သည် နွေ မိုးဆောင်း ပြောင်းသော်လဲ
ရာသီတွေ ဘယ်လိုပြောင်းပြောင်း နှစ်တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲနိုင်ကြတာက လူတစ်ဦးစီ တစ်ဦးစီတိုင်းမှာ
စွဲကပ်နေတဲ့ အကျင့် ပါ။ တစ်ချို့က ဆေးလိပ် သောက်တယ် စွဲ တယ်။ တစ်ချို့က ကွမ်းစားတယ် စွဲတယ်။ တစ်ချို့က
ရောဂါအခံတွေ ရှိပေမယ့် ရှောင် ရမယ့် အစားအစားတွေမှ စားချင်နေတယ်။ တစ်ချို့က မြန်မာဆေးမှ မြန်မာဆေး။
တစ်ချို့ကျ ပြန်တော့ ဆေးလဲ သောက်တယ်၊ ရောဂါ ဖြစ်ရာဖြစ်ကြောင်းကိုလဲ ဆက်လုပ်တယ်။ တစ်ချို့ ကျတော့ ကိုယ်နဲ့
မတည့်မှန်း သိသော်လည်း မရှောင်နိုင်။ တစ်ချို့ကျတော့ စီးပွားရေးကို အကြောင်းပြပြီး မရှောင်နိုင်ကြ။ တစ်ချို့ကျတော့
ဆေးကို သောက်တစ်လှည့် မသောက်တစ် လှည့်။ သောက်ရမယ့် အချိန်ကို ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်တယ်။ ရောဂါ
တက်နေပြီလို့ ထင်ရင် သောက်လိုက်တယ်။ သက်သာရင် ဖြတ်လိုက်တယ်။ တစ်ချို့ကျတော့ ရောဂါဖြစ်တာ အဲဒီ အပြုအမူ
အစားအသောက်ကြောင့် လို ပြောရင် သက်သာတဲ့ အထိတော့ ဖြတ်နိုင်ကြ တယ်၊ သက်သာသွားရင် အဲဒီအပြုအမှုကို
ပြန်လုပ်ကြတာချည်းပဲ။
နွေမှာ နေသိပ် ပူတယ်၊ အရက်လျှော့သောက်ပါ။ အပူ သိပ်များနေတဲ့ အချိန်မှာ အရက်က ကိုယ့်အတွက် မကောင်းဘူးလို့
ပြောလဲ ဘာမှ မဖြစ်သေးခင် နားမထောင်ချင် ကြဘူး၊ ဖြစ်သွားတဲ့အချိန်ကျတော့ ဖြတ်ဖို့ အချိန်မမီတော့ပဲ အသက်ပါ
သွားတတ်ကြတယ်။ သိပ် နေပူနေတယ် နော်၊ ခင်ဗျားက သွေးတိုးလဲ ရှိနေတော့ ဆေးခဲ မှန်မှန် သောက်၊ အစားလဲ ဆင်ခြင်၊
နေပူထဲထဲ သိပ် မထွက်နဲ့ ဆိုလဲ ရပါတယ် ဆရာနဲ့၊ မကြာဘူး၊ အသုဘရှု ဖိတ်ကြား စာ ရောက်လာတာပဲ။
ခင်ဗျားကို အရင့်အရင်ကတည်းက ကျွန်တော် ပြောပြီးသား နော်၊ ဆေးလိပ်နဲ့ ကွမ်းက ခင်ဗျားကို ဒုက္ခ ပေးနေတာ၊
ခင်ဗျား နားမထောင်ပြန်ဘူး။ အဲဒီထဲမှာ ပါနေတဲ့ ဆေးရွက်ကြီး တွေကြောင့် ခင်ဗျား သွေးကြောကျဉ်းရောဂါလဲ ရပြီးပြီ၊
အခု အစာအိမ်ရောဂါပါ ထပ်ရနေပြီ၊ ဆက်ပြီး၊ စွဲးလန်းနေလို့ကတော့ ကျွန်တော့် အဆိုး မဆိုနဲ့တော့၊ ခင်ဗျား ရှာထားတဲ့
အိမ် နှစ်လုံးနဲက ရွှေ သုံးဆယ်သားလဲ သူများလက်ထဲ ရောက်သွားရုံပေါ့။ ဆရာ့ကို ဘယ်သူပြောလဲ အိမ်တွေ ရွှေတွေ ကိစ္စ၊
ဒါကတော့ တစ်ရပ်ကွက်လုံး သိနေတာပဲဗျာ။
ရောင့်ရဲတင်းတိမ်ခြင်း တရားကို လူတိုင်း မလိုက်နာချင်ကြဘူး။ ကောင်းတာလို့ ထင်နေတာကို အမြဲ ရှာနေကြတယ်။ အဲဒီ
ကောင်းတယ်လို့ ထင်နေတာ တွေ့တော့ စွဲလမ်းနေကြတယ်။ စွဲလမ်းခြင်းရဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်လာတော့လဲ
တွယ်ဖက်လို့ ကောင်းတုန်း၊ ဆရာဝန်က ဘယ်လောက်ပြောပြော လွယ်လွယ်နဲ့ လက်လျှော့လေ့ မရှိဘူး။ ဒါ့ကြောင့်လဲ
တရားသဘောအရ တဏှာ လို့ ခေါ်တာကိုး။
ဒီကနေ့တော့ လူကြီးတွေ၊ အစွဲချွတ်လို့ မရတော့တဲ့ လူတွေထက် တက်လူ၊ အနာဂတ်ရဲ့ လုပ်အားရှင်များ ဖြစ်တဲ့
လူငယ်တွနဲ့ ဆေးရွက်ကြီးကိစ္စကိုပဲ ဦးတည် ရေးချင် ပါတယ်။
လူငယ်တွေ ကြားထဲမှာ ဆေးလိပ်၊ စီးကရက်၊ ကွမ်းယာ ကိစ္စ က အတော် အရေး ကြီးတဲ့ အခြေအနေကို ရောက်ပြီလို့
ဆိုချင်ပါတယ်။ ယခင့်ယခင်တုန်းက ဆေးလိပ် ဆိုတာ လူငယ်တွေက မသိအောင် ခိုးသောက်ခဲ့တဲ့ အဆင့်လောက်သာ
ရှိတဲ့အတွက် အများအားဖြင့် လက်ရှိအခြေအနေလောက် များတာ မတွေ့ရဘူး။ လူကြီးတွေ ဆေးလိပ် ခဲနေတဲ့ ပုံတွေ၊
စာစောင်တွေမှာ ပိုစတာတွေမှာ စီးကရက် ကိုက်ထားတဲ့ ပုံတွေ ကြည့်ပြီး အားကျစိတ် ရှိလာကြတာရယ်၊ လူကြီးတွေ
ကိုယ်တိုင်က ဆေးလိပ် အဝယ်ခိုင်းတာ၊ မီးညှိခိုင်းတာတွေ ကြောင့် ဆေးလိပ် စီးကရက် စွဲလာတာဖြစ်သလို၊ ကွမ်းယာ
ကိစ္စမှာလဲ အရင်ကတည်းက အိမ်တွေမှာ ကွမ်းအစ် တည်တဲ့ ကိစ္စကြောင့် ယခုခေတ် လူလတ်ပိုင်းတွေ ကွမ်း စွဲလာကြ
သလို၊ အလုပ်အကိုင် အကြောင်းပြပြီး အိပ်ငိုက်သက်သာအောင် လို့ရယ် အကြောင်းပြ ချက်နဲ့ ကားမောင်းတဲ့လူတွေ
အစားများလာတာ တွေ့လာရတယ်။ နွေနဲ့ ဆောင်းမှာ ဆိုရင် လမ်းပေါ်မှာ နီရဲနေတာ တွေ့နေရမှာပေါ့။ အထူးသဖြင့်
ကားမှတ်တိုင်တွေနဲ့ မီးပွှိုင့်တွေမှာ ပေါ့။
လူငယ်တွေကြားထဲမှာ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ဆေးရွက်ကြီးမှုံ့ ရှူတာ၊ ဆေးရွက်ကြီးဝါးတာ၊ နောက်ပိုင်း
အီးစီးကရက်တွေ၊ ဆေးရွက်ကြီးပျော်ရည်တွေ ဆိုတာအထိ နည်းအမျိုးမျိုးနဲ့ သုံးစွဲနေကြတာ တွေ့ရမှာပါ။ ၂၀၀၉
ခုနှစ်တုန်းက နိုင်ငံခြားမှာ လုပ်ထားတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ပွားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ
သုတေသန စစ်တမ်းတစ်ခု လုပ်ခဲ့တဲ အခါ အထက်တန်းကျောင်းသားများထဲက ၄၆% လောက်က အနည်းဆုံး ဆေးလိပ်
တစ်လိပ်တော့ သောက်ဖူးခဲ့တယ်၊ ၂၀% လောက်က တစ်လအတွင်းမှာ သောက်ခဲ့ဖူးတယ်၊ ၈% လောက်က တစ်လ
အတွင်းမှာ အလိပ် ၂၀ လောက်တောင် သောက်ဖူးတယ်တဲ့။ ဒါက ယောက်ျားလေးရော မိန်းကလေးပါ ဒီ အတိုင်းအတာအတွင်းမှာ
ဖြစ်နေတာနော်၊ လက်ရှိ ဆေးလိပ်သောက်နေတဲ့ လူငယ်တွေထဲက တစ်ဝတ်လောက်က ဆေးလိပ်ဖြတ်ဖို့ တစ်ကြိမ် မက
ကြိုးစားခဲ့ကြဖူးတယ် တဲ့။ ယောက်ျာလေး ၁၅% နဲ့ မိန်းကလေး ၂% လောက်က ဆေးရွက်ကြီးကို အခြားနည်းနဲ့ သုံးကြတယ်။
ယောကျာ်းလေး ၁၂% နဲက မိန်းကလေး ၉% လောက်က အသက် ၁၃ နှစ် မတိုင်မီကတည်းက ဆေးလိပ်ကို စ သောက်ခဲ့တယ်။
လူငယ် အများစုက ဆေးလိပ် သောက်သုံးသူတွေ မဟုတ်သော်လည်း မိသားစုတွေ၊ သူငယ်ချင်းတွေကြောင့် တစ်ဆင့်ခံ
ဆေးလိပ်ငွေ့ ဒဏ်သင့်သူတွေ ဖြစ်နေကြပြန်တယ်။ ဆေးလိပ်သောက်တဲ့ လူငယ်တွေ ဘာကြောင့် သောက်ခဲ့ကြသလဲ
ဆိုတော့ ဇိမ်ခံလို့ ကောင်းလို့၊ လူကြီးတွေနဲ့ တူချင်လို့ တဲ့။ တစ်ချို့ကတော့ လေတဲ့ စိတ်တွေရှင်းသွား စေချင်တဲ့ အတွက်
သောက်တာ တဲ့။ ဆေးလိပ် သောက်ခြင်းရဲ့ အကြောင်းရင်းတွေ ဆန်းစစ်တဲ့အခါ မိသားစုအတွင်း သောက် တဲ့လူ ရှိနေရင်၊
အပေါင်းအသင်းတွေထဲမှာ ဆေးလိပ်သောက်တဲ့သူ ရှိနေရင် သောက်ဖြစ်ကြတယ်၊ကျောင်းစာ မလိုက်နိုင်တဲ့ ကလေးတွေ၊
နဂိုကတည်းက မဟုတ်တာတွေကို လက်တည့်းစမ်းချင်တတ်တဲ့ သူတွေမှာလဲ ဆေးလိပ် သောက်တာ များပါတယ်။ ကြော်ငြာအား
ကောင်းခဲ့စဉ်တုန်းကလဲ လူငယ်တွေ ဆေးလိပ် အသောက်များလာတဲ့ အတွက် နောက်ပိုင်းမှာ ဆေးလိပ်ကြော်ငြာခွင့်
မပြုတော့ပါဘူး။
ဆေးလိပ်စွဲ ရခြင်း အကြောင်းရင်းက ဆေးရွက်ကြီးမှာ ပါတဲ့ နီကိုတင်း ဓာတ်ပေါင်း ကြောင့် ဖြစ်ပါတယ်။ နည်းနည်းလေး
ပါရုံနဲ့တင် လူကြီးထက် လူငယ်မှာ ပိုစွဲလန်းစိတ် ပေါ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငယ်ရွယ်သူတွေမှာ ဆေးလိပ် စွဲပြီ
ဆိုရင် ဖြတ်ဖို့ ခက်တယ်။ ဒီ ဆေးရွှက်ကြီးကြောင့်လဲ အားကစားမှာ ထင်သလောက် အစွမ်းပြနိုင်မှာ မဟုတ်ဘူး။ အဆုတ်နဲ့
ပတ်သက်တဲ့ ဝေဒနာတွေ ရလာတတ်တယ်။ ရာသီအလိုက် ဓာတ်မတည့်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်တယ်။
သွားတွေ အရောင်ပြောင်း လာသလို အသက်ရှုူရင်လဲ အနံ့ အသက် မကောင်းတတ်ဘူး။ အကျ ၤအဝတ်အစားတွေမှာ
အနံ့တွေ စွဲကပ်နေတတ်တယ်။ ဒါက ဆေးလိုပ် သောက်နေတဲ့ လူမှာ ဖြစ်နေတာ။ ဆေးလိပ် သောက်တဲ့ မိခင်ကြောင့်လဲ
သန္ဓေသားမှာ ထိခိုက်တယ်။
လူငယ်တွေ ဆေးလိပ် သောက်တဲ့ အလေ့အထ နည်းလာစေဖို့နဲ့ ပပျောက်စေဖို့ အတွက် နိုင်ငံတော်များများမှာ
အသက်(၁၈) နှစ်အောက် ကို ဆေးလိပ် မရောင်းချဖို့ ဥပဒေ သတ်မှတ်ထားကြတယ်။ မြန်မာနိုင်ငံမှာလဲ ဆေးလိပ်ကို
အလိပ်ပြေ မရောင်းဖို့၊ အသက် (၁၈)နှစ်အောက်ကို မရောင်းဖို့၊ ကျောင်းအနီးမှာ ဆေးလိပ်၊ ကွမ်းယာဆိုင်တွေ မရှိစေဖို့
ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။ သို့သော် ရောင်းသူတွေက မလိုက်နာ ကြသလို အရေးယူမယ့်သူတွေ
ကလဲ ထိထိရောက်ရောက် အရေးမယူကြသေးတော့ လောလောဆယ် ဒုံရင်း ပါပဲ။ နိုင်ငံတကာ သားဖွားမီးယပ် အဖွဲ့ရဲ့
အဆိုအရ ကိုယ်ဝန်ဆောင် လာအပ်ရင် ဆေးလိပ်နဲ့ ပတ်သက်တဲ့ ပညာပေးတွေ လုပ်ဖို့ လိုမယ်။ ကိုယ်တိုင် မသောက်
တာတောင်မှ တစ်ဆင့်ခံ ရှူရှိုက်နေရမှု ရှိ – မရှိ ကို အမြဲ ဆန်းစစ်နေရမယ် လို့ ဆိုတယ်။ ဆေးလိပ်ဖြတ်တဲ့ နေရာမှာ နီကိုတင်း အစားထိုးပေးမှုကိုလည်း လူငယ်တွေအတွက် တတ်နိုင် သမျှ အသုံးမပြုဖို့ တိုက်တွန်းထား ကြတယ်။
ဆေးလိပ်ဖြတ်နည်းကို (၁) ဆေးလိပ် သောက် – မသောက် မေး(၂) ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်း(၃) ဆေးလိပ် ဆိုးကျိုး
ဘယ်လောက် သက်ရောက်နေတယ် ဆိုတာကို ဆန်းစစ်(၄) ဖြတ်ဖို့ရာကို အကူအညီ ပေ (၅) နောက်ဆက်တွဲ
ဆန်းစစ်လေ့လာခြင်းကို အဆက်မပြတ် မလုပ်သွားဖို့ ဆိုတဲ့ နည်းလမ်း(၅) သွယ် လျာထားကြတယ်။ ဒါကြောင့်
ဆေးလိပ်ဖြတ် ဌာန လုပ်တော့မယ် ဆိုရင် ဒီလို အချက်တွေ အပြည့်အစုံ လုပ်ပေးဖို့ တိုက် တွန်းထားကြတယ်။ အဲဒီလို
ဖြတ်ချင်လာရင်လဲ ဖြတ်ချင်စိတ် ပေါ်လာစေဖို့(၁) အရေး ကြီးတယ်(၂) ရောဂါတွေ ရလာတတ်တယ်(၃) ဖြတ်လိုက်ခြင်း
အားဖြင့် ဘယ်လို အကျိုး ကျေးဇူးတွေ ရလာမယ် (၄) ဖြတ်တဲ့ နေရာမှာ ဘာတွေကြောင့် ဖြတ်ရ ခက်တတ်တယ်ဆိုတာ
