sick
All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဖျားနာကိုက်ခဲမှုတွေခေါ်လာမဲ့ ရာသီအကူးအပြောင်း

1 Mins read

?ဖျားနာကိုက်ခဲမှုတွေခေါ်လာမဲ့ ရာသီအကူးအပြောင်း?

ဘယ်အရာမှ မမြဲတဲ့ ဒီလောကကြီးနဲ့ လူသားတွေမှာ သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ တစ်ခုမဟုတ်တစ်ခုတော့ နေ့စဉ်ပြောင်းလဲနေကြရပါတယ်။ သီချင်းစာသားလေးနဲ့ပြောရရင်တော့ ‘အခြေအနေတွေဟာ အမြဲတမ်း..ပြောင်းလဲနေတယ် အချစ်ရယ်..’ပေါ့။ ‘မတည်မြဲခြင်း’ဆိုတာတစ်ခုကလွဲရင် လောကမှာ ကျန်တာ ဘာမှ မမြဲပါဘူး။

ကောင်းကောင်းဆိုးဆိုး ဘယ်ဘက်ကိုပဲပြောင်းပြောင်း တည်ငြိမ်နေတဲ့ အခြေအနေတစ်ခုကနေ အသစ်တစ်ခုခုကို ကြုံရတဲ့အခါမှာ ချက်ချင်းရောက်လာတဲ့ သူငယ်ချင်းကတော့ ‘နေသားမကျမှု’ ပေါ့။

?ဒါဆို ရာသီဥတုအပြောင်းအလဲတွေမှာရော..?

ပိုဆိုးပါတယ်။ ‘နေသားမကျမှု’ဆိုတဲ့ ရိုးရိုးသားသား သူငယ်ချင်းလေး တင်မကပဲ လူဆိုးတွေဖြစ်တဲ့ ‘သက်သောင့်သက်သာမရှိမှု’နဲ့ ‘ဖျားနာ ကိုက်ခဲမှု’ ဆိုတာတွေပါ ရောက်လာတတ်ပါတယ်။ ခုလို ‘နွေခေါင်ခေါင်’ကနေ ‘ရေဖောင်ဖောင်’ ဖြစ်သွားတဲ့ မိုးရာသီအကူးမှာတော့ ဖျားနာကိုက်ခဲမှုတွေ ပုံမှန်ထက်ပိုဖြစ်တတ်ပါတယ်။

? ဒီရာသီမှာ ဖျားနာခေါင်းကိုက် ဘာလို့အဖြစ်များတာလဲ ??

?တုပ်ကွေးဖြစ်စေတဲ့ Virus ပိုးတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဒီလိုအေးတဲ့ ရာသီဥတုမှာ ပိုကျနေတတ်လို့ ပိုဖျားတတ်ပါတယ်။
အဖျားကြောင့် ခေါင်းကိုက်နိုင်သလို ကိုယ်လက်နာကျင်ကိုက်ခဲတာတွေပါ ဖြစ်နိုင်ပါတယ်။

?မိုးရေစိုလိုက် နေပူမိလိုက်နဲ့ စိုလိုက်ခြောက်လိုက် ပူလိုက်အေးလိုက် အခြေအနေတွေကြောင့် ပိုဖျားတတ်သလို ခေါင်းလည်းပိုကိုက်တတ်ပါတယ်။

? Barometric pressure ဆိုတဲ့ လေထုဖိအားအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်
Migraine headache နဲ့ Cluster headache လို ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာမျိုးတွေ ထကြွလာတတ်ပါတယ်။

? Humidity ဆိုတဲ့ လေထုစိုထိုင်းဆ ပိုမိုမြင့်တက်လာတာကြောင့်လည်း ခေါင်းပိုကိုက်စေတတ်ပါတယ်။

? အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲတဲ့ ရောဂါအခံရှိသူတွေမှာလည်း မိုးအေးအေးမှာ ရောဂါဟောင်းတွေ ပြန်ထကြွလာတတ်ပါတယ်။

?ဘယ်လို ကာကွယ်မလဲ ??

ရာသီဥတုတွေကတော့ ကမ္ဘာတည်သ၍ ပြောင်းနေသလိုပဲ ဖျားနာကိုက်ခဲတာတွေလည်း ဆက်ဖြစ်နေကြဦးမှာပါပဲ။ ရာသီဥတုတွေ မပြောင်းလဲအောင် လုပ်လို့မရပေမဲ့ မဖျားဖို့ မနာဖို့တော့ တတ်နိုင်သမျှ ကြိုးစားကာကွယ်လို့ရပါတယ်။

နံပါတ်တစ်ကတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ထားဖို့လိုပါတယ်။ ဒီအတွက်

?အိပ်ချိန်ပြည့်ဝအောင် အိပ်ရပါမယ်

?အစားအသောက်မျှတစုံလင် အာဟာရပြည့်ဝအောင် စားရပါမယ်

?Vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေ စားသင့်ပါတယ်

?ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းဖို့လိုပါတယ်

?စိတ်ဖိစီးမှုတွေ လျှော့ချဖို့လိုပါတယ်။

?နှစ်စဉ်ထိုးရတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလည်း တုပ်ကွေးကြောင့် မဖျားဖို့ အတော်အသင့် ကာကွယ်ပေးနိုင်တာမို့ ထိုးထားသင့်ပါတယ်။

? ဒီလောက် ကာကွယ်တဲ့ကြားက ဖျားပြီဆိုရင်ရော ??

တော်ရုံ ခေါင်းကိုက်နဲ့ အဖျားအနာတွေအတွက်ကတော့ Paracetamol(Acetaminophen)ပါဝင်တဲ့ ဆေးတွေ သောက်ရင်သက်သာစေပါမယ်။ ကိုယ်ခံအားပြန်ကောင်းလာဖို့အတွက် ကောင်းကောင်းအိပ် ကောင်းကောင်းစား ကောင်းကောင်းနားဖို့လိုပါတယ်။ ဒါနဲ့မှ မသက်သာရင်တော့ ဆရာဝန်ပြရပါတော့မယ်။

Dr ဖြိုးဝေလင်း
(7.6.19)

?ဖ်ားနာကိုက္ခဲမႈေတြေခၚလာမဲ့ ရာသီအကူးအေျပာင္း?

ဘယ္အရာမွ မျမဲတဲ့ ဒီေလာကႀကီးနဲ႔ လူသားေတြမွာ သိသိသာသာျဖစ္ေစ မသိမသာျဖစ္ေစ တစ္ခုမဟုတ္တစ္ခုေတာ့ ေန႔စဥ္ေျပာင္းလဲေနၾကရပါတယ္။ သီခ်င္းစာသားေလးနဲ႔ေျပာရရင္ေတာ့ ‘အေျခအေနေတြဟာ အျမဲတမ္း..ေျပာင္းလဲေနတယ္ အခ်စ္ရယ္..’ေပါ့။ ‘မတည္ျမဲျခင္း’ဆိုတာတစ္ခုကလြဲရင္ ေလာကမွာ က်န္တာ ဘာမွ မျမဲပါဘူး။

ေကာင္းေကာင္းဆိုးဆိုး ဘယ္ဘက္ကိုပဲေျပာင္းေျပာင္း တည္ၿငိမ္ေနတဲ့ အေျခအေနတစ္ခုကေန အသစ္တစ္ခုခုကို ၾကံဳရတဲ့အခါမွာ ခ်က္ခ်င္းေရာက္လာတဲ့ သူငယ္ခ်င္းကေတာ့ ‘ေနသားမက်မႈ’ ေပါ့။

?ဒါဆို ရာသီဥတုအေျပာင္းအလဲေတြမွာေရာ..?

ပိုဆိုးပါတယ္။ ‘ေနသားမက်မႈ’ဆိုတဲ့ ႐ိုး႐ိုးသားသား သူငယ္ခ်င္းေလး တင္မကပဲ လူဆိုးေတြျဖစ္တဲ့ ‘သက္ေသာင့္သက္သာမ႐ွိမႈ’နဲ႔ ‘ဖ်ားနာ ကိုက္ခဲမႈ’ ဆိုတာေတြပါ ေရာက္လာတတ္ပါတယ္။ ခုလို ‘ေႏြေခါင္ေခါင္’ကေန ‘ေရေဖာင္ေဖာင္’ ျဖစ္သြားတဲ့ မိုးရာသီအကူးမွာေတာ့ ဖ်ားနာကိုက္ခဲမႈေတြ ပံုမွန္ထက္ပိုျဖစ္တတ္ပါတယ္။

? ဒီရာသီမွာ ဖ်ားနာေခါင္းကိုက္ ဘာလို႔အျဖစ္မ်ားတာလဲ ??

?တုပ္ေကြးျဖစ္ေစတဲ့ Virus ပိုးေတြကို ကာကြယ္ဖို႔ လိုအပ္တဲ့ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က ဒီလိုေအးတဲ့ ရာသီဥတုမွာ ပိုက်ေနတတ္လို႔ ပိုဖ်ားတတ္ပါတယ္။
အဖ်ားေၾကာင့္ ေခါင္းကိုက္ႏိုင္သလို ကိုယ္လက္နာက်င္ကိုက္ခဲတာေတြပါ ျဖစ္ႏိုင္ပါတယ္။

?မိုးေရစိုလိုက္ ေနပူမိလိုက္နဲ႔ စိုလိုက္ေျခာက္လိုက္ ပူလိုက္ေအးလိုက္ အေျခအေနေတြေၾကာင့္ ပိုဖ်ားတတ္သလို ေခါင္းလည္းပိုကိုက္တတ္ပါတယ္။

? Barometric pressure ဆိုတဲ့ ေလထုဖိအားအေျပာင္းအလဲေၾကာင့္လည္း ေခါင္းကိုက္တတ္ပါတယ္
Migraine headache နဲ႔ Cluster headache လို ဆိုးဝါးတဲ့ ေခါင္းကိုက္ေဝဒနာမ်ိဳးေတြ ထႂကြလာတတ္ပါတယ္။

? Humidity ဆိုတဲ့ ေလထုစိုထိုင္းဆ ပိုမိုျမင့္တက္လာတာေၾကာင့္လည္း ေခါင္းပိုကိုက္ေစတတ္ပါတယ္။

? အဆစ္အျမစ္ ေရာင္ရမ္းကိုက္ခဲတဲ့ ေရာဂါအခံ႐ွိသူေတြမွာလည္း မိုးေအးေအးမွာ ေရာဂါေဟာင္းေတြ ျပန္ထႂကြလာတတ္ပါတယ္။

?ဘယ္လို ကာကြယ္မလဲ ??

ရာသီဥတုေတြကေတာ့ ကမၻာတည္သ၍ ေျပာင္းေနသလိုပဲ ဖ်ားနာကိုက္ခဲတာေတြလည္း ဆက္ျဖစ္ေနၾကဦးမွာပါပဲ။ ရာသီဥတုေတြ မေျပာင္းလဲေအာင္ လုပ္လို႔မရေပမဲ့ မဖ်ားဖို႔ မနာဖို႔ေတာ့ တတ္ႏိုင္သမွ် ႀကိဳးစားကာကြယ္လို႔ရပါတယ္။

နံပါတ္တစ္ကေတာ့ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ထားဖို႔လိုပါတယ္။ ဒီအတြက္

?အိပ္ခ်ိန္ျပည့္ဝေအာင္ အိပ္ရပါမယ္

?အစားအေသာက္မွ်တစံုလင္ အာဟာရျပည့္ဝေအာင္ စားရပါမယ္

?Vitamin C ႂကြယ္ဝတဲ့ အသီးအႏွံေတြ စားသင့္ပါတယ္

?ေရဓာတ္ျပည့္ဝေအာင္ ျဖည့္တင္းဖို႔လိုပါတယ္

?စိတ္ဖိစီးမႈေတြ ေလ်ွာ့ခ်ဖို႔လိုပါတယ္။

?ႏွစ္စဥ္ထိုးရတဲ့ ရာသီတုပ္ေကြးကာကြယ္ေဆးကလည္း တုပ္ေကြးေၾကာင့္ မဖ်ားဖို႔ အေတာ္အသင့္ ကာကြယ္ေပးႏိုင္တာမို႔ ထိုးထားသင့္ပါတယ္။

? ဒီေလာက္ ကာကြယ္တဲ့ၾကားက ဖ်ားၿပီဆိုရင္ေရာ ??

ေတာ္ရံု ေခါင္းကိုက္နဲ႔ အဖ်ားအနာေတြအတြက္ကေတာ့ Paracetamol(Acetaminophen)ပါဝင္တဲ့ ေဆးေတြ ေသာက္ရင္သက္သာေစပါမယ္။ ကိုယ္ခံအားျပန္ေကာင္းလာဖို႔အတြက္ ေကာင္းေကာင္းအိပ္ ေကာင္းေကာင္းစား ေကာင္းေကာင္းနားဖို႔လိုပါတယ္။ ဒါနဲ႔မွ မသက္သာရင္ေတာ့ ဆရာဝန္ျပရပါေတာ့မယ္။

Dr ၿဖိဳးေဝလင္း
(7.6.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…