ပထမဆုံးချစ်တင်းနှောကြတဲ့အခါ…
ဖိုမကိစ္စဟာ သဘာဝတရားတစ်ခုမို့ လွန်ဆန်လို့မရနိုင်ပါဘူး။ဒါပေမယ့် အန္တရာယ်ကင်းတဲ့လိင်ဆက်ဆံခြင်းဆိုတာ စိတ်ရောကိုယ်ပါကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။ပထမဆုံးချစ်တင်းနှောခြင်းဟာ ချစ်သူနှစ်ဦးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတစ်ရပ်ပါ။အရေးကြီးတာက နှစ်ဦးစလုံးဟာ ကျိုးကြောင်းဆင်ခြင်နိုင်ပြီး တာဝန်ယူစိတ်ရှိတဲ့ အသက်အရွယ်ပြည့်မီသူတွေဖြစ်သင့်ပါတယ်။နှစ်ဦးသဘောတူဖြစ်ရပါမယ်။နှစ်ဦးသဘောတူ ဒါကိုလုပ်ဖို့ဆန္ဒရှိကြတယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုလည်း နှစ်ယောက်စလုံးက တာဝန်ယူပြီး ဖြေရှင်းတတ်ရပါမယ်။နှစ်ဦးစလုံးတကယ်ကိုသေချာပြီဆိုမှ ချစ်တင်းနှောခြင်းကို စတင်သင့်ပါတယ်။
ဘာတွေမျှော်လင့်ထားရမလဲ?
ရုပ်ရှင်တွေထဲက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆွတ်ပျံ့ဖွယ်ရာ ဇာတ်ဝင်ခန်းလိုဖြစ်မယ်လို့တော့ တစ်ထစ်ချမမှတ်ယူထားပါနဲ့။ပထမဆုံးတိုင်းဟာ ခက်ခဲတတ်ပါတယ်။မျှော်လင့်ထားသလို ဖြစ်မလာတာ ဆန္ဒမပြီးမြောက်တာ ပြဿ နာတစ်စုံတစ်ရာပေါ်တာမျိုးတွေအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဘာတွေပြင်ဆင်ထားသင့်သလဲ?
စိတ်ရောကိုယ်ပါအသင့်ဖြစ်ချိန်မှာ ဒါကိုစတင်ပါ။
မိမိစိတ်ကအဆင်သင့်မဖြစ်သေးခင် ငြင်းဆန်လို့ရပါတယ်။
သန္ဓေတားဖို့အတွက်နည်းလမ်းရွေးချယ်ပါ။
အရေးပေါ်သန္ဓေတားဆေးတွေခဏခဏသုံးဖြစ်နေမယ်ထင်ရင် တားဆေးကတ်(COC Pill)တွေသောက်သင့်ပါတယ်။ဒီဆေးကတ်တွေဟာ ၇ ရက်သောက်ပြီးမှ သန္ဓေတားတဲ့အာနိသင်စရတာကိုတော့ သတိပြုသင့်ပါတယ်။
ပထမဆုံးအကြိမ်မှာ ကွန်ဒုံးသုံးသင့်ပါတယ်။
ကိုယ်ဝန်တားဖို့အတွက်သာမက လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများကိုပါ ကာကွယ်ဖို့သုံးသင့်ပါတယ်။ကွန်ဒုံးပေါက်ပြဲသွားတာမျိုးနဲ့ တားဆေးကတ်သောက်ဖို့မေ့သွားတာမျိုးတွေမှာတော့ အရေးပေါ်တားဆေးကိုသောက်သင့်ပါတယ်။
Foreplay ကအရေးကြီးပါတယ်…
လိင်ဆက်ဆံခြင်းမစတင်ခင်မှာ ပွတ်သပ်ကျီစယ်ခြင်း နမ်းခြင်းတို့ကိုပြုလုပ်ခြင်းဟာ အမျိုးသမီးများအဆင်သင့်ဖြစ်ဖို့ အထောက်အကူပြုပါတယ်။အမျိုးသမီးတော်တော်များများဟာ Foreplay အဆင့်မှာ ဆန္ဒပြီးမြောက်တတ်ကြတဲ့အတွက် ဒီအဆင့်ဟာအရေးပါပါတယ်။
လိင်ဆက်ဆံဖြစ်တဲ့အခါမှာတော့ နှစ်ဦးစလုံးသက်တောင့်သက်သာမရှိတဲ့အဖြစ်ကိုခံစားရနိုင်ပါတယ်။ဒါဟာ ပထမဆုံးတိုင်းမှာ တွေ့ကြုံရစမြဲပါ။အမျိုးသမီးများဟာ နာကျင်မှုကိုတွေးပြီး အလွန်အမင်းကြောက်ရွံ့စိုးရိမ်စိတ်ရှိတတ်ကြပါတယ်။ဒီကြောက်ရွံ့စိတ်ဟာ အာရုံကြောတွေ တင်းကြပ်စေတဲ့အတွက် လိင်ဆက်ဆံရာမှာ အခက်အခဲဖြစ်တတ်ပါတယ်။လုံလောက်တဲ့စိုစွတ်မှုကိုရရှိဖို့အတွက် ရေဓာတ်ကိုအခြေခံတဲ့ ချောဆီအမျိုးအစားကိုသုံးသင့်ပါတယ်။အဆီဓာတ်ကိုအခြေခံတဲ့ ချောဆီတွေကတော့ ကွန်ဒုံးကိုပေါက်ပြဲစေတတ်တဲ့အတွက် သတိပြုရပါမယ်။ကိုယ်သက်တောင့်သက်သာမဖြစ်တဲ့အခြေအနေမျိုးဖြစ်တိုင်း ကိုယ့်အဖော်နဲ့ဆက်သွယ်ပြီး ညှိနှိုင်းယူသင့်ပါတယ်။
သွေးထွက်မှာလား?
အမျိုးသမီးရဲ့ အပျိုမြှေးကို တွန်းတိုက်ဝင်ရောက်သွားတဲ့အခါမှာ စုတ်ပြဲပြီးသွေးထွက်တတ်ပါတယ်။သွေးထွက်တဲ့ပမာဏဟာ အနည်းငယ်ပဲဖြစ်သင့်ပါတယ်။သွေးထွက်အရမ်းများနေပြီဆိုရင်တော့ တစ်ခုခုလွဲချော်နေပါပြီ။မိန်းမကိုယ်အတွင်းပိုင်းစုတ်ပြဲတာမျိုးကြောင့် သွေးတွေဆင်းတာဆိုရင်တော့ ဆေးရုံချက်ချင်းပြေးပြီး ပြန်ချုပ်သင့်ချုပ်ရမှာပါ။မိန်းကလေးအဆင်သင့်မဖြစ်ခင် အထမြောက်အောင်အတင်းအကြပ်ကြိုးစားတာဟာ ဒီပြဿ နာကိုဖြစ်စေတတ်ပါတယ်။
ပထမဆုံးအကြိမ်မှာ နှစ်ဦးစလုံးဆန္ဒပြီးမြောက်မယ်လို့မမျှော်လင့်ထားပါနဲ့။စိတ်ပျက်စရာမဟုတ်သလို ကိုယ်နဲ့ကိုယ့်အဖော် ရင်းနှီးနားလည်မှုပိုရတယ်သဘောထားနိုင်ရင် ချစ်တင်းနှောခြင်းဟာ အဆင်ပြေလာမှာပါ။
Dr.ပွင့်ဖြိုးကျော်
ပထမဆံုးခ်စ္တင္းေႏွာၾကတဲ႔အခါ…
ဖိုမကိစၥဟာ သဘာဝတရားတစ္ခုမို႔ လြန္ဆန္လို႕မရနိုင္ပါဘူး။ဒါေပမယ့္ အႏၲရာယ္ကင္းတဲ႔လိင္ဆက္ဆံျခင္းဆိုတာ စိတ္ေရာကိုယ္ပါၾကိဳတင္ျပင္ဆင္မႈလိုအပ္ပါတယ္။ပထမဆံုးခ်စ္တင္းေႏွာျခင္းဟာ ခ်စ္သူႏွစ္ဦးအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ႔ အေျခအေနတစ္ရပ္ပါ။အေရးၾကီးတာက ႏွစ္ဦးစလံုးဟာ က်ိဳးေၾကာင္းဆင္ျခင္နိုင္ျပီး တာဝန္ယူစိတ္ရွိတဲ႔ အသက္အရြယ္ျပည့္မီသူေတြျဖစ္သင့္ပါတယ္။ႏွစ္ဦးသေဘာတူျဖစ္ရပါမယ္။ႏွစ္ဦးသေဘာတူ ဒါကိုလုပ္ဖို႔ဆႏၵရွိၾကတယ္ဆိုရင္ ျဖစ္လာမယ့္အက်ဳိးဆက္ေတြကိုလည္း ႏွစ္ေယာက္စလံုးက တာဝန္ယူျပီး ေျဖရွင္းတတ္ရပါမယ္။ႏွစ္ဦးစလံုးတကယ္ကိုေသခ်ာျပီဆိုမွ ခ်စ္တင္းေႏွာျခင္းကို စတင္သင့္ပါတယ္။
ဘာေတြေမ်ွာ္လင့္ထားရမလဲ?
ရုပ္ရွင္ေတြထဲက ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဆြတ္ပ်ံ႕ဖြယ္ရာ ဇာတ္ဝင္ခန္းလိုျဖစ္မယ္လို႔ေတာ့ တစ္ထစ္ခ်မမွတ္ယူထားပါနဲ႔။ပထမဆံုးတိုင္းဟာ ခက္ခဲတတ္ပါတယ္။ေမ်ွာ္လင့္ထားသလို ျဖစ္မလာတာ ဆႏၵမျပီးေျမာက္တာ ျပႆ နာတစ္စံုတစ္ရာေပၚတာမ်ိဳးေတြအတြက္ စိတ္ကိုၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။
ဘာေတြျပင္ဆင္ထားသင့္သလဲ?
စိတ္ေရာကိုယ္ပါအသင့္ျဖစ္ခ်ိန္မွာ ဒါကိုစတင္ပါ။
မိမိစိတ္ကအဆင္သင့္မျဖစ္ေသးခင္ ျငင္းဆန္လို႔ရပါတယ္။
သေႏၶတားဖို႔အတြက္နည္းလမ္းေရြးခ်ယ္ပါ။
အေရးေပၚသေႏၶတားေဆးေတြခဏခဏသံုးျဖစ္ေနမယ္ထင္ရင္ တားေဆးကတ္(COC Pill)ေတြေသာက္သင့္ပါတယ္။ဒီေဆးကတ္ေတြဟာ ၇ ရက္ေသာက္ျပီးမွ သေႏၶတားတဲ႔အာနိသင္စရတာကိုေတာ့ သတိျပဳသင့္ပါတယ္။
ပထမဆံုးအၾကိမ္မွာ ကြန္ဒံုးသံုးသင့္ပါတယ္။
ကိုယ္ဝန္တားဖိုု႔အတြက္သာမက လိင္မွတစ္ဆင့္ကူးစက္တတ္တဲ႔ေရာဂါမ်ားကိုပါ ကာကြယ္ဖို႔သံုးသင့္ပါတယ္။ကြန္ဒံုးေပါက္ျပဲသြားတာမ်ိဳးနဲ႔ တားေဆးကတ္ေသာက္ဖိုု႔ေမ့သြားတာမ်ိဳးေတြမွာေတာ့ အေရးေပၚတားေဆးကိုေသာက္သင့္ပါတယ္။