ကို အသိပေးရမယ်(၅) အထပ်ထပ်ကြိုးစားဖို့ ခဏခဏ တိုက်တွန်းနေဖို့ လိုမယ်လို့လဲ ဆို ထားပါတယ်။ မြန်မာပြည်
မှာတော့ ဆေးလိပ်ဖြတ်ဌာန သီးခြား ထူထောင်ထားပြီး ရှိ- မရှိ တော့ မသိသေးပါ။
နိုင်ငံခြား ဆေးလိပ်ဖြတ်ဌာနမှာတော့ နီကိုတင်း အစားထိုးကုသနည်းကို သုံးတယ် တဲ့။အဲဒီမှာလဲ နီကိုတင်း အစားထိုး
ကုသတဲ့ ဆေးတော့ ရှိပါတယ်။ ဈေးကြီးတယ်။ တကယ်က ဖြတ်ချင်စိတ် ရှိဖို့နဲ့ သိန္နဠာန် ချဖို့ပဲ အရေးကြီးတာပါ။ အဓိက
ဖြတ်ချင်စိတ်ပါ။ ဖြတ်ချင်စိတ် ဖြစ်လာဖို့ တွန်းအာေးပးတာက ကျန်းမာရေးပါ။ ကျန်းမာရေးရှုထောင့်က အများကြီး အရေးပါ
ပေမယ့် ဖြတ်ချင်စိတ်ပေါ်လာလောက်တဲ့အထိ တွန်းအားပေးနိုင်လောက်တဲ့ အခြေအနေတွေ မတွေ့သေးပါဘူး။ လူတွေကလဲ
ခက်တယ်၊ ကိုယ့်ကိုတွန်းအာ ပေးရင် စိတ်မဝင်စားဘူး။ စီးပွားရေးကြော်ငြာတွေများ ကြည့်ရင် မကြည့်ရ မနေနိုင်လောက်အောင်
ကောင်းတဲ့ နည်းတွေ ကို သုံးတယ်။ ကျန်းမာရေးပညာပေးတာများကြတော့ စိတ်ဝင်စားစရာ မရှိဘူး။ အဓိက ရေရှည်
အတွက် အရင်းအနှီး မြှုပ်နှံဖို့ မစဉ်းစားတာ။
ပြောမရတော့တဲ့ လူကြီးတွေကိုတော့ ပြောစရာရှိတာ ပြောပေမယ့် လိုက်နာသူ နည်း သေးတယ်။ ဆင်ခြေအမျိုးမျိုးနဲ့
သောက်နေကြတုန်း၊ သေတဲ့လူတွေကလဲ တဖြုတ်ဖြုတ် သေနေကြတုန်း၊ ကိုယ့်အမျိုးထဲမှာ သေသွာတဲ့ လူကို
တွေ့နေတောင်မှ လက်ထဲက ဆေးလိပ် စီးကရက်က မီးခိုးတလူလူနဲ့။
ဒါကြောင့် ပြောလို့ မရမယ့် လူကြီးတွေထက် ပိုမို ပြောရလွယ်တဲ့၊ သိပ်လဲ မစွဲလန်း သေးတဲ့ လူငယ်တွေကို ယခုအခါ
သင်တန်း အမျိုးမျိုးကလဲ ဆေးလိပ်ဖြတ်ကြစေဖို့ တိုက်တွန်းနေကြပါတယ်။ ကျန်းမာရေးပြဿနာကို ရှေ့တန်းတင်ပြီး
ဖြတ်ခိုင်းတာ ရှိသလို ကျန်းမာရေးနှင့် ပတ်သက်တာတွေ သိသိချည်းနဲ့ သောက်နေတဲ့ လူငယ်တွေအတွက်
ကုန်ကျစရိတ်ကို တွက်ချက်ပြပြီး ဖြတ်စေပါတယ်။ဟုတ်တော့လဲ ဟုတ်ပါတယ်။ တစ်ရက်မှာ ၁၀ လိပ်သောက်နေတဲ့
လူငယ်တစ်ယောက် အတွက် တစ်နှစ်မှာ တစ်သိန်းရှစ်သောင်း ဆိုတဲ့ငွေ ထွက်သွားရသလို မြန်မာတစ်ပြည်လုံးရဲ့
ဆေးလိပ်သောက်နှုန်းကို ၁၀% နဲ့ တွက်ချက်ကြည့်တာတောင် မြန်မာပြည် လူဦးရေထဲက ဆေးလိပ် သောက်နေတဲ့
လူ ငါးသန်းကြောင့် ဆေးလိပ်ဖိုးက ကျပ် သန်းပေါင်း ကိုးသိန်း (ဒေါ်လာနဲ့ဆို ကိုးရာ) ဆိုတဲ့ငွေတွေ ဆေးလိပ်
ထုတ်လုပ်တဲ့ နိုင်ငံခြားက လုပ်ငန်းရှင်တွေဆီ ရောက်သွားရတာ နှမျောစရာ မဟုတ်လား။ ကျပ်သန်းပေါင်းကိုးသိန်း
ဆိုတာ အလုပ်တွေ အတော်များများကို လုပ်နိုင်တယ်။ ဆေးရုံတွေ ဆောက်နိုင်တယ်။ ဟိုတယ်ကြီးတွေ ဆောက်နိုင်တယ်။
လမ်းတွေ ကောင်းကောင်း ခင်းနိုင်တယ်။ ကျောင်းသားတွေကို ပညာသင် ထောက်ပံ့ကြေးတွေ အများကြီးပေးနိုင်တယ်။
လူ တစ်ယောက် ဆေးလိပ်ဖြတ်ပြီး အဲဒီငွေကို ကောင်းတဲ့ နေရာမှာ အသုံးချမယ် လို့ တွက်ချက်ကြည့်၊ ကလေးသူငယ်
ပြုစုရေးမှာ ကလေး တစ်ယောက်အတွက် အနိမ့်ဆုံး သုံးရတဲ့ တစ်ရက် ၁၀၀၀ နှုန်းနဲ့ ဆိုရင် တစ်သိန်းရှစ်သောင်း
က ခြောက်လလောက် သုံးလို့ရတယ်။ တစ်နိုင်ငံလုံး မသောက်ကြဘူးဆိုရင်တော့ စဉ်းစား ကြည့်ပေါ့။ အမျိုးမျိုး
ပြောကြတာပေါ့။ ဒါဆိုရင် အစိုးရက ဘာလို့ ထုတ်တုန်း။ (အခုတော့ အစိုးရရဲ့ ဒူးယား၊ ခပေါင်း၊ အုန်းတော တွေ
ထွက်သေးလား မထွက်တော့ဘူးလား မသိတော့ ပါ။) ဘာလို့ နိုင်ငံခြားကနေ သွင်းခွင့် ပေးနေတာတုန်း။ နိုင်ငံခြားက
ကုမ္ပဏီတွေ ဘာလို့ လက်ခံနေတာတုန်း လို့ ပြောရင် ကျွန်တော်မျိုုး မဖြေတတ်ပါ။ ဒီကြားထဲ ဦးပိုင်က စီးကရက်
ဖက်စပ်လုပ်မယ် လဲ ဆိုရော အမြတ်ခွန်တောင် ၅၀% ပဲ ရှိတော့လို့ အမြတ်ခွန် တိုးကောက်ဖို့ အော်လာကြပြီ။
ဆေးလိပ် စီးကရက်ကို ဈေးနည်းနည်းနဲ့ ရောင်းစေချင် တာလား၊ ဖြတ်ကြဖို့ နှိုးဆော်မှာလား၊ ဈေးကြီးလာရင်
နယ်စပ်က မှောင်ခို ဝင်လာမှာကို ကြောက်လို့လား၊ ဘာမှန်းတော့ မသိနိုင်တော့ပါ။
ဘယ်စနစ်ကြောင့် ဘာပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ကတော့ ရောဂါလဲ ဖြစ်စေနိုင်တဲ့၊ နိုင်ငံခြားငွေကို ဖြုန်းတီး
ရာရောကတဲ့၊ ရောဂါဖြစ်လာရင်လဲ ကုသစရိတ် ပိုကုန်လာတဲ့၊ ရောဂါဖြစ်နေတဲ့ အတွက်ကြောင့် လူသားတွေရဲ့
လုပ်အား ဆုံးရှုံးရတဲ့၊ ရောဂါသည်ကို စောင့်ရှောက်ရတဲ့အတွက် အခြားလူတွေရဲ့ ဝင်ငွေရှာရမယ့် လုပ်အားတွေ
ဆုံးရှုံးရတဲ့၊ ဘေးလူကိုပါ ကောင်းကျိုးမပေးတဲ့ ဒီ ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်နေတဲ့ အခြား
အကြောင်းအရာတွေကိုပါ၊ အချိန်ကုန်ခံပြီး အာညောင်းအောင် ပြော၊ လက်ညောင်းအောင် ရေးနေဦးမှာပါ လို့။
ခိုင်စိုးဝင်း(ထွေကု)
သည္ ေႏြ မိုးေဆာင္း ေျပာင္းေသာ္လဲ
ရာသီေတြ ဘယ္လိုေျပာင္းေျပာင္း ႏွစ္ေတြ ဘယ္လိုေျပာင္းေျပာင္း မေျပာင္းလဲနိုင္ၾကတာက လူတစ္ဦးစီ တစ္ဦးစီတိုင္းမွာ
စြဲကပ္ေနတဲ့ အက်င့္ ပါ။ တစ္ခ်ိဳ႕က ေဆးလိပ္ ေသာက္တယ္ စြဲ တယ္။ တစ္ခ်ိဳ႕က ကြမ္းစားတယ္ စြဲတယ္။ တစ္ခ်ိဳ႕က
ေရာဂါအခံေတြ ရွိေပမယ့္ ေရွာင္ ရမယ့္ အစားအစားေတြမွ စားခ်င္ေနတယ္။ တစ္ခ်ိဳ႕က ျမန္မာေဆးမွ ျမန္မာေဆး။
တစ္ခ်ိဳ႕က် ျပန္ေတာ့ ေဆးလဲ ေသာက္တယ္၊ ေရာဂါ ျဖစ္ရာျဖစ္ေၾကာင္းကိုလဲ ဆက္လုပ္တယ္။ တစ္ခ်ိဳ႕ က်ေတာ့ ကိုယ္နဲ႔
မတည့္မွန္း သိေသာ္လည္း မေရွာင္နိုင္။ တစ္ခ်ိဳ႕က်ေတာ့ စီးပြားေရးကို အေၾကာင္းျပၿပီး မေရွာင္နိုင္ၾက။ တစ္ခ်ိဳ႕က်ေတာ့
ေဆးကို ေသာက္တစ္လွည့္ မေသာက္တစ္ လွည့္။ ေသာက္ရမယ့္ အခ်ိန္ကို ကိုယ့္ဖာသာကိုယ္ ဆုံးျဖတ္တယ္။ ေရာဂါ
တက္ေနၿပီလို႔ ထင္ရင္ ေသာက္လိုက္တယ္။ သက္သာရင္ ျဖတ္လိုက္တယ္။ တစ္ခ်ိဳ႕က်ေတာ့ ေရာဂါျဖစ္တာ အဲဒီ အျပဳအမူ
အစားအေသာက္ေၾကာင့္ လို ေျပာရင္ သက္သာတဲ့ အထိေတာ့ ျဖတ္နိုင္ၾက တယ္၊ သက္သာသြားရင္ အဲဒီအျပဳအမွုကို
ျပန္လုပ္ၾကတာခ်ည္းပဲ။
ေႏြမွာ ေနသိပ္ ပူတယ္၊ အရက္ေလၽွာ့ေသာက္ပါ။ အပူ သိပ္မ်ားေနတဲ့ အခ်ိန္မွာ အရက္က ကိုယ့္အတြက္ မေကာင္းဘူးလို႔
ေျပာလဲ ဘာမွ မျဖစ္ေသးခင္ နားမေထာင္ခ်င္ ၾကဘူး၊ ျဖစ္သြားတဲ့အခ်ိန္က်ေတာ့ ျဖတ္ဖို႔ အခ်ိန္မမီေတာ့ပဲ အသက္ပါ
သြားတတ္ၾကတယ္။ သိပ္ ေနပူေနတယ္ ေနာ္၊ ခင္ဗ်ားက ေသြးတိုးလဲ ရွိေနေတာ့ ေဆးခဲ မွန္မွန္ ေသာက္၊ အစားလဲ ဆင္ျခင္၊
ေနပူထဲထဲ သိပ္ မထြက္နဲ႔ ဆိုလဲ ရပါတယ္ ဆရာနဲ႔၊ မၾကာဘူး၊ အသုဘရွု ဖိတ္ၾကား စာ ေရာက္လာတာပဲ။
ခင္ဗ်ားကို အရင့္အရင္ကတည္းက ကၽြန္ေတာ္ ေျပာၿပီးသား ေနာ္၊ ေဆးလိပ္နဲ႔ ကြမ္းက ခင္ဗ်ားကို ဒုကၡ ေပးေနတာ၊
ခင္ဗ်ား နားမေထာင္ျပန္ဘူး။ အဲဒီထဲမွာ ပါေနတဲ့ ေဆးရြက္ႀကီး ေတြေၾကာင့္ ခင္ဗ်ား ေသြးေၾကာက်ဥ္းေရာဂါလဲ ရၿပီးၿပီ၊
အခု အစာအိမ္ေရာဂါပါ ထပ္ရေနၿပီ၊ ဆက္ၿပီး၊ စြဲးလန္းေနလို႔ကေတာ့ ကၽြန္ေတာ့္ အဆိုး မဆိုနဲ႔ေတာ့၊ ခင္ဗ်ား ရွာထားတဲ့
အိမ္ ႏွစ္လုံးနဲက ေရႊ သုံးဆယ္သားလဲ သူမ်ားလက္ထဲ ေရာက္သြား႐ုံေပါ့။ ဆရာ့ကို ဘယ္သူေျပာလဲ အိမ္ေတြ ေရႊေတြ ကိစၥ၊
ဒါကေတာ့ တစ္ရပ္ကြက္လုံး သိေနတာပဲဗ်ာ။
ေရာင့္ရဲတင္းတိမ္ျခင္း တရားကို လူတိုင္း မလိုက္နာခ်င္ၾကဘူး။ ေကာင္းတာလို႔ ထင္ေနတာကို အျမဲ ရွာေနၾကတယ္။ အဲဒီ
ေကာင္းတယ္လို႔ ထင္ေနတာ ေတြ႕ေတာ့ စြဲလမ္းေနၾကတယ္။ စြဲလမ္းျခင္းရဲ့ ေနာက္ဆက္တြဲ ေရာဂါေတြ ၀င္လာေတာ့လဲ
တြယ္ဖက္လို႔ ေကာင္းတုန္း၊ ဆရာဝန္က ဘယ္ေလာက္ေျပာေျပာ လြယ္လြယ္နဲ႔ လက္ေလၽွာ့ေလ့ မရွိဘူး။ ဒါ့ေၾကာင့္လဲ
တရားသေဘာအရ တဏွာ လို႔ ေခၚတာကိုး။
ဒီကေန႔ေတာ့ လူႀကီးေတြ၊ အစြဲခၽြတ္လို႔ မရေတာ့တဲ့ လူေတြထက္ တက္လူ၊ အနာဂတ္ရဲ့ လုပ္အားရွင္မ်ား ျဖစ္တဲ့
လူငယ္တြနဲ႔ ေဆးရြက္ႀကီးကိစၥကိုပဲ ဦးတည္ ေရးခ်င္ ပါတယ္။
လူငယ္ေတြ ၾကားထဲမွာ ေဆးလိပ္၊ စီးကရက္၊ ကြမ္းယာ ကိစၥ က အေတာ္ အေရး ႀကီးတဲ့ အေျခအေနကို ေရာက္ၿပီလို႔
ဆိုခ်င္ပါတယ္။ ယခင့္ယခင္တုန္းက ေဆးလိပ္ ဆိုတာ လူငယ္ေတြက မသိေအာင္ ခိုးေသာက္ခဲ့တဲ့ အဆင့္ေလာက္သာ
ရွိတဲ့အတြက္ အမ်ားအားျဖင့္ လက္ရွိအေျခအေနေလာက္ မ်ားတာ မေတြ႕ရဘူး။ လူႀကီးေတြ ေဆးလိပ္ ခဲေနတဲ့ ပုံေတြ၊
စာေစာင္ေတြမွာ ပိုစတာေတြမွာ စီးကရက္ ကိုက္ထားတဲ့ ပုံေတြ ၾကည့္ၿပီး အားက်စိတ္ ရွိလာၾကတာရယ္၊ လူႀကီးေတြ
ကိုယ္တိုင္က ေဆးလိပ္ အဝယ္ခိုင္းတာ၊ မီးညႇိခိုင္းတာေတြ ေၾကာင့္ ေဆးလိပ္ စီးကရက္ စြဲလာတာျဖစ္သလို၊ ကြမ္းယာ
ကိစၥမွာလဲ အရင္ကတည္းက အိမ္ေတြမွာ ကြမ္းအစ္ တည္တဲ့ ကိစၥေၾကာင့္ ယခုေခတ္ လူလတ္ပိုင္းေတြ ကြမ္း စြဲလာၾက
သလို၊ အလုပ္အကိုင္ အေၾကာင္းျပၿပီး အိပ္ငိုက္သက္သာေအာင္ လို႔ရယ္ အေၾကာင္းၿပ ခ်က္နဲ႔ ကားေမာင္းတဲ့လူေတြ
အစားမ်ားလာတာ ေတြ႕လာရတယ္။ ေႏြနဲ႔ ေဆာင္းမွာ ဆိုရင္ လမ္းေပၚမွာ နီရဲေနတာ ေတြ႕ေနရမွာေပါ့။ အထူးသျဖင့္
ကားမွတ္တိုင္ေတြနဲ႔ မီးပႊိုင့္ေတြမွာ ေပါ့။
လူငယ္ေတြၾကားထဲမွာ စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးတံ၊ ေဆးရြက္ႀကီးမွုံ႔ ရွူတာ၊ ေဆးရြက္ႀကီးဝါးတာ၊ ေနာက္ပိုင္း
အီးစီးကရက္ေတြ၊ ေဆးရြက္ႀကီးေပ်ာ္ရည္ေတြ ဆိုတာအထိ နည္းအမ်ိဳးမ်ိဳးနဲ႔ သုံးစြဲေနၾကတာ ေတြ႕ရမွာပါ။ ၂၀၀၉
ခုႏွစ္တုန္းက နို္င္ငံျခားမွာ လုပ္ထားတဲ့ လူငယ္ေတြနဲ႔ ပတ္သက္ၿပီး ေရာဂါျဖစ္ပြားျခင္း၊ ထိန္းသိမ္းျခင္းႏွင့္ ကာကြယ္ျခင္းဆိုင္ရာ
သုေတသန စစ္တမ္းတစ္ခု လုပ္ခဲ့တဲ အခါ အထက္တန္းေက်ာင္းသားမ်ားထဲက ၄၆% ေလာက္က အနည္းဆုံး ေဆးလိပ္
တစ္လိပ္ေတာ့ ေသာက္ဖူးခဲ့တယ္၊ ၂၀% ေလာက္က တစ္လအတြင္းမွာ ေသာက္ခဲ့ဖူးတယ္၊ ၈% ေလာက္က တစ္လ
အတြင္းမွာ အလိပ္ ၂၀ ေလာက္ေတာင္ ေသာက္ဖူးတယ္တဲ့။ ဒါက ေယာက္်ားေလးေရာ မိန္းကေလးပါ ဒီ အတိုင္းအတာအတြင္းမွာ
ျဖစ္ေနတာေနာ္၊ လက္ရွိ ေဆးလိပ္ေသာက္ေနတဲ့ လူငယ္ေတြထဲက တစ္ဝတ္ေလာက္က ေဆးလိပ္ျဖတ္ဖို႔ တစ္ႀကိမ္ မက
ႀကိဳးစားခဲ့ၾကဖူးတယ္ တဲ့။ ေယာက္်ာေလး ၁၅% နဲ႔ မိန္းကေလး ၂% ေလာက္က ေဆးရြက္ႀကီးကို အျခားနည္းနဲ႔ သုံးၾကတယ္။
ေယာက်ာ္းေလး ၁၂% နဲက မိန္းကေလး ၉% ေလာက္က အသက္ ၁၃ ႏွစ္ မတိုင္မီကတည္းက ေဆးလိပ္ကို စ ေသာက္ခဲ့တယ္။
လူငယ္ အမ်ားစုက ေဆးလိပ္ ေသာက္သုံးသူေတြ မဟုတ္ေသာ္လည္း မိသားစုေတြ၊ သူငယ္ခ်င္းေတြေၾကာင့္ တစ္ဆင့္ခံ
ေဆးလိပ္ေငြ႕ ဒဏ္သင့္သူေတြ ျဖစ္ေနၾကျပန္တယ္။ ေဆးလိပ္ေသာက္တဲ့ လူငယ္ေတြ ဘာေၾကာင့္ ေသာက္ခဲ့ၾကသလဲ
ဆိုေတာ့ ဇိမ္ခံလို႔ ေကာင္းလို႔၊ လူႀကီးေတြနဲ႔ တူခ်င္လို႔ တဲ့။ တစ္ခ်ိဳ႕ကေတာ့ ေလတဲ့ စိတ္ေတြရွင္းသြား ေစခ်င္တဲ့ အတြက္
ေသာက္တာ တဲ့။ ေဆးလိပ္ ေသာက္ျခင္းရဲ့ အေၾကာင္းရင္းေတြ ဆန္းစစ္တဲ့အခါ မိသားစုအတြင္း ေသာက္ တဲ့လူ ရွိေနရင္၊
အေပါင္းအသင္းေတြထဲမွာ ေဆးလိပ္ေသာက္တဲ့သူ ရွိေနရင္ ေသာက္ျဖစ္ၾကတယ္၊ေက်ာင္းစာ မလိုက္နိုင္တဲ့ ကေလးေတြ၊
နဂိုကတည္းက မဟုတ္တာေတြကို လက္တည့္းစမ္းခ်င္တတ္တဲ့ သူေတြမွာလဲ ေဆးလိပ္ ေသာက္တာ မ်ားပါတယ္။ ေၾကာ္ျငာအား
ေကာင္းခဲ့စဥ္တုန္းကလဲ လူငယ္ေတြ ေဆးလိပ္ အေသာက္မ်ားလာတဲ့ အတြက္ ေနာက္ပိုင္းမွာ ေဆးလိပ္ေၾကာ္ျငာခြင့္
မျပဳေတာ့ပါဘူး။
ေဆးလိပ္စြဲ ရျခင္း အေၾကာင္းရင္းက ေဆးရြက္ႀကီးမွာ ပါတဲ့ နီကိုတင္း ဓာတ္ေပါင္း ေၾကာင့္ ျဖစ္ပါတယ္။ နည္းနည္းေလး
ပါ႐ုံနဲ႔တင္ လူႀကီးထက္ လူငယ္မွာ ပိုစြဲလန္းစိတ္ ေပၚတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ငယ္ရြယ္သူေတြမွာ ေဆးလိပ္ စြဲၿပီ
ဆိုရင္ ျဖတ္ဖို႔ ခက္တယ္။ ဒီ ေဆးရႊက္ႀကီးေၾကာင့္လဲ အားကစားမွာ ထင္သေလာက္ အစြမ္းျပနိုင္မွာ မဟုတ္ဘူး။ အဆုတ္နဲ႔
ပတ္သက္တဲ့ ေဝဒနာေတြ ရလာတတ္တယ္။ ရာသီအလိုက္ ဓာတ္မတည့္တဲ့ အေျခအေနမ်ိဳးေတြ ျဖစ္လာတတ္တယ္။
သြားေတြ အေရာင္ေျပာင္း လာသလို အသက္ရွုူရင္လဲ အနံ့ အသက္ မေကာင္းတတ္ဘူး။ အက် ၤအဝတ္အစားေတြမွာ
အနံ့ေတြ စြဲကပ္ေနတတ္တယ္။ ဒါက ေဆးလိုပ္ ေသာက္ေနတဲ့ လူမွာ ျဖစ္ေနတာ။ ေဆးလိပ္ ေသာက္တဲ့ မိခင္ေၾကာင့္လဲ
သေႏၶသားမွာ ထိခိုက္တယ္။
လူငယ္ေတြ ေဆးလိပ္ ေသာက္တဲ့ အေလ့အထ နည္းလာေစဖို႔နဲ႔ ပေပ်ာက္ေစဖို႔ အတြက္ နိုင္ငံေတာ္မ်ားမ်ားမွာ
အသက္(၁၈) ႏွစ္ေအာက္ ကို ေဆးလိပ္ မေရာင္းခ်ဖို႔ ဥပေဒ သတ္မွတ္ထားၾကတယ္။ ျမန္မာနိုင္ငံမွာလဲ ေဆးလိပ္ကို
အလိပ္ေၿပ မေရာင္းဖို႔၊ အသက္ (၁၈)ႏွစ္ေအာက္ကို မေရာင္းဖို႔၊ ေက်ာင္းအနီးမွာ ေဆးလိပ္၊ ကြမ္းယာဆိုင္ေတြ မရွိေစဖို႔
ဥပေဒေတြ စည္းမ်ဥ္းစည္းကမ္းေတြ ထုတ္ထားပါတယ္။ သို႔ေသာ္ ေရာင္းသူေတြက မလိုက္နာ ၾကသလို အေရးယူမယ့္သူေတြ
ကလဲ ထိထိေရာက္ေရာက္ အေရးမယူၾကေသးေတာ့ ေလာေလာဆယ္ ဒုံရင္း ပါပဲ။ နိုင္ငံတကာ သားဖြားမီးယပ္ အဖြဲ႕ရဲ့
အဆိုအရ ကိုယ္ဝန္ေဆာင္ လာအပ္ရင္ ေဆးလိပ္နဲ႔ ပတ္သက္တဲ့ ပညာေပးေတြ လုပ္ဖို႔ လိုမယ္။ ကိုယ္တိုင္ မေသာက္
တာေတာင္မွ တစ္ဆင့္ခံ ရွူရွိုက္ေနရမွု ရွိ – မရွိ ကို အျမဲ ဆန္းစစ္ေနရမယ္ လို႔ ဆိုတယ္။ ေဆးလိပ္ျဖတ္တဲ့ ေနရာမွာ နီကိုတင္း အစားထိုးေပးမွုကိုလည္း လူငယ္ေတြအတြက္ တတ္နိုင္ သမၽွ အသုံးမျပဳဖို႔ တိုက္တြန္းထား ၾကတယ္။
ေဆးလိပ္ျဖတ္နည္းကို (၁) ေဆးလိပ္ ေသာက္ – မေသာက္ ေမး(၂) ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္း(၃) ေဆးလိပ္ ဆိုးက်ိဳး
ဘယ္ေလာက္ သက္ေရာက္ေနတယ္ ဆိုတာကို ဆန္းစစ္(၄) ျဖတ္ဖို႔ရာကို အကူအညီ ေပ (၅) ေနာက္ဆက္တြဲ
ဆန္းစစ္ေလ့လာျခင္းကို အဆက္မျပတ္ မလုပ္သြားဖို႔ ဆိုတဲ့ နည္းလမ္း(၅) သြယ္ လ်ာထားၾကတယ္။ ဒါေၾကာင့္
ေဆးလိပ္ျဖတ္ ဌာန လုပ္ေတာ့မယ္ ဆိုရင္ ဒီလို အခ်က္ေတြ အျပည့္အစုံ လုပ္ေပးဖို႔ တိုက္ တြန္းထားၾကတယ္။ အဲဒီလို
ျဖတ္ခ်င္လာရင္လဲ ျဖတ္ခ်င္စိတ္ ေပၚလာေစဖို႔(၁) အေရး ႀကီးတယ္(၂) ေရာဂါေတြ ရလာတတ္တယ္(၃) ျဖတ္လိုက္ျခင္း
အားျဖင့္ ဘယ္လို အက်ိဳး ေက်းဇူးေတြ ရလာမယ္ (၄) ျဖတ္တဲ့ ေနရာမွာ ဘာေတြေၾကာင့္ ျဖတ္ရ ခက္တတ္တယ္ဆိုတာ
ကို အသိေပးရမယ္(၅) အထပ္ထပ္ႀကိဳးစားဖို႔ ခဏခဏ တိုက္တြန္းေနဖို႔ လိုမယ္လို႔လဲ ဆို ထားပါတယ္။ ျမန္မာျပည္
မွာေတာ့ ေဆးလိပ္ျဖတ္ဌာန သီးျခား ထူေထာင္ထားၿပီး ရွိ- မရွိ ေတာ့ မသိေသးပါ။
နိုင္ငံျခား ေဆးလိိပ္ျဖတ္ဌာနမွာေတာ့ နီကိုတင္း အစားထိုးကုသနည္းကို သုံးတယ္ တဲ့။အဲဒီမွာလဲ နီကိုတင္း အစားထိုး
ကုသတဲ့ ေဆးေတာ့ ရွိပါတယ္။ ေစ်းႀကီးတယ္။ တကယ္က ျဖတ္ခ်င္စိတ္ ရွိဖို႔နဲ႔ သိႏၷဠာန္ ခ်ဖို႔ပဲ အေရးႀကီးတာပါ။ အဓိက
ျဖတ္ခ်င္စိတ္ပါ။ ျဖတ္ခ်င္စိတ္ ျဖစ္လာဖို႔ တြန္းအာေးပးတာက က်န္းမာေရးပါ။ က်န္းမာေရးရွုေထာင့္က အမ်ားႀကီး အေရးပါ
ေပမယ့္ ျဖတ္ခ်င္စိတ္ေပၚလာေလာက္တဲ့အထိ တြန္းအားေပးနိုင္ေလာက္တဲ့ အေျခအေနေတြ မေတြ႕ေသးပါဘူး။ လူေတြကလဲ
ခက္တယ္၊ ကိုယ့္ကိုတြန္းအာ ေပးရင္ စိ္တ္မဝင္စားဘူး။ စီးပြားေရးေၾကာ္ျငာေတြမ်ား ၾကည့္ရင္ မၾကည့္ရ မေနနိုင္ေလာက္ေအာင္
ေကာင္းတဲ့ နည္းေတြ ကို သုံးတယ္။ က်န္းမာေရးပညာေပးတာမ်ားၾကေတာ့ စိတ္ဝင္စားစရာ မရွိဘူး။ အဓိက ေရရွည္
အတြက္ အရင္းအႏွီး ျမႇုပ္ႏွံဖို႔ မစဥ္းစားတာ။
ေျပာမရေတာ့တဲ့ လူႀကီးေတြကိုေတာ့ ေျပာစရာရွိတာ ေျပာေပမယ့္ လိုက္နာသူ နည္း ေသးတယ္။ ဆင္ေျခအမ်ိဳးမ်ိဳးနဲ႔
ေသာက္ေနၾကတုန္း၊ ေသတဲ့လူေတြကလဲ တျဖဳတ္ျဖဳတ္ ေသေနၾကတုန္း၊ ကိုယ့္အမ်ိဳးထဲမွာ ေသသြာတဲ့ လူကို
ေတြ႕ေနေတာင္မွ လက္ထဲက ေဆးလိပ္ စီးကရက္က မီးခိုးတလူလူနဲ႔။
ဒါေၾကာင့္ ေျပာလို႔ မရမယ့္ လူႀကီးေတြထက္ ပိုမို ေျပာရလြယ္တဲ့၊ သိပ္လဲ မစြဲလန္း ေသးတဲ့ လူငယ္ေတြကို ယခုအခါ
သင္တန္း အမ်ိဳးမ်ိဳးကလဲ ေဆးလိပ္ျဖတ္ၾကေစဖို႔ တိုက္တြန္းