လူတိုင်းသိထားသင့်တဲ့ လိင်အကြမ်းဖက်ခြင်းအကြောင်း
*Sexual Harassment ဆိုတာဘာလဲ?
လူတစ်ဦးနဲ့တစ်ဦး လိင်ကွဲပြားမှုနဲ့ လိင်မှုကိစ္စကို စော်ကားခြင်းဖြစ်ပါတယ်။ လုပ်ဆောင်မှုတွေကအမျိုးမျိုးရှိနိုင်ပါတယ်။ စကားနဲ့ဖြစ်စေ၊ ကိုယ်အမူအရာနဲ့ဖြစ်စေ စော်ကားခြင်း၊ ကာယကံရှင် မလိုလားတဲ့ လိင်မှုကိစ္စအပေါ် စော်ကားနှောင့်ယှက်ခြင်း၊ အလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စော်ကားနှောင့်ယှက်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။
လိင်အကြမ်းဖက်မှု၊ စော်ကားနှောင့်ယှက်မှုဟာ နေရာဌာနမျိုးစုံမှာဖြစ်နိုင်ပါတယ်။ အလုပ်ခွင်၊ ကျောင်း၊ သင်တန်း၊ ခရီးသွားနေစဉ်လမ်းမှာဖြစ်ဖြစ်၊ လမ်းခုလတ်တစ်နေရာရာမှာဖြစ်ဖြစ် နေရာမရွေးဖြစ်နိုင်ပါတယ်။
-စော်ကားသူဟာ မည်သူမဆိုဖြစ်နိုင်ပါတယ်။ မိမိအလုပ်ရဲ့ စားသုံးသူ၊ဖောက်သည်၊ ကျောင်းကဆရာ၊ အလုပ်တူတူတွဲလုပ်နေတဲ့သူ ကနေ မိဘ နဲ့ အုပ်ထိန်းသူတွေအထိ ဖြစ်နိုင်ပါတယ်။
-နေရာကလည်း ကျောင်း၊ရုံးအပြင် နေရာမျိုးစုံမှာဖြစ်နိုင်ပါတယ်။
-ဒီလိုစော်ကားနှောင့်ယှက်တာကို မျက်မြင်သက်သေ မရှိတာလည်း ဖြစ်လာနိုင်ပါတယ်။
-တစ်ခါတစ်ရံမှာ စော်ကားသူဟာ သူလုပ်လိုက်တဲ့အလုပ် (သို့မဟုတ်) အပြောအဆိုဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြစ်သွားတယ်ဆိုတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအလုပ်ဟာမလုပ်သင့်ဘူးဆိုတာကို စဉ်းစားနိုင်တဲ့ ဉာဏ်ရည်မရှိတာမျိုးပါ။
-Sexual Harassment ဟာ တစ်ကြိမ်တစ်ခါတည်းဖြစ်တာမျိုးရှိသလို ထပ်ခါထပ်ခါပြုလုပ်ခံနေရတာမျိုးလည်းရှိပါတယ်။
-ပြုလုပ်ခံရတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်၊လူမှုရေးချို့ယွင်းချက်တွေ၊ အအိပ် အစား မမှန်မှုတွေ၊ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်လာနိုင်ပါတယ်။
-ပြုလုပ်ခံရသူနဲ့ စော်ကားသူဟာ လိင်ကွဲပြားချင်မှကွဲပြားပါလိမ့်မယ်။ ဆန့်ကျင်ဘက်လိင်လည်းဖြစ်နိုင်သလို အမျိုးသားချင်း၊ အမျိုးသမီးချင်းလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
ဒီအချက်ကအလွန်အရေးကြီးပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊စော်ကားခံရမှုကို ပြုလုပ်ခံရသူဘက်က သိရှိဖို့လည်းလိုပါတယ်။ တရားဥပဒေအရ ပြန်လည်ရင်ဆိုင်ဖြေရှင်းဖို့လည်းလိုပါတယ်။
မူလတန်းကျောင်း၊ အလယ်တန်းကျောင်းကစပြီး ကောလိပ်၊တက္ကသိုလ်ထိ လိင်အကြမ်းဖက်မှုဟာ လူမှုရေးမှာ အင်မတန်စက်ဆုပ်စရာ၊ရှောင်ကြဉ်စရာ အမူအကျင့်ဖြစ်ကြောင်း သိရှိစေရပါမယ်။ Behavioural change လို့ခေါ်တဲ့ လူတွေရဲ့ အမူအကျင့်ကို ပြုပြင်ပြောင်းလဲပေးရပါမယ်။ ပတ်ဝန်းကျင်ကလည်း ပြုလုပ်ခံရသူကို အပြစ်တင်တဲ့ အမူအကျင့်မျိုးမရှိသင့်ပါဘူး။ အဲဒီလို အမူအကျင့်များရှိရင် စော်ကားသူကို အားပေးအားမြှောက်ပြုတာနဲ့ တူပါတယ်။
မိဘအုပ်ထိန်းသုူတိုင်းကလည်း ဒီအကြောင်းကိုသိရှိထားပြီး မိမိရဲ့သားပျို သမီးပျိုတိုင်းကို ဒီလိုလိင်မှုအကြမ်းဖက်ခြင်း၊ စော်ကားခြင်းမခံရအောင် အသိပညာပေးထားဖို့ လိုအပ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
လူတိုင္းသိထားသင့္တဲ့ လိင္အၾကမ္းဖက္ျခင္းအေၾကာင္း
*Sexual Harassment ဆိုတာဘာလဲ?
လူတစ္ဦးနဲ႔တစ္ဦး လိင္ကြဲျပားမႈနဲ႔ လိင္မႈကိစၥကို ေစာ္ကားျခင္းျဖစ္ပါတယ္။ လုပ္ေဆာင္မႈေတြကအမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ စကားနဲ႔ျဖစ္ေစ၊ ကိုယ္အမူအရာနဲ႔ျဖစ္ေစ ေစာ္ကားျခင္း၊ ကာယကံရွင္ မလိုလားတဲ့ လိင္မႈကိစၥအေပၚ ေစာ္ကားေႏွာင့္ယွက္ျခင္း၊ အလုပ္ခြင္မွာ လိင္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး ေစာ္ကားေႏွာင့္ယွက္ျခင္း စသျဖင့္ အမ်ိဳးမ်ိဳးရွိပါတယ္။
လိင္အၾကမ္းဖက္မႈ၊ ေစာ္ကားေႏွာင့္ယွက္မႈဟာ ေနရာဌာနမ်ိဳးစံုမွာျဖစ္ႏိုင္ပါတယ္။ အလုပ္ခြင္၊ ေက်ာင္း၊ သင္တန္း၊ ခရီးသြားေနစဥ္လမ္းမွာျဖစ္ျဖစ္၊ လမ္းခုလတ္တစ္ေနရာရာမွာျဖစ္ျဖစ္ ေနရာမေရြးျဖစ္ႏိုင္ပါတယ္။
-ေစာ္ကားသူဟာ မည္သူမဆိုျဖစ္ႏိုင္ပါတယ္။ မိမိအလုပ္ရဲ႕ စားသံုးသူ၊ေဖာက္သည္၊ ေက်ာင္းကဆရာ၊ အလုပ္တူတူတြဲလုပ္ေနတဲ့သူ ကေန မိဘ နဲ႔ အုပ္ထိန္းသူေတြအထိ ျဖစ္ႏိုင္ပါတယ္။
-ေနရာကလည္း ေက်ာင္း၊ရံုးအျပင္ ေနရာမ်ိဳးစံုမွာျဖစ္ႏိုင္ပါတယ္။
-ဒီလိုေစာ္ကားေႏွာင့္ယွက္တာကို မ်က္ျမင္သက္ေသ မရွိတာလည္း ျဖစ္လာႏိုင္ပါတယ္။
-တစ္ခါတစ္ရံမွာ ေစာ္ကားသူဟာ သူလုပ္လိုက္တဲဲ့အလုပ္ (သို႔မဟုတ္) အေျပာအဆိုဟာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈျဖစ္သြားတယ္ဆိုတာကို မသိတာလည္းျဖစ္ႏိုင္ပါတယ္။ ဒီလိုအလုပ္ဟာမလုပ္သင့္ဘူးဆိုတာကို စဥ္းစားႏိုင္တဲ့ ဉာဏ္ရည္မရွိတာမ်ိဳးပါ။
-Sexual Harassment ဟာ တစ္ႀကိမ္တစ္ခါတည္းျဖစ္တာမ်ိဳးရွိသလို ထပ္ခါထပ္ခါျပဳလုပ္ခံေနရတာမ်ိဳးလည္းရွိပါတယ္။
-ျပဳလုပ္ခံရတဲ့သူဟာ စိတ္ပိုင္းဆိုင္ရာအေႏွာင့္အယွက္၊လူမႈေရးခ်ိဳ႕ယြင္းခ်က္ေတြ၊ အအိပ္ အစား မမွန္မႈေတြ၊ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြျဖစ္လာႏိုင္ပါတယ္။
-ျပဳလုပ္ခံရသူနဲ႔ ေစာ္ကားသူဟာ လိင္ကြဲျပားခ်င္မွကြဲျပားပါလိမ့္မယ္။ ဆန္႔က်င္ဘက္လိင္လည္းျဖစ္ႏိုင္သလို အမ်ိဳးသားခ်င္း၊ အမ်ိဳးသမီးခ်င္းလည္း ျဖစ္ႏိုင္ပါတယ္။
ဘယ္လိုကာကြယ္ၾကမလဲ?
ဒီအခ်က္ကအလြန္အေရးႀကီးပါတယ္။ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈ၊ေစာ္ကားခံရမႈကို ျပဳလုပ္ခံရသူဘက္က သိရွိဖို႔လည္းလိုပါတယ္။ တရားဥပေဒအရ ျပန္လည္ရင္ဆိုင္ေျဖရွင္းဖို႔လည္းလိုပါတယ္။
မူလတန္းေက်ာင္း၊ အလယ္တန္းေက်ာင္းကစၿပီး ေကာလိပ္၊တကၠသိုလ္ထိ လိင္အၾကမ္းဖက္မႈဟာ လူမႈေရးမွာ အင္မတန္စက္ဆုပ္စရာ၊ေရွာင္ၾကဥ္စရာ အမူအက်င့္ျဖစ္ေၾကာင္း သိရွိေစရပါမယ္။ Behavioural change လို႔ေခၚတဲ့ လူေတြရဲ႕ အမူအက်င့္ကို ျပဳျပင္ေျပာင္းလဲေပးရပါမယ္။ ပတ္ဝန္းက်င္ကလည္း ျပဳလုပ္ခံရသူကို အျပစ္တင္တဲ့ အမူအက်င့္မ်ိဳးမရွိသင့္ပါဘူး။ အဲဒီလို အမူအက်င့္မ်ားရွိရင္ ေစာ္ကားသူကို အားေပးအားေျမႇာက္ျပဳတာနဲ႔ တူပါတယ္။
မိဘအုပ္ထိန္းသုူတိုင္းကလည္း ဒီအေၾကာင္းကိုသိရွိထားၿပီး မိမိရဲ႕သားပ်ိဳ သမီးပိ်ဳတိုင္းကို ဒီလိုလိင္မႈအၾကမ္းဖက္ျခင္း၊ ေစာ္ကားျခင္းမခံရေအာင္ အသိပညာေပးထားဖို႔ လိုအပ္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)