All Articlesမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Sex Education, What Do Today’s Children Really Need To Know

1 Mins read

ယနေ့ခေတ်ကလေးတွေ သေချာသိထားသင့်တဲ့ လိင်ပညာပေးခြင်းဆိုတာ

လိင်ပညာပေးနဲ့ ပတ်သက်ရင် ကလေးမိဘတွေ သိလိုတာတွေ အများကြီးရှိတတ်ပါတယ်… ဘယ်လို စရမလဲ… ဘယ်တော့ စပြောရမလဲ… ဘာပြောရမှာလဲ ဆိုတာတွေ အပါအဝင် ပေါ့

တကယ်တော့ လိင်ပညာပေးရေးဆိုတာ ကလေးတွေအတွက် တကယ်လိုအပ်ပါတယ်..

ဘာကြောင့်လဲဆိုတော့ သင်မပြောလဲ သင့်ကလေးဟာ လိင်နဲ့ပတ်သတ်လို့ သူ့ရွယ်တူ သူငယ်ချင်းတွေဆီကပဲ ဖြစ်ဖြစ်…. internet က ဖြစ်ဖြစ်…. ရုပ်မြင်သံကြားတွေက တဆင့်ဖြစ်ဖြစ် တချိန်မဟုတ်တချိန်မှာ သိသွားမှာမို့လို့ပါပဲ

ပညာရှင်တွေလေ့လာမှူအရတော့ လိင်ပညာပေးကောင်းကောင်းသင်ကြားခံထားရတဲ့ကလေးတွေဟာ… တချိန်မှာ လိင်ကိစ္စ စတင်ချိန်နောက်ကျလေ့ရှိပြီး စတင်တဲ့အခါမှာလဲ….. မလိုချင်တဲ့ ကိုယ်ဝန်အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေဖြစ်နိုင်တဲ့ အန္တရာယ်နည်းပါးတာကို တွေ့ရပါသတဲ့….

အောက်မှာပြောပြမှာကတော့ သင့်ကလေးကို အသက်အရွယ်အပိုင်းအခြါးအလိုက် လိင်ပညာပေးနည်းပုံစံတွေပဲ ဖြစ်ပါတယ်…..

အသက်နှစ်နှစ်အောက်
– ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ နာမည်တွေ ဥပမာ… ကျားလိင်တံ မအဂါ် စသဖြင့်

– ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ… ဥပမာ… ဆီးဟာ ကျားလိင်တံ ကတဆင့် ဒါမှမဟုတ် မအဂါ်ကတဆင့်ထွက်တယ်…. အီအီးက စအိုကနေတဆင့် ထွက်တယ်

– တကယ်လို့များ အဝတ်မပါဘဲ နေရတာကို သင့်ကလေးက ကြိုက်နေတယ် ဆိုရင် အဝတ်မပါဘဲ မနေသင့်တဲ့နေရာတွေရှိကြောင်း ပြောပြပေးပါ… ဥပမာ ပန်းခြံလိုနေရာမျိုး

နှစ်နှစ်ကနေ ငါးနှစ်
-ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ နာမည်အမှန်တွေနဲ့ လုပ်ငန်းဆောင်တာတွေ

-ကျားနဲ့ မ မတူကွဲပြားကြောင်း

– တချို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သီးခြားထားရမှာဖြစ်ကြောင်း… private parts တွေဖြစ်ကြောင်း…

– တခြားသူတွေရဲ့ လွတ်လပ်ခွင့် ဒါမှမဟုတ် privacy ကိုလေးစားတတ်ဖို့… ဥပမာ… ရေချိုးခန်းတံခါးစေ့ထားရင် ခေါက်ပြီး ဝင်ခွင့်တောင်းပြီးမှ ဝင်သင့်ကြောင်း

– ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လူရှေ့သူရှေ့မှာ အကြာကြီးထိကိုင်နေဖို့မသင့်ကြောင်း

-တကယ်လို့ သင့်ကလေးက လူတွေဘယ်လိုဖြစ်လာသလဲ မေးခဲ့ရင် ကျားရဲ့မျိုးစေ့နဲ့ မမျိုးစေ့တို့ပေါင်းပြီး အမျိုးသမီးရဲ့ ဗိုက်ထဲမှာ ကြီးထွားလာကြောင်း… မျိုးလမ်းကြောင်းကနေ အချိန်တန်တဲ့အခါ ထွက်လာကြောင်း ပြောလို့ရပါတယ်

အသက်ငါးနှစ်ကနေ ရှစ်နှစ်
– ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နဲ့ မျိုးပွားအဂါ်တွေအကြောင်းကို ပိုပြီးပြည့်ပြည့်စုံစုံပြောလို့ရပါပြီ

– မကြာခင် အရွယ်ရောက် ကြီးကောင်ဝင်လာတော့မယ့်အကြောင်းနဲ့ ဒါက ပုံမှန် သဘာဝသာဖြစ်ကြောင်း

– တစုံတယောက်က လိင်ပိုင်းဆိုင်ရာ မမှန်ကန်တဲ့ပုံစံမျိုးလုပ်ခဲ့ရင် “သားသား ဒါကိုမကြိုက်ဘူး… မလုပ်ပါနဲ့ ” စသဖြင့် ငြင်းရမှာ ဖြစ်တဲ့အကြောင်း

ကိုးနှစ်နဲ့အထက်
– မိန်းကလေး တွေကို ဓမ္မတာ လာခြင်းနဲ့ပတ်သက်လို့ သေချာပြောပြ ပြင်ဆင်ပေးထားရပါမယ်

– ယောက်ကျားလေးတွေကိုတော့ သုတ်လွှတ်ခြင်းနဲ့ ညအိပ်ရာဝင် အိပ်မက်တွေအကြောင်း

– အရွယ်ရောက်ပြီးသူတွေရဲ့ ကျားအဂါ်နဲ့ မလိင်အဂါ် အတူပေါင်းစပ်ပြီး အရည်ထုတ်လိုက်တာနဲ့ ကလေးရသွားနိုင်တဲ့အကြောင်း

– လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း

– ကောင်းကောင်းမွန်မွန် အရွယ်ရောက်ပြီး စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်ပြီး သေချာကြီးပြင်းပြီးပါမှ safe sex လို့ခေါ်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းကို စတင်သင့်ကြောင်း

– တချို့ကလေးတွေဟာ ဒီအရွယ်မှာ mastubation လုပ်တတ်ကြပါတယ်… တကယ်လို့ သင့်ကလေး ဒီလိုလုပ်နေတာကို သင်မြင်ခဲ့ရင် ဒါကို အခုရပ်ဖို့နဲ့ နောင်ကို လူမြင်နိုင်တဲ့နေရာအချိန်မျိုးမှာ ဘယ်တော့မှ မဖြစ်စေဖို့ သတိပေးပါ

တကယ်တော့ လိင်ပညာပေးရေးဆိုတာ မိဘတွေအတွက် ခက်ခဲပြီး ကို့ရို့ကားယားဖြစ်နေနိုင်ပါတယ်… ဒါပေမယ့် ဒါကသင့်ကလေးနဲ့အတူ ကောင်းမွန်စွာကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်ခြင်းက အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းမှာပဲ ဖြစ်ပါတယ်

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

ယေန႔ေခတ္ကေလးေတြ ေသခ်ာသိထားသင့္တဲ့ လိင္ပညာေပးျခင္းဆိုတာ

လိင္ပညာေပးနဲ႔ ပတ္သက္ရင္ ကေလးမိဘေတြ သိလိုတာေတြ အမ်ားႀကီး႐ွိတတ္ပါတယ္… ဘယ္လို စရမလဲ… ဘယ္ေတာ့ စေျပာရမလဲ… ဘာေျပာရမွာလဲ ဆိုတာေတြ အပါအဝင္ ေပါ့

တကယ္ေတာ့ လိင္ပညာေပးေရးဆိုတာ ကေလးေတြအတြက္ တကယ္လိုအပ္ပါတယ္..

ဘာေၾကာင့္လဲဆိုေတာ့ သင္မေျပာလဲ သင့္ကေလးဟာ လိင္နဲ႔ပတ္သတ္လို႔ သူ႔ရြယ္တူ သူငယ္ခ်င္းေတြဆီကပဲ ျဖစ္ျဖစ္…. internet က ျဖစ္ျဖစ္…. ႐ုပ္ျမင္သံၾကားေတြက တဆင့္ျဖစ္ျဖစ္ တခ်ိန္မဟုတ္တခ်ိန္မွာ သိသြားမွာမို႔လို႔ပါပဲ

ပညာ႐ွင္ေတြေလ့လာမႉအရေတာ့ လိင္ပညာေပးေကာင္းေကာင္းသင္ၾကားခံထားရတဲ့ကေလးေတြဟာ… တခ်ိန္မွာ လိင္ကိစၥ စတင္ခ်ိန္ေနာက္က်ေလ့႐ွိၿပီး စတင္တဲ့အခါမွာလဲ….. မလိုခ်င္တဲ့ ကိုယ္ဝန္အပါအဝင္ လိင္ကတဆင့္ ကူးစက္ေရာဂါေတြျဖစ္ႏိုင္တဲ့ အႏၲရာယ္နည္းပါးတာကို ေတြ႔ရပါသတဲ့….

ေအာက္မွာေျပာျပမွာကေတာ့ သင့္ကေလးကို အသက္အရြယ္အပိုင္းအျခါးအလိုက္ လိင္ပညာေပးနည္းပံုစံေတြပဲ ျဖစ္ပါတယ္…..

အသက္ႏွစ္ႏွစ္ေအာက္
– ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ နာမည္ေတြ ဥပမာ… က်ားလိင္တံ မအဂၚ စသျဖင့္

– ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ လုပ္ငန္းေဆာင္တာေတြ… ဥပမာ… ဆီးဟာ က်ားလိင္တံ ကတဆင့္ ဒါမွမဟုတ္ မအဂၚကတဆင့္ထြက္တယ္…. အီအီးက စအိုကေနတဆင့္ ထြက္တယ္

– တကယ္လို႔မ်ား အဝတ္မပါဘဲ ေနရတာကို သင့္ကေလးက ႀကိဳက္ေနတယ္ ဆိုရင္ အဝတ္မပါဘဲ မေနသင့္တဲ့ေနရာေတြ႐ွိေၾကာင္း ေျပာျပေပးပါ… ဥပမာ ပန္းျခံလိုေနရာမ်ိဳး

ႏွစ္ႏွစ္ကေန ငါးႏွစ္
-ခႏၶာကိုယ္ အစိတ္အပိုင္းေတြရဲ႕ နာမည္အမွန္ေတြနဲ႔ လုပ္ငန္းေဆာင္တာေတြ

-က်ားနဲ႔ မ မတူကြဲျပားေၾကာင္း

– တခ်ိဳ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြဟာ သီးျခားထားရမွာျဖစ္ေၾကာင္း… private parts ေတြျဖစ္ေၾကာင္း…

– တျခားသူေတြရဲ႕ လြတ္လပ္ခြင့္ ဒါမွမဟုတ္ privacy ကိုေလးစားတတ္ဖို႔… ဥပမာ… ေရခ်ိဳးခန္းတံခါးေစ့ထားရင္ ေခါက္ၿပီး ဝင္ခြင့္ေတာင္းၿပီးမွ ဝင္သင့္ေၾကာင္း

– ကိုယ့္ခႏၶာကိုယ္အစိတ္အပိုင္းေတြကို လူေ႐ွ႕သူေ႐ွ႕မွာ အၾကာႀကီးထိကိုင္ေနဖို႔မသင့္ေၾကာင္း

-တကယ္လို႔ သင့္ကေလးက လူေတြဘယ္လိုျဖစ္လာသလဲ ေမးခဲ့ရင္ က်ားရဲ႕မ်ိဳးေစ့နဲ႔ မမ်ိဳးေစ့တို႔ေပါင္းၿပီး အမ်ိဳးသမီးရဲ႕ ဗိုက္ထဲမွာ ႀကီးထြားလာေၾကာင္း… မ်ိဳးလမ္းေၾကာင္းကေန အခ်ိန္တန္တဲ့အခါ ထြက္လာေၾကာင္း ေျပာလို႔ရပါတယ္

အသက္ငါးႏွစ္ကေန ႐ွစ္ႏွစ္
– ခႏၶာကိုယ္ အစိတ္အပိုင္းေတြ နဲ႔ မ်ိဳးပြားအဂၚေတြအေၾကာင္းကို ပိုၿပီးျပည့္ျပည့္စံုစံုေျပာလို႔ရပါၿပီ

– မၾကာခင္ အရြယ္ေရာက္ ႀကီးေကာင္ဝင္လာေတာ့မယ့္အေၾကာင္းနဲ႔ ဒါက ပံုမွန္ သဘာဝသာျဖစ္ေၾကာင္း

– တစံုတေယာက္က လိင္ပိုင္းဆိုင္ရာ မမွန္ကန္တဲ့ပံုစံမ်ိဳးလုပ္ခဲ့ရင္ “သားသား ဒါကိုမႀကိဳက္ဘူး… မလုပ္ပါနဲ႔ ” စသျဖင့္ ျငင္းရမွာ ျဖစ္တဲ့အေၾကာင္း

ကိုးႏွစ္နဲ႔အထက္
– မိန္းကေလး ေတြကို ဓမၼတာ လာျခင္းနဲ႔ပတ္သက္လို႔ ေသခ်ာေျပာျပ ျပင္ဆင္ေပးထားရပါမယ္

– ေယာက္က်ားေလးေတြကိုေတာ့ သုတ္လႊတ္ျခင္းနဲ႔ ညအိပ္ရာဝင္ အိပ္မက္ေတြအေၾကာင္း

– အရြယ္ေရာက္ၿပီးသူေတြရဲ႔ က်ားအဂၚနဲ႔ မလိင္အဂၚ အတူေပါင္းစပ္ၿပီး အရည္ထုတ္လိုက္တာနဲ႔ ကေလးရသြားႏိုင္တဲ့အေၾကာင္း

– လိင္ကတဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြအေၾကာင္း

– ေကာင္းေကာင္းမြန္မြန္ အရြယ္ေရာက္ၿပီး စိတ္ေရာကိုယ္ပါ အဆင္သင့္ျဖစ္ၿပီး ေသခ်ာႀကီးျပင္းၿပီးပါမွ safe sex လို႔ေခၚတဲ့ အႏၲရာယ္ကင္းတဲ့ လိင္ဆက္ဆံျခင္းကို စတင္သင့္ေၾကာင္း

– တခ်ိဳ႕ကေလးေတြဟာ ဒီအရြယ္မွာ mastubation လုပ္တတ္ၾကပါတယ္… တကယ္လို႔ သင့္ကေလး ဒီလိုလုပ္ေနတာကို သင္ျမင္ခဲ့ရင္ ဒါကို အခုရပ္ဖို႔နဲ႔ ေနာင္ကို လူျမင္ႏိုင္တဲ့ေနရာအခ်ိန္မ်ိဳးမွာ ဘယ္ေတာ့မွ မျဖစ္ေစဖို႔ သတိေပးပါ

တကယ္ေတာ့ လိင္ပညာေပးေရးဆိုတာ မိဘေတြအတြက္ ခက္ခဲၿပီး ကို႔႐ို႔ကားယားျဖစ္ေနႏိုင္ပါတယ္… ဒါေပမယ့္ ဒါကသင့္ကေလးနဲ႔အတူ ေကာင္းမြန္စြာေက်ာ္လႊားႏိုင္ဖို႔ နည္းလမ္းေတြကို ႐ွာေဖြေဆာင္ရြက္ျခင္းက အက်ိဳးေက်းဇူး အမ်ားႀကီး ျဖစ္ထြန္းမွာပဲ ျဖစ္ပါတယ္

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *