All Articlesမျိုးဆက်ပွားကျန်းမာရေး

မပေါ့ဆသင့်တဲ့ ပြသနာတစ်ခု – ဒေါက်တာ ဖြိုးသီဟ

1 Mins read

မပေါ့ဆသင့်တဲ့ ပြသနာတစ်ခု – ဒေါက်တာ ဖြိုးသီဟ

တကယ်တော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ နေ့စဉ်လူနေမှုဘဝမှာ ပါဝင်နေတဲ့ကိစ္စပါ။ ဒါနဲ့ပတ်သက်တဲ့ တန်ဖိုးထားမှုတွေကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့အသိုင်းအဝိုင်းမှာဆိုရင် လက်မထပ်ခင် အတူနေတာကို မကောင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် အများက ရှုမြင်ကြပါတယ်။ လက်ထပ်ပြီးမှပဲ အတူနေသင့်တယ်၊ စည်းစောင့်သင့်တယ်။ ဒါကို ယောကျာ်းကောင်း၊ မိန်းမကောင်းလက္ခဏာအဖြစ် ပုံဖော်တတ်ကြတယ်။

နောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေတွေအရ လူငယ်တွေကြားထဲမှာ တန်ဖိုးထားမှုတွေ ပြောင်းလဲလာတယ်။ ဒါကို ယောကျာ်းကောင်း၊ မိန်းမကောင်းဖြစ်ခြင်းနဲ့ ချိတ်ဆက်မတိုင်းတာကြတော့ဘူး။ Relationship တစ်ခုရဲ့ သာမန်ကိစ္စလိုပဲ သဘောထားလာကြတယ်။ ဒါကို မှန်တယ် မှားတယ်လည်း ငြင်းမနေချင်တော့ဘူး။ ဘာလို့ဆိုတော့ ဒါက အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်လို့ပဲ။

သို့သော်လည်း ကျန်းမာရေးအရတော့ ပြောရမှာတွေ ရှိတယ်။ လိင်ဆက်ဆံမှုတစ်ခု ဖြစ်ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ပြဿနာနှစ်ခု ရှိတယ်။ တစ်ခုက ကိုယ်ဝန်ရနိုင်တာ၊ နောက်တစ်ခုကတော့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်တာ။ ကိုယ်ဝန်မရဖို့အတွက်တော့ မတော်တဆ တစ်ကြိမ်တစ်ခါ ဖြစ်သွားတာဆို အရေးပေါ် ကိုယ်ဝန်တားဆေး သုံး။ ပုံမှန်လို အတူနေဖြစ်နေတာဆိုရင်တော့ စွဲသုံးလို့ရတဲ့ ကိုယ်ဝန်တားနည်းတခုခုသုံးပေါ့။

ဒီဆောင်းပါးမှာတော့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါနဲ့ပတ်သက်လို့ ပြောပြချင်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်ဆေးခန်းကို တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် လာတိုင်ပင်ဖူးပါတယ်။ အကြောင်းက သူ့လိင်အင်္ဂါမှာ အနာဖြစ်နေလို့ပါ။ အကျိုးအကြောင်း မေးကြည့်တော့ ပြည့်တန်ဆာတစ်ယောက်နဲ့ အကာအကွယ်မဲ့ အတူနေမိထားပါတယ်တဲ့။ ဒါဆို ကာလသားရောဂါ ဖြစ်နေပြီပေါ့။ HIV ပိုးရှိ မရှိ စစ်ဖို့ကတော့ ဖြစ်တာ ၃ လ မပြည့်သေးတာမို့ မစစ်ပေးလိုက်ရဘူး။ (HIV ပိုးက ဝင်ပြီး ၃ လလောက်နေမှ သိနိုင်တာမို့လို့ပါ) ဒါပေမယ့် စိတ်မကောင်းစရာက ဘာလဲဆိုတော့ သူက အဲ့ဒီပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ နေပြီးတဲ့နောက်ပိုင်းမှာလည်း သူ့ကောင်မလေးနဲ့ အတူတူ နေဖြစ်ခဲ့သေးတာပဲ။ ဒါဆို သူ့ကောင်မလေးမှာလည်း ကာလသားပိုး ရှိနေနိုင်ပြီ။ မိန်းကလေးရဲ့ သဘာဝအရ ယောကျာ်းလေးထက် ရောဂါလက္ခဏာ မြုပ်နေတတ်တာမို့ ဟိုကောင်မလေးက မသိသေးတာ ဖြစ်လိမ့်မယ်။ အဲဒါနဲ့ သူ့ကောင်မလေးကိုပါ ဆေးခန်းခေါ်လာဖို့ ပြောတော့ အကြောက်အကန် ငြင်းတယ်။ ဟုတ်တယ်လေ၊ သိသွားရင် သူတို့နှစ်ယောက် အဆင်မပြေ ဖြစ်တော့မှာပဲ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး၊ လုပ်စရာက ဒီနည်းပဲ ရှိတာမို့ သူ့ကို အကျိုးအကြောင်း သေချာရှင်းပြရတယ်။ ကောင်မလေးကို ပြောပုံပြောနည်းလေးပါ သိသလောက် အကြံပေးလိုက်ရတယ်။

ဆိုလိုတာက ဘာလဲဆိုတော့ ခေတ်အခြေအနေတွေ ပြောင်းလဲလာတာကြောင့် လူငယ်တွေဟာ လက်မထပ်ရသေးဘဲ အတူတူနေကြတယ်။ ဒီနေရာမှာ ကိုယ်ဝန်မရဖို့တော့ သတိထား တားလာကြပေမယ့် ရောဂါမကူးအောင် ကွန်ဒုံးသုံးဖို့ကိုတော့ ပျက်ကွက်နေကြတုန်းပဲ။ အကြောင်းကတော့ ယုံကြည်တာကြောင့်ပေါ့။ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူပဲ၊ ဒီလိုရောဂါပိုးမျိုး ရှိနေမယ်လို့ ဘယ်သံသယဖြစ်ပါ့မလဲ။ ဘယ်ယောကျာ်းလေးကရော ကိုယ့်ကို အဲ့လိုအထင်ခံချင်ပါ့မလဲ။ ဒါပေမယ့် ဘယ်လောက်ပဲ လိင်ကိစ္စ မလိုက်စားပါဘူးဆိုဆို ဒီထဲက ညီလေးလို တစ်ခါတစ်လေ မတော်တဆ မှားသွားတာမျိုး ရှိတတ်တယ်။ HIV ပိုးဆိုတာက တစ်ကြိမ်တစ်ခါတည်းနဲ့လည်း ကူးသွားနိုင်တာမို့ သိပ်သတိထားရပါတယ်။ နောက်ပြီး ဒီပိုးက လိင်ဆက်ဆံရာကတစ်ဆင့်မှ ကူးတာတော့ မဟုတ်ဘူး။ သွေးကနေလည်း ကူးတယ်။ ဒီတော့ တစ်နည်းနည်းနဲ့ ကူးစက်လာတာကို မသိဘဲ အတူနေမိလိုက်ရင် ကိုယ်ကိုယ်တိုင်က မရည်ရွယ်ဘဲနဲ့ တစ်ဖက်မိန်းကလေးဆီ ရောဂါပိုးပြန့်စေနိုင်တာမျိုး ဖြစ်သွားတတ်တယ်။

ဟိုတစ်လောကလည်း မိန်းမလျာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ခု သူက AIDS ဖြစ်နေပြီ။ သူ့ဇာတ်လမ်းက ရင်နင့်စရာလည်း ကောင်းသလို၊ သူပြောတာ ဖတ်ရင်း ပိုရင်နင့်သွားရတာလည်း ရှိတယ်။ ဘာလဲဆိုတော့ နောက်ဆုံးပေါင်းသင်းခဲ့တဲ့ ယောကျာ်းက သူ ရောဂါ ဖြစ်မှန်းလည်းသိရော၊ သူ့ကို စွန့်ပစ်သွားပါသတဲ့၊ ခုတော့ ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းသင်းနေတယ်လို့ သတင်းကြားတယ်တဲ့။ သူတောင် ဒီရောဂါဖြစ်နေမှတော့ အဲဒီယောကျာ်းမှာလည်း ကူးစက်ခံနေရမှာ အသေအချာပါပဲ။ ရောဂါလက္ခဏာ မပြသေးတာပဲ ရှိမယ်။ အဲဒါကို နောက်မိန်းမယူလိုက်တော့ ဒီမိန်းမဆီလည်း ကူးလောက်ပြီ။ ထပ်ပြီး အဲဒီမိန်းမမှာများ ကိုယ်ဝန်ရလာခဲ့ရင်၊ ကျွန်တော် ဆက်မတွေးနိုင်တော့ဘူး။ ဒီလိုနဲ့ မြာပွေတဲ့သူတွေမှ ဖြစ်တယ်လို့ သိခဲ့ကြတဲ့ ဒီရောဂါဟာ ဘုမသိဘမသိ အမျိုးသမီးတွေ၊ ခုမှ လူ့လောကထဲ ရောက်လာတဲ့ ကလေးငယ်တွေမှာပါ တွေ့လာရတော့တာပဲ။

လေ့လာချက်တစ်ခုကိုလည်း ဖတ်ဖူးတယ်။ HIV ပိုး အသစ်ကူးစက်ခံရသူ အိမ်ထောင်သည် အမျိုးသမီးတွေထဲမှာ တော်တော်များများက ကိုယ့်ယောကျာ်းဆီကနေ ကူးစက်ခံရတာ ဖြစ်တယ်။ အဲဒီယောကျာ်းတွေကရော ဘယ်ကနေ ရပါသလဲ။ အပျော်အပါး လိုက်စားခြင်းကနေ အများဆုံးရပါတယ်။ ပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတယ်၊ နောက်ပြီး ခုနောက်ပိုင်းမှာဆို အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာတွေပါ ရှိလာတယ်။

ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ လိင်မှုကိစ္စကို စောင့်ထိန်းဖို့လိုတယ်။ မစောင့်ထိန်းနိုင်တောင် အကာအကွယ်မဲ့ ဆက်ဆံမိတာမျိုး မလုပ်ဖြစ်ဖို့ အရေးကြီးတယ်။ တကယ်လို့ လုပ်မိခဲ့တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောသင့်တယ်။ နောက်ဆုံးအဆင့်၊ မပြောချင်ဘူး၊ မပြောဝံ့ဘူးဆိုတောင် တစ်ဖက်မိန်းကလေးဆီ ဒီရောဂါပိုး ရောက်မသွားအောင် ဆင်ခြင်ရလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အမှုမဲ့အမှတ်မဲ့ နေလိုက်ရင် ကိုယ့်ဆီကို ဒီလိုကုသလို့မရသေးတဲ့ ရောဂါတစ်ခု ရောက်လာနိုင်သလို၊ ကိုယ့်မိန်းကလေး၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်သားသမီးဆီပါ ပြန့်ပွားသွားနိုင်တယ်။

အဲဒီလိုပဲ မိန်းကလေးတွေအနေနဲ့လည်း ဒီလိုကိစ္စတွေ ရှိနိုင်တယ်ဆိုတဲ့ သတိလေး အမြဲထားကြပါ။ ဖြစ်နိုင်ရင် အတူနေတိုင်း အကာအကွယ်သုံးပါ။ နောက်ပြီး နှစ်ဦးသားကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေအောင် တည်ဆောက်ထားပါ။

ဒါဟာ အခုနောက်ပိုင်း လူငယ်တွေကြားမှာ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေအရ မပေါ့ဆသင့်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

မေပါ့ဆသင့္တဲ့ ျပသနာတစ္ခု – ေဒါက္တာ ၿဖိဳးသီဟ

တကယ္ေတာ့ လိင္မႈကိစၥဆိုတာ လူသားတိုင္းရဲ႕ ေန႔စဥ္လူေနမႈဘဝမွာ ပါဝင္ေနတဲ့ကိစၥပါ။ ဒါနဲ႔ပတ္သက္တဲ့ တန္ဖိုးထားမႈေတြကလည္း တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳးနဲ႔ တစ္မ်ိဳး၊ လူတစ္ေယာက္နဲ႔ တစ္ေယာက္ မတူႏိုင္ၾကပါဘူး။ ကြၽန္ေတာ္တို႔ ျမန္မာ့အသိုင္းအဝိုင္းမွာဆိုရင္ လက္မထပ္ခင္ အတူေနတာကို မေကာင္းတဲ့ လုပ္ရပ္တစ္ခုအျဖစ္ အမ်ားက ရႈျမင္ၾကပါတယ္။ လက္ထပ္ၿပီးမွပဲ အတူေနသင့္တယ္၊ စည္းေစာင့္သင့္တယ္။ ဒါကို ေယာက်ာ္းေကာင္း၊ မိန္းမေကာင္းလကၡဏာအျဖစ္ ပုံေဖာ္တတ္ၾကတယ္။

ေနာက္ပိုင္းမွာေတာ့ ေျပာင္းလဲလာတဲ့ ေခတ္အေျခအေနေတြအရ လူငယ္ေတြၾကားထဲမွာ တန္ဖိုးထားမႈေတြ ေျပာင္းလဲလာတယ္။ ဒါကို ေယာက်ာ္းေကာင္း၊ မိန္းမေကာင္းျဖစ္ျခင္းနဲ႔ ခ်ိတ္ဆက္မတိုင္းတာၾကေတာ့ဘူး။ Relationship တစ္ခုရဲ႕ သာမန္ကိစၥလိုပဲ သေဘာထားလာၾကတယ္။ ဒါကို မွန္တယ္ မွားတယ္လည္း ျငင္းမေနခ်င္ေတာ့ဘူး။ ဘာလို႔ဆိုေတာ့ ဒါက အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ျဖစ္လို႔ပဲ။

သို႔ေသာ္လည္း က်န္းမာေရးအရေတာ့ ေျပာရမွာေတြ ရွိတယ္။ လိင္ဆက္ဆံမႈတစ္ခု ျဖစ္ၿပီဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ ျပႆနာႏွစ္ခု ရွိတယ္။ တစ္ခုက ကိုယ္ဝန္ရႏိုင္တာ၊ ေနာက္တစ္ခုကေတာ့ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရႏိုင္တာ။ ကိုယ္ဝန္မရဖို႔အတြက္ေတာ့ မေတာ္တဆ တစ္ႀကိမ္တစ္ခါ ျဖစ္သြားတာဆို အေရးေပၚ ကိုယ္ဝန္တားေဆး သုံး။ ပုံမွန္လို အတူေနျဖစ္ေနတာဆိုရင္ေတာ့ စြဲသုံးလို႔ရတဲ့ ကိုယ္ဝန္တားနည္းတခုခုသုံးေပါ့။

ဒီေဆာင္းပါးမွာေတာ့ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါနဲ႔ပတ္သက္လို႔ ေျပာျပခ်င္ပါတယ္။ ဟိုးလြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ကြၽန္ေတာ့္ေဆးခန္းကို တကၠသိုလ္ေက်ာင္းသားေလးတစ္ေယာက္ လာတိုင္ပင္ဖူးပါတယ္။ အေၾကာင္းက သူ႔လိင္အဂၤါမွာ အနာျဖစ္ေနလို႔ပါ။ အက်ိဳးအေၾကာင္း ေမးၾကည့္ေတာ့ ျပည့္တန္ဆာတစ္ေယာက္နဲ႔ အကာအကြယ္မဲ့ အတူေနမိထားပါတယ္တဲ့။ ဒါဆို ကာလသားေရာဂါ ျဖစ္ေနၿပီေပါ့။ HIV ပိုးရွိ မရွိ စစ္ဖို႔ကေတာ့ ျဖစ္တာ ၃ လ မျပည့္ေသးတာမို႔ မစစ္ေပးလိုက္ရဘူး။ (HIV ပိုးက ဝင္ၿပီး ၃ လေလာက္ေနမွ သိႏိုင္တာမို႔လို႔ပါ) ဒါေပမယ့္ စိတ္မေကာင္းစရာက ဘာလဲဆိုေတာ့ သူက အဲ့ဒီျပည့္တန္ဆာနဲ႔ အကာအကြယ္မဲ့ ေနၿပီးတဲ့ေနာက္ပိုင္းမွာလည္း သူ႔ေကာင္မေလးနဲ႔ အတူတူ ေနျဖစ္ခဲ့ေသးတာပဲ။ ဒါဆို သူ႔ေကာင္မေလးမွာလည္း ကာလသားပိုး ရွိေနႏိုင္ၿပီ။ မိန္းကေလးရဲ႕ သဘာဝအရ ေယာက်ာ္းေလးထက္ ေရာဂါလကၡဏာ ျမဳပ္ေနတတ္တာမို႔ ဟိုေကာင္မေလးက မသိေသးတာ ျဖစ္လိမ့္မယ္။ အဲဒါနဲ႔ သူ႔ေကာင္မေလးကိုပါ ေဆးခန္းေခၚလာဖို႔ ေျပာေတာ့ အေၾကာက္အကန္ ျငင္းတယ္။ ဟုတ္တယ္ေလ၊ သိသြားရင္ သူတို႔ႏွစ္ေယာက္ အဆင္မေျပ ျဖစ္ေတာ့မွာပဲ။ ဒါေပမယ့္လည္း မတတ္ႏိုင္ဘူး၊ လုပ္စရာက ဒီနည္းပဲ ရွိတာမို႔ သူ႔ကို အက်ိဳးအေၾကာင္း ေသခ်ာရွင္းျပရတယ္။ ေကာင္မေလးကို ေျပာပုံေျပာနည္းေလးပါ သိသေလာက္ အႀကံေပးလိုက္ရတယ္။

ဆိုလိုတာက ဘာလဲဆိုေတာ့ ေခတ္အေျခအေနေတြ ေျပာင္းလဲလာတာေၾကာင့္ လူငယ္ေတြဟာ လက္မထပ္ရေသးဘဲ အတူတူေနၾကတယ္။ ဒီေနရာမွာ ကိုယ္ဝန္မရဖို႔ေတာ့ သတိထား တားလာၾကေပမယ့္ ေရာဂါမကူးေအာင္ ကြန္ဒုံးသုံးဖို႔ကိုေတာ့ ပ်က္ကြက္ေနၾကတုန္းပဲ။ အေၾကာင္းကေတာ့ ယုံၾကည္တာေၾကာင့္ေပါ့။ ကိုယ့္ရည္းစား၊ ကိုယ့္ခ်စ္သူပဲ၊ ဒီလိုေရာဂါပိုးမ်ိဳး ရွိေနမယ္လို႔ ဘယ္သံသယျဖစ္ပါ့မလဲ။ ဘယ္ေယာက်ာ္းေလးကေရာ ကိုယ့္ကို အဲ့လိုအထင္ခံခ်င္ပါ့မလဲ။ ဒါေပမယ့္ ဘယ္ေလာက္ပဲ လိင္ကိစၥ မလိုက္စားပါဘူးဆိုဆို ဒီထဲက ညီေလးလို တစ္ခါတစ္ေလ မေတာ္တဆ မွားသြားတာမ်ိဳး ရွိတတ္တယ္။ HIV ပိုးဆိုတာက တစ္ႀကိမ္တစ္ခါတည္းနဲ႔လည္း ကူးသြားႏိုင္တာမို႔ သိပ္သတိထားရပါတယ္။ ေနာက္ၿပီး ဒီပိုးက လိင္ဆက္ဆံရာကတစ္ဆင့္မွ ကူးတာေတာ့ မဟုတ္ဘူး။ ေသြးကေနလည္း ကူးတယ္။ ဒီေတာ့ တစ္နည္းနည္းနဲ႔ ကူးစက္လာတာကို မသိဘဲ အတူေနမိလိုက္ရင္ ကိုယ္ကိုယ္တိုင္က မရည္႐ြယ္ဘဲနဲ႔ တစ္ဖက္မိန္းကေလးဆီ ေရာဂါပိုးျပန႔္ေစႏိုင္တာမ်ိဳး ျဖစ္သြားတတ္တယ္။

ဟိုတစ္ေလာကလည္း မိန္းမလ်ာတစ္ေယာက္ရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ ဖတ္လိုက္ရတယ္။ ခု သူက AIDS ျဖစ္ေနၿပီ။ သူ႔ဇာတ္လမ္းက ရင္နင့္စရာလည္း ေကာင္းသလို၊ သူေျပာတာ ဖတ္ရင္း ပိုရင္နင့္သြားရတာလည္း ရွိတယ္။ ဘာလဲဆိုေတာ့ ေနာက္ဆုံးေပါင္းသင္းခဲ့တဲ့ ေယာက်ာ္းက သူ ေရာဂါ ျဖစ္မွန္းလည္းသိေရာ၊ သူ႔ကို စြန႔္ပစ္သြားပါသတဲ့၊ ခုေတာ့ ရပ္ကြက္တစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေပါင္းသင္းေနတယ္လို႔ သတင္းၾကားတယ္တဲ့။ သူေတာင္ ဒီေရာဂါျဖစ္ေနမွေတာ့ အဲဒီေယာက်ာ္းမွာလည္း ကူးစက္ခံေနရမွာ အေသအခ်ာပါပဲ။ ေရာဂါလကၡဏာ မျပေသးတာပဲ ရွိမယ္။ အဲဒါကို ေနာက္မိန္းမယူလိုက္ေတာ့ ဒီမိန္းမဆီလည္း ကူးေလာက္ၿပီ။ ထပ္ၿပီး အဲဒီမိန္းမမွာမ်ား ကိုယ္ဝန္ရလာခဲ့ရင္၊ ကြၽန္ေတာ္ ဆက္မေတြးႏိုင္ေတာ့ဘူး။ ဒီလိုနဲ႔ ျမာေပြတဲ့သူေတြမွ ျဖစ္တယ္လို႔ သိခဲ့ၾကတဲ့ ဒီေရာဂါဟာ ဘုမသိဘမသိ အမ်ိဳးသမီးေတြ၊ ခုမွ လူ႔ေလာကထဲ ေရာက္လာတဲ့ ကေလးငယ္ေတြမွာပါ ေတြ႕လာရေတာ့တာပဲ။

ေလ့လာခ်က္တစ္ခုကိုလည္း ဖတ္ဖူးတယ္။ HIV ပိုး အသစ္ကူးစက္ခံရသူ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြထဲမွာ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ေယာက်ာ္းဆီကေန ကူးစက္ခံရတာ ျဖစ္တယ္။ အဲဒီေယာက်ာ္းေတြကေရာ ဘယ္ကေန ရပါသလဲ။ အေပ်ာ္အပါး လိုက္စားျခင္းကေန အမ်ားဆုံးရပါတယ္။ ျပည့္တန္ဆာနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံတယ္၊ ေနာက္ၿပီး ခုေနာက္ပိုင္းမွာဆို အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံတာေတြပါ ရွိလာတယ္။

ဒါေၾကာင့္မို႔ အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ရဲ႕ လိင္မႈကိစၥကို ေစာင့္ထိန္းဖို႔လိုတယ္။ မေစာင့္ထိန္းႏိုင္ေတာင္ အကာအကြယ္မဲ့ ဆက္ဆံမိတာမ်ိဳး မလုပ္ျဖစ္ဖို႔ အေရးႀကီးတယ္။ တကယ္လို႔ လုပ္မိခဲ့တယ္ဆိုလည္း ပြင့္ပြင့္လင္းလင္း ဖြင့္ဟေျပာသင့္တယ္။ ေနာက္ဆုံးအဆင့္၊ မေျပာခ်င္ဘူး၊ မေျပာဝံ့ဘူးဆိုေတာင္ တစ္ဖက္မိန္းကေလးဆီ ဒီေရာဂါပိုး ေရာက္မသြားေအာင္ ဆင္ျခင္ရလိမ့္မယ္။ အဲဒီလိုမဟုတ္ဘဲ အမႈမဲ့အမွတ္မဲ့ ေနလိုက္ရင္ ကိုယ့္ဆီကို ဒီလိုကုသလို႔မရေသးတဲ့ ေရာဂါတစ္ခု ေရာက္လာႏိုင္သလို၊ ကိုယ့္မိန္းကေလး၊ ကိုယ့္အိမ္ေထာင္ဖက္၊ ကိုယ့္သားသမီးဆီပါ ျပန႔္ပြားသြားႏိုင္တယ္။

အဲဒီလိုပဲ မိန္းကေလးေတြအေနနဲ႔လည္း ဒီလိုကိစၥေတြ ရွိႏိုင္တယ္ဆိုတဲ့ သတိေလး အၿမဲထားၾကပါ။ ျဖစ္ႏိုင္ရင္ အတူေနတိုင္း အကာအကြယ္သုံးပါ။ ေနာက္ၿပီး ႏွစ္ဦးသားၾကားမွာ ပြင့္လင္းတဲ့ ဆက္ဆံေရးတစ္ခုရွိေနေအာင္ တည္ေဆာက္ထားပါ။

ဒါဟာ အခုေနာက္ပိုင္း လူငယ္ေတြၾကားမွာ ေျပာင္းလဲလာတဲ့ လူေနမႈပုံစံေတြအရ မေပါ့ဆသင့္တဲ့ ကိစၥတစ္ခုပဲ ျဖစ္ပါတယ္။

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…