တီးတိုးတိုင်ပင်

ဖေ့ဘုတ်သုံးနေရင်း messenger မှ စာဝင်လာသည်…..

မတွေ့ဖြစ်တာကြာနေတဲ့ အသိအမတစ်ယောက်…..

အမ:ညီမလေး အားလားဟင်? အမတစ်ခုလောက်မေးချင်လို့….

ကျွန်မ: ရတယ်အမ…အားပါတယ်….မေးပါ..

အမ: ညီမလေး ဘယ်သူ့ကိုမှ မပြောနဲ့နော်… ညီမလေးမပြောဘူးဆိုတာတော့ သိပါတယ်… ဒါပေမယ့်က ဒီတိုင်းပြောထားတာပါ …

ကျွန်မ: သြော်…ဟုတ်ကဲ့…ပြောပါအမ… ညီမ ဘယ်သူ့ကိုမှပြန်မပြောပါဘူး…ဘာကိစ္စမို့လဲ?ဲ

(ဘာကိစ္စလဲသာမေးတာ…..တကယ်တော့ ကျွန်မ ခန့်မှန်းမိလိုက်ပြီ… ဒီလောက်စကားဦးသန်းနေတယ်ဆိုတော့…..)

အမ : ပြောရမှာတော့ …ရှက်လည်းရှက်ပါတယ်…ဒါပေမယ့်… မမေးလို့လည်းမဖြစ်….မေးစရာ ဆရာဝန်အသိ ဆိုလို့ ညီမလေးပဲရှိတာမို့… အမလေ…လွန်ခဲ့တဲ့ တစ်ပတ်လောက်က အတူနေမိသွားတယ်…အဲ့တာ ကိုယ်ဝန်ရသွားမှာကြောက်လို့…..

ကျွန်မ: အကာအကွယ်( ကွန်ဒုံး) မသုံးဘူးလားအမ?

အမ : မသုံးလိုက်ဘူးညီမလေးရယ်…. အမနဲ့အမကောင်လေးကလည်း မမျှော်လင့်ဘဲ အတူနေမိသွားတာဆိုတော့….ကွန်ဒုံးလည်းမသုံးဖြစ်လိုက်ဘူး….အဲ…သူက ပြီးတော့ကျ….အိမ်အပြန်..ဆေးဆိုင်က ဆေးသွားဝယ်ပြီး ဆေး2လုံးပါတဲ့ကဒ်လေးသောက်ခိုင်းတယ်…အီးဇီးတူး ဆိုလား ?

ကျွန်မ: အင်း…အမ…အဲ့တာ အရေးပေါ်ကိုယ်ဝန်တားဆေးလေအမ…အတူနေပြီး 72 နာရီ (3ရက်)အတွင်း၂လုံးစလုံးတစ်ခါတည်းသောက်ရတာ…..
သောက်လိုက်တယ်မလား အမ?

အမ:သောက်တာတော့သောက်လိုက်တယ်….ဒါပေမယ့် အဲ့ဆေးသောက်ပြီး လူကမူးပြီး ပျို့ချင်သလိုလိုကြီး….

ကျွန်မ: ဟုတ်တယ်အမ….အရေးပေါ်တားဆေးဆိုတော့ ပုံမှန်တားဆေးတွေထက် ဟော်မုန်းပါဝင်တာပိုများလို့….. မူးဝေတာ၊ပျို့အန်ချင်တာမျိုးဖြစ်လေ့ရှိတယ်။ဆေးသောက်ပြီး အန်ရောအန်သေးလား အမ?

အမ: အန်တာတော့မအန်ဘူးညီမလေး… တကယ်လို့ ဆေးသောက်ပြီး အန်ရင်ရော?ဆေးတွေအန်တဲ့ထဲပန်ပါသွားပြီး ဆေးအာနိသင်မရှိတော့ဘူးလား?
ဆေးထပ်ဝယ်သောက်ရမှာလား?

ကျွန်မ: ဆေးသောက်ပြီး ၃နာရီအတွင်းအနိတာဆိုရင်တော့ ဆေးထပ်ဝယ်သောက်သင့်တယ်အမ…ပိုစိတ်ချရအောင်လေ…ကဒ်အသစ်ဝယ်ပြီး ၂လုံးထပ်သောက်ပေါ့… ဆေးသောက်ပြီး ၃နာရီကျော်မှအန်တာဆိုရင်တော့ ထပ်သောက်ဖို့မလိုပါဘူးအမ။

အမ:ပြီးတော့လေ….ခုရက်ပိုင်း လူက အားမရှိသလို၊မူးသလိုဖြစ်နေတယ်၊ရင်သားတွေလည်းနာသလိုလို၊အစားစားချင်စိတ်လည်း သိပ်မရှိဘူး။ကိုယ်ဝန်များ ရှိနေပြီလားမသိဘူး ညီမလေးရယ်။

ကျွန်မ: အယ်…အမရယ်…အရမ်းလည်းစိတ်ပူမနေပါနဲ့ဦး.. အမ အရေးပေါ်တားဆေးကို သတ်မှတ်ချိန်အတွင်း ခပ်စောစော သောက်လိုက်တာပဲ။အရေးပေါ်တားဆေးရဲ့ ကိုယ်ဝန်တားနိုင်နှုန်းက 95%ရှိတယ်….ဆိုတော့…အမအနေနဲ့ ကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။ ပြီးတော့… အမကိုယ်ဝန်ရသွားပြီဆိုရင်တောင်မှ ခုလို ချက်ချင်းကြီး တစ်ပတ်လောက်အတွင်း မူးဝေ အော့အန် ရင်သားနာ စတဲ့ ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေ ချက်ချင်းမပြပါဘူး အမရဲ့…

အမ:ဒါဆို အမဘာလို့ ခုတလော အဲ့လိုတွေဖြစ်နေတာလဲ မသိဘူးနော်….ဘာကြောင့်ဖြစ်နိုင်လဲညီမလေး?

ကျွန်မ: အကြောင်းရင်းက အဓိကအားဖြင့်နှစ်ခုဖြစ်နိုင်တယ်။ တစ်ခုကတော့ အမ အစိုးရိမ်လွန်နေလို့….ခုအခြေအနေက အမ ဘဝမှာ ပထမဆုံးအချိန်…လက်လည်းမထပ်ရသေးတဲ့အခြေအနေဆိုတော့ ရှက်တာရော…ကိုယ်ဝန်ရသွားမှာကြောက်တာရော… စတဲ့ စိတ်ဖိဆီးမှုတွေကြောင့် အစိုးရိမ်လွန်ပြီးဖြစ်တာ…
နောက်တစ်ခုကတော့ အရေးပေါ်တားဆေးပေါ့…. ခုနကလေးတင် ညီမပြောခဲ့သလိုပဲ သူကအရေးပေါ်ဆေးဆိုတော့ အခြားတားဆေးတွေထက်စာရင် ဟော်မုန်းပါဝင်မှုပိုများလို့ ဒီလိုလက္ခဏာတွေဖြစ်စေနိုင်တယ်။

အမ: အင်းနော်..ညီမလေးပြောသလို ဖြစ်မှာပါ…အဲ့လိုဖြစ်ပါစေပဲဆုတောင်းတယ်…

ကျွန်မ: အဲ့လိုပဲဖြစ်ဖို့များပါတယ်…စိတ်အေးအေးထားပါအမရဲ့.. အဆင်ပြေသွားမှာပါ….တစ်ခုရှိတာက တကယ်လို့ အမရာသီ လာရက်မှာ သွေးမပေါ်ဘူးဆိုရင် ဆီးစစ်တံလေးနဲ့စစ်ကြည့်.. ပြီးရင် ညီမကို တစ်ကြောင်းပေါ်လား နှစ်ကြောင်းပေါ်လား အဖြေပြန်ပြောပေးလေ အမ…နော်..

အမ : အင်းပါ ညီမလေးရယ်…အမမှာ ညီမလေးလို မိန်းကလေးဆရာဝန်အသိမိတ်ဆွေရှိလို့သာ တော်တော့တယ်… ကျေးဇူးတင်ပါတယ် ညီမလေးရေ…တကယ်ပါ။

ကျွန်မ: ရပါတယ်အမရေ…ညီမလည်း ညီမတတ်သိသလောက် ပညာနဲ့ ကူညီပေးရလို့ ဝမ်းသာပါတယ်ရှင့်…

ဒေါက်တာဝင်း (UM2)

တီးတိုးတိုင္ပင္

ေဖ့ဘုတ္သံုးေနရင္း messenger မွ စာဝင္လာသည္.....

မေတြ့ျဖစ္တာၾကာေနတဲ့ အသိအမတစ္ေယာက္.....

အမ:ညီမေလး အားလားဟင္? အမတစ္ခုေလာက္ေမးခ်င္လို႔....

ကြၽန္မ: ရတယ္အမ...အားပါတယ္....ေမးပါ..

အမ: ညီမေလး ဘယ္သူ႔ကိုမွ မေျပာနဲ႔ေနာ္... ညီမေလးမေျပာဘူးဆိုတာေတာ့ သိပါတယ္... ဒါေပမယ့္က ဒီတိုင္းေျပာထားတာပါ ...

ကြၽန္မ: ေျသာ္...ဟုတ္ကဲ့...ေျပာပါအမ... ညီမ ဘယ္သူ႔ကိုမွျပန္မေျပာပါဘူး...ဘာကိစၥမို႔လဲ?ဲ

(ဘာကိစၥလဲသာေမးတာ.....တကယ္ေတာ့ ကြၽန္မ ခန္႔မွန္းမိလိုက္ၿပီ... ဒီေလာက္စကားဦးသန္းေနတယ္ဆိုေတာ့.....)

အမ : ေျပာရမွာေတာ့ ...႐ွက္လည္း႐ွက္ပါတယ္...ဒါေပမယ့္... မေမးလို႔လည္းမျဖစ္....ေမးစရာ ဆရာဝန္အသိ ဆိုလို႔ ညီမေလးပဲ႐ွိတာမို႔... အမေလ...လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က အတူေနမိသြားတယ္...အဲ့တာ ကိုယ္ဝန္ရသြားမွာေၾကာက္လို႔.....

ကြၽန္မ: အကာအကြယ္( ကြန္ဒံုး) မသံုးဘူးလားအမ?

အမ : မသံုးလိုက္ဘူးညီမေလးရယ္.... အမနဲ႔အမေကာင္ေလးကလည္း မေမ်ွာ္လင့္ဘဲ အတူေနမိသြားတာဆိုေတာ့....ကြန္ဒံုးလည္းမသံုးျဖစ္လိုက္ဘူး....အဲ...သူက ၿပီးေတာ့က်....အိမ္အျပန္..ေဆးဆိုင္က ေဆးသြားဝယ္ၿပီး ေဆး2လံုးပါတဲ့ကဒ္ေလးေသာက္ခိုင္းတယ္...အီးဇီးတူး ဆိုလား ?

ကြၽန္မ: အင္း...အမ...အဲ့တာ အေရးေပၚကိုယ္ဝန္တားေဆးေလအမ...အတူေနၿပီး 72 နာရီ (3ရက္)အတြင္း၂လံုးစလံုးတစ္ခါတည္းေသာက္ရတာ.....
ေသာက္လိုက္တယ္မလား အမ?

အမ:ေသာက္တာေတာ့ေသာက္လိုက္တယ္....ဒါေပမယ့္ အဲ့ေဆးေသာက္ၿပီး လူကမူးၿပီး ပ်ိဳ႕ခ်င္သလိုလိုႀကီး....

ကြၽန္မ: ဟုတ္တယ္အမ....အေရးေပၚတားေဆးဆိုေတာ့ ပံုမွန္တားေဆးေတြထက္ ေဟာ္မုန္းပါဝင္တာပိုမ်ားလို႔..... မူးေဝတာ၊ပ်ိဳ႕အန္ခ်င္တာမ်ိဳးျဖစ္ေလ့႐ွိတယ္။ေဆးေသာက္ျပီး အန္ေရာအန္ေသးလား အမ?

အမ: အန္တာေတာ့မအန္ဘူးညီမေလး... တကယ္လို့ ေဆးေသာက္ၿပီး အန္ရင္ေရာ?ေဆးေတြအန္တဲ့ထဲပန္ပါသြားၿပီး ေဆးအာနိသင္မ႐ွိေတာ့ဘူးလား?
ေဆးထပ္ဝယ္ေသာက္ရမွာလား?

ကြၽန္မ: ေဆးေသာက္ၿပီး ၃နာရီအတြင္းအနိတာဆိုရင္ေတာ့ ေဆးထပ္ဝယ္ေသာက္သင့္တယ္အမ...ပိုစိတ္ခ်ရေအာင္ေလ...ကဒ္အသစ္ဝယ္ၿပီး ၂လံုးထပ္ေသာက္ေပါ့... ေဆးေသာက္ၿပီး ၃နာရီေက်ာ္မွအန္တာဆိုရင္ေတာ့ ထပ္ေသာက္ဖို႔မလိုပါဘူးအမ။

အမ:ၿပီးေတာ့ေလ....ခုရက္ပိုင္း လူက အားမ႐ွိသလို၊မူးသလိုျဖစ္ေနတယ္၊ရင္သားေတြလည္းနာသလိုလို၊အစားစားခ်င္စိတ္လည္း သိပ္မ႐ွိဘူး။ကိုယ္ဝန္မ်ား ႐ွိေနၿပီလားမသိဘူး ညီမေလးရယ္။

ကြၽန္မ: အယ္...အမရယ္...အရမ္းလည္းစိတ္ပူမေနပါနဲ႔ဦး.. အမ အေရးေပၚတားေဆးကို သတ္မွတ္ခ်ိန္အတြင္း ခပ္ေစာေစာ ေသာက္လိုက္တာပဲ။အေရးေပၚတားေဆးရဲ႕ ကိုယ္ဝန္တားႏိုင္ႏႈန္းက 95%႐ွိတယ္....ဆိုေတာ့...အမအေနနဲ႔ ကိုယ္ဝန္ရႏိုင္ေခ်နည္းပါတယ္။ ၿပီးေတာ့... အမကိုယ္ဝန္ရသြားၿပီဆိုရင္ေတာင္မွ ခုလို ခ်က္ခ်င္းႀကီး တစ္ပတ္ေလာက္အတြင္း မူးေဝ ေအာ့အန္ ရင္သားနာ စတဲ့ ကိုယ္ဝန္႐ွိတဲ့လကၡဏာေတြ ခ်က္ခ်င္းမျပပါဘူး အမရဲ႕...

အမ:ဒါဆို အမဘာလို႔ ခုတေလာ အဲ့လိုေတြျဖစ္ေနတာလဲ မသိဘူးေနာ္....ဘာေၾကာင့္ျဖစ္ႏိုင္လဲညီမေလး?

ကြၽန္မ: အေၾကာင္းရင္းက အဓိကအားျဖင့္ႏွစ္ခုျဖစ္ႏိုင္တယ္။ တစ္ခုကေတာ့ အမ အစိုးရိမ္လြန္ေနလို႔....ခုအေျခအေနက အမ ဘဝမွာ ပထမဆံုးအခ်ိန္...လက္လည္းမထပ္ရေသးတဲ့အေျခအေနဆိုေတာ့ ႐ွက္တာေရာ...ကိုယ္ဝန္ရသြားမွာေၾကာက္တာေရာ... စတဲ့ စိတ္ဖိဆီးမႈေတြေၾကာင့္ အစိုးရိမ္လြန္ၿပီးျဖစ္တာ...
ေနာက္တစ္ခုကေတာ့ အေရးေပၚတားေဆးေပါ့.... ခုနကေလးတင္ ညီမေျပာခဲ့သလိုပဲ သူကအေရးေပၚေဆးဆိုေတာ့ အျခားတားေဆးေတြထက္စာရင္ ေဟာ္မုန္းပါဝင္မႈပိုမ်ားလို႔ ဒီလိုလကၡဏာေတြျဖစ္ေစႏိုင္တယ္။

အမ: အင္းေနာ္..ညီမေလးေျပာသလို ျဖစ္မွာပါ...အဲ့လိုျဖစ္ပါေစပဲဆုေတာင္းတယ္...

ကြၽန္မ: အဲ့လိုပဲျဖစ္ဖို႔မ်ားပါတယ္...စိတ္ေအးေအးထားပါအမရဲ႕.. အဆင္ေျပသြားမွာပါ....တစ္ခု႐ွိတာက တကယ္လို႔ အမရာသီ လာရက္မွာ ေသြးမေပၚဘူးဆိုရင္ ဆီးစစ္တံေလးနဲ႔စစ္ၾကည့္.. ၿပီးရင္ ညီမကို တစ္ေၾကာင္းေပၚလား ႏွစ္ေၾကာင္းေပၚလား အေျဖျပန္ေျပာေပးေလ အမ...ေနာ္..

အမ : အင္းပါ ညီမေလးရယ္...အမမွာ ညီမေလးလို မိန္းကေလးဆရာဝန္အသိမိတ္ေဆြ႐ွိလို႔သာ ေတာ္ေတာ့တယ္... ေက်းဇူးတင္ပါတယ္ ညီမေလးေရ...တကယ္ပါ။

ကြၽန္မ: ရပါတယ္အမေရ...ညီမလည္း ညီမတတ္သိသေလာက္ ပညာနဲ႔ ကူညီေပးရလို႔ ဝမ္းသာပါတယ္႐ွင့္...

ေဒါက္တာဝင္း (UM2)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *