ပျိုမေတို့မမေးရဲတဲ့ ပျိုမေတို့အကြောင်း (အပိုင်း ၃)

ပျိုမေတို့ရေ….ခုတစ်ခါဖော်ပြပေးမှာကတော့ ပျိုမေတို့ရဲ့ ပြသနာမဟုတ်တဲ့ ပြသနာတစ်ခုအကြောင်းပါ။ သိလည်းသိချင် ဆေးခန်းသွားပြီးဆရာဝန်ဆီမေးမြန်းရလောက်လောက်တဲ့ကြီးမားတဲ့ ပြသနာလည်းမဟုတ်တဲ့ ကိစ္စတစ်ခုပေါ့။ ပျိုမေတို့ရဲ့ ဆီးစပ်တစ်ဝိုက်မှာရှိတဲ့ ဆီးခုံးမွှေးတွေ ရိတ်သင့်ရဲ့လား/မရိတ်သင့်ဘူးလားဆိုတဲ့
ကိစ္စ…..။ဒီနေရာကပဲ အဖြေပေးလိုက်မှာမို့ ဆက်ဖတ်ကြည့်ပေးပါဦး။

ဆီးခုံမွှေးဆိုတာ ပျိုမေတို့ အရွယ်ရောက်ခြင်းရဲ့ လက္ခဏာတွေထဲကတစ်ခုပါ။သူ့ရဲ့တာဝန်ကတော့ ပြင်ပကပိုးမွှားတွေ မိန်းမကိုယ်ထဲ အလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ ခံတပ်ကြီးတစ်ခုရယ်ပေါ့။

သို့ပေမယ့် ပျိုမေတို့ မိန်းမသားအများစုဟာ ဒီဆီးစပ်မွှေးတွေရှိနေတာကိုမလိုလားကြပါဘူး။ အကြောင်းကတော့ ငယ်စဉ်ကတည်းက ဘာအမွှေးအမျှင်မှမရှိတဲ့ ရှင်းရှင်းလင်းလင်းနေရာမှာ အမွှေးအမျှင်တွေပေါက်လာတော့ ကြည့်ရတမျိုးဖြစ်နေတာရယ်၊ နောက်ပြီး ရာသီလာချိန်တွေမှာ သေချာမဆေးကြောမိရင် ရာသီသွေးတွေကပ်ကျန်နေတတ်တာမို့ သန့်ရှင်းမှုမရှိသလိုခံစားရတာရယ်၊ ချစ်မှုရေးရာကိစ္စရပ်တွေမှာ ဒါတွေရှိနေရင်ကြည့်မကောင်းမှာ၊ မိမိအဖော်က မနှစ်သက်မှာစိုးတာရယ်တွေကြောင့်ပေါ့။

ဒါကြောင့် အမွှေးတွေကို ရိတ်တာ၊အမွှေးကျွတ်ဆေးတွေ ဖယောင်းတွေသုံးပြီး ဖယ်ရှားပစ်တာ၊ လေဆာအသုံးပြုပြီး အမွှေးတွေလုံးဝပေါက်မလာတော့အောင် အမွှေးအိတ်တွေကိုဖျက်ဆီးပစ်တာမျိုးတွေ လုပ်လာကြပါတယ်။အကျိုးဆက်အနေနဲ့ အမွှေးအိတ်ယောင်ခြင်း၊ပိုးဝင်ခြင်း၊ပြည်တည်ခြင်းတွေ ဖြစ်နိုင်သလို …အမွှေးအမျှင်တွေလုံးဝမရှိတော့တဲ့အခါလိင်မှတစ်ဆင့်ကူးဆက်တတ်တဲ့ရောဂါတွေကို ကာကွယ်နိုင်စွမ်းကျဆင်းသွားပါတယ်။

အဲ….အချို့ပျိုမေတွေကတော့ အမွှေးတွေကိုအရှင်းမဖယ်ရှားပစ်ဘဲ ညှပ်ခြင်း၊တိခြင်းများသာ ပြုလုပ်ကြပါတယ်။ကျန်းမာရေးရှုထောင့်အရ အကြံပေးရရင် အမွှေးတွေကို အပြီးအပြတ်ရှင်းထုတ်တဲ့ နည်းလမ်းတွေထက်…..ခုပြောတဲ့ သပ်သပ်ရပ်ရပ်ဖြစ်ရုံ ကြည့်ကောင်းရုံ ညှပ်ခြင်း၊တိခြင်းနည်းလမ်းက ပျိုမေတို့အတွက် ကျန်းမာရေးနဲ့ပိုညီညွတ်တယ်လို့ ဆိုပါရစေ။

ရောဂါပိုးကာကွယ်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိရှိနေသေးတဲ့အပြင် အမွှေးအိတ်ယောင်ရမ်း၊ပိုးဝင်၊ပြည်တည် စတဲ့ဆိုးကျိုးတွေမှလည်း ကင်းဝေးသွားမှာပါ။ ဆွဲဆောင်မှုအရကြည့်မယ်ဆိုရင်လည်း အရွယ်ရောက်ခြင်းရဲ့ လက္ခဏာအရိပ်အရောင်အနေနဲ့ရှိနေတာမို့ တစ်ဖက်အဖော်အပေါ်ဆွဲဆောင်မှုပိုစေမှာဖြစ်ပါတယ်။
ဒီလောက်ဆို ပျိုမေတို့ ဘာဆက်လုပ်သင့်လဲ သိပြီပေါ့နော်…

မေ (ဆေး ၂)
ပ်ိဳေမတို႔မေမးရဲတဲ့ ပ်ိဳေမတို႔အေၾကာင္း (အပိုင္း ၃)

ပ်ိဳေမတို႔ေရ….ခုတစ္ခါေဖာ္ျပေပးမွာကေတာ့ ပ်ိဳေမတို့ရဲ့ ျပသနာမဟုတ္တဲ့ ျပသနာတစ္ခုအေၾကာင္းပါ။ သိလည္းသိခ်င္ ေဆးခန္းသြားျပီးဆရာဝန္ဆီေမးျမန္းရေလာက္ေလာက္တဲ့ႀကီးမားတဲ့ ျပသနာလည္းမဟုတ္တဲ့ ကိစၥတစ္ခုေပါ့။ ပ်ိဳေမတို႔ရဲ႕ ဆီးစပ္တစ္ဝိုက္မွာ႐ွိတဲ့ ဆီးခံုးေမႊးေတြ ရိတ္သင့္ရဲ႕လား/မရိတ္သင့္ဘူးလားဆိုတဲ့
ကိစၥ…..။ဒီေနရာကပဲ အေျဖေပးလိုက္မွာမို႔ ဆက္ဖတ္ၾကည့္ေပးပါဦး။

ဆီးခံုေမႊးဆိုတာ ပ်ိဳေမတို႔ အရြယ္ေရာက္ျခင္းရဲ႕ လကၡဏာေတြထဲကတစ္ခုပါ။သူ႔ရဲ႕တာဝန္ကေတာ့ ျပင္ပကပိုးမႊားေတြ မိန္းမကိုယ္ထဲ အလြယ္တကူမဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ေပးတဲ့ ခံတပ္ျကီးတစ္ခုရယ္ေပါ့။

သို႔ေပမယ့္ ပ်ိဳေမတို႔ မိန္းမသားအမ်ားစုဟာ ဒီဆီးစပ္ေမႊးေတြ႐ွိေနတာကိုမလိုလားၾကပါဘူး။ အေၾကာင္းကေတာ့ ငယ္စဥ္ကတည္းက ဘာအေမႊးအမ်ွင္မွမ႐ွိတဲ့ ႐ွင္း႐ွင္းလင္းလင္းေနရာမွာ အေမႊးအမ်ွင္ေတြေပါက္လာေတာ့ ၾကည့္ရတမ်ိဳးျဖစ္ေနတာရယ္၊ ေနာက္ၿပီး ရာသီလာခ်ိန္ေတြမွာ ေသခ်ာမေဆးေၾကာမိရင္ ရာသီေသြးေတြကပ္က်န္ေနတတ္တာမို႔ သန္႔႐ွင္းမွုမ႐ွိသလိုခံစားရတာရယ္၊ ခ်စ္မႈေရးရာကိစၥရပ္ေတြမွာ ဒါေတြ႐ွိေနရင္ၾကည့္မေကာင္းမွာ၊ မိမိအေဖာ္က မနွစ္သက္မွာစိုးတာရယ္ေတြေၾကာင့္ေပါ့။

ဒါေၾကာင့္ အေမႊးေတြကို ရိတ္တာ၊အေမႊးကြၽတ္ေဆးေတြ ဖေယာင္းေတြသံုးၿပီး ဖယ္႐ွားပစ္တာ၊ ေလဆာအသံုးျပဳၿပီး အေမႊးေတြလံုးဝေပါက္မလာေတာ့ေအာင္ အေမႊးအိတ္ေတြကိုဖ်က္ဆီးပစ္တာမ်ိဳးေတြ လုပ္လာၾကပါတယ္။အက်ိဳးဆက္အေနနဲ႔ အေမႊးအိတ္ေယာင္ျခင္း၊ပိုးဝင္ျခင္း၊ျပည္တည္ျခင္းေတြ ျဖစ္ႏိုင္သလို …အေမႊးအမ်ွင္ေတြလံုးဝမ႐ွိေတာ့တဲ့အခါလိင္မွတစ္ဆင့္ကူးဆက္တတ္တဲ့ေရာဂါေတြကို ကာကြယ္ႏိုင္စြမ္းက်ဆင္းသြားပါတယ္။

အဲ….အခ်ိဳ႕ပ်ိဳေမေတြကေတာ့ အေမႊးေတြကိုအ႐ွင္းမဖယ္႐ွားပစ္ဘဲ ညႇပ္ျခင္း၊တိျခင္းမ်ားသာ ျပဳလုပ္ၾကပါတယ္။က်န္းမာေရး႐ႈေထာင့္အရ အၾကံေပးရရင္ အေမႊးေတြကို အၿပီးအျပတ္႐ွင္းထုတ္တဲ့ နည္းလမ္းေတြထက္…..ခုေျပာတဲ့ သပ္သပ္ရပ္ရပ္ျဖစ္ရံု ၾကည့္ေကာင္းရံု ညႇပ္ျခင္း၊တိျခင္းနည္းလမ္းက ပ်ိဳေမတို႔အတြက္ က်န္းမာေရးနဲ႔ပိုညီၫြတ္တယ္လို႔ ဆိုပါရေစ။

ေရာဂါပိုးကာကြယ္ႏိုင္စြမ္းကို အတိုင္းအတာတစ္ခုအထိ႐ွိေနေသးတဲ့အျပင္ အေမႊးအိတ္ေယာင္ရမ္း၊ပိုးဝင္၊ျပည္တည္ စတဲ့ဆိုးက်ိဳးေတြမွလည္း ကင္းေဝးသြားမွာပါ။ ဆြဲေဆာင္မႈအရၾကည့္မယ္ဆိုရင္လည္း အရြယ္ေရာက္ျခင္းရဲ႕ လကၡဏာအရိပ္အေရာင္အေနနဲ႔႐ွိေနတာမို႔ တစ္ဖက္အေဖာ္အေပၚဆြဲေဆာင္မႈပိုေစမွာျဖစ္ပါတယ္။
ဒီေလာက္ဆို ပ်ိဳေမတို႔ ဘာဆက္လုပ္သင့္လဲ သိၿပီေပါ့ေနာ္…

ေမ (ေဆး ၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *