All Articlesမျိုးဆက်ပွားကျန်းမာရေး

Sexually Treamsmitted Infections

1 Mins read

အချစ်ရဲ့ နောက်ဆက်တွဲပြသနာများ

သင်တို့သတိမမူမိလိုက်တဲ့ ချစ်တင်းနှောခြင်းရဲ့ နောက်ဆက်တွဲပြသနာတစ်ခုကတော့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေရဲ့အန္တရာယ်ပြဲဖစ်ပါတယ်။

ချစ်တင်းနှောခြင်းနဲ့ပတ်သက်လို့ အများစုကြောက်တာကတော့ မမျှော်လင့်ဘဲကိုယ်ဝန်ရသွားမယ့်ကိစ္စပါ။

ကိုယ်ဝန်တားဖို့အတွက် တားဆေး၊တားနည်းအမျိုးမျိုးကို လေ့လာသုံးစွဲရင်း ကိုယ်ဝန်တော့တားနိုင်ပါရဲ့ ….

သတိမမူမိလိုက်တဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ နောက်ထပ်အရေးကြီး ပြသနာတစ်ခုက အပေါ်မှာပြောထားတဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးဆက်ပြန့်ပွားတဲ့ရောဂါတွေပါ။

ဆယ်ကျော်သက်တွေနဲ့ အသက်ငယ်လွန်းသေးတဲ့အချိန်မှာ လိင်ဆက်ဆံမှုစတင်သူတွေမှာ ပိုမိုကူးစက်လွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးအင်္ဂါရဲ့ ခုခံတိုက်ခိုက်မှု ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးတွေကို ခုခံနိုင်စွမ်းနည်းနေသေးတာမို့ ပိုမိုကူးစက်လွယ်ပါတယ်။

ဘာရောဂါတွေဖြစ်မလဲ…..ကြည့်လိုက်ကြရအောင်…

(1) အသဲရောင်အသားဝါ Bပိုး၊ C ပိုး၊A ပိုး
(အသဲရောင်အသားဝါအပြင် နောက်ဆက်တွဲအသဲခြောက်ခြင်းနဲ့ အသဲကင်ဆာအထိဖြစ်နိုင်ပါတယ်။)

(2)သားအိမ်ေခေါင်းကင်ဆာဖြစ်စေသော Human Pappilloma Virus (HPV)

(3)ဆီးပူညောင်းကျရောဂါ (ဂနိုရောဂါ)
(ဂနိုရောဂါပိုးဟာ သုတ်ရည်၊မိန်းမကိုယ်မှထွက်သောအရည်များမှာ ရှိနေတတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ လိင်အင်္ဂါမှ အဝါရောင် (သို့) အစိမ်း
ရောင်အရည်များဆင်းခြင်း၊ဆီးသွားတဲ့အခါ ဆီးပူဆီးကျင်ခြင်းများ ဖြစ်လေ့ရှိပါတယ်။

ဂနိုရောဂါဟာ မကုသဘဲထားမယ်ဆိုရင် အမျိုးသမီးမီးယပ်ရောဂါဖြစ်နိုင်တဲ့အပြင် နောက်ပိုင်းမှာ ကလေးမရနိုင်တော့တဲ့ထိ ဒုက္ခပေးတတ်ပါတယ်။)

(4)ကာလသားရောဂါ
(ကာလသားရောဂါကို ပိုးသတ်ဆေးဖြင့်အောင်မြင်စွာကုသနိုင်ပါတယ်။ ဒါပေမယ့် မကုသဘဲထားလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့အဓိက အင်္ဂါတွေအထိပါထိခိုက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကာလသားရောဂါပိုးကူးဆက်ခံရမယ် ဆိုရင် ရောဂါပိုးဟာ မိခင်မှတစ်ဆင့် သန္ဓေသားဆီ ကူးစက်နိုင်ပါတယ်။)

(5)ကြွက်နို့ပိုး
(လိင်အင်္ဂါတွေမှာကြွက်နို့ဖြစ်ခြင်းအပြင် သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊စအိုကင်ဆာ၊အမျိုးသားလိင်တံကင်ဆာများ ဖြစ်ပွားစေနိုင်ပါတယ်။)

(6)ရေယုန်

(7)ခုခံအားကျဆင်းမှုရောဂါ HIV/AIDS
အထက်ပါရောဂါများအပါအဝင် အခြားသောလိင်မှကူးစက်တတ်တဲ့ ရောဂါပိုးများစွာရှိပါသေးတယ်။ ဒီရောဂါတွေဟာ ပုံမှန်လိင်ဆက်ဆံမှုအပါအဝင် ပါးစပ်နဲ့လိင်ဆက်ဆံ ခြင်း၊ စအိုနဲ့လိင်ဆက်ဆံခြင်းတွေမှတစ်ဆင့်ပါ ကူးစက်နိုင်ပါတယ်။

ဒါတွေကို ကာကွယ်ဖို့ဆိုရင် ကွန်ဒုံးကိုအသုံးပြုပြီး လိင်ဆက်ဆံခြင်းဟာအကောင်းဆုံးသောအဖြေတစ်ခုပဲဖြစ်ပါတယ်။

အကယ်၍ ဒီလိုရောဂါတွေထဲက ကူးစက်ခံရပြီးဆိုပါကလည်း အမြန်ဆုံးကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်သင့်ပါတယ်။

ဒေါက်တာဝင်း (UM2)

အခ်စ္ရဲ႕ ေနာက္ဆက္တြဲျပသနာမ်ား

သင္တို႕သတိမမူမိလိုက္တဲ႕ ခ်စ္တင္းေႏွာျခင္းရဲ႕ ေနာက္ဆက္တြဲျပသနာတစ္ခုကေတာ့ လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါေတြရဲ႕အႏၱရာယ္ပျဲဖစ္ပါတယ္။

ခ်စ္တင္းေႏွာျခင္းနဲ႔ပတ္သက္လို႔ အမ်ားစုေၾကာက္တာကေတာ့ မေမ်ွာ္လင့္ဘဲကိုယ္ဝန္ရသြားမယ့္ကိစၥပါ။

ကိုယ္ဝန္တားဖို႔အတြက္ တားေဆး၊တားနည္းအမ်ိဳးမ်ိဳးကို ေလ့လာသံုးစြဲရင္း ကိုယ္ဝန္ေတာ့တားႏိုင္ပါရဲ႕ ….

သတိမမူမိလိုက္တဲ့အခ်ိန္မွာ ျဖစ္လာႏိုင္တဲ့ ေနာက္ထပ္အေရးႀကီး ျပသနာတစ္ခုက အေပၚမွာေျပာထားတဲ့ လိင္ဆက္ဆံရာမွတစ္ဆင့္ ကူးဆက္ျပန္႔ပြားတဲ့ေရာဂါေတြပါ။

ဆယ္ေက်ာ္သက္ေတြနဲ႔ အသက္ငယ္လြန္းေသးတဲ့အခ်ိန္မွာ လိင္ဆက္ဆံမႈစတင္သူေတြမွာ ပိုမိုကူးစက္လြယ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးအဂၤါရဲ႕ ခုခံတိုက္ခိုက္မႈ ေကာင္းစြာမဖြံ႔ၿဖိဳးေသးတာေၾကာင့္ ေရာဂါပိုးေတြကို ခုခံနိ္ုင္စြမ္းနည္းေနေသးတာမို႔ ပိုမိုကူးစက္လြယ္ပါတယ္။

ဘာေရာဂါေတြျဖစ္မလဲ…..ၾကည့္လိုက္ၾကရေအာင္…

(1) အသဲေရာင္အသားဝါ Bပိုး၊ C ပိုး၊A ပိုး
(အသဲေရာင္အသားဝါအျပင္ ေနာက္ဆက္တြဲအသဲေျခာက္ျခင္းနဲ႔ အသဲကင္ဆာအထိျဖစ္ႏိုင္ပါတယ္။)

(2)သားအိမ္ေေခါင္းကင္ဆာျဖစ္ေစေသာ Human Pappilloma Virus (HPV)

(3)ဆီးပူေညာင္းက်ေရာဂါ (ဂႏိုေရာဂါ)
(ဂႏိုေရာဂါပိုးဟာ သုတ္ရည္၊မိန္းမကိုယ္မွထြက္ေသာအရည္မ်ားမွာ ႐ွိေနတတ္ပါတယ္။ လကၡဏာေတြအေနနဲ႔ကေတာ့ လိင္အဂၤါမွ အဝါေရာင္ (သို႔) အစိမ္း
ေရာင္အရည္မ်ားဆင္းျခင္း၊ဆီးသြားတဲ့အခါ ဆီးပူဆီးက်င္ျခင္းမ်ား ျဖစ္ေလ့႐ွိပါတယ္။

ဂႏိုေရာဂါဟာ မကုသဘဲထားမယ္ဆိုရင္ အမ်ိဳးသမီးမီးယပ္ေရာဂါျဖစ္ႏိုင္တဲ့အျပင္ ေနာက္ပိုင္းမွာ ကေလးမရႏိုင္ေတာ့တဲ့ထိ ဒုကၡေပးတတ္ပါတယ္။)

(4)ကာလသားေရာဂါ
(ကာလသားေရာဂါကို ပိုးသတ္ေဆးျဖင့္ေအာင္ျမင္စြာကုသႏိုင္ပါတယ္။ ဒါေပမယ့္ မကုသဘဲထားလိုက္မယ္ဆိုရင္ေတာ့ ခႏၶာကိုယ္ရဲ႕အဓိက အဂၤါေတြအထိပါထိခိုက္ၿပီး အသက္ေသဆံုးသည္အထိ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွာ ကာလသားေရာဂါပိုးကူးဆက္ခံရမယ္ ဆိုရင္ ေရာဂါပိုးဟာ မိခင္မွတစ္ဆင့္ သေနၶသားဆီ ကူးစက္ႏိုင္ပါတယ္။)

(5)ႂကြက္ႏို႔ပိုး
(လိင္အဂၤါေတြမွာႂကြက္ႏို႔ျဖစ္ျခင္းအျပင္ သားအိမ္ေခါင္းကင္ဆာ၊ မိန္းမကိုယ္ကင္ဆာ၊စအိုကင္ဆာ၊အမ်ိဳးသားလိင္တံကင္ဆာမ်ား ျဖစ္ပြားေစႏိုင္ပါတယ္။)

(6)ေရယုန္

(7)ခုခံအားက်ဆင္းမႈေရာဂါ HIV/AIDS
အထက္ပါေရာဂါမ်ားအပါအဝင္ အျခားေသာလိင္မွကူးစက္တတ္တဲ့ ေရာဂါပိုးမ်ားစြာ႐ွိပါေသးတယ္။ ဒီေရာဂါေတြဟာ ပံုမွန္လိင္ဆက္ဆံမႈအပါအဝင္ ပါးစပ္နဲ႔လိင္ဆက္ဆံ ျခင္း၊ စအိုနဲ႔လိင္ဆက္ဆံျခင္းေတြမွတစ္ဆင့္ပါ ကူးစက္ႏိုင္ပါတယ္။

ဒါေတြကို ကာကြယ္ဖို႔ဆိုရင္ ကြန္ဒံုးကိုအသံုးျပဳၿပီး လိင္ဆက္ဆံျခင္းဟာအေကာင္းဆံုးေသာအေျဖတစ္ခုပဲျဖစ္ပါတယ္။

အကယ္၍ ဒီလိုေရာဂါေတြထဲက ကူးစက္ခံရၿပီးဆိုပါကလည္း အျမန္ဆံုးကုသမႈခံယူျခင္းျဖင့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ကာကြယ္သင့္ပါတယ္။

ေဒါက္တာဝင္း (UM2)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *