ကလေးမွေးဖွားပြီး မေမေတို့ အန္တရာယ်ကင်းစွာ ချစ်နိုင်ဖို့

အမျိုးသမီးအများစုဟာ ကလေးမီးဖွားပြီး မွေးလမ်းကြောင်းချဲ့ထားသော ဒဏ်ရာများ (သို့) ခွဲမွေးထားလျှင် ဝမ်းဗိုက်ပေါ်ရှိ ချုပ်ရိုးဒဏ်ရာများကြောင့် နှစ်ကိုယ်တူ ချစ်ပွဲပြန်ဝင်ဖို့ကို ထိတ်လန့်စိုးရိမ်တတ်ကြပါတယ်။ ဒီလိုခံစားနေရတဲ့ စုံတွဲတွေအတွက် ကလေးမွေးဖွားပြီး သိသင့်တဲ့အချစ်အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ကလေးမွေးဖွားပြီး ရက်သတ္တပတ်၆ပတ်ကြာသည်အထိ လိင်မှုရေးရာလေးတွေ ထိန်းသိမ်းထားသင့်ပါတယ်။ ကလေးမွေးဖွားပြီးနောက် အမျိုးသမီးလေးတွေမှာ နှုံးချိခြင်း၊ မောပန်းခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ နာကျင်ခြင်းတွေကြောင့် လိင်မှုကိစ္စမှာ စိတ်မပါဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မွေးဖွားပြီးသားအိမ်နှင့် သားအိမ်ခေါင်း ပြန်လည်ကျန်းမာဖို့ အချိန်၆ပတ်ခန့် ကြာနိုင်ပါတယ်။ အလောကြီးကာ ချုပ်ရိုးနှင့် အနာများမကျက်မီ ချစ်မှုရေးရာများ ပြန်လည်စတင်ပါက ချုပ်ရိုးအနာမကောင်းခြင်း၊ ပိုးဝင်ခြင်း၊ ချုပ်ရိုးကွဲခြင်းနှင့် သွေးဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မွေးဖွားပြီးနောက် အချစ်ဘဝကို ပြန်စဖို့ အနည်းဆုံးအချိန်၆ပတ်ခန့် ယူသင့်ပါတယ်။

မွေးလမ်းကြောင်းချဲ့ထားသော ဒဏ်ရာရှိပါက ပထမအကြိမ်များတွင် ချစ်တင်းနှောရာမှာ နာကျင်တတ်ပါတယ်။ ဒါကြောင့် မလောသင့်ပါဘူး။ နှစ်ဦးလုံး အဆင်ပြေနိုင်မည့် အနေအထားကို အရင်ညှိယူသင့်ပါတယ်။ ချစ်တင်းနှောခြင်းက စုံတွဲနှစ်ဦးစလုံးအပေါ် သက်သောင့်သက်သာနှင့် သာယာခြင်းတွေသာ ပေးသင့်ပါတယ်။ နာကျင်မှုလျော့နည်းစေရန် ချစ်ပွဲမဝင်မီ ဆီးသွားခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ချောဆီအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဖြည်းညင်း ညှင်သာသော အချစ်တို့ဖြင့်သာ အစပျိုးသင့်ပါတယ်။ အကယ်၍ မခံမရပ်နိုင် နာကျင်သော ဝေဒနာခံစားရပါက လိင်ဆက်ဆံခြင်းကို ရပ်ဆိုင်းသင့်ပါတယ်။ ပူလောင်သော ဝေဒနာဖြစ်ပေါ်ပါက ရေခဲစိမ်ထားသော အဝတ်စဖြင့် အုပ်ပေးနိုင်ပါတယ်။

ဗိုက်ခွဲမွေးဖွားထားရသော အမျိုးသမီးဖြစ်ပါက ဝမ်းဗိုက်ကို ဖိအားသက်ရောက်စေမည့် အနေအထားမျိုး ရှောင်ကြဉ်သင့်ပါတယ်။ မိခင်နို့တိုက်ခြင်းနှင့် ဟော်မုန်းအပြောင်းအလဲတွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းတွေ ဖြစ်နိုင်ပြီး ချစ်တင်းနှောရာမှာ နာကျင်နိုင်ပါတယ်။ ချစ်ပွဲမဝင်မီ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း၊ နှိပ်နယ်ခြင်း၊ ပွတ်သီးပွတ်သပ် ပြုလုပ်ခြင်းဖြင့် သဘာဝအားဖြင့် မိန်းမကိုယ် ခြောက်သွေ့ခြင်းကင်းဝေးကာ ပိုမိုသာယာသောအချစ်ကို ဖန်တီးနိုင်ပါတယ်။ ထို့အပြင် ချောဆီလည်းအသုံးပြုနိုင်ပါတယ်။

နို့တိုက်မိခင်ဖြစ်ပါက ချစ်တင်းနှောစဉ်အတွင်း နို့ရည်စိမ့်ထွက်ခြင်းများ ဖြစ်နိုင်ပါတယ်။ ထိုသို့ နို့ရည်စိမ့်ထွက်ခြင်းဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး စိတ်ပူပင်ရန်မလိုပါ။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)








ပွင့်​ရည်​(​ဆေး၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…