ကျန်းမာရေးအတွက်စားသင့်သော ငါးနှင့် ငါးကြီးဆီ
ဒီနေ့ခေတ်ဟာ အတတ်ပညာတွေ လုပ်ငန်းခွင် ပြိုင်ဆိုင်မှုတွေပေါများလာပါတယ် အဲလိုအပြိုင်အဆိုင် တိုးတတ်အောင်လုပ်နေတဲ့ခေတ်ကြီးမှာ တပါးသူထက် မသာရင်တောင်တန်းတူလိုက်နိုင်ဖို့ အရေးပါလှပါတယ် အဲလို လိုက်နိုင်ဖို့ဆိုရင် ကျန်းမာဖို့က အဓိကပါ ခေါင်းမူး ခေါင်းကိုက် ဟိုနားဒီနာ နာ စတာတွေသာဖြစ်နေရင် ဘဝတတ်လမ်းအတွက် ပိတ်ပင်မှု ဖြစ်လာမှာပါ မိမိကိုယ်တိုင်မဆိုထားနဲ့ မိမိ အိမ်က အိမ်သားတစ်ဦး နေထိုင်မကောင်း ဖြစ်ပြီဆိုရင် တစ်အိမ်သားလုံး ဒုက္ခများကြရပါတယ် ဒါကြောင့် အသက်ရှည်ရာ အနာမဲ့ကြောင်း တစ်ခုဖြစ်တဲ့ အကျိုးရှိသော အစားအစာ နှင့် အိုမီဂါ၃ ဓါတ်အကြောင်း ဖော်ပြလိုက်ပါတယ်နော်။
သင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်သော ငါအမျိုးမျိုး
ငါးဘာကြောင့်စားသင့်တယ် ထင်ပါသလဲ ဆိုရင် အမျိုးမျိုးဖြေကြမှာပါ ဈေးသက်သာလို့ ချက်ရလွယ်လို့ ကြိုက်လို့စားနေကြသလို လုံးဝငါးမကြိုက်လို့မစားတာလည်းရှိပါတယ် သူတို့အားလုံး မသိတဲ့ အမှန်တရား တစ်ခုရှိပါတယ် ဒါကတော့ ငါးစားသုံးခြင်းဟာ တခြားအသားတွေလို အဆီမတတ်စေပဲ ကျန်းမာရေးကောင်းစေတာပါ။ ငါးတွေဟာ ပရိုတင်းဓါတ်ကြွယ်ဝစွာပါသလို အိုမီဂါ၃ဓါတ်လည်း ပါဝင်နေပါတယ် CDC အဖွဲ့ကတောင် အိုမီဂါ၃ဟာ ဦးနှောက်နှင့်နှလုံးကျန်းမာစေကြောင်း လေ့လာတွေ့ရှိထားပါတယ် နော် သေချာကို လေ့လာစမ်းချက်ထားတဲ့ ရလဒ်ကောင်းတွေမို့ အားရစရာပါ ပြီးတော့ ကိုယ်ဝန်ဆောင်စဉ် မှာ အိုမီဂါ၃ပါသော ငါး စားပေးတာ ဆေးသောက်တာက ဘေဘီလေးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပြန်ပါတယ်။
အသက်ကလေးရယ်တဲ့ရှည်စေလို ငါးစားစေလို လို့ပြောင်းဆိုရမလိုပါပဲ မစားသင့်သော ငါးဆိုလို့ ပြဒါးဓါတ်တအားပါသော ငါးမန်းတွေ ငါးမန်းအနွယ် ငါးတွေသာ ရှိပါတယ် ကျန်သော ပင်လယ် ငါးတွေကိုတော့ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ ကလေးတွေအနေနှင့် တစ်ပတ်အတွင်း ငါးကို တရက်ခြားလောက်စားသင့်ပါတယ် ကျန်သူတွေကတော့ တပတ်ကိြ ၂ကြိမ်စားဖို့ လိုပါတယ် များများစားလေလေ အကျိုးများလေလေပါ ငါးထဲက အကျိုးများဆုံးငါးအမျိုးအစားတွေက ပင်လယ်ထဲ က ငါးများပါတယ် တူနာငါး ဆော်လမွန်ငါး ငါးမုန့် ငါးသေတ္တာပြုလုပ်သော ငါး စတာတွေ က အကျိုးအရှိဆုံး ငါးအမျိုးအစားတွေပါ အဲလို ငါးတွေက လတ်လတ်ဆတ်ဆတ်စားနိုင်ရင် ပို အကျိုးများစေပါတယ် ပင်လယ်နှင့် အလှမ်းဝေးသောနေရာတွေမှာကတော့ ပင်လယ်ငါးတွေစားဖို့ ခက်ခဲနိုင်ပါတယ်အဲလို အခက်အခဲတွေကြောင့် လူအများခေါ်တဲ့ ငါးကြီးဆီ အိုမီဂါ၃ဆိုတာ ဆေးဝါးအဖြစ်ထုတ်လုပ်ဖြစ်ပေါ်လာတာပါ။
အိုမီဂါ ၃ ကို ဘာလို့သောက်သင့်လဲ
ဆေးတစ်ခုကို သောက်ဖို့က ရည်ရွယ်ချက်ရှိဖို့လိုပါတယ် ဆေးက လူအတွက်အကျိုးများလား ငွေကုန်ရတာ တန်ရဲ့လား စသည်ဖြင့်ကြည့်ဖို့လိုပါတယ် ဘာလို့လဲဆိုတော့ ကိုယ်ခန္ဓာကိုယ်အတွက်မလိုပဲသောက်မိရင် အကုန်ဘေးဖြစ်စေနိုင်တာချည်းပါ အဲလိုတွေထဲက မှ အိုမီဂါ၃ကတော့ တခြားဆေးနှင့် သိပ်မတူပါ သွေးအတွင်း မလိုအပ်သော အဆီတွေကို လျော့ချပေးနိုင် ခြင်း နှလုံး ဦးနှောက် သန်စွမ်းစေခြင်း စသော အကျိုးများပိုက်ဆိုင်ထားတဲ့ သဘာဝဆေးစွမ်းကောင်းပါ ပြောစရာတစ်ခုကတော့ ဆေး ထုတ်လုပ်ပုံခြင်းကွာတတ်တာပါ ဘယ်လိုခေတ်မှီနည်းနဲ့ ထုတ်တာလဲ အပြည့်ပါ မပါ စတာတွေကတော့ ခွဲခြားဖို့လိုပါတယ် သေချာကောင်းမွန်တဲ့ အိုမီဂါ၃ဆေးဟာ ဖြင့် ပင် လယ်စာစားဖို့အဆင်မပြေသူတွေ ကလေးတွေ အဆီများသူတွေ ကိုယ်ဝန်ဆောင်တွေအတွက်မရှိမဖြစ်လိုအပ်ပါတယ် အိုမီဂါ ၃ဟာ အကြမ်းအားဖြင့် ၃မျိုးရှိပါတယ် ဒါတွေကတော့ EPA (eicosapentaenoic acid) , DHA (docosahexaenoic acid),ALA (alpha-linolenic acid) တို့ဖြစ်ပါတယ်
EPA ဟာအဓိက ရောင်ရမ်းမှုကိုသက်သာစေပါတယ် စိတ်ဓါတ်ကျတာ စိတ်ဖိစီးတာကိုကဓိက သက်သာစေပါတယ်နော် DHA က အာရုံကြောဖွဲ့စည်းပုံထဲ ပါဝင်ပေးတာမို့ ဦးနှောက်အာရုံကြော သန်စွမ်းစေဖို့ အကျိုးရှိပါတယ် ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်လုပ်သူစားတံ့ DHAပမာဏ ဟာ ကလေးှီုးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုအတွက် တအားလိုပါတယ် ဒါကြောင့် မိခင်တွေအဖို့ အနည်းဆုံးတပတ် ၂ကြိမ်လောက် သောက်ပေးဖို့လိုပါတယ် ဒါကအနည်းဆုံးပါ နေ့စဉ် လုံလောက်သောပမာဏသောက်ပေးလေလေ ပိုကောင်းလေလေပါ နောက်ဆုံးတစ်ခုဖြစ်တဲ့ ALAကတော့ အားအင်ပဲဖြစ်စေပါတယ် ဒါကြောင့် DHA နဲ့ EPAကိုသာ တွဲစပ်အသုံးပြုကြတာပါ အမေရိကန်နှလုံူအဖွဲ့အစည်းကလည်း အိုမီဂါ၃ ဟာ နှလုံးရောဂါကို ကာကွယ်စေနိုင်ကြောင်းဖော်ပြထားတာကာ လူတိုင်းအနေနှင့် တပတ်ကိ ၂ကြိမ် မှီဝဲ စားသောက်ဖို့ တိုက်တွန်းထားပါတယ်
ဒါကြောင့် အသက်ရှည်ရာအနာမဲ့ကြောင်း ကို အကြောင်းအကျိုး ညီညွတ်စွာဖော်ပြပေးလိုက်ပါတယ်နော် …
ကျန်းမာကြပါစေ
ဒေါက်တာလင်း (မိသားစုဆေးပညာ)
က်န္းမာေရးအတြက္စားသင့္ေသာ ငါးနွင့္ ငါးျကီးဆီ
ဒီေန့ေခတ္ဟာ အတတ္ပညာေတြ လုပ္ငန္းခြင္ ျပိဳင္ဆိုင္မႈေတြေပါမ်ားလာပါတယ္ အဲလိုအျပိဳင္အဆိုင္ တိုးတတ္ေအာင္လုပ္ေနတဲ႕ေခတ္ျကီးမွာ တပါးသူထက္ မသာရင္ေတာင္တန္းတူလိုက္နိုင္ဖို့ အေရးပါလွပါတယ္ အဲလို လိုက္နိုင္ဖို့ဆိုရင္ က်န္းမာဖို့က အဓိကပါ ေခါင္းမူး ေခါင္းကိုက္ ဟိုနားဒီနာ နာ စတာေတြသာျဖစ္ေနရင္ ဘဝတတ္လမ္းအတြက္ ပိတ္ပင္မႈ ျဖစ္လာမွာပါ မိမိကိုယ္တိုင္မဆိုထားနဲ႕ မိမိ အိမ္က အိမ္သားတစ္ဦး ေနထိုင္မေကာင္း ျဖစ္ျပီဆိုရင္ တစ္အိမ္သားလံုး ဒုကၡမ်ားျကရပါတယ္ ဒါေျကာင့္ အသက္ရွည္ရာ အနာမဲ႕ေျကာင္း တစ္ခုျဖစ္တဲ႕ အက်ိဳးရွိေသာ အစားအစာ နွင့္ အိုမီဂါ၃ ဓါတ္အေျကာင္း ေဖာ္ျပလိုက္ပါတယ္ေနာ္။
သင့္ က်န္းမာေရးအတြက္ စားသံုးေပးသင့္ေသာ ငါအမ်ိဳးမ်ိဳး
ငါးဘာေျကာင့္စားသင့္တယ္ ထင္ပါသလဲ ဆိုရင္ အမ်ိဳးမ်ိဳးေျဖျကမွာပါ ေစ်းသက္သာလို့ ခ်က္ရလြယ္လို့ ျကိုက္လို့စားေနျကသလို လံုးဝငါးမျကိုက္လို့မစားတာလည္းရွိပါတယ္ သူတို့အားလံုး မသိတဲ႕ အမွန္တရား တစ္ခုရွိပါတယ္ ဒါကေတာ့ ငါးစားသံုးျခင္းဟာ တျခားအသားေတြလို အဆီမတတ္ေစပဲ က်န္းမာေရးေကာင္းေစတာပါ။ ငါးေတြဟာ ပရိုတင္းဓါတ္ျကြယ္ဝစြာပါသလို အိုမီဂါ၃ဓါတ္လည္း ပါဝင္ေနပါတယ္ CDC အဖြဲ႕ကေတာင္ အိုမီဂါ၃ဟာ ဦးေနွာက္နွင့္နွလံုးက်န္းမာေစေျကာင္း ေလ့လာေတြ႕ရွိထားပါတယ္ ေနာ္ ေသခ်ာကို ေလ့လာစမ္းခ်က္ထားတဲ႕ ရလဒ္ေကာင္းေတြမို့ အားရစရာပါ ျပီးေတာ့ ကိုယ္ဝန္ေဆာင္စဥ္ မွာ အိုမီဂါ၃ပါေသာ ငါး စားေပးတာ ေဆးေသာက္တာက ေဘဘီေလးေတြကို က်န္းမာသန္စြမ္းေစနိုင္ျပန္ပါတယ္။
အသက္ကေလးရယ္တဲ႕ရွည္ေစလို ငါးစားေစလို လို့ေျပာင္းဆိုရမလိုပါပဲ မစားသင့္ေသာ ငါးဆိုလို့ ျပဒါးဓါတ္တအားပါေသာ ငါးမန္းေတြ ငါးမန္းအႏြယ္ ငါးေတြသာ ရွိပါတယ္ က်န္ေသာ ပင္လယ္ ငါးေတြကိုေတာ့ ကိုယ္ဝန္ေဆာင္ေတြ နို့တိုက္မိခင္ေတြ ကေလးေတြအေနနွင့္ တစ္ပတ္အတြင္း ငါးကို တရက္ျခားေလာက္စားသင့္ပါတယ္ က်န္သူေတြကေတာ့ တပတ္ကိျ ၂ျကိမ္စားဖို့ လိုပါတယ္ မ်ားမ်ားစားေလေလ အက်ိဳးမ်ားေလေလပါ ငါးထဲက အက်ိဳးမ်ားဆံုးငါးအမ်ိဳးအစားေတြက ပင္လယ္ထဲ က ငါးမ်ားပါတယ္ တူနာငါး ေဆာ္လမြန္ငါး ငါးမုန့္ ငါးေသတၱာျပဳလုပ္ေသာ ငါး စတာေတြ က အက်ိဳးအရွိဆံုး ငါးအမ်ိဳးအစားေတြပါ အဲလို ငါးေတြက လတ္လတ္ဆတ္ဆတ္စားနိုင္ရင္ ပို အက်ိဳးမ်ားေစပါတယ္ ပင္လယ္နွင့္ အလွမ္းေဝးေသာေနရာေတြမွာကေတာ့ ပင္လယ္ငါးေတြစားဖို့ ခက္ခဲနိုင္ပါတယ္အဲလို အခက္အခဲေတြေျကာင့္ လူအမ်ားေခၚတဲ႕ ငါးျကီးဆီ အိုမီဂါ၃ဆိုတာ ေဆးဝါးအဖျစ္ထုတ္လုပ္ျဖစ္ေပၚလာတာပါ။
အိုမီဂါ ၃ ကို ဘာလို့ေသာက္သင့္လဲ
ေဆးတစ္ခုကို ေသာက္ဖို့က ရည္ရြယ္ခ်က္ရွိဖို့လိုပါတယ္ ေဆးက လူအတြက္အက်ိဳးမ်ားလား ေငြကုန္ရတာ တန္ရဲ႕လား စသည္ျဖင့္ျကည့္ဖို့လိုပါတယ္ ဘာလို့လဲဆိုေတာ့ ကိုယ္ခႏၶာကိုယ္အတြက္မလိုပဲေသာက္မိရင္ အကုန္ေဘးျဖစ္ေစနိုင္တာခ်ည္းပါ အဲလိုေတြထဲက မွ အိုမီဂါ၃ကေတာ့ တျခားေဆးနွင့္ သိပ္မတူပါ ေသြးအတြင္း မလိုအပ္ေသာ အဆီေတြကို ေလ်ာ့ခ်ေပးနိုင္ ျခင္း နွလံုး ဦးေနွာက္ သန္စြမ္းေစျခင္း စေသာ အက်ိဳးမ်ားပိုက္ဆိုင္ထားတဲ႕ သဘာဝေဆးစြမ္းေကာင္းပါ ေျပာစရာတစ္ခုကေတာ့ ေဆး ထုတ္လုပ္ပံုျခင္းကြာတတ္တာပါ ဘယ္လိုေခတ္မွီနည္းနဲ႕ ထုတ္တာလဲ အျပည့္ပါ မပါ စတာေတြကေတာ့ ခြဲျခားဖို့လိုပါတယ္ ေသခ်ာေကာင္းမြန္တဲ႕ အိုမီဂါ၃ေဆးဟာ ျဖင့္ ပင္ လယ္စာစားဖို့အဆင္မေျပသူေတြ ကေလးေတြ အဆီမ်ားသူေတြ ကိုယ္ဝန္ေဆာင္ေတြအတြက္မရွိမျဖစ္လိုအပ္ပါတယ္ အိုမီဂါ ၃ဟာ အျကမ္းအားျဖင့္ ၃မ်ိဳးရွိပါတယ္ ဒါေတြကေတာ့ EPA (eicosapentaenoic acid) , DHA (docosahexaenoic acid),ALA (alpha-linolenic acid) တို့ျဖစ္ပါတယ္
EPA ဟာအဓိက ေရာင္ရမ္းမႈကိုသက္သာေစပါတယ္ စိတ္ဓါတ္က်တာ စိတ္ဖိစီးတာကိုကဓိက သက္သာေစပါတယ္ေနာ္ DHA က အာရံုေျကာဖြဲ႕စည္းပံုထဲ ပါဝင္ေပးတာမို့ ဦးေနွာက္အာရံုေျကာ သန္စြမ္းေစဖို့ အက်ိဳးရွိပါတယ္ ကိုယ္ဝန္ေဆာင္စဥ္မွာ မိခင္လုပ္သူစားတံ႕ DHAပမာဏ ဟာ ကေလးႈီးေနွာက္နဲ႕ အာရံုေျကာဖြံ႕ျဖိဳးမႈအတြက္ တအားလိုပါတယ္ ဒါေျကာင့္ မိခင္ေတြအဖို့ အနည္းဆံုးတပတ္ ၂ျကိမ္ေလာက္ ေသာက္ေပးဖို့လိုပါတယ္ ဒါကအနည္းဆံုးပါ ေန့စဥ္ လံုေလာက္ေသာပမာဏေသာက္ေပးေလေလ ပိုေကာင္းေလေလပါ ေနာက္ဆံုးတစ္ခုျဖစ္တဲ႕ ALAကေတာ့ အားအင္ပဲျဖစ္ေစပါတယ္ ဒါေျကာင့္ DHA နဲ႕ EPAကိုသာ တြဲစပ္အသံုးျပဳျကတာပါ အေမရိကန္နွလံုူအဖြဲ႕အစည္းကလည္း အိုမီဂါ၃ ဟာ နွလံုးေရာဂါကို ကာကြယ္ေစနိုင္ေျကာင္းေဖာ္ျပထားတာကာ လူတိုင္းအေနနွင့္ တပတ္ကိ ၂ျကိမ္ မွီဝဲ စားေသာက္ဖို့ တိုက္တြန္းထားပါတယ္
ဒါေျကာင့္ အသက္ရွည္ရာအနာမဲ႕ေျကာင္း ကို အေျကာင္းအက်ိဳး ညီညြတ္စြြာေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …
က်န္းမာျကပါေစ
ေဒါက္တာလင္း (မိသားစုေဆးပညာ)