8နှစ်အောက်ကလေးများအတွက် လိင်ပညာပေးခြင်း
“လာ…. မမွန်…. အိမ်လည်လာတာလား…. မတွေ့တာ ကြာပြီ”
“ဟုတ်တယ် ညီမရေ… မမွန် ညီမလေးနဲ့ မတွေ့ရတာ လဲ ကြာလို့…. ကိုယ့်ညီမလေး ဆရာဝန်မကြီးလုံးလုံး ဖြစ်နေပြီဆိုတော့…. မေးစရာလေးတွေလဲရှိလို့… လူရင်းဆိုတော့ မေးရမှာ အားနာစရာမလိုတော့ဘူးမလား ညီမရေ”
“မေးပါ မမွန်… ဘာသိချင်လို့လဲ”
“ဒီလို ညီမရေ… သိတဲ့အတိုင်း မမွန်မွေးထားတာက သမီးလေး… ခုမှ အသက်ငါးနှစ်ဆိုပေမယ့်… တနေ့တနေ့ Facebook မှာ ကြားရမြင်ရတာတွေလဲ အများကြီး… သက်ငယ်မုဒိမ်းမှူတွေကလဲ ပေါနေတာ ဆိုတော့…. သမီးလေးအတွက် စိုးရိမ်မိလို့… အဲဒါ သမီးလေးကို မမွန်တို့စောင့်ရှောက်တာလဲ စောင့်ရှောကိတာပေါ့… သမီးလေးကိုယ်တိုင်လဲ သူ့ဖာသာသူ စောင့်ရှောက်တတ်အောင် သူ့အရွယ်လေးနဲ့လိုက်တဲ့ အသိပညာဘယ်လိုပေးရမှန်းမသိလို့ ညီမရေ”
“သိပ်ကောင်းတဲ့ အတွေးပဲ မမွန်ရေ…. ဒီလို မိမိကလေးကို ငယ်သေးတယ်ဆိုပြီး လွှတ်မထားဘဲ sex education ပေးဖို့ စိတ်ကူးရှိတာ မမွန်ကို အင်မတန် ချီးကျူးချင်ပါတယ်”
“ကလေးငယ်တွေကို လိင်ပညာပေးတဲ့အခါ မိဘတွေ အနေနဲ့… သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျားမ relationship ဖြစ်တည်မှူတွေကို…. ကလေးငယ်တွေ သဘောပေါက်အောင် ရိုးရိုးရှင်းရှင်းနဲ့ မှန်မှန်ကန်ကန်ပြောဆိုဆွေးနွေးရမှာသာမက …. ကလေးတွေ ပြန်မေးလာမယ့် မေးခွန်းတွေကိုလဲ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် မမွန်ရေ ”
“ကလေးတွေဟာ ဘယ်လောက်ငယ်ငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှူကို…. ခံရနိုင်ချေရှိတာပဲမို့ ဘယ်အချိန်မှစပြီး လိင်ပညာပေးရမယ်ဆိုတာ တိတိကျကျ မရှိပေမယ့်…. အကြမ်းဖျဉ်း ဆိုရရင်တော့ ကလေးအသက်နှစ်နှစ်သုံးနှစ်လောက်ကနေ…. စပြီးပေးတာ သင့်တော်တယ်လို့ ဆိုကြတယ် မမွန်ရေ ”
“ဘယ်လိုတွေ ပြောရမလဲ ညီမရယ်….. အဲဒါလေးလဲ အမကိုပြောပြပါဦး”
“ဟုတ်ကဲ့ မမွန်… အသက်ရှစ်နှစ်အောက်ကလေးအတွက်ဆိုရငိ အကြမ်းဖျဥိးအုပ်စု သုံးခုခွဲထားတယ် အမ…
အသက်နှစ်နှစ်ကနေ သုံးနှစ်အတွင်းကလေးတွေဆိုရင်…သူတို့နဲ့ တခြားကလေးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကို သိချင်တတ်ကြတယ်…ယောက်ကျားလေး မိန်းကလေး ကွာခြားတာကိုလဲ သတိပြုမိနေပြီ.. မိဘတွေအနေနဲ့ ပုံတွေပဲဖြစ်ဖြစ် ထောက်ပြပြီး ဒီခန္ဓာကိုယ်အစိတ်အပိုင်းက… ဘာဖြစ်တယ်… ဥပမာ ကျားလိင်တံ မအဂါ် စသဖြင့် မိတ်ဆက်ပေးထားသင့်ပါတယ်”
“အသက်လေးနှစ်ကနေ ငါးနှစ်ကလေးတွေ အမေးများတာကတော့…. လူတွေဘယ်ကဖြစ်လာတယ်ဆိုတာပဲ မမွန်ရေ…. သူတို့ကို နားလည်လွယ်နိုင်တဲ့ စကားတွေနဲ့ ရှင်းပြလို့ရပါတယ်… ဥပမာ… လူယောက်ကျားဆီက အစေ့သေးသေးကလေး (sperm) နဲ့ လူမိန်းမဆီက မျိုးဥ (egg) တို့ဟာ လူမိန်းမရဲ့ ဗိုက်ထဲက သားအိမ်ထဲမှာ ပေါင်းစပ်ကြီးထွားလာတယ်… ဆိုတာမျိုးပေါ့”
” ကြီးပြီးသားကလေးတွေ ဘယ်ကနေဘယ်လိုထွက်လာသလဲလဲ သူတို့အရွယ်လေးတွေ မေးတတ်တယ်…သားအိမ်ထဲက ကလေးလေးကြီးထွားမှူပြည့်စုံလာတဲ့အခါ မွေးလမ်းကြောင်းကနေ ကလေးကို ညှစ်ချလိုက်တာပေါ့… စသဖြင့် ဖြေလို့ရပါတယ်”
“အသက် ခြောက်နှစ်ကနေ ရှစ်နှစ်ကလေးတွေကျတော့….ဒီ့ထက်ပို ပြည့်ပြည့်စုံစုံ သိချင်လာကြပြီ…ဖိုမျိုးစေ့နဲ့ မမျိုးစေ့က ဘယ်လိုဖြစ်လို့ပေါင်းစပ်သွားတာလဲ မေးနိုင်တယ်… အဲဒီအခါ… အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး လိင်အဂါ်အချင်းချင်းပေါင်းစပ်တဲ့အခါ မျိုးစေ့တွေပေါင်းသွားနိုင်တယ်လို့ ဖြေလို့ရပါတယ် မမွန်ရေ”
“အရွယ်ရောက်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ပြောင်းလဲပုံကိုလဲ ထည့်ပြီးပြောလိုရတယ်… ဥပမာ ယောက်ကျားလေးဆိုရင် အသံတွေ သြလာတယ်.. အရပ်ရှည်လာတယ်… လိင်အဂါ်တွေဖွံ့ဖြိုးလာတယ်… စသဖြင့်ပေါ့…. အတတ်နိုင်ဆုံးယဉ်ကျေးတဲ့ စကားမျိုးနဲ့ ကလေးနားလည်လွယ်အောင်ပြောရမယ်…
လိင်ပညာပေးတဲ့အခါ မဖြစ်မနေထည့်ပြောရမှာကတော့…သား/သမီးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ private parts တွေကို တခြားဘယ်သူတဦးတယောက်ကမှ အကြာကြီး ကိုင်တွယ်ပွတ်သပ်ခွင့်မရှိဘူး…. တခုခုထူးခြားတာနဲ့ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အကူအညီရယူရမယ် ဆိုတာပါပဲ မမွန်ရေ”
“ကျေးဇူးအများကြီး တင်ပါတယ် ညီမလေးရေ… ခုမှပဲ မမွန်ဘယ်လို ပြောရမယ်ဆိုတာ သဘောပေါက်သွားတော့တယ်”
“ဟုတ်ကဲ့ပါ မမွန်ရေ…တချို့ကလေးတွေကျတော့လဲ သူတို့ကစပြီး ဒါမျိုးမေးခွန်းတွေ မမေးတာရှိတယ်… အဲဒီအခါ မိဘကနေစပြီးတော့.. ‘ကလေးလေးတွေ ဘယ်လိုဖြစ်လာသလဲ သားသိလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ စလို့ရပါတယ်….
ကလေးတွေကို လိင်ပညာပေးတဲ့ အခွေတွေ ရုပ်ပုံတွေ you tube video တွေလဲရှိလို့…. မိဘတွေ အနေနဲ့ ခုခေတ်မှာ လေ့လာဖို့ အခွင့်အလမ်း များနေပါပြီ မမွန်ရေ ”
သဘောကျကျေနပ်သွားတဲ့ မမွန်ကို ကြည့်ရင်း ကျွန်မလဲ ကြည်နူးကျေနပ်မိရင်း…..
စိမ်းမိုးစက်
8ႏွစ္ေအာက္ကေလးမ်ားအတြက္ လိင္ပညာေပးျခင္း
“လာ…. မမြန္…. အိမ္လည္လာတာလား…. မေတြ႔တာ ၾကာၿပီ”
“ဟုတ္တယ္ ညီမေရ… မမြန္ ညီမေလးနဲ႔ မေတြ႔ရတာ လဲ ၾကာလို႔…. ကိုယ့္ညီမေလး ဆရာဝန္မႀကီးလံုးလံုး ျဖစ္ေနၿပီဆိုေတာ့…. ေမးစရာေလးေတြလဲ႐ွိလို႔… လူရင္းဆိုေတာ့ ေမးရမွာ အားနာစရာမလိုေတာ့ဘူးမလား ညီမေရ”
“ေမးပါ မမြန္… ဘာသိခ်င္လို႔လဲ”
“ဒီလို ညီမေရ… သိတဲ့အတိုင္း မမြန္ေမြးထားတာက သမီးေလး… ခုမွ အသက္ငါးႏွစ္ဆိုေပမယ့္… တေန႔တေန႔ Facebook မွာ ၾကားရျမင္ရတာေတြလဲ အမ်ားႀကီး… သက္ငယ္မုဒိမ္းမႉေတြကလဲ ေပါေနတာ ဆိုေတာ့…. သမီးေလးအတြက္ စိုးရိမ္မိလို႔… အဲဒါ သမီးေလးကို မမြန္တို႔ေစာင့္ေ႐ွာက္တာလဲ ေစာင့္ေ႐ွာကိတာေပါ့… သမီးေလးကိုယ္တိုင္လဲ သူ႔ဖာသာသူ ေစာင့္ေ႐ွာက္တတ္ေအာင္ သူ႔အရြယ္ေလးနဲ႔လိုက္တဲ့ အသိပညာဘယ္လိုေပးရမွန္းမသိလို႔ ညီမေရ”
“သိပ္ေကာင္းတဲ့ အေတြးပဲ မမြန္ေရ…. ဒီလို မိမိကေလးကို ငယ္ေသးတယ္ဆိုၿပီး လႊတ္မထားဘဲ sex education ေပးဖို႔ စိတ္ကူး႐ွိတာ မမြန္ကို အင္မတန္ ခ်ီးက်ဴးခ်င္ပါတယ္”
“ကေလးငယ္ေတြကို လိင္ပညာေပးတဲ့အခါ မိဘေတြ အေနနဲ႔… သူတို႔ရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ က်ားမ relationship ျဖစ္တည္မႉေတြကို…. ကေလးငယ္ေတြ သေဘာေပါက္ေအာင္ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ မွန္မွန္ကန္ကန္ေျပာဆိုေဆြးေႏြးရမွာသာမက …. ကေလးေတြ ျပန္ေမးလာမယ့္ ေမးခြန္းေတြကိုလဲ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုတယ္ မမြန္ေရ ”
“ကေလးေတြဟာ ဘယ္ေလာက္ငယ္ငယ္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႉကို…. ခံရႏိုင္ေခ်႐ွိတာပဲမို႔ ဘယ္အခ်ိန္မွစၿပီး လိင္ပညာေပးရမယ္ဆိုတာ တိတိက်က် မ႐ွိေပမယ့္…. အၾကမ္းဖ်ဥ္း ဆိုရရင္ေတာ့ ကေလးအသက္ႏွစ္ႏွစ္သံုးႏွစ္ေလာက္ကေန…. စၿပီးေပးတာ သင့္ေတာ္တယ္လို႔ ဆိုၾကတယ္ မမြန္ေရ ”
“ဘယ္လိုေတြ ေျပာရမလဲ ညီမရယ္….. အဲဒါေလးလဲ အမကိုေျပာျပပါဦး”
“ဟုတ္ကဲ့ မမြန္… အသက္႐ွစ္ႏွစ္ေအာက္ကေလးအတြက္ဆိုရငိ အၾကမ္းဖ်ဥိးအုပ္စု သံုးခုခြဲထားတယ္ အမ…
အသက္ႏွစ္ႏွစ္ကေန သံုးႏွစ္အတြင္းကေလးေတြဆိုရင္…သူတို႔နဲ႔ တျခားကေလးေတြရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ကို သိခ်င္တတ္ၾကတယ္…ေယာက္က်ားေလး မိန္းကေလး ကြာျခားတာကိုလဲ သတိျပဳမိေနၿပီ.. မိဘေတြအေနနဲ႔ ပံုေတြပဲျဖစ္ျဖစ္ ေထာက္ျပၿပီး ဒီခႏၶာကိုယ္အစိတ္အပိုင္းက… ဘာျဖစ္တယ္… ဥပမာ က်ားလိင္တံ မအဂၚ စသျဖင့္ မိတ္ဆက္ေပးထားသင့္ပါတယ္”
“အသက္ေလးႏွစ္ကေန ငါးႏွစ္ကေလးေတြ အေမးမ်ားတာကေတာ့…. လူေတြဘယ္ကျဖစ္လာတယ္ဆိုတာပဲ မမြန္ေရ…. သူတို႔ကို နားလည္လြယ္ႏိုင္တဲ့ စကားေတြနဲ႔ ႐ွင္းျပလို႔ရပါတယ္… ဥပမာ… လူေယာက္က်ားဆီက အေစ့ေသးေသးကေလး (sperm) နဲ႔ လူမိန္းမဆီက မ်ိဳးဥ (egg) တို႔ဟာ လူမိန္းမရဲ႕ ဗိုက္ထဲက သားအိမ္ထဲမွာ ေပါင္းစပ္ႀကီးထြားလာတယ္… ဆိုတာမ်ိဳးေပါ့”
” ႀကီးၿပီးသားကေလးေတြ ဘယ္ကေနဘယ္လိုထြက္လာသလဲလဲ သူတို႔အရြယ္ေလးေတြ ေမးတတ္တယ္…သားအိမ္ထဲက ကေလးေလးႀကီးထြားမႉျပည့္စံုလာတဲ့အခါ ေမြးလမ္းေၾကာင္းကေန ကေလးကို ညႇစ္ခ်လိုက္တာေပါ့… စသျဖင့္ ေျဖလို႔ရပါတယ္”
“အသက္ ေျခာက္ႏွစ္ကေန ႐ွစ္ႏွစ္ကေလးေတြက်ေတာ့….ဒီ့ထက္ပို ျပည့္ျပည့္စံုစံု သိခ်င္လာၾကၿပီ…ဖိုမ်ိဳးေစ့နဲ႔ မမ်ိဳးေစ့က ဘယ္လိုျဖစ္လို့ေပါင္းစပ္သြားတာလဲ ေမးႏိုင္တယ္… အဲဒီအခါ… အရြယ္ေရာက္ၿပီး အမ်ိဳးသားတစ္ဦးနဲ႔အမ်ိဳးသမီးတစ္ဦး လိင္အဂၚအခ်င္းခ်င္းေပါင္းစပ္တဲ့အခါ မ်ိဳးေစ့ေတြေပါင္းသြားႏိုင္တယ္လို႔ ေျဖလို႔ရပါတယ္ မမြန္ေရ”
“အရြယ္ေရာက္ၿပီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြရဲ႕ ေျပာင္းလဲပံုကိုလဲ ထည့္ၿပီးေျပာလို္ရတယ္… ဥပမာ ေယာက္က်ားေလးဆိုရင္ အသံေတြ ျသလာတယ္.. အရပ္႐ွည္လာတယ္… လိင္အဂၚေတြဖြ႕ံၿဖိဳးလာတယ္… စသျဖင့္ေပါ့…. အတတ္ႏိုင္ဆံုးယဥ္ေက်းတဲ့ စကားမ်ိဳးနဲ႔ ကေလးနားလည္လြယ္ေအာင္ေျပာရမယ္…
လိင္ပညာေပးတဲ့အခါ မျဖစ္မေနထည့္ေျပာရမွာကေတာ့…သား/သမီးရဲ႕ ခႏၶာကိုယ္မွာ႐ွိတဲ့ private parts ေတြကို တျခားဘယ္သူတဦးတေယာက္ကမွ အၾကာႀကီး ကိုင္တြယ္ပြတ္သပ္ခြင့္မ႐ွိဘူး…. တခုခုထူးျခားတာနဲ႔ ဒီအေျခအေနကေန လြတ္ေျမာက္ဖို႔ အကူအညီရယူရမယ္ ဆိုတာပါပဲ မမြန္ေရ”
“ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ညီမေလးေရ… ခုမွပဲ မမြန္ဘယ္လို ေျပာရမယ္ဆိုတာ သေဘာေပါက္သြားေတာ့တယ္”
“ဟုတ္ကဲ့ပါ မမြန္ေရ…တခ်ိဳ႕ကေလးေတြက်ေတာ့လဲ သူတို႔ကစၿပီး ဒါမ်ိဳးေမးခြန္းေတြ မေမးတာ႐ွိတယ္… အဲဒီအခါ မိဘကေနစၿပီးေတာ့.. ‘ကေလးေလးေတြ ဘယ္လိုျဖစ္လာသလဲ သားသိလား’ ဆိုတဲ့ ေမးခြန္းမ်ိဳးနဲ႔ စလို႔ရပါတယ္….
ကေလးေတြကို လိင္ပညာေပးတဲ့ အေခြေတြ ႐ုပ္ပံုေတြ you tube video ေတြလဲ႐ွိလို႔…. မိဘေတြ အေနနဲ႔ ခုေခတ္မွာ ေလ့လာဖို႔ အခြင့္အလမ္း မ်ားေနပါၿပီ မမြန္ေရ ”
သေဘာက်ေက်နပ္သြားတဲ့ မမြန္ကို ၾကည့္ရင္း ကြၽန္မလဲ ၾကည္ႏူးေက်နပ္မိရင္း…..
စိမ္းမိုးစက္