ဗီတာမင်စီရဲ့ အံ့ဖွယ်(၇)ပါး
ဗီတာမင်စီဟာလူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓါတ်တစ်မျိုးဖြစ်ပါတယ်။ဒါကို အတော်များများသိပြီးဖြစ်မှာပါ။ဒါပေမယ့် ဗီတာမင်စီဟာ လူ့ခန္ဓာကိုယ်ကိုဘယ်လိုအကျိုးတွေပေးနိုင်လဲဆိုတာကိုတော့ အကုန်သိချင်မှသိမှာပါ။ဒီနေ့တာ့ ဗီတာမင်စီရဲ့ အံ့ဖွယ်အကျိုးကျေးဇူး(၇)ပါးအကြောင်းကို ပြောပြချင်ပါတယ်…
၁။Strong antioxidant
ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်တဲ့အာနိသင်ရှိပြီး လူရဲ့ကိုယ်ခံစွမ်းအားကိုမြင့်တက်စေနိုင်ပါတယ်။ဓါတ်တိုးဆန့်ကျင်တဲ့မော်လီကျူးတွေဟာ ကိုယ်ခံအားစနစ်ကိုမြင့်တက်စေပြီး ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ Free radicals တွေမှကာကွယ်ပေးပါတယ်။Free radicals တွေစုပုံလာတဲ့အခါမှာ ဓါတ်တိုးခြင်းဖြစ်စဉ် (oxidative stress)ကိုဖြစ်စေပြီး ၎င်းဖြစ်စဉ်ဟာများစွာသောနာတာရှည်ရောဂါများနဲ့ဆက်စပ်မှုရှိနေပါတယ်။
၂။သံဓါတ်စုပ်ယူမှုကိုအားပေးခြင်း။
ဗီတာမင်စီဟာ အစာအိမ်အူလမ်းကြောင်းမှ အစားအစာထဲတွင်ပါဝင်သောသံဓါတ်(အထူးသဖြင့် အသီးအရွက်တွင်ပါဝင်သော သံဓါတ်)ကိုစုပ်ယူခြင်းကို အကူအညီပေးပါတယ်။ဒါကြောင့် သတ်သတ်လွတ်သမားတွေမှာ ဗီတာမင်စီဟာသံဓါတ်စုပ်ယူမှုအတွက်လိုအပ်ပါတယ်။ဗီတာမင်စီကို တစ်ရက် ၁၀၀မီလီဂရမ်သောက်ပေးလျှင် သံဓါတ်စုပ်ယူမှုကို ၆၇ရာခိုင်နှုန်းအထိမြင့်တက်စေနိုင်ပါတယ်။သံဓါတ်နည်းလျှင် သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။
၃။သွေးဖြူဥရဲ့ လုပ်ငန်းဆောင်တာများအားကောင်းမွန်စေခြင်း။
ဗီတာမင်စီဟာ သွေးဖြူဥအပေါ်မှာ သက်ရောက်မှု(၂)မျိုး ရှိပါတယ်…
၁)သွေးဖြူဥများ ထုတ်လုပ်မှုကိုအားပေးခြင်း။
၂)သွေးဖြူဥရဲ့ လုပ်ငန်းဆောင်တာများဖြစ်သော ရောဂါပိုးများကိုခုခံကာကွယ်ခြင်း၊မကောင်းသော Free radicals များကိုလျှော့ချခြင်းတို့တွင် အကူအညီပေးခြင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီဟာအရေပြားရဲ့ ခုခံအားစနစ်မှာပါဝင်ပြီး အနာကျက်ခြင်းကိုလဲ မြန်စေပါတယ်။
၄။မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ပေးခြင်း။
Dementia ကဲ့သို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါအချို့ဟာ လူတွေရဲ့ဦးနှောက်နဲ့အာရုံကြောစနစ်မှာ ဓါတ်တိုးခြင်းနဲ့ရောင်ရမ်းခြင်းဖြစ်စဉ်တွေနဲ့ ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ဒီလိုရောဂါသည်တွေမှာ ဗီတာမင်စီဓါတ်ချို့တဲ့မှုရှိနေတာကိုတွေ့ရပြီး ဗီတာမင်စီပြည့်ဝစွာစားသုံးပေးခြင်းက ၎င်းရောဂါများဖြစ်ပွားမှုကို အထိုက်အလျောက်ကာကွယ်ပေးနိုင်တာကို တွေ့ရှိရပါတယ်။
၅။သွေးတွင်း ယူရစ်အက်ဆစ်ဓါတ်ကိုလျှော့ချပေးပြီး အဆစ်အမြစ်ရောင်’ဂေါက်’ရောဂါဖြစ်ပွားမှုကိုလျော့နည်းစေခြင်း။
အဆစ်အမြစ်ရောင်’ဂေါက်’ရောဂါဟာ သွေးထဲမှာ ယူရစ်အက်ဆစ်တွေစုပုံလာရာက အဆစ်အမြစ်တွေမှာပါစုပြီး အဆစ်တွေရောင်ရမ်းကိုက်ခဲလာတဲ့ရောဂါဖြစ်ပါတယ်။လူအများထင်သလို ‘ဂေါက်’ရောဂါဟာအဆစ်အမြစ်တွေသာမကပဲ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပါဆက်စပ်နေတာမို့ ၎င်းရောဂါဖြစ်လျှင်ဆရာဝန်နှင့်သေချာပြသရန်လိုပါတယ်။ဗီတာမင်စီဟာ ယူရစ်အက်ဆစ်ဓါတ်ကို လျှော့နည်းစေတာကြောင့် ‘ဂေါက်’ရောဂါကိုလဲ အထိုက်အလျောက်သက်သာစေနိုင်မယ်လို့ ယုံကြည်ရပါတယ်။
၆။သွေးပေါင်ကို အထိုက်အလျောက်လျော့ချပေးနိုင်ခြင်း။
ဗီတာမင်စီဟာ သွေးတိုးရောဂါရှိသူရော၊မရှိသူမှာပါ သွေးပေါင်မြင့်တက်ခြင်းကိုလျော့ကျစေနိုင်ပါတယ်။ဒါဟာဘာကြောင့်ဖြစ်ရသလဲဆိုတာ လူတွေမှာသုတေသနလုပ်ရှာဖွေနေဆဲဖြစ်ပါတယ်။ဗီတာမင်စီဟာ သွေးပေါင်ကျဖို့အထောက်အကူပြုတယ်ဆိုပေမယ့် သွေးကျဆေးမဟုတ်တာကြောင့် သွေးတိုးသမားတွေအနေနဲ့ ဗီတာမင်စီကိုသွေးပေါင်ကျဆေးအနေနဲ့ အသုံးပြုလို့မရပဲ ဖြည့်စွက်စာအနေနဲ့သာ သုံးလို့ရမှာဖြစ်ပါတယ်။သွေးတိုးအတွက်က ပုံမှန်ဆရာဝန်နဲ့ပြသ သွေးကျဆေးများပုံမှန်သောက်သုံးရမှာပါ။
၇။နှလုံးရောဂါအချို့အား ကာကွယ်ပေးနိုင်မည်လား။
ဗီတာမင်စီဟာ သွေးပေါင်လျော့ကျစေခြင်း၊ကိုလက်စထရောဓါတ်ကို လျော့ကျစေခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းခြင်းကို လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးအချို့ရှိနိုင်ပေမယ့် သိပ္ပံနည်းကျသုတေသနလုပ်ထားတဲ့အချက်အလက်မပြည့်စုံသေးတာကြောင့် ၎င်းအာနိသင်များရှိနိုင်တယ်လို့ယူဆရတဲ့အခြေအနေမှာသာ ရှိနေပါသေးတယ်။
ဤတွင် ဗီတာမင်စီရဲ့ အံ့ဖွယ်(၇)ပါး ပြီးပါပြီ။
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
dr.ye’lwin mm
ဗီတာမင္စီရဲ႕ အံ့ဖြယ္(၇)ပါး
ဗီတာမင္စီဟာလူေတြအတြက္မရွိမျဖစ္လိုအပ္တဲ့ သက္ေစာင့္ဓါတ္တစ္မ်ဳိးျဖစ္ပါတယ္။ဒါကို အေတာ္မ်ားမ်ားသိၿပီးျဖစ္မွာပါ။ဒါေပမယ့္ ဗီတာမင္စီဟာ လူ႕ခႏၶာကိုယ္ကိုဘယ္လိုအက်ဳိးေတြေပးႏိုင္လဲဆိုတာကိုေတာ့ အကုန္သိခ်င္မွသိမွာပါ။ဒီေန႔တာ့ ဗီတာမင္စီရဲ႕ အံ့ဖြယ္အက်ဳိးေက်းဇူး(၇)ပါးအေၾကာင္းကို ေျပာျပခ်င္ပါတယ္…
၁။Strong antioxidant
ဗီတာမင္စီဟာ ဓါတ္တိုးဆန္႕က်င္တဲ့အာနိသင္ရွိၿပီး လူရဲ႕ကိုယ္ခံစြမ္းအားကိုျမင့္တက္ေစႏိုင္ပါတယ္။ဓါတ္တိုးဆန္႕က်င္တဲ့ေမာ္လီက်ဴးေတြဟာ ကိုယ္ခံအားစနစ္ကိုျမင့္တက္ေစၿပီး ခႏၶာကိုယ္ကိုထိခိုက္ေစတဲ့ Free radicals ေတြမွကာကြယ္ေပးပါတယ္။Free radicals ေတြစုပံုလာတဲ့အခါမွာ ဓါတ္တိုးျခင္းျဖစ္စဥ္ (oxidative stress)ကိုျဖစ္ေစၿပီး ၎ျဖစ္စဥ္ဟာမ်ားစြာေသာနာတာရွည္ေရာဂါမ်ားနဲ႕ဆက္စပ္မွဳရွိေနပါတယ္။
၂။သံဓါတ္စုပ္ယူမွဳကိုအားေပးျခင္း။
ဗီတာမင္စီဟာ အစာအိမ္အူလမ္းေၾကာင္းမွ အစားအစာထဲတြင္ပါဝင္ေသာသံဓါတ္(အထူးသျဖင့္ အသီးအရြက္တြင္ပါဝင္ေသာ သံဓါတ္)ကိုစုပ္ယူျခင္းကို အကူအညီေပးပါတယ္။ဒါေၾကာင့္ သတ္သတ္လြတ္သမားေတြမွာ ဗီတာမင္စီဟာသံဓါတ္စုပ္ယူမွဳအတြက္လိုအပ္ပါတယ္။ဗီတာမင္စီကို တစ္ရက္ ၁၀၀မီလီဂရမ္ေသာက္ေပးလွ်င္ သံဓါတ္စုပ္ယူမွဳကို ၆၇ရာခိုင္ႏွဳန္းအထိျမင့္တက္ေစႏိုင္ပါတယ္။သံဓါတ္နည္းလွ်င္ ေသြးအားနည္းေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။
၃။ေသြးျဖဴဥရဲ႕ လုပ္ငန္းေဆာင္တာမ်ားအားေကာင္းမြန္ေစျခင္း။
ဗီတာမင္စီဟာ ေသြးျဖဴဥအေပၚမွာ သက္ေရာက္မွဳ(၂)မ်ဳိး ရွိပါတယ္…
၁)ေသြးျဖဴဥမ်ား ထုတ္လုပ္မွဳကိုအားေပးျခင္း။
၂)ေသြးျဖဴဥရဲ႕ လုပ္ငန္းေဆာင္တာမ်ားျဖစ္ေသာ ေရာဂါပိုးမ်ားကိုခုခံကာကြယ္ျခင္း၊မေကာင္းေသာ Free radicals မ်ားကိုေလွ်ာ့ခ်ျခင္းတို႔တြင္ အကူအညီေပးျခင္းတို႔ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဗီတာမင္စီဟာအေရျပားရဲ႕ ခုခံအားစနစ္မွာပါဝင္ၿပီး အနာက်က္ျခင္းကိုလဲ ျမန္ေစပါတယ္။
၄။မွတ္ဉာဏ္ခ်ဳိ႕ယြင္းျခင္းကို ကာကြယ္ေပးျခင္း။
Dementia ကဲ့သို႕ေသာ မွတ္ဉာဏ္ခ်ဳိ႕ယြင္းတဲ့ေရာဂါအခ်ဳိ႕ဟာ လူေတြရဲ႕ဦးေႏွာက္နဲ႕အာရံုေၾကာစနစ္မွာ ဓါတ္တိုးျခင္းနဲ႕ေရာင္ရမ္းျခင္းျဖစ္စဥ္ေတြနဲ႕ ဆက္စပ္မွဳရွိေနတာကိုေတြ႕ရပါတယ္။ဒီလိုေရာဂါသည္ေတြမွာ ဗီတာမင္စီဓါတ္ခ်ဳိ႕တဲ့မွဳရွိေနတာကိုေတြ႕ရၿပီး ဗီတာမင္စီျပည့္ဝစြာစားသံုးေပးျခင္းက ၎ေရာဂါမ်ားျဖစ္ပြားမွဳကို အထိုက္အေလ်ာက္ကာကြယ္ေပးႏိုင္တာကို ေတြ႕ရွိရပါတယ္။
၅။ေသြးတြင္း ယူရစ္အက္ဆစ္ဓါတ္ကိုေလွ်ာ့ခ်ေပးၿပီး အဆစ္အျမစ္ေရာင္’ေဂါက္’ေရာဂါျဖစ္ပြားမွဳကိုေလ်ာ့နည္းေစျခင္း။
အဆစ္အျမစ္ေရာင္’ေဂါက္’ေရာဂါဟာ ေသြးထဲမွာ ယူရစ္အက္ဆစ္ေတြစုပံုလာရာက အဆစ္အျမစ္ေတြမွာပါစုၿပီး အဆစ္ေတြေရာင္ရမ္းကိုက္ခဲလာတဲ့ေရာဂါျဖစ္ပါတယ္။လူအမ်ားထင္သလို ‘ေဂါက္’ေရာဂါဟာအဆစ္အျမစ္ေတြသာမကပဲ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါနဲ႕ပါဆက္စပ္ေနတာမို႕ ၎ေရာဂါျဖစ္လွ်င္ဆရာဝန္ႏွင့္ေသခ်ာျပသရန္လိုပါတယ္။ဗီတာမင္စီဟာ ယူရစ္အက္ဆစ္ဓါတ္ကို ေလွ်ာ့နည္းေစတာေၾကာင့္ ‘ေဂါက္’ေရာဂါကိုလဲ အထိုက္အေလ်ာက္သက္သာေစႏိုင္မယ္လို႕ ယံုၾကည္ရပါတယ္။
၆။ေသြးေပါင္ကို အထိုက္အေလ်ာက္ေလ်ာ့ခ်ေပးႏိုင္ျခင္း။
ဗီတာမင္စီဟာ ေသြးတိုးေရာဂါရွိသူေရာ၊မရွိသူမွာပါ ေသြးေပါင္ျမင့္တက္ျခင္းကိုေလ်ာ့က်ေစႏိုင္ပါတယ္။ဒါဟာဘာေၾကာင့္ျဖစ္ရသလဲဆိုတာ လူေတြမွာသုေတသနလုပ္ရွာေဖြေနဆဲျဖစ္ပါတယ္။ဗီတာမင္စီဟာ ေသြးေပါင္က်ဖို႕အေထာက္အကူျပဳတယ္ဆိုေပမယ့္ ေသြးက်ေဆးမဟုတ္တာေၾကာင့္ ေသြးတိုးသမားေတြအေနနဲ႕ ဗီတာမင္စီကိုေသြးေပါင္က်ေဆးအေနနဲ႕ အသံုးျပဳလို႕မရပဲ ျဖည့္စြက္စာအေနနဲ႕သာ သံုးလို႕ရမွာျဖစ္ပါတယ္။ေသြးတိုးအတြက္က ပံုမွန္ဆရာဝန္နဲ႕ျပသ ေသြးက်ေဆးမ်ားပံုမွန္ေသာက္သံုးရမွာပါ။
၇။ႏွလံုးေရာဂါအခ်ဳိ႕အား ကာကြယ္ေပးႏိုင္မည္လား။
ဗီတာမင္စီဟာ ေသြးေပါင္ေလ်ာ့က်ေစျခင္း၊ကိုလက္စထေရာဓါတ္ကို ေလ်ာ့က်ေစျခင္းတို႕ေၾကာင့္ ႏွလံုးေသြးေၾကာက်ဥ္းျခင္းကို ေလ်ာ့နည္းေစျခင္း စတဲ့အက်ဳိးေက်းဇူးအခ်ဳိ႕ရွိႏိုင္ေပမယ့္ သိပၸံနည္းက်သုေတသနလုပ္ထားတဲ့အခ်က္အလက္မျပည့္စံုေသးတာေၾကာင့္ ၎အာနိသင္မ်ားရွိႏိုင္တယ္လို႕ယူဆရတဲ့အေျခအေနမွာသာ ရွိေနပါေသးတယ္။
ဤတြင္ ဗီတာမင္စီရဲ႕ အံ့ဖြယ္(၇)ပါး ၿပီးပါၿပီ။
အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစ။
dr.ye’lwin mm