အိမ်ထောင်ဖက်ကိုကူးစက်နိုင်သည့် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ
လိင်မှတစ်ဆင့်ကူးဆက်တဲ့ရောဂါတွေ ရောဂါရာဇဝင်အမျိုးမျိုး၊ ရောဂါလက္ခဏာအမျိုးမျိုးနဲ့ ကူးစက်လေ့ရှိပါတယ်။ လူနာအများစုဖြစ်တဲ့ ရောဂါလက္ခဏာများကတော့
အမျိုးသားများတွင်
- ဆီးကျင်ခြင်း
- လိင်တံမှ သဘာဝအတိုင်းမဟုတ်သော အရည်များထွက်ခြင်း
- လိင်တံတစ်ဝိုက်တွင် အရေပြားအနာဖြစ်ခြင်း
- ကပ္ပယ်အိတ်ရောင်ခြင်း ၊ နာခြင်း
- စအိုနှင့်တစ်ဝိုက်တွင် အနာဖြစ်ခြင်း
အမျိုးသမီးများတွင်
- အဖြူဆင်းခြင်း
- ဗိုက်အောင့်ခြင်း
- ဆီးစပ်ကိုက်ခြင်း
- လိင်အင်္ဂါတစ်ဝိုက်တွင် အရေပြားအနာဖြစ်ခြင်း
- လိင်ဆက်ဆံလျှင် အလွန်အမင်းနာကျင်ခြင်း
- ရာသီမဟုတ်ဘဲသွေးဆင်းခြင်း စသည်တို့ဖြစ်ပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေအများကြီးရှိတဲ့အနက် မိမိရဲ့အိမ်ထောင်ဖက်ကိုပါ ဆက်ကူးစက်နိုင်တဲ့ရောဂါတွေကတော့ HIV / AIDS ရောဂါ Chlomydia trachomatis , Neisseria gonorrhoea နဲ့ Non-gonococcal urethritis နဲ့ Trichomonas vaginalis အစရှိတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
Chlomydia trachomatis
ရောဂါလက္ခဏာများအနေနဲ့ အမျိုးသမီးများဟာ လိင်ဆက်ဆံရင် အလွန်အမင်းနာကျင်ခြင်းနဲ့ ဆီးပူ၊ဆီးကျင်ခြင်း ၊ ရာသီမဟုတ်ဘဲသွေးဆင်းခြင်း ၊ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းခြင်း ၊ အဖြူဆင်းခြင်းတို့ဖြစ်တတ်ပါတယ်။ အမျိုးသားများ ကတော့ ဆီးပူ၊ဆီးကျင်ခြင်း နဲ့ သဘာဝမဟုတ်သော အရည်များ ထွက်ခြင်းတို့ဖြစ်တတ်ပါတယ်။
Neisseria gonorrhaeae ( ဂနိုရောဂါ )
ဒီရောဂါကတော့ အမျိုးသမီး ၅၀ % မှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ လက္ခဏာ ပြမယ်ဆိုရင်တော့ ဆီးပူတာ ၊ အဖြူဆင်းတာ ဖြစ်နိုင်ပါတယ်။ ဒီဂနိုရောဂါနဲ့ Chlamydia trachomatis ရောဂါနှစ်ခုလုံးမှာ ဆေးကုသမှု (ဆေးထိုး ဆေးသောက်ခြင်း) အစအဆုံးမပြီးမချင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမှာပါ။
Non-gonococcal urethritis
ဆီးသွားတဲ့လမ်းကြောင်းကနေ အဖြူဖတ်တွေ ထွက်တတ်ပါတယ်။ ဆီးအောင့်ပြီး ဆီးသွားရင် နာကျင်မှုခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ ရှိရင်တော့ အိမ်ထောင်ဖက်ရော လူနာရော ကုသမှုခံယူရမှာဖြစ်ပါတယ်။
Trichomonas vaginalis
အမျိုးသမီးများမှာ အဖြစ်များပါတယ်။ မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း၊ ယားယံခြင်းတွေ ခံစားရတတ်ပါတယ်။ ဒီရောဂါဖြစ်ရင် ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးဆိုရင် လမစေ့ဘဲ ကလေးမွေးနိုင်ခြေ ပိုများပါတယ်။ ကလေးကပေါင်မပြည့်ဘဲလည်းမွေးတတ်ပါတယ်။ ဒီရောဂါဖြစ်ရင် အိမ်ထောင်ဖက်ကိုပါ ဆေးကုသမှုခံယူရပါမယ်။ ဆေးကုသမှု မပြီးမချင်း လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ရပါမယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေးဂရုစိုက်ခြင်း၊ လိင်မှုကိစ္စ အပျော်အပါး ရှောင်ကြဉ်ခြင်း၊ မရှောင်ကြဉ်နိုင်လျှင် အကာအကွယ်သုံးခြင်းတို့ကလည်း လိင်မှတစ်ဆင်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားမှူကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ မလွှဲသာလို့ ရောဂါဖြစ်လာရင်တော့ စနစ်တကျဆေးကုသမှုခံယူသင့်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..။
မောင်(ဆေး-၁)
အိမ္ေထာင္ဖက္ကုိကူးစက္ႏုိင္သည့္ လိင္မွတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ား
လိင္မွတစ္ဆင့္ကူးဆက္တဲ့ေရာဂါေတြ ေရာဂါရာဇ၀င္အမ်ိဳးမ်ိဳး၊ ေရာဂါလကၡဏာအမ်ိဳးမ်ိဳးနဲ႔ ကူးစက္ေလ့ရွိပါတယ္။ လူနာအမ်ားစုျဖစ္တဲ့ ေရာဂါလကၡဏာမ်ားကေတာ့
အမ်ိဳးသားမ်ားတြင္
- ဆီးက်င္ျခင္း
- လိင္တံမွ သဘာ၀အတုိင္းမဟုတ္ေသာ အရည္မ်ားထြက္ျခင္း
- လိင္တံတစ္၀ုိက္တြင္ အေရျပားအနာျဖစ္ျခင္း
- ကပၸယ္အိတ္ေရာင္ျခင္း ၊ နာျခင္း
- စအုိႏွင့္တစ္၀ုိက္တြင္ အနာျဖစ္ျခင္း
အမ်ိဳးသမီးမ်ားတြင္
- အျဖဴဆင္းျခင္း
- ဗုိက္ေအာင့္ျခင္း
- ဆီးစပ္ကုိက္ျခင္း
- လိင္အဂၤါတစ္၀ုိက္တြင္ အေရျပားအနာျဖစ္ျခင္း
- လိင္ဆက္ဆံလွ်င္ အလြန္အမင္းနာက်င္ျခင္း
- ရာသီမဟုတ္ဘဲေသြးဆင္းျခင္း စသည္တုိ႕ျဖစ္ပါတယ္။
လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြအမ်ားႀကီးရွိတဲ့အနက္ မိမိရဲ႕အိမ္ေထာင္ဖက္ကုိပါ ဆက္ကူးစက္ႏုိင္တဲ့ေရာဂါေတြကေတာ့ HIV / AIDS ေရာဂါ Chlomydia trachomatis , Neisseria gonorrhoea နဲ႔ Non-gonococcal urethritis နဲ႔ Trichomonas vaginalis အစရွိတဲ့ ေရာဂါေတြပဲ ျဖစ္ပါတယ္။
Chlomydia trachomatis
ေရာဂါလကၡဏာမ်ားအေနနဲ႔ အမ်ိဳးသမီးမ်ားဟာ လိင္ဆက္ဆံရင္ အလြန္အမင္းနာက်င္ျခင္းနဲ႔ ဆီးပူ၊ဆီးက်င္ျခင္း ၊ ရာသီမဟုတ္ဘဲေသြးဆင္းျခင္း ၊ လိင္ဆက္ဆံၿပီးခ်ိန္မွာ ေသြးဆင္းျခင္း ၊ အျဖဴဆင္းျခင္းတုိ႔ျဖစ္တတ္ပါတယ္။ အမ်ိဳးသားမ်ား ကေတာ့ ဆီးပူ၊ဆီးက်င္ျခင္း နဲ႔ သဘာ၀မဟုတ္ေသာ အရည္မ်ား ထြက္ျခင္းတုိ႔ျဖစ္တတ္ပါတယ္။
Neisseria gonorrhaeae ( ဂႏုိေရာဂါ )
ဒီေရာဂါကေတာ့ အမ်ိဳးသမီး ၅၀ % မွာ ေရာဂါလကၡဏာ မျပတတ္ပါဘူး။ လကၡဏာ ျပမယ္ဆုိရင္ေတာ့ ဆီးပူတာ ၊ အျဖဴဆင္းတာ ျဖစ္ႏုိင္ပါတယ္။ ဒီဂႏုိေရာဂါနဲ႔ Chlamydia trachomatis ေရာဂါႏွစ္ခုလံုးမွာ ေဆးကုသမႈ (ေဆးထုိး ေဆးေသာက္ျခင္း) အစအဆံုးမၿပီးမခ်င္း လိင္ဆက္ဆံမႈကုိ ေရွာင္ၾကဥ္ရမွာပါ။
Non-gonococcal urethritis
ဆီးသြားတဲ့လမ္းေၾကာင္းကေန အျဖဴဖတ္ေတြ ထြက္တတ္ပါတယ္။ ဆီးေအာင့္ၿပီး ဆီးသြားရင္ နာက်င္မႈခံစားရတတ္ပါတယ္။ ဒီလုိလကၡဏာေတြ ရွိရင္ေတာ့ အိမ္ေထာင္ဖက္ေရာ လူနာေရာ ကုသမႈခံယူရမွာျဖစ္ပါတယ္။
Trichomonas vaginalis
အမ်ိဳးသမီးမ်ားမွာ အျဖစ္မ်ားပါတယ္။ မိန္းမကုိယ္ကေန အျဖဴဆင္းျခင္း၊ ယားယံျခင္းေတြ ခံစားရတတ္ပါတယ္။ ဒီေရာဂါျဖစ္ရင္ ကုိယ္၀န္ရွိတဲ့ အမ်ိဳးသမီးဆုိရင္ လမေစ့ဘဲ ကေလးေမြးႏုိင္ေျခ ပုိမ်ားပါတယ္။ ကေလးကေပါင္မျပည့္ဘဲလည္းေမြးတတ္ပါတယ္။ ဒီေရာဂါျဖစ္ရင္ အိမ္ေထာင္ဖက္ကုိပါ ေဆးကုသမႈခံယူရပါမယ္။ ေဆးကုသမႈ မၿပီးမခ်င္း လိင္ဆက္ဆံျခင္းကုိေရွာင္ၾကဥ္ရပါမယ္။
တစ္ကုိယ္ရည္ သန္႔ရွင္းေရးဂ႐ုစိုက္ျခင္း၊ လိင္မႈကိစၥ အေပ်ာ္အပါး ေရွာင္ၾကဥ္ျခင္း၊ မေရွာင္ၾကဥ္ႏုိင္လွ်င္ အကာအကြယ္သံုးျခင္းတုိ႔ကလည္း လိင္မွတစ္ဆင္ကူးစက္တဲ့ေရာဂါေတြ ျဖစ္ပြားမႉကုိ ေလွ်ာ့ခ်ေပးႏုိင္ပါလိမ့္မယ္။ မလႊဲသာလုိ႔ ေရာဂါျဖစ္လာရင္ေတာ့ စနစ္တက်ေဆးကုသမႈခံယူသင့္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ..။
ေမာင္(ေဆး-၁)