All Articlesသွားကျန်းမာရေး

Should tooth brushing be done or not immediately after eating

1 Mins read

အစာစားပြီးပြီးချင်း သွားတိုက်သင့်မတိုက်သင့်

သွားကျန်းမာရေးဂရုစိုက်သူအများစုဟာ ထမင်းစားပြီးပြီးချင်း အစာတစ်ခုခုစားပြီးပြီးချင်း သွားတိုက်လေ့ရှိကြပါတယ်။ အစာစားပြီးပြီးချင်း သွားတိုက်တာဟာ သွားအတွက် ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ သွားကိုထိခိုက်စေပါတယ်..
ဘာကြောင့်ပါလဲ။

အစာ အထူးသဖြင့် ချိုတဲ့အစားအစာတွေနဲ့ အက်စစ်ဓာတ်ပါတဲ့ ချဉ်တဲ့အစားအစာတွေ ကိုစားနေတဲ့အချိန်မှာ သွားရဲ့အပေါ်ယံကြွေလွှာတွေဟာ pH level တွေကျပြီး အားနည်းနေပါတယ်။ တစ်နည်းပြောရရင် အက်စစ်ဓာတ်အပျော့စားတွေဟာ သွားအပေါ်ယံလွှာကို တိုက်စားတဲ့အတွက် အပေါ်ယံလွှာဟာ အားနည်းနေပါတယ်။ အဲ့ဒီအချိန်မှာ သွားတိုက်လိုက်ရင် သွားအပေါ်ယံလွှာကို ထိခိုက်စေပါတယ်။ နူးညံ့တဲ့အမျှင်ပါတဲ့ သွားတိုက်တံနဲ့တောင်မှ သွားအပေါ်ယံလွှာကို ထိခိုက်စေနိုင်ပါတယ်။ ခံတွင်းထဲမှာ acidic level ဟာ နာရီဝက်လောက်အကြာမှာမှ တံတွေးရဲ့ pH level ကို ထိန်းညှိပေးတဲ့ အာနိသင်နဲ့ ပုံမှန်အခြေအနေကိုပြန်ရောက်တာပါ။ ရေတစ်ဖန်ခွက်လောက်သောက်ပေးခြင်းဟာလည်း ခံတွင်းထဲက acidic level ကို လျော့ကျစေပါတယ်။

ဆိုတော့ အစာတစ်ခုခု အထူးသဖြင့် ချိုတဲ့အစားအစာတွေနဲ့ ချဉ်တဲ့အစားအစာတွေကိုစားပြီး သွားတိုက်ချင်တယ်ဆိုရင် အနည်းဆုံး နာရီဝက်လောက်ကြာမှ သွားတိုက်တာဟာ သွားတွေရေရှည်တည်တံ့ဖို့အတွက် အသင့်တော်ဆုံး သွားကျန်းမာရေးအတွက် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။

မေတ္တာဖြင့်

သုဈာန်

အစာစားၿပီးၿပီးခ်င္း သြားတိုက္သင့္မတိုက္သင့္

သြားက်န္းမာေရးဂ႐ုစိုက္သူအမ်ားစုဟာ ထမင္းစားၿပီးၿပီးခ်င္း အစာတစ္ခုခုစားၿပီးၿပီးခ်င္း သြားတိုက္ေလ့ရွိၾကပါတယ္။ အစာစားၿပီးၿပီးခ်င္း သြားတိုက္တာဟာ သြားအတြက္ ေကာင္းတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ သြားကိုထိခိုက္ေစပါတယ္..
ဘာေၾကာင့္ပါလဲ။

အစာ အထူးသျဖင့္ ခ်ိဳတဲ့အစားအစာေတြနဲ႔ အက္စစ္ဓာတ္ပါတဲ့ ခ်ဥ္တဲ့အစားအစာေတြ ကိုစားေနတဲ့အခ်ိန္မွာ သြားရဲ႕အေပၚယံေႂကြလႊာေတြဟာ pH level ေတြက်ၿပီး အားနည္းေနပါတယ္။ တစ္နည္းေျပာရရင္ အက္စစ္ဓာတ္အေပ်ာ့စားေတြဟာ သြားအေပၚယံလႊာကို တိုက္စားတဲ့အတြက္ အေပၚယံလႊာဟာ အားနည္းေနပါတယ္။ အဲ့ဒီအခ်ိန္မွာ သြားတိုက္လိုက္ရင္ သြားအေပၚယံလႊာကို ထိခိုက္ေစပါတယ္။ ႏူးညံ့တဲ့အမွ်င္ပါတဲ့ သြားတိုက္တံနဲ႔ေတာင္မွ သြားအေပၚယံလႊာကို ထိခိုက္ေစႏိုင္ပါတယ္။ ခံတြင္းထဲမွာ acidic level ဟာ နာရီဝက္ေလာက္အၾကာမွာမွ တံေတြးရဲ႕ pH level ကို ထိန္းညႇိေပးတဲ့ အာနိသင္နဲ႔ ပုံမွန္အေျခအေနကိုျပန္ေရာက္တာပါ။ ေရတစ္ဖန္ခြက္ေလာက္ေသာက္ေပးျခင္းဟာလည္း ခံတြင္းထဲက acidic level ကို ေလ်ာ့က်ေစပါတယ္။

ဆိုေတာ့ အစာတစ္ခုခု အထူးသျဖင့္ ခ်ိဳတဲ့အစားအစာေတြနဲ႔ ခ်ဥ္တဲ့အစားအစာေတြကိုစားၿပီး သြားတိုက္ခ်င္တယ္ဆိုရင္ အနည္းဆုံး နာရီဝက္ေလာက္ၾကာမွ သြားတိုက္တာဟာ သြားေတြေရရွည္တည္တံ့ဖို႔အတြက္ အသင့္ေတာ္ဆုံး သြားက်န္းမာေရးအတြက္ အေကာင္းဆုံး နည္းလမ္းတစ္ခုျဖစ္ပါေၾကာင္း။

ေမတၱာျဖင့္

သုဈာန္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *