“ဆရာ… ကျွန်တော် ဝင်ခဲ့မယ်နော်”
အသံနဲ့အတူ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ဆေးခန်း ထဲကို ဝင်လာတယ်။ ကြည့်လိုက်တော့ မတွေ့တာ ကြာပြီဖြစ်တဲ့ ကိုပိုင်… ကျွန်တော်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား… အိမ်ချင်းကပ်ရပ်နေသွားဖူးသူ….။
“လာဗျာ….ကိုပိုင်…. မတွေ့တာ ကြာပြီ… ဘာထူးလဲ ”
“ကိစ္စကတော့ ထူးတယ်ပြောလဲ ဖြစ်… မထူးဘူးပြောလဲ ဖြစ်တာပဲ ဆရာရေ”
“ဒီလိုဗျ…. ဟိုတလောက ကျွန်တော့် အပေါင်းအသင်း တွေနဲ့ ဆုံတော့…. အငြင်းအခုန်လေးတစ်ခုဖြစ်ကြတယ်… ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာရယ်…. အသက်ကြီးလာတဲ့အခါ လိင်စွမ်းဆောင်ရည် ကျမကျ သိချင်ကြတာ… ကျွန်တော်တို့အရွယ်ကလဲ လေးဆယ်တန်းရောက်ပြီဆိုတော့ သိချင်လာလို့ ဆရာရေ”
မျက်နှာနီနီနဲ့ ရှက်ကိုးရှက်ကန်းမေးလာတဲ့ ကိုပိုင့်ကြောင့် ကျွန်တော် ရယ်မောဖြစ်သွားတယ်..။
“ဟုတ်ကဲ့ပါ.. ကိုပိုင်ရေ… ကိုပိုင် သိချငိတာ ကောင်းပါတယ်….ဒါလဲ ကိုယ့်ကျန်းမာရေး လူမှူရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စ ပဲလေ..နော့”
“ပြောရရင်တော့ ကိုပိုင်ရေ…. လူတစ်ယောက်အသက်ကြီးလာရင် လိင်စွမ်းဆောင်ရညိ ကျမကျဆိုတာ ယျေဘူယျအားဖြင့် ခြုံပြောရရင်တော့ သူလူငယ်တုန်းကနဲ့ ယှဉ်ရင်တော့ ကျတတ်တယ်ပဲဆိုရမယ်….”
“တချို့ကျတော့လဲ ဖွဲတစ်ဆုပ်နိုင်ရုံနဲ့ စွမ်းသေးတယ် ဘာညာပြောကြတာကရော ဆရာ”
“မှန်တယ်…. ကိုပိုင်… ဒီစကားကလဲ အလဟသတ်ပေါ်လာတာတော့ မဟုတ်ဘူး…. အသက်အရွယ် ရလာတဲ့အခါ သူငယ်စဉ်တုန်းကထက်စာရင်…. testosterone လို့ခေါ်တဲ့ ကျားဟော်မုနိးပမာဏ ကျလာတတ်တယ်…. စိတ်ပါဝင်မှူလဲ နည်းလာနိုင်တယ်…လိင်အဂါ်က ထိတွေ့မှုကိုသိနိုင်စွမ်းလဲ လျော့နည်းလာတတ်တယ်…ထောင်မတ်နိုင်စွမ်းတွေ ကျတတ်တယ်…
ဒါပေမယ့် ဒါက ယျေဘုယျသဘောသက်သက်ကို ပြောတာပါ… လူတစ်ယောက်ချင်းစီအလိုက် လိင်စိတ်နဲ့ စွမ်းဆောင်ရည် ဟာ ကွဲပြားမှူ ရှိတယ်ဗျို့…
တချို့ အသက်ရှစ်တယ်တွင်း ရောက်နေပေမယ့် ပုံမှန်စွမ်းဆောင်နိုင်နေတာတွေလဲ ရှိတတ်တာပဲ… ဒါကြောင့်လဲ ဒီလို စကားပုံ တွေပေါ်လာတာ”
“တချို့တွေက ဆရာပြောတဲ့ ကျားဟော်မုန်းဆေးကို ထိုးကြတာတွေလဲ ကြားဖူးတယ်… အဲဒါ ကောင်းလာဆရာ…ထိုးသင့်လား”
“ဒီလိုဗျ…. ထိုးသင့်တယ် မထိုးသင့်ဘူး မပြောခင်…ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုး တွေလဲ သိထားသင့်တယ်ဗျ…. သွေးတိုး နှလုံးသွေးကြောကျဉ်း အသည်းရောဂါနဲ့ လေဖြတ်နိုင်ခြေတွေ ဒီဆေးက များစေတယ်ဗျ… တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေး အခြေအနေတွေက လဲ မတူနိုင်ကြတော့ သက်ဆိုင်ရာ ဆရာဂန်နဲ့သေချာအရင် တိုင်ပင်ပြီးမှ ထိုးမထိုး ဆုံးဖြတ်သင့်တယ် ကိုပိုင်ရေ ”
“ကျေးဇူးပဲ ဆရာရေ…. ဆရာပြောမှပဲ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်တယ်… ကျွန်တော်သာဆိုရင်တော့ တော်ရုံ နဲ့ ထိုးဖြစ်မယ်မထင်ဘူး ဆရာရေ…. ကိုယ့်အသက်ထက်စာရင်တော့ လိင်ကိစ္စဆိုတာက အရေးကြီးလွန်းတဲ့ ကိစ္စတော့မဟုတ်ဘူးမလား… တော်ရုံ စွမ်းဆောင်ရည် ကတော့ လူတိုင်းမှာ ရှိတာပဲ… တန်ဆေး လွန်ဘေးဆိုသလိုပေါ့ ဆရာရယ်…နော်”
“သိပ်မှန်တာပေါ့ ကိုပိုင်ရေ….. အသက်ကြီးလို့ စွမ်းဆောင်ရည်ကျတယ်ဆိုတာက လူတိုင်းမှာလဲ ဖြစ်ချင်မှ ဖြစ်မှာပါ… နောက်တခု ဒီလိုစွမ်းဆောင်ရည်ဆိုတာက အရွယ်တစ်ခုတည်းကြောင့်သာမက…. စိတ်ဖိစီးမှူများတာ ပင်ပန်းလွန်းတာ.. အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဖိအားတွေရှိနေတာ… နာတာရှည် ဂေါဂါတခုခုရှိနေတာ… အဲ… တချို့ဆေးဝါးတွေ…ဒီလိုအချက်တွေကြောင့်လဲ ကျနိုင်သေးသတဲ့ ကိုပိုင်ရ…. နောက်အရေးကြီးတဲ့ တစ်ချက်က ကိုယ့်ရဲ့ partner သို့မဟုတ် အိမ်ထောင်ဖက် နဲ့ ရင်းနှီးခိုင်မာအဆင်ပြေတဲ့ relationship မျိုးရှိခြင်းမရှိခြင်းကလဲ…. လိင်စွမ်းဆောင်ရညိ အပေါ် သက်ရောက်မှူရှိသတဲ့ဗျာ”
“သဘောပေါက်ပြီ ဆရာရေ့….. ဒီလိုဆို ကိုယ့်တစ်ကိုယ်ရည်ကျန်းမာရေးကို ဂရုစိုက်တာက ခန္ဓာကိုယ်ကျန်းမာရေး အတွက်သာမက… ဒီလိုစွမ်းဆောင်ရည်အပါအဝင် တခြားကိစ္စတွေမှာပါ ကောင်းကျိုးပြုနိုင်တာပေါ့နော်… ဆရာ”
“ဒါပေါ့ဗျာ…လိင်ကိစ္စ တခုတည်းမဟုတ်ဘဲ အခြားကျန်းမာရေး… လူမှူရေး… တွေမှာ ချက်ညီညီနဲ့ balanced life ကိုထားရှိတာ….ကိုယ့်မှာရှိတဲ့အရာတွေကို ရောင့်ရဲ တန်ဖိုးထား တတ်ရင် ကျေနပ်နှစ်သိမ့်ဖွယ် ဘဝကို အရွယ်သုံးပါးမရွေး ရနိုင်ပါတယ် ဗျ”
“ဟုတ်ကဲ့ပါ..ဆရာရေ့… ကျေးဇူးအများကြီးတင်သလို ဗဟုသုတလဲ ရတယ်ဗျို့…နောက်လဲ လာခဲ့ပါဦးမယ်”
ပြောပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ဆေးခန်းက ပြန်ထွက်သွားတဲ့ ကိုပိုင့်ကိုကြည့်ရင်း ကျွန်တော် ပြုံးနေမိပါတော့တယ်….။
စိမ်းမိုးစက်
“ဆရာ… ကြၽန္ေတာ္ ဝင္ခဲ့မယ္ေနာ္”
အသံနဲ႔အတူ သက္လတ္ပိုင္း အမ်ိဳးသားတစ္ေယာက္ ေဆးခန္း ထဲကို ဝင္လာတယ္။ ၾကည့္လိုက္ေတာ့ မေတြ႔တာ ၾကာၿပီျဖစ္တဲ့ ကိုပိုင္… ကြၽန္ေတာ္နဲ႔ ငယ္စဥ္ကတည္းက ရင္းႏွီးၿပီးသား… အိမ္ခ်င္းကပ္ရပ္ေနသြားဖူးသူ….။
“လာဗ်ာ….ကိုပိုင္…. မေတြ႔တာ ၾကာၿပီ… ဘာထူးလဲ ”
“ကိစၥကေတာ့ ထူးတယ္ေျပာလဲ ျဖစ္… မထူးဘူးေျပာလဲ ျဖစ္တာပဲ ဆရာေရ”
“ဒီလိုဗ်…. ဟိုတေလာက ကြၽန္ေတာ့္ အေပါင္းအသင္း ေတြနဲ႔ ဆံုေတာ့…. အျငင္းအခုန္ေလးတစ္ခုျဖစ္ၾကတယ္… ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆရာရယ္…. အသက္ႀကီးလာတဲ့အခါ လိင္စြမ္းေဆာင္ရည္ က်မက် သိခ်င္ၾကတာ… ကြၽန္ေတာ္တို႔အရြယ္ကလဲ ေလးဆယ္တန္းေရာက္ၿပီဆိုေတာ့ သိခ်င္လာလို႔ ဆရာေရ”
မ်က္ႏွာနီနီနဲ႔ ႐ွက္ကိုး႐ွက္ကန္းေမးလာတဲ့ ကိုပိုင့္ေၾကာင့္ ကြၽန္ေတာ္ ရယ္ေမာျဖစ္သြားတယ္..။
“ဟုတ္ကဲ့ပါ.. ကိုပိုင္ေရ… ကိုပိုင္ သိခ်ငိတာ ေကာင္းပါတယ္….ဒါလဲ ကိုယ့္က်န္းမာေရး လူမႉေရးနဲ႔ ဆက္ႏြယ္ေနတဲ့ ကိစၥ ပဲေလ..ေနာ့”
“ေျပာရရင္ေတာ့ ကိုပိုင္ေရ…. လူတစ္ေယာက္အသက္ႀကီးလာရင္ လိင္စြမ္းေဆာင္ရညိ က်မက်ဆိုတာ ေယ်ဘူယ်အားျဖင့္ ျခံဳေျပာရရင္ေတာ့ သူလူငယ္တုန္းကနဲ႔ ယွဥ္ရင္ေတာ့ က်တတ္တယ္ပဲဆိုရမယ္….”
“တခ်ိဳ႕က်ေတာ့လဲ ဖြဲတစ္ဆုပ္ႏိုင္ရံုနဲ႔ စြမ္းေသးတယ္ ဘာညာေျပာၾကတာကေရာ ဆရာ”
“မွန္တယ္…. ကိုပိုင္… ဒီစကားကလဲ အလဟသတ္ေပၚလာတာေတာ့ မဟုတ္ဘူး…. အသက္အရြယ္ ရလာတဲ့အခါ သူငယ္စဥ္တုန္းကထက္စာရင္…. testosterone လို႔ေခၚတဲ့ က်ားေဟာ္မုနိးပမာဏ က်လာတတ္တယ္…. စိတ္ပါဝင္မႉလဲ နည္းလာႏိုင္တယ္…လိင္အဂၚက ထိေတြ႔မႈကိုသိႏိုင္စြမ္းလဲ ေလ်ာ့နည္းလာတတ္တယ္…ေထာင္မတ္ႏိုင္စြမ္းေတြ က်တတ္တယ္…
ဒါေပမယ့္ ဒါက ေယ်ဘုယ်သေဘာသက္သက္ကို ေျပာတာပါ… လူတစ္ေယာက္ခ်င္းစီအလိုက္ လိင္စိတ္နဲ႔ စြမ္းေဆာင္ရည္ ဟာ ကြဲျပားမႉ ႐ွိတယ္ဗ်ိဳ႕…
တခ်ိဳ႕ အသက္႐ွစ္တယ္တြင္း ေရာက္ေနေပမယ့္ ပံုမွန္စြမ္းေဆာင္ႏိုင္ေနတာေတြလဲ ႐ွိတတ္တာပဲ… ဒါေၾကာင့္လဲ ဒီလို စကားပံု ေတြေပၚလာတာ”
“တခ်ိဳ႕ေတြက ဆရာေျပာတဲ့ က်ားေဟာ္မုန္းေဆးကုိ ထိုးၾကတာေတြလဲ ၾကားဖူးတယ္… အဲဒါ ေကာင္းလာဆရာ…ထိုးသင့္လား”
“ဒီလိုဗ်…. ထိုးသင့္တယ္ မထိုးသင့္ဘူး မေျပာခင္…ဒီေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳး ေတြလဲ သိထားသင့္တယ္ဗ်…. ေသြးတိုး ႏွလံုးေသြးေၾကာက်ဥ္း အသည္းေရာဂါနဲ႔ ေလျဖတ္ႏိုင္ေျခေတြ ဒီေဆးက မ်ားေစတယ္ဗ်… တစ္ေယာက္နဲ႔ တစ္ေယာက္ က်န္းမာေရး အေျခအေနေတြက လဲ မတူႏိုင္ၾကေတာ့ သက္ဆိုင္ရာ ဆရာဂန္နဲ႔ေသခ်ာအရင္ တိုင္ပင္ၿပီးမွ ထိုးမထိုး ဆံုးျဖတ္သင့္တယ္ ကိုပိုင္ေရ ”
“ေက်းဇူးပဲ ဆရာေရ…. ဆရာေျပာမွပဲ ႐ွင္း႐ွင္းလင္းလင္း သေဘာေပါက္သင့္တယ္… ကြၽန္ေတာ္သာဆိုရင္ေတာ့ ေတာ္ရံု နဲ႔ ထိုးျဖစ္မယ္မထင္ဘူး ဆရာေရ…. ကိုယ့္အသက္ထက္စာရင္ေတာ့ လိင္ကိစၥဆိုတာက အေရးႀကီးလြန္းတဲ့ ကိစၥေတာ့မဟုတ္ဘူးမလား… ေတာ္ရံု စြမ္းေဆာင္ရည္ ကေတာ့ လူတိုင္းမွာ ႐ွိတာပဲ… တန္ေဆး လြန္ေဘးဆိုသလိုေပါ့ ဆရာရယ္…ေနာ္”
“သိပ္မွန္တာေပါ့ ကိုပိုင္ေရ….. အသက္ႀကီးလို႔ စြမ္းေဆာင္ရည္က်တယ္ဆိုတာက လူတိုင္းမွာလဲ ျဖစ္ခ်င္မွ ျဖစ္မွာပါ… ေနာက္တခု ဒီလိုစြမ္းေဆာင္ရည္ဆိုတာက အရြယ္တစ္ခုတည္းေၾကာင့္သာမက…. စိတ္ဖိစီးမႉမ်ားတာ ပင္ပန္းလြန္းတာ.. အလုပ္အကိုင္နဲ႔ပတ္သက္တဲ့ ဖိအားေတြ႐ွိေနတာ… နာတာ႐ွည္ ေဂါဂါတခုခု႐ွိေနတာ… အဲ… တခ်ိဳ႕ေဆးဝါးေတြ…ဒီလိုအခ်က္ေတြေၾကာင့္လဲ က်ႏိုင္ေသးသတဲ့ ကိုပိုင္ရ…. ေနာက္အေရးႀကီးတဲ့ တစ္ခ်က္က ကိုယ့္ရဲ႕ partner သို႔မဟုတ္ အိမ္ေထာင္ဖက္ နဲ႔ ရင္းႏွီးခိုင္မာအဆင္ေျပတဲ့ relationship မ်ိဳး႐ွိျခင္းမ႐ွိျခင္းကလဲ…. လိင္စြမ္းေဆာင္ရညိ အေပၚ သက္ေရာက္မႉ႐ွိသတဲ့ဗ်ာ”
“သေဘာေပါက္ၿပီ ဆရာေရ႕….. ဒီလိုဆို ကိုယ့္တစ္ကိုယ္ရည္က်န္းမာေရးကို ဂ႐ုစိုက္တာက ခႏၶာကိုယ္က်န္းမာေရး အတြက္သာမက… ဒီလိုစြမ္းေဆာင္ရည္အပါအဝင္ တျခားကိစၥေတြမွာပါ ေကာင္းက်ိဳးျပဳႏိုင္တာေပါ့ေနာ္… ဆရာ”
“ဒါေပါ့ဗ်ာ…လိင္ကိစၥ တခုတည္းမဟုတ္ဘဲ အျခားက်န္းမာေရး… လူမႉေရး… ေတြမွာ ခ်က္ညီညီနဲ႔ balanced life ကိုထား႐ွိတာ….ကိုယ့္မွာ႐ွိတဲ့အရာေတြကို ေရာင့္ရဲ တန္ဖိုးထား တတ္ရင္ ေက်နပ္ႏွစ္သိမ့္ဖြယ္ ဘဝကို အရြယ္သံုးပါးမေရြး ရႏိုင္ပါတယ္ ဗ်”
“ဟုတ္ကဲ့ပါ..ဆရာေရ႕… ေက်းဇူးအမ်ားႀကီးတင္သလို ဗဟုသုတလဲ ရတယ္ဗ်ိဳ႕…ေနာက္လဲ လာခဲ့ပါဦးမယ္”
ေျပာၿပီး တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႔ ေဆးခန္းက ျပန္ထြက္သြားတဲ့ ကိုပိုင့္ကိုၾကည့္ရင္း ကြၽန္ေတာ္ ျပံဳးေနမိပါေတာ့တယ္….။
စိမ္းမိုးစက္