စိတ်ဖိဆီးမှု၏ နောက်ဆက်တွဲဆိုးကျိုးများ
စိတ်ဖိဆီးမှု ကြားလိုက်တာနဲ့ ကောင်းတဲ့စကားလုံး မဟုတ်မှန်းတော့ လူတိုင်းသိလိုက်ကြမှာပါ။ ရုံးလောက၊ စီးပွားရေးလောကမှာလည်း “ငါ ခုတစ်လော စိတ်ဖိဆီးမှုတွေများနေတယ်” လို့ ဆိုပြီး ပြောဆိုနေကြတာ ခဏ ခဏ ကြားဖူးနေကျလည်း ဖြစ်မှာပါ။ စိတ်ဖိဆီးမှုဆိုတာ ကျင်လည်ရာ လူ့လောကမှာတော့ မည်သူ တစ်ဦးတစ်ယောက်မျှ တစ်ခါမဟုတ် တစ်ခါ ကြုံဖူးကြမယ် ထင်ပါတယ်။
မြန်မာ “စကားပုံမှာလည်း စိတ်ထောင်းလို့ ကိုယ်ကျေ” ဆိုတဲ့ စကားပုံ ရှိသလို ဘာဖြစ်ဖြစ် စိတ်က အဓိကပါပဲ စိတ်ဆောင်ရင် ရပါတယ်၊ စိတ်ရှိဖို့ပဲ လိုပါတယ်လို့ ပြောနေကြသံတွေလည်း ကြားဖူးကြမှာပါ။ ဟုတ်ပါတယ် တစ်ကယ်ပဲ စိတ်ဖိမှုကနေ လွတ်မြောက်ဖို့ဆိုတာ မိမိစိတ်ကို မိမိထားတက်ဖို့ လိုပါတယ်။ မထားတက်ရင်တော့ စိတ်ဖိဆီးမှုတွေကိုကိုယ်တိုင် ဖိတ်ခေါ်မိသလို ဖြစ်နေမှာ အမှန်ပါပဲ …
ဒီတော့ ဒီနေ့မှာ ပြောပြပေးချင်တဲ့အကြောင်းအရာတွေက မိမိက စိတ်ဖီဆီးမှုတွေနဲ့ ကြုံလာရပြီဆိုရင် အဲ့ဒီကနေ ဘယ်လို ဆိုးကျိုးတွေရနိုင်လဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။
စိတ်ဖိဆီးမှုတွေရဲ့ ဆိုးကျိုးတွေကတော့ –
(၁) ဝက်ခြံပေါက်မယ်
(၂) ခေါင်းကိုက်မယ်
(၃) နာတာရှည် နာကျင်မှု၊ နာတာရှည် ကိုက်ခဲမှု
(၄) မကြာခဏ ဖျားမယ်
(၅) စွမ်းအင်တွေ လျော့ကျလာပြီး အိပ်မပျော်တဲ့ ရောဂါ ဖြစ်လာမယ်
(၆) လိင်စိတ်လျော့ကျလာမယ်
(၇) အစာခြေစနစ်မှာ ဒုက္ခပေးလာမယ်၊ အစာ စားချင်စိတ် နည်းလာမယ်
(၈) မိမိကိုယ်ကို ယုံကြည်မှုပျောက်တာတွေ ထိပါ ဖြစ်လာနိုင်တဲ့ အတွက် စိတ်ဖိဆီးမှု များခြင်းမှ လွတ်ကင်းနိုင်ပါစေ။ စိတ်ဖိဆီးမှု များစရာ ကိစ္စရပ်များနှင့် ကြုံလာရပြီဆိုရင်လည်း မိမိစိတ်ကို အကောင်းဆုံး ထားနိုင်ပါစေလို့ ဆန္ဒပြုရင်း နှုတ်ဆက်လိုက်ပါတယ်