သွားတိုက်ပြီးပြီးခြင်း အမြှုပ်ကိုပလုတ်ကျင်းသင့်မကျင်းသင့်

လူအတော်များများဟာ သွားတိုက်ပြီးရင် အားရပါးရပလုတ်ကျင်းပြီး အမြှုပ်တွေကို ထွေးပစ်တတ်ကြပါတယ်။ ပလုတ်ကျင်းရင်လဲ တစ်ခါနှစ်ခါမက အမြှုပ်တွေမကုန်ကုန်အောင်ထိ ပလုတ်ကျင်းလေ့ရှိကြပါတယ်။ ပြောရရင်တော့ သွားတိုက်ပြီး အမြှုပ်တွေကုန်အောင် ရေနဲ့ အားရပါးရကျင်းပစ်တာ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်ပါလဲ။

သွားတိုက်ဆေးထဲမှာပါတဲ့ ဖလူအိုရိုက်ဒ် ဓာတ်တွေဟာ သွားတိုက်နေတဲ့အချိန် ခံတွင်းထဲမှာ ကပ်နေရုံသာ ကပ်နေပြီး အာနိသင်မပြရသေးပါဘူး။ ပုံမှန်သွားတိုက်ချိန်ဟာ သုံးမိနစ်ရှိသင့်ပေမယ့် (အတော်များများရဲ့အကျင့်အရ) သုံးမိနစ်တောင်မကြာအောင် သွားကိုပြီးစလွယ်တိုက်ပြီး အမြှုပ်တွေကုန်အောင် ပလုတ်ကျင်းတဲ့အခါ သွားပေါ်မှာ ဖလူအိုရိုက်ဒ်ဓာတ်တွေဟာ သုံးမိနစ်ကြာအောင်တောင် နေခွင့်မရကြပါဘူး။

အမှန်တကယ်ဆိုရင် သွားတိုက်ပြီးချိန်မှာ အမြှုပ်တွေကို ထွေးပစ်ရုံနဲ့ လုံလောက်ပါတယ်။ ပါးစပ်ထဲမှာ အမြှုပ်အကြွင်းအကျန်တွေနဲ့ မနေတတ်တဲ့သူတွေအဖို့တော့ တစ်ခါလောက် ညင်ညင်သာသာ ပလုတ်ကျင်းပေးရုံနဲ့ လုံလောက်ပါတယ်။ အကျင့်ရှိသွားရင်တော့ ပါးစပ်ထဲက အမြှုပ်တွေကို ကုန်အောင်ထွေးရုံနဲ့နေတတ်သွားကြမှာပါ။

ဖလူအိုရိုက်ဒ်ဓာတ်ဟာ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးတာမို့ သူတို့ကို ပါးစပ်ထဲမှာ ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်များရယ်.. လို့

မေတ္တာဖြင့်
သုဈာန်

သြားတိုက္ၿပီးၿပီးျခင္း အျမႇဳပ္ကိုပလုတ္က်င္းသင့္မက်င္းသင့္

လူအေတာ္မ်ားမ်ားဟာ သြားတိုက္ၿပီးရင္ အားရပါးရပလုတ္က်င္းၿပီး အျမႇဳပ္ေတြကို ေထြးပစ္တတ္ၾကပါတယ္။ ပလုတ္က်င္းရင္လဲ တစ္ခါႏွစ္ခါမက အျမႇဳပ္ေတြမကုန္ကုန္ေအာင္ထိ ပလုတ္က်င္းေလ့ရွိၾကပါတယ္။ ေျပာရရင္ေတာ့ သြားတိုက္ၿပီး အျမႇဳပ္ေတြကုန္ေအာင္ ေရနဲ႔ အားရပါးရက်င္းပစ္တာ မျပဳလုပ္သင့္ပါဘူး။ ဘာေၾကာင့္ပါလဲ။

သြားတိုက္ေဆးထဲမွာပါတဲ့ ဖလူအို႐ိုက္ဒ္ ဓာတ္ေတြဟာ သြားတိုက္ေနတဲ့အခ်ိန္ ခံတြင္းထဲမွာ ကပ္ေန႐ုံသာ ကပ္ေနၿပီး အာနိသင္မျပရေသးပါဘူး။ ပုံမွန္သြားတိုက္ခ်ိန္ဟာ သုံးမိနစ္ရွိသင့္ေပမယ့္ (အေတာ္မ်ားမ်ားရဲ႕အက်င့္အရ) သုံးမိနစ္ေတာင္မၾကာေအာင္ သြားကိုၿပီးစလြယ္တိုက္ၿပီး အျမႇဳပ္ေတြကုန္ေအာင္ ပလုတ္က်င္းတဲ့အခါ သြားေပၚမွာ ဖလူအို႐ိုက္ဒ္ဓာတ္ေတြဟာ သုံးမိနစ္ၾကာေအာင္ေတာင္ ေနခြင့္မရၾကပါဘူး။

အမွန္တကယ္ဆိုရင္ သြားတိုက္ၿပီးခ်ိန္မွာ အျမႇဳပ္ေတြကို ေထြးပစ္႐ုံနဲ႔ လုံေလာက္ပါတယ္။ ပါးစပ္ထဲမွာ အျမႇဳပ္အႂကြင္းအက်န္ေတြနဲ႔ မေနတတ္တဲ့သူေတြအဖို႔ေတာ့ တစ္ခါေလာက္ ညင္ညင္သာသာ ပလုတ္က်င္းေပး႐ုံနဲ႔ လုံေလာက္ပါတယ္။ အက်င့္ရွိသြားရင္ေတာ့ ပါးစပ္ထဲက အျမႇဳပ္ေတြကို ကုန္ေအာင္ေထြး႐ုံနဲ႔ေနတတ္သြားၾကမွာပါ။

ဖလူအို႐ိုက္ဒ္ဓာတ္ဟာ သြားႏွင့္ခံတြင္းက်န္းမာေရးအတြက္ အလြန္အေရးႀကီးတာမို႔ သူတို႔ကို ပါးစပ္ထဲမွာ ေပ်ာ္ခြင့္ေပးလိုက္ပါ ကိုၿငိမ္းေမာင္မ်ားရယ္.. လို႔

ေမတၱာျဖင့္
သုဈာန္