Shingles

Shingles ရေယုန်ဆိုတာ

Shingleလို့အမည်ရတဲ့ လူ့ခန္ဓာကိုယ်မှာ ပေါက်တဲ့ ရေယုန်ကတော့ ရေကျောက် ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး

Varcella-Zoster Virusမှ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ငုတ်လျှိုးနေတတ်ပါတယ်။ဒါကြောင့်ငယ်ငယ်ရေကျောက်ရောဂါဖြစ်ပွားခဲ့ဖူးရင် တစ်ချိန်ချိန်မှာ ရေယုန်ဖြစ်ဖို့ အလားအလာရှိလို့နေပါတယ်။ အထူးသဖြင့် အသက်၆၀ကျော်အရွယ်တွေမှာ အဖြစ်များတတ်ပါတယ်။

ခန္ဓာကိုယ်မှာပေါက်တဲ့ ရေယုန်အနေနဲ့ အရည်ကြည်ဖုပြင်များဖြစ်နေပြီး နာကြင်မှုဝေဒနာကိုခံစားရတတ်ပါတယ်။ ရေယုန်ရောဂါအများစုဟာ ၃ပတ်မှ ၅ပတ်ထိရှည်ကြာတတ်ပြီးပထမဆုံး တွေ့ရတဲ့လက္ခဏာကတော့ မီးလောင်နာလိုမျိုး နဲ့ ယားယံခြင်းကိုပါခံစားရနိုင်ပါတယ်။ လည်ပင်းနဲ့မျက်နှာမှာပေါက်တတ်သလို ခါးနားမှာလည်းအရည်ကြည်ဖုလေးတွေပေါက်လာတတ်ပါတယ်။ တချို့တွေမှာတော့ ဖျားနာတာ၊နုန်းခွေတာ၊ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC)ရဲ့အဆိုအရ

အမေရိကန်ပြည်ထောင်စုရှိလူ ၃ ဦးမှာ ၁ ဦး ဟာ ရေယုန်ကို သူတို့ဘဝတစ်သက်တာမှာ တကြိမ်တော့ခံစားခဲ့ရဖူးတယ်လို့ဆိုပါတယ်။ရေယုန်ဟာကုသလို့ပျောက်ကင်းတယ်ဆိုပေမယ့်လည်းသက်ကြီးရွယ်အိုများအတွက်ပြင်းထန်တဲ့ရေရှည်ကျန်းမာရေးပြသနာများဖြစ်လာစေနိုင်ပါတယ်။အသက်ကြီးတဲ့လူကြီးများနဲ့ ကိုယ်ခံအားနည်းသူများမှာရေယုန်ပေါက်ခြင်းကအန္တရာယ်ရှိနိုင်ပါတယ်။

ဥပမာအဆုတ်ရောင်ရောဂါနဲ့ ဦးနှောက်ဆဲလ်ယောင်ရမ်းတဲ့ ရောဂါလိုအခြေအနေများကိုဦး တည်တတ်ပါတယ်။ AIDSနဲ့ကင်ဆာလိုမျိုး ကိုယ်ခံအားစနစ်ကျဆင်းပြီးကုသမှုခံယူနေရတဲ့ ရောဂါမျိုးတွေမှာပိုပြီးတော့သိသာပါတယ်။

ရေယုန်နာကြောင့်ယားယံခြင်းကိုခံစားရတဲ့အခါ လက်နဲ့ကုပ်တာမျိုးထက် အေးမြစိုစွတ်တဲ့ အဝတ်တစ်ခုနဲ့ဖိထားတာမျိုးယားနာသက်သာစေမယ့်လိမ်းဆေးလူးပေးတာမျိုးကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ရာ အနားယူပေးတာမျိုးတွေနဲ့လုပ်ဆောင်ပေးလို့ရပါတယ်။ အစားအသောက်တွေအနေနဲ့ ဗီတာမင်A၊ B12၊Cနဲ့Eပါဝင်တဲ့ အစားအစာတွေကိုစားသုံးပေးရပါမယ်။

ရေယုန်ကြောင့် ထိခိုက်နိုင်တဲ့ခန္ဓာကိုယ်စနစ်များကတော့မျက်စိ၊ အာရုံကြောစနစ်၊ အဆုတ်၊ အသည်းနှင့် ဦး နှောက်တို့ပါဝင်ပါတယ်။  

ရေယုန်ကိုကာကွယ်ဖို့အတွက် ရေကျောက်ကာကွယ်ဆေးကိုကလေးဘဝကတည်းက ထိုးနှံထားဖို့လိုပါတယ်

အသက်၅၀အထက်ရှိသူ၊ ရေကျောက်ရောဂါဖြစ်ခဲ့ဖူးသူ၊ ရေယုန်ပေါက်ဖူးသူနဲ့ ရေကျောက်ကာကွယ် ဆေးထိုးနှံဖူးသူတွေအနေနဲ့ ရေယုန်ကာကွယ် ဆေးကိုထိုးနှံပေးသင့်ပါတယ်။ မထိုးနှံသင့်သူတွေအနေနဲ့တော့ ဆေးတစ်လုံးထိုးချိန်မှာတင် allergy ပြသနာရှိနေသူ၊ လက်ရှိမှာ ရေယုန်ပေါက်နေသူ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များပဲဖြစ်ပါတယ်

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…