Foreplay ကအေရးၾကီးပါတယ္…
လိင္ဆက္ဆံျခင္းမစတင္ခင္မွာ ပြတ္သပ္က်ီစယ္ျခင္း နမ္းျခင္းတို႔ကိုျပဳလုပ္ျခင္းဟာ အမ်ိဳးသမီးမ်ားအဆင္သင့္ျဖစ္ဖို႔ အေထာက္အကူျပဳပါတယ္။အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ Foreplay အဆင့္မွာ ဆႏၵျပီးေျမာက္တတ္ၾကတဲ႔အတြက္ ဒီအဆင့္ဟာအေရးပါပါတယ္။
လိင္ဆက္ဆံျဖစ္တဲ႔အခါမွာေတာ့ ႏွစ္ဦးစလံုးသက္ေတာင့္သက္သာမရွိတဲ႔အျဖစ္ကိုခံစားရႏိုင္ပါတယ္။ဒါဟာ ပထမဆံုးတိုင္းမွာ ေတြ႕ၾကံဳရစျမဲပါ။အမ်ိဳးသမီးမ်ားဟာ နာက်င္မႈကိုေတြးျပီး အလြန္အမင္းေၾကာက္ရြံ႕စိုးရိမ္စိတ္ရွိတတ္ၾကပါတယ္။ဒီေၾကာက္ရြံ႕စိတ္ဟာ အာရုံေၾကာေတြ တင္းၾကပ္ေစတဲ႔အတြက္ လိင္ဆက္ဆံရာမွာ အခက္အခဲျဖစ္တတ္ပါတယ္။လံုေလာက္တဲ႔စိုစြတ္မႈကိုရရွိဖို႔အတြက္ ေရဓာတ္ကိုအေျခခံတဲ႔ ေခ်ာဆီအမ်ိဳးအစားကိုသံုးသင့္ပါတယ္။အဆီဓာတ္ကိုအေျခခံတဲ႔ ေခ်ာဆီေတြကေတာ့ ကြန္ဒံုးကိုေပါက္ျပဲေစတတ္တဲ႔အတြက္ သတိျပဳရပါမယ္။ကိုယ္သက္ေတာင့္သက္သာမျဖစ္တဲ႔အေျခအေနမ်ိဳးျဖစ္တိုင္း ကိုယ့္အေဖာ္နဲ႔ဆက္သြယ္ျပီး ညွိႏႈိင္းယူသင့္ပါတယ္။
ေသြးထြက္မွာလား?
အမ်ိဳးသမီးရဲ႕ အပ်ိဳေျမွးကို တြန္းတိုက္ဝင္ေရာက္သြားတဲ႔အခါမွာ စုတ္ျပဲျပီးေသြးထြက္တတ္ပါတယ္။ေသြးထြက္တဲ႔ပမာဏဟာ အနည္းငယ္ပဲျဖစ္သင့္ပါတယ္။ေသြးထြက္အရမ္းမ်ားေနျပီဆိုရင္ေတာ့ တစ္ခုခုလြဲေခ်ာ္ေနပါျပီ။မိန္းမကို္ယ္အတြင္းပိုင္းစုတ္ျပဲတာမ်ိဳးေၾကာင့္ ေသြးေတြဆင္းတာဆိုရင္ေတာ့ ေဆးရုံခ်က္ခ်င္းေျပးျပီး ျပန္ခ်ဳပ္သင့္ခ်ဳပ္ရမွာပါ။မိန္းကေလးအဆင္သင့္မျဖစ္ခင္ အထေျမာက္ေအာင္အတင္းအၾကပ္ၾကိဳးစားတာဟာ ဒီျပႆ နာကိုျဖစ္ေစတတ္ပါတယ္။
ပထမဆံုးအၾကိမ္မွာ ႏွစ္ဦးစလံုးဆႏၵျပီးေျမာက္မယ္လို႔မေမ်ွာ္လင့္ထားပါနဲ႔။စိတ္ပ်က္စရာမဟုတ္သလို ကိုယ္နဲ႔ကိုယ့္အေဖာ္ ရင္းႏွီးနားလည္မႈပိုရတယ္သေဘာထားနိုင္ရင္ ခ်စ္တင္းေႏွာျခင္းဟာ အဆင္ေျပလာမွာပါ။
Dr.ပြင့္ၿဖိဳးေက်ာ္