေါ်ဆန်တက်ရောဂါ(GERD)၊ အစာအိမ်ရောင်တာ အူမကြီးရောင်တာ စတဲ့ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒီတော့ စိတ်ဖိစီးမှုတစ်ခုဖြစ်လာရင် ကြာရှည်လက်ခံမထားဘဲ အမြန်ဆုံးဖြေလျှော့ဖို့ ကြိုးစားရပါလိမ့်မယ်။
စိတ်ဖိစီးခြင်း ကင်းကြပါစေ..
Dr ဖြိုးဝေလင်း
(25.8.19)