ပထမဆုံးချစ်တင်းနှောကြတဲ့အခါ…

ဖိုမကိစ္စဟာ သဘာဝတရားတစ်ခုမို့ လွန်ဆန်လို့မရနိုင်ပါဘူး။ဒါပေမယ့် အန္တရာယ်ကင်းတဲ့လိင်ဆက်ဆံခြင်းဆိုတာ စိတ်ရောကိုယ်ပါကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။

ပထမဆုံးချစ်တင်းနှောခြင်းဟာ ချစ်သူနှစ်ဦးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတစ်ရပ်ပါ။အရေးကြီးတာက နှစ်ဦးစလုံးဟာ ကျိုးကြောင်းဆင်ခြင်နိုင်ပြီး တာဝန်ယူစိတ်ရှိတဲ့ အသက်အရွယ်ပြည့်မီသူတွေဖြစ်သင့်ပါတယ်။နှစ်ဦးသဘောတူဖြစ်ရပါမယ်။နှစ်ဦးသဘောတူ ဒါကိုလုပ်ဖို့ဆန္ဒရှိကြတယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုလည်း နှစ်ယောက်စလုံးက တာဝန်ယူပြီး ဖြေရှင်းတတ်ရပါမယ်။နှစ်ဦးစလုံးတကယ်ကိုသေချာပြီဆိုမှ ချစ်တင်းနှောခြင်းကို စတင်သင့်ပါတယ်။

ဘာတွေမျှော်လင့်ထားရမလဲ?

ရုပ်ရှင်တွေထဲက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆွတ်ပျံ့ဖွယ်ရာ ဇာတ်ဝင်ခန်းလိုဖြစ်မယ်လို့တော့ တစ်ထစ်ချမမှတ်ယူထားပါနဲ့။ပထမဆုံးတိုင်းဟာ ခက်ခဲတတ်ပါတယ်။မျှော်လင့်ထားသလို ဖြစ်မလာတာ ဆန္ဒမပြီးမြောက်တာ ပြဿ နာတစ်စုံတစ်ရာပေါ်တာမျိုးတွေအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ဘာတွေပြင်ဆင်ထားသင့်သလဲ?

စိတ်ရောကိုယ်ပါအသင့်ဖြစ်ချိန်မှာ ဒါကိုစတင်ပါ။မိမိစိတ်ကအဆင်သင့်မဖြစ်သေးခင် ငြင်းဆန်လို့ရပါတယ်။

သန္ဓေတားဖို့အတွက်နည်းလမ်းရွေးချယ်ပါ။

အရေးပေါ်သန္ဓေတားဆေးတွေခဏခဏသုံးဖြစ်နေမယ်ထင်ရင် တားဆေးကတ်(COC Pill)တွေသောက်သင့်ပါတယ်။ဒီဆေးကတ်တွေဟာ ၇ ရက်သောက်ပြီးမှ သန္ဓေတားတဲ့အာနိသင်စရတာကိုတော့ သတိပြုသင့်ပါတယ်။

ပထမဆုံးအကြိမ်မှာ ကွန်ဒုံးသုံးသင့်ပါတယ်။

ကိုယ်ဝန်တားဖို့အတွက်သာမက လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများကိုပါ ကာကွယ်ဖို့သုံးသင့်ပါတယ်။ကွန်ဒုံးပေါက်ပြဲသွားတာမျိုးနဲ့ တားဆေးကတ်သောက်ဖို့မေ့သွားတာမျိုးတွေမှာတော့ အရေးပေါ်တားဆေးကိုသောက်သင့်ပါတယ်။

Foreplay ကအရေးကြီးပါတယ်…

လိင်ဆက်ဆံခြင်းမစတင်ခင်မှာ ပွတ်သပ်ကျီစယ်ခြင်း နမ်းခြင်းတို့ကိုပြုလုပ်ခြင်းဟာ အမျိုးသမီးများအဆင်သင့်ဖြစ်ဖို့ အထောက်အကူပြုပါတယ်။အမျိုးသမီးတော်တော်များများဟာ Foreplay အဆင့်မှာ ဆန္ဒပြီးမြောက်တတ်ကြတဲ့အတွက် ဒီအဆင့်ဟာအရေးပါပါတယ်။

လိင်ဆက်ဆံဖြစ်တဲ့အခါမှာတော့ နှစ်ဦးစလုံးသက်တောင့်သက်သာမရှိတဲ့အဖြစ်ကိုခံစားရနိုင်ပါတယ်။ဒါဟာ ပထမဆုံးတိုင်းမှာ တွေ့ကြုံရစမြဲပါ။အမျိုးသမီးများဟာ နာကျင်မှုကိုတွေးပြီး အလွန်အမင်းကြောက်ရွံ့စိုးရိမ်စိတ်ရှိတတ်ကြပါတယ်။ဒီကြောက်ရွံ့စိတ်ဟာ အာရုံကြောတွေ တင်းကြပ်စေတဲ့အတွက် လိင်ဆက်ဆံရာမှာ အခက်အခဲဖြစ်တတ်ပါတယ်။လုံလောက်တဲ့စိုစွတ်မှုကိုရရှိဖို့အတွက် ရေဓာတ်ကိုအခြေခံတဲ့ ချောဆီအမျိုးအစားကိုသုံးသင့်ပါတယ်။အဆီဓာတ်ကိုအခြေခံတဲ့ ချောဆီတွေကတော့ ကွန်ဒုံးကိုပေါက်ပြဲစေတတ်တဲ့အတွက် သတိပြုရပါမယ်။ကိုယ်သက်တောင့်သက်သာမဖြစ်တဲ့အခြေအနေမျိုးဖြစ်တိုင်း ကိုယ့်အဖော်နဲ့ဆက်သွယ်ပြီး ညှိနှိုင်းယူသင့်ပါတယ်။

သွေးထွက်မှာလား?

အမျိုးသမီးရဲ့ အပျိုမြှေးကို တွန်းတိုက်ဝင်ရောက်သွားတဲ့အခါမှာ စုတ်ပြဲပြီးသွေးထွက်တတ်ပါတယ်။သွေးထွက်တဲ့ပမာဏဟာ အနည်းငယ်ပဲဖြစ်သင့်ပါတယ်။သွေးထွက်အရမ်းများနေပြီဆိုရင်တော့ တစ်ခုခုလွဲချော်နေပါပြီ။မိန်းမကိုယ်အတွင်းပိုင်းစုတ်ပြဲတာမျိုးကြောင့် သွေးတွေဆင်းတာဆိုရင်တော့ ဆေးရုံချက်ချင်းပြေးပြီး ပြန်ချုပ်သင့်ချုပ်ရမှာပါ။မိန်းကလေးအဆင်သင့်မဖြစ်ခင် အထမြောက်အောင်အတင်းအကြပ်ကြိုးစားတာဟာ ဒီပြဿ နာကိုဖြစ်စေတတ်ပါတယ်။

ပထမဆုံးအကြိမ်မှာ နှစ်ဦးစလုံးဆန္ဒပြီးမြောက်မယ်လို့မမျှော်လင့်ထားပါနဲ့။စိတ်ပျက်စရာမဟုတ်သလို ကိုယ်နဲ့ကိုယ့်အဖော် ရင်းနှီးနားလည်မှုပိုရတယ်သဘောထားနိုင်ရင် ချစ်တင်းနှောခြင်းဟာ အဆင်ပြေလာမှာပါ။

Dr. Pwint Phyo Kyaw

ပထမဆံုးခ်စ္တင္းေႏွာၾကတဲ႔အခါ…

ဖိုမကိစၥဟာ သဘာဝတရားတစ္ခုမို႔ လြန္ဆန္လို႕မရနိုင္ပါဘူး။ဒါေပမယ့္ အႏၲရာယ္ကင္းတဲ႔လိင္ဆက္ဆံျခင္းဆိုတာ စိတ္ေရာကိုယ္ပါၾကိဳတင္ျပင္ဆင္မႈလိုအပ္ပါတယ္။

ပထမဆံုးခ်စ္တင္းေႏွာျခင္းဟာ ခ်စ္သူႏွစ္ဦးအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ႔ အေျခအေနတစ္ရပ္ပါ။အေရးၾကီးတာက ႏွစ္ဦးစလံုးဟာ က်ိဳးေၾကာင္းဆင္ျခင္နိုင္ျပီး တာဝန္ယူစိတ္ရွိတဲ႔ အသက္အရြယ္ျပည့္မီသူေတြျဖစ္သင့္ပါတယ္။ႏွစ္ဦးသေဘာတူျဖစ္ရပါမယ္။ႏွစ္ဦးသေဘာတူ ဒါကိုလုပ္ဖို႔ဆႏၵရွိၾကတယ္ဆိုရင္ ျဖစ္လာမယ့္အက်ဳိးဆက္ေတြကိုလည္း ႏွစ္ေယာက္စလံုးက တာဝန္ယူျပီး ေျဖရွင္းတတ္ရပါမယ္။ႏွစ္ဦးစလံုးတကယ္ကိုေသခ်ာျပီဆိုမွ ခ်စ္တင္းေႏွာျခင္းကို စတင္သင့္ပါတယ္။

ဘာေတြေမ်ွာ္လင့္ထားရမလဲ?

ရုပ္ရွင္ေတြထဲက ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဆြတ္ပ်ံ႕ဖြယ္ရာ ဇာတ္ဝင္ခန္းလိုျဖစ္မယ္လို႔ေတာ့ တစ္ထစ္ခ်မမွတ္ယူထားပါနဲ႔။ပထမဆံုးတိုင္းဟာ ခက္ခဲတတ္ပါတယ္။ေမ်ွာ္လင့္ထားသလို ျဖစ္မလာတာ ဆႏၵမျပီးေျမာက္တာ ျပႆ နာတစ္စံုတစ္ရာေပၚတာမ်ိဳးေတြအတြက္ စိတ္ကိုၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

ဘာေတြျပင္ဆင္ထားသင့္သလဲ?

စိတ္ေရာကိုယ္ပါအသင့္ျဖစ္ခ်ိန္မွာ ဒါကိုစတင္ပါ။မိမိစိတ္ကအဆင္သင့္မျဖစ္ေသးခင္ ျငင္းဆန္လို႔ရပါတယ္။

သေႏၶတားဖို႔အတြက္နည္းလမ္းေရြးခ်ယ္ပါ။

အေရးေပၚသေႏၶတားေဆးေတြခဏခဏသံုးျဖစ္ေနမယ္ထင္ရင္ တားေဆးကတ္(COC Pill)ေတြေသာက္သင့္ပါတယ္။ဒီေဆးကတ္ေတြဟာ ၇ ရက္ေသာက္ျပီးမွ သေႏၶတားတဲ႔အာနိသင္စရတာကိုေတာ့ သတိျပဳသင့္ပါတယ္။

ပထမဆံုးအၾကိမ္မွာ ကြန္ဒံုးသံုးသင့္ပါတယ္။

ကိုယ္ဝန္တားဖိုု႔အတြက္သာမက လိင္မွတစ္ဆင့္ကူးစက္တတ္တဲ႔ေရာဂါမ်ားကိုပါ ကာကြယ္ဖို႔သံုးသင့္ပါတယ္။ကြန္ဒံုးေပါက္ျပဲသြားတာမ်ိဳးနဲ႔ တားေဆးကတ္ေသာက္ဖိုု႔ေမ့သြားတာမ်ိဳးေတြမွာေတာ့ အေရးေပၚတားေဆးကိုေသာက္သင့္ပါတယ္။

Foreplay ကအေရးၾကီးပါတယ္…

လိင္ဆက္ဆံျခင္းမစတင္ခင္မွာ ပြတ္သပ္က်ီစယ္ျခင္း နမ္းျခင္းတို႔ကိုျပဳလုပ္ျခင္းဟာ အမ်ိဳးသမီးမ်ားအဆင္သင့္ျဖစ္ဖို႔ အေထာက္အကူျပဳပါတယ္။အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ Foreplay အဆင့္မွာ ဆႏၵျပီးေျမာက္တတ္ၾကတဲ႔အတြက္ ဒီအဆင့္ဟာအေရးပါပါတယ္။

လိင္ဆက္ဆံျဖစ္တဲ႔အခါမွာေတာ့ ႏွစ္ဦးစလံုးသက္ေတာင့္သက္သာမရွိတဲ႔အျဖစ္ကိုခံစားရႏိုင္ပါတယ္။ဒါဟာ ပထမဆံုးတိုင္းမွာ ေတြ႕ၾကံဳရစျမဲပါ။အမ်ိဳးသမီးမ်ားဟာ နာက်င္မႈကိုေတြးျပီး အလြန္အမင္းေၾကာက္ရြံ႕စိုးရိမ္စိတ္ရွိတတ္ၾကပါတယ္။ဒီေၾကာက္ရြံ႕စိတ္ဟာ အာရုံေၾကာေတြ တင္းၾကပ္ေစတဲ႔အတြက္ လိင္ဆက္ဆံရာမွာ အခက္အခဲျဖစ္တတ္ပါတယ္။လံုေလာက္တဲ႔စိုစြတ္မႈကိုရရွိဖို႔အတြက္ ေရဓာတ္ကိုအေျခခံတဲ႔ ေခ်ာဆီအမ်ိဳးအစားကိုသံုးသင့္ပါတယ္။အဆီဓာတ္ကိုအေျခခံတဲ႔ ေခ်ာဆီေတြကေတာ့ ကြန္ဒံုးကိုေပါက္ျပဲေစတတ္တဲ႔အတြက္ သတိျပဳရပါမယ္။ကိုယ္သက္ေတာင့္သက္သာမျဖစ္တဲ႔အေျခအေနမ်ိဳးျဖစ္တိုင္း ကိုယ့္အေဖာ္နဲ႔ဆက္သြယ္ျပီး ညွိႏႈိင္းယူသင့္ပါတယ္။

ေသြးထြက္မွာလား?

အမ်ိဳးသမီးရဲ႕ အပ်ိဳေျမွးကို တြန္းတိုက္ဝင္ေရာက္သြားတဲ႔အခါမွာ စုတ္ျပဲျပီးေသြးထြက္တတ္ပါတယ္။ေသြးထြက္တဲ႔ပမာဏဟာ အနည္းငယ္ပဲျဖစ္သင့္ပါတယ္။ေသြးထြက္အရမ္းမ်ားေနျပီဆိုရင္ေတာ့ တစ္ခုခုလြဲေခ်ာ္ေနပါျပီ။မိန္းမကို္ယ္အတြင္းပိုင္းစုတ္ျပဲတာမ်ိဳးေၾကာင့္ ေသြးေတြဆင္းတာဆိုရင္ေတာ့ ေဆးရုံခ်က္ခ်င္းေျပးျပီး ျပန္ခ်ဳပ္သင့္ခ်ဳပ္ရမွာပါ။မိန္းကေလးအဆင္သင့္မျဖစ္ခင္ အထေျမာက္ေအာင္အတင္းအၾကပ္ၾကိဳးစားတာဟာ ဒီျပႆ နာကိုျဖစ္ေစတတ္ပါတယ္။

ပထမဆံုးအၾကိမ္မွာ ႏွစ္ဦးစလံုးဆႏၵျပီးေျမာက္မယ္လို႔မေမ်ွာ္လင့္ထားပါနဲ႔။စိတ္ပ်က္စရာမဟုတ္သလို ကိုယ္နဲ႔ကိုယ့္အေဖာ္ ရင္းႏွီးနားလည္မႈပိုရတယ္သေဘာထားနိုင္ရင္ ခ်စ္တင္းေႏွာျခင္းဟာ အဆင္ေျပလာမွာပါ။

Dr. Pwint Phyo Kyaw

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *