လူကြီးဆော့တဲ့ အရုပ်တွေ

တစ်ကိုယ်ရေ အာသာဖြေခြင်းအကြောင်းကို ကျွန်တော်အရင်ဆောင်းပါးမှာဖော်ပြပြီးသွားတဲ့အတွက် ဒီတစ်ခါ အာသာဖြေရာမှာအသုံးပြုတဲ့ ကိရိယာလေးတွေ (sex toys) အကြောင်းတင်ပြချင်ပါတယ်။ မြန်မာလူမျိုး အတော်များများနဲ့ အနည်းငယ်ဝေးကွာနေသေးတဲ့အကြောင်းအရာလည်းဖြစ်ပါတယ်။

လိင်စိတ်နှိုးဆွကိရိယာတွေ(sex toys)

ဒီပစ္စည်းလေးတွေဟာ လိင်စိတ်ကိုနှိုးဆွဖို့နဲ့ အာသာဖြေဖို့ထုတ်ထားတဲ့ကိရိယာလေးတွေဖြစ်ပါတယ်။ Sex toysလို့ပြောလိုက်တာနဲ့ မျက်စိထဲမှာ အမျိုးသမီးတွေအသုံးပြုတဲ့ အမျိုးသားလိင်တံအတုကိုအရင်ဆုံးမြင်မှတ်ကြမယ်လို့ထင်ပါတယ်။ အခုအခါအမျိုးသမီးသုံးလိင်စိတ်ကြွကိရိယာတွေအပြင် အမျိုးသားသုံး အမျိုးသမီးလိင်အင်္ဂါအတုတွေနဲ့ ဆီလီကွန်အရုပ်တွေကိုပါထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ဘယ်လိုကိရိယာတွေရှိသလဲ?

အမျိုးသမီးသုံးကိရိယာတွေမှာ ထုတ်လုပ်မှုအများဆုံးကတော့ အမျိုးသားလိင်အင်္ဂါအတုပါပဲ။ ဒါကိုပဲ သာမန်အင်္ဂါအတုနဲ့ တုန်ခါမှုပါဝင်သော (vibrator)ကိရိယာဆိုပြီး ခွဲခြားထုတ်လုပ်ကြပါတယ်။ အခြားအနေနဲ့ကတော့ သဘာဝလွန်လိင်စိတ်များအတွက်ထုတ်လုပ်ထားတဲ့ကိရိယာတွေလဲရှိပါသေးတယ်။

အမျိုးသားသုံးအနေနဲ့ အမျိုးသမီးအင်္ဂါအတုတွေထုတ်လုပ်ပါတယ်။ ဒါကိုလဲသာမန်ပစ္စည်းနဲ့ ကျုံ့၊ဆန့်မော်တာပါတဲ့ကိရိယာဆိုပြီးခွဲထားပါသေးတယ်။ အခုအခါ လူအစစ်လို ပုံသဏ္ဌာန်နဲ့ လူအလား သိပ်မကွာခြားတဲ့ အဆင့်မြင့်ဆီလီကွန်လူတူအရုပ်တွေကိုပါ သိန်းဆယ်နဲ့ချီပြီးပေးကာဝယ်နိုင်နေပြီဖြစ်ပါတယ်။

ကောင်းကျိုး၊ ဆိုးကျိုးများ

ယေဘုယျအားဖြင့် ဒီကိရိယာအရုပ်တွေဟာ စိတ်ဖြေဖို့အတွက်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် စိတ်ကျေနပ်မှုကို အတန်အသင့်ပေးစွမ်းနိုင်တဲ့ကောင်းကျိုးကို ရစေမှာပါ။ ဒီကိစ္စအပြင်အခြားအသုံးအတွက်ညွှန်းထားတာမရှိတဲ့အတွက် ကောင်းကျိုးကတော့ လိင်မှုဆိုင်ရာကူးစက်ရောဂါများဖြစ်နိုင်ခြေနည်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်းတို့ပဲဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ Phthlates လို့ခေါ်တဲ့ ဒြပ်တစ်မျိုးကို အရည်အသွေးနိမ့်လိင်ကိရိယာတွေမှာ ပလပ်စတစ်သားထဲထည့်သွင်းပြီးထုတ်လုပ်တဲ့အတွက် ဒီ Phthlates နဲ့ထိတွေ့မှုများတဲ့အခါ အသည်း၊အဆုတ်၊ကျောက်ကပ် စတဲ့ ကိုယ်တွင်းအစိတ်အပိုင်းများကိုအဆိပ်အတောက်ဖြစ်နေပါတယ်။ အချို့သောလေ့လာမှုတွေအရ ခန္ဓာကိုယ်တွင်း ဟော်မုန်းထိန်းချုပ်မှုကိုမမျှမတဖြစ်စေပြီး ကင်ဆာရောဂါကိုအစပျိုးစေနိုင်တသြတ္တိ Phthalatesမှာရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ပလပ်စတစ်ပစ္စည်းတွေမှာ ကြာရှည်လာတဲ့အခါ ပလပ်စတစ်သားမှာဖုဖောင်းလာတဲ့ ဗြုတ်ကလေးတွေထလာတာဟာ Phthalatesပါဝင်လို့ပဲဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ ဒီကစားစရာတွေကိုအသုံးမပြုခင် ကွဲနေတဲ့နေရာ၊ မာလွန်းကြမ်းလွန်းတဲ့အစိတ်အပိုင်းတွေရှိမရှိစစ်ရပါမယ်။ လိင်အင်္ဂါကို ထိခိုက်ပွန်းပဲ့မှုတွေဖြစ်စေနိုင်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ sex toys တွေရဲ့သန့်ရှင်းမှုပါပဲ။ အသုံးပြုပြီးတဲ့အခါမှာ သန့်ရှင်းအောင် ဆေးကြောပါမှ လိင်အင်္ဂါက ထွက်တဲ့အရည်တွေမှာဘက်တီးရီးယားပိုးပေါက်ပွားခြင်း၊ မျှဝေသုံးစွဲသူတွေအကြား လိင်မှတဆင့်ကူးစက်သောရောဂါများဖြစ်ပွားခြင်းတို့ကို တားဆီးနိုင်မှာဖြစ်ပါတယ်။

လိင်စိတ်နှိုးဆွကိရိယာတွေကို တရားဝင်တင်သွင်းခွင့်ပြုမထားတဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့သိရှိမှုနည်းသော်လည်း လိင်ပညာပေးအခန်းကဏ္ဌတစ်ရပ်အနေနဲ့တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

လူႀကီးေဆာ့တဲ့ အ႐ုပ္ေတြ

တစ္ကိုယ္ေရ အာသာေျဖျခင္းအေၾကာင္းကို ကြၽန္ေတာ္အရင္ေဆာင္းပါးမွာေဖာ္ျပၿပီးသြားတဲ့အတြက္ ဒီတစ္ခါ အာသာေျဖရာမွာအသံုးျပဳတဲ့ ကိရိယာေလးေတြ (sex toys) အေၾကာင္းတင္ျပခ်င္ပါတယ္။ ျမန္မာလူမ်ိဳး အေတာ္မ်ားမ်ားနဲ႔ အနည္းငယ္ေဝးကြာေနေသးတဲ့အေၾကာင္းအရာလည္းျဖစ္ပါတယ္။

လိင္စိတ္ႏိႈးဆြကိရိယာေတြ(sex toys)

ဒီပစၥည္းေလးေတြဟာ လိင္စိတ္ကိုႏိႈးဆြဖို႔နဲ႔ အာသာေျဖဖို႔ထုတ္ထားတဲ့ကိရိယာေလးေတြျဖစ္ပါတယ္။ Sex toysလို႔ေျပာလိုက္တာနဲ႔ မ်က္စိထဲမွာ အမ်ိဳးသမီးေတြအသံုးျပဳတဲ့ အမ်ိဳးသားလိင္တံအတုကိုအရင္ဆံုးျမင္မွတ္ၾကမယ္လို႔ထင္ပါတယ္။ အခုအခါအမ်ိဳးသမီးသံုးလိင္စိတ္ႂကြကိရိယာေတြအျပင္ အမ်ိဳးသားသံုး အမ်ိဳးသမီးလိင္အဂၤါအတုေတြနဲ႔ ဆီလီကြန္အ႐ုပ္ေတြကိုပါထုတ္လုပ္ေနၾကၿပီျဖစ္ပါတယ္။

ဘယ္လိုကိရိယာေတြ႐ွိသလဲ?

အမ်ိဳးသမီးသံုးကိရိယာေတြမွာ ထုတ္လုပ္မႈအမ်ားဆံုးကေတာ့ အမ်ိဳးသားလိင္အဂၤါအတုပါပဲ။ ဒါကိုပဲ သာမန္အဂၤါအတုနဲ႔ တုန္ခါမႈပါဝင္ေသာ (vibrator)ကိရိယာဆိုၿပီး ခြဲျခားထုတ္လုပ္ၾကပါတယ္။ အျခားအေနနဲ႔ကေတာ့ သဘာဝလြန္လိင္စိတ္မ်ားအတြက္ထုတ္လုပ္ထားတဲ့ကိရိယာေတြလဲ႐ွိပါေသးတယ္။

အမ်ိဳးသားသံုးအေနနဲ႔ အမ်ိဳးသမီးအဂၤါအတုေတြထုတ္လုပ္ပါတယ္။ ဒါကိုလဲသာမန္ပစၥည္းနဲ႔ က်ံဳ႕၊ဆန္႔ေမာ္တာပါတဲ့ကိရိယာဆိုၿပီးခြဲထားပါေသးတယ္။ အခုအခါ လူအစစ္လို ပံုသဏၭာန္နဲ႔ လူအလား သိပ္မကြာျခားတဲ့ အဆင့္ျမင့္ဆီလီကြန္လူတူအ႐ုပ္ေတြကိုပါ သိန္းဆယ္နဲ႔ခ်ီၿပီးေပးကာဝယ္ႏိုင္ေနၿပီျဖစ္ပါတယ္။

ေကာင္းက်ိဳး၊ ဆိုးက်ဳိးမ်ား

ေယဘုယ်အားျဖင့္ ဒီကိရိယာအ႐ုပ္ေတြဟာ စိတ္ေျဖဖို႔အတြက္ထုတ္လုပ္ထားတာျဖစ္တဲ့အတြက္ စိတ္ေက်နပ္မႈကို အတန္အသင့္ေပးစြမ္းႏိုင္တဲ့ေကာင္းက်ိဳးကို ရေစမွာပါ။ ဒီကိစၥအျပင္အျခားအသံုးအတြက္ၫႊန္းထားတာမ႐ွိတဲ့အတြက္ ေကာင္းက်ိဳးကေတာ့ လိင္မႈဆိုင္ရာကူးစက္ေရာဂါမ်ားျဖစ္ႏိုင္ေျခနည္းျခင္း၊ စိတ္ဖိစီးမႈေလ်ာ့က်ေစျခင္းတို႔ပဲျဖစ္ပါတယ္။ ဆိုးက်ိဳးအေနနဲ႔ကေတာ့ Phthlates လို႔ေခၚတဲ့ ျဒပ္တစ္မ်ိဳးကို အရည္အေသြးနိမ့္လိင္ကိရိယာေတြမွာ ပလပ္စတစ္သားထဲထည့္သြင္းၿပီးထုတ္လုပ္တဲ့အတြက္ ဒီ Phthlates နဲ႔ထိေတြ႔မႈမ်ားတဲ့အခါ အသည္း၊အဆုတ္၊ေက်ာက္ကပ္ စတဲ့ ကိုယ္တြင္းအစိတ္အပိုင္းမ်ားကိုအဆိပ္အေတာက္ျဖစ္ေနပါတယ္။ အခ်ိဳ႕ေသာေလ့လာမႈေတြအရ ခႏၶာကို္ယ္တြင္း ေဟာ္မုန္းထိန္းခ်ဳပ္မႈကိုမမ်ွမတျဖစ္ေစၿပီး ကင္ဆာေရာဂါကိုအစပ်ိဳးေစႏိုင္တျသတၱိ Phthalatesမွာ႐ွိတယ္လို႔ထုတ္ျပန္ထားပါတယ္။ ပလပ္စတစ္ပစၥည္းေတြမွာ ၾကာ႐ွည္လာတဲ့အခါ ပလပ္စတစ္သားမွာဖုေဖာင္းလာတဲ့ ျဗဳတ္ကေလးေတြထလာတာဟာ Phthalatesပါဝင္လို႔ပဲျဖစ္ပါတယ္။

ေနာက္တစ္ခုအေနနဲ႔ကေတာ့ ဒီကစားစရာေတြကိုအသံုးမျပဳခင္ ကြဲေနတဲ့ေနရာ၊ မာလြန္းၾကမ္းလြန္းတဲ့အစိတ္အပိုင္းေတြ႐ွိမ႐ွိစစ္ရပါမယ္။ လိင္အဂၤါကို ထိခိုက္ပြန္းပဲ့မႈေတြျဖစ္ေစႏိုင္ပါတယ္။

အေရးႀကီးတဲ့အခ်က္ကေတာ့ sex toys ေတြရဲ႕သန္႔႐ွင္းမႈပါပဲ။ အသံုးျပဳၿပီးတဲ့အခါမွာ သန္႔႐ွင္းေအာင္ ေဆးေၾကာပါမွ လိင္အဂၤါက ထြက္တဲ့အရည္ေတြမွာဘက္တီးရီးယားပိုးေပါက္ပြားျခင္း၊ မ်ွေဝသံုးစြဲသူေတြအၾကား လိင္မွတဆင့္ကူးစက္ေသာေရာဂါမ်ားျဖစ္ပြားျခင္းတို႔ကို တားဆီးႏိုင္မွာျဖစ္ပါတယ္။

လိင္စိတ္ႏိႈးဆြကိရိယာေတြကို တရားဝင္တင္သြင္းခြင့္ျပဳမထားတဲ့အတြက္ ျမန္မာျပည္သူေတြအေနနဲ႔သိ႐ွိမႈနည္းေသာ္လည္း လိင္ပညာေပးအခန္းကဏၭတစ္ရပ္အေနနဲ႔တင္ျပလိုက္ရပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *