mydoctor-top-telemedicine

ကလေးမွေးပြီးရက်ပိုင်းအတွင်း သွေးသွန်ခြင်း

ကိုယ်ဝန်ဆောင်တယ်….သားဖွားရတယ်ဆိုတာ မိခင်တစ်ယောက်ရဲ့ ဘဝမှာ…. အရေးကြီးတဲ့ ဖြစ်ရပ်တွေပါပဲ..။ ကလေးမွေးဖွားပြီး ဂရုစိုက်ရမယ့် အချက်တွေထဲမှာ…. သွေးသွန်တာ ရှိမရှိဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်….။

ကလေးမွေးပြီး ရက်ပိုင်းအတွင်းသွေးသွန်တယ်ဆိုတာဘာလဲ

ကလေးမွေးပြီး နှစ်ဆယ့်လေးနာရီကနေ ခြောက်ပတ်အတွင်း သားအိမ်ကနေ သွေးပမာဏ များများဆင်းတာကိုဆိုလိုတာဖြစ်ပါတယ်..။ ဖြစ်ပွားနှူန်းအနေနဲ့ ဖွိ့ဖြိုးပြီးနိုင်ငံတွေမှာ 1.44% လို့ဆိုပေမယ့် မြန်မာနိုင်ငံလို ဖွိ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒီ့ထက်ပိုများပါတယ်…။

ဘာကြောင့်ဖြစ်ရတာလဲ

အဓိကအကြောင်းအရင်းတွေအနေနဲ့ သုံးချက်ရှိပါတယ်..။

(၁) သားအိမ်ပိုးဝင်ပြီးရောင်ယမ်းခြင်း…. (တချို့သော ခွဲစိတ်မွေးဖွားသူတွေ…. ရေမွှာစောစောပေါက်သူတွေ… မွေးချိန် ကြာသူတွေမျာဖြစ်တတ်ပါတယ်)

(၂) အချင်း သို့မဟုတ် ကလေးတစ်သျှူး သားအိမ်ထဲမှာ ကျန်နေခြင်း

(၃) သားအိမ်အပြည့်အဝမကျုံ့ခြင်း ..စတာတွေကြောင့် ဖြစ်တတ်ပါတယ်..။

ရောဂါလက္ခဏာများ

အဓိက လက္ခဏာကတော့ ကလေးမွေးဖွားပြီး ဆယ့်နှစ်နာရီနောက်ပိုင်းမှာ ပုံမှန်ထက်ပို ပြီး သွေးများများဆင်းတာဖြစ်ပါတယ်..။ သွေးဆင်းခြင်းဟာ ရက်ကြာရှည် ဆင်းနေတာပဲဖြစ်ဖြစ်… အများကြီး တပြိုင်နက်တည်း ဆင်းတာပဲ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်..။
တခြားလက္ခဏာတွေအနေနဲ့ ဖျားတာ… ချမ်းတုန်တာ… ဝမ်းဗိုက်အောက်ပိုင်းနာကျင်ကိုက်ခဲတာ.. အနံ့နံတဲ့ အရည်တွေ မိန်းမကိုယ်ကနေ ဆင်းတာ တွေ ရှိနိုင်ပါတယ်..။

စမ်းသပ်စစ်ဆေးမှူများ

ဆရာဝန်က သင့်ကို ကလေးမွေးပြီး သွေးသွန်တယ်လို့ သံသယရှိရင်… သွေးစစ်တာ.. အာလ်ထရာဆောင်းရိုက်တာတွေလုပ်ပြီး သားအိမ်ထဲမှာ အကြွင်းအကျန်ရှိမရှိ… အချင်းကျန်မကျန် စစ်ဆေးပါလိမ့်မယ်..။

ကုသမှူ

အဓိက ကုသမှူတွေအနေနဲ့ Ampicillin ဒါမှမဟုတ် Clindamycin နဲ့ Metro လို ပိုးသတ်ဆေးမျိူးပေးပါလိမ့်မယ်…။
သားအိမ်ညှစ်အားကောင်းစေတဲ့ ဆေးတွေလဲ လိုအပ်ရင်ပေးပါလိမ့်မယ်..။
ဒီလိုလုပ်တာတောင်မှ သွေးဆင်းတာမရပ်ရင် …. ဆရာဝန်က သားအိမ်ထဲက အကြွင်းအကျန်တွေကို ခွဲခန်းထဲမှာ လိုအပ်ရင် ဖယ်ရှားပေးပါလိမ့်မယ်..။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

http://teachmeobgyn.com/labour/puerperium/secondary-post-partum-haemorrhage/

ကေလးေမြးျပီးရက္ပိုင္းအတြင္း ေသြးသြန္ျခင္း

ကိုယ္၀န္ေဆာင္တယ္….သားဖြားရတယ္ဆိုတာ မိခင္တစ္ေယာက္ရဲ႕ ဘ၀မွာ…. အေရးၾကီးတဲ႕ ျဖစ္ရပ္ေတြပါပဲ..။ ကေလးေမြးဖြားျပီး ဂရုစိုက္ရမယ့္ အခ်က္ေတြထဲမွာ…. ေသြးသြန္တာ ရွိမရွိဆိုတာလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္….။

ကေလးေမြးျပီး ရက္ပိုင္းအတြင္းေသြးသြန္တယ္ဆိုတာဘာလဲ

ကေလးေမြးျပီး နွစ္ဆယ့္ေလးနာရီကေန ေျခာက္ပတ္အတြင္း သားအိမ္ကေန ေသြးပမာဏ မ်ားမ်ားဆင္းတာကိုဆိုလိုတာျဖစ္ပါတယ္..။ ျဖစ္ပြားနွူန္းအေနနဲ႕ ဖိြ႕ျဖိဳးျပီးနိုင္ငံေတြမွာ 1.44% လို႔ဆိုေပမယ့္ ျမန္မာနိုင္ငံလို ဖိြ႕ျဖိဳးဆဲနိုင္ငံေတြမွာေတာ့ ဒီ့ထက္ပိုမ်ားပါတယ္…။

ဘာေၾကာင့္ျဖစ္ရတာလဲ

အဓိကအေၾကာင္းအရင္းေတြအေနနဲ႕ သံုးခ်က္ရွိပါတယ္..။

(၁) သားအိမ္ပိုး၀င္ျပီးေရာင္ယမ္းျခင္း…. (တခ်ိဳ႕ေသာ ခြဲစိတ္ေမြးဖြားသူေတြ…. ေရမႊာေစာေစာေပါက္သူေတြ… ေမြးခ်ိန္ ၾကာသူေတြမ်ာျဖစ္တတ္ပါတယ္)

(၂) အခ်င္း သို႕မဟုတ္ ကေလးတစ္သ်ွဴး သားအိမ္ထဲမွာ က်န္ေနျခင္း

(၃) သားအိမ္အျပည့္အ၀မက်ံဳ႕ျခင္း ..စတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္..။

ေရာဂါလကၡဏာမ်ား

အဓိက လကၡဏာကေတာ့ ကေလးေမြးဖြားျပီး ဆယ့္နွစ္နာရီေနာက္ပိုင္းမွာ ပံုမွန္ထက္ပို ျပီး ေသြးမ်ားမ်ားဆင္းတာျဖစ္ပါတယ္..။ ေသြးဆင္းျခင္းဟာ ရက္ၾကာရွည္ ဆင္းေနတာပဲျဖစ္ျဖစ္… အမ်ားၾကီး တျပိဳင္နက္တည္း ဆင္းတာပဲ ျဖစ္ျဖစ္ ျဖစ္နိုင္္ပါတယ္..။
တျခားလကၡဏာေတြအေနနဲ႕ ဖ်ားတာ… ခ်မ္းတုန္တာ… ၀မ္းဗိုက္ေအာက္ပို္င္းနာက်င္ကိုက္ခဲတာ.. အနံ႕နံတဲ႕ အရည္ေတြ မိန္းမကိုယ္ကေန ဆင္းတာ ေတြ ရွိနိုင္ပါတယ္..။

စမ္းသပ္စစ္ေဆးမွူမ်ား

ဆရာ၀န္က သင့္ကို ကေလးေမြးျပီး ေသြးသြန္တယ္လို႕ သံသယရွိရင္… ေသြးစစ္တာ.. အာလ္ထရာေဆာင္းရိုက္တာေတြလုပ္ျပီး သားအိမ္ထဲမွာ အၾကြင္းအက်န္ရွိမရွိ… အခ်င္းက်န္မက်န္ စစ္ေဆးပါလိမ့္မယ္..။

ကုသမွူ

အဓိက ကုသမွူေတြအေနနဲ႕ Ampicillin ဒါမွမဟုတ္ Clindamycin နဲ႕ Metro လို ပိုးသတ္ေဆးမ်ိဴးေပးပါလိမ့္မယ္…။
သားအိမ္ညွစ္အားေကာင္းေစတဲ႕ ေဆးေတြလဲ လိုအပ္ရင္ေပးပါလိမ့္မယ္..။
ဒီလိုလုပ္တာေတာင္မွ ေသြးဆင္းတာမရပ္ရင္ …. ဆ၇ာ၀န္က သားအိမ္ထဲက အၾကြင္းအက်န္ေတြကို ခြဲခန္းထဲမွာ လိုအပ္ရင္ ဖယ္ရွားေပးပါလိမ့္မယ္..။

ေမတၱာျဖင့္

ေဒါက္တာ စိမ္းမိုးစက္

http://teachmeobgyn.com/labour/puerperium/secondary-post-partum-haemorrhage/

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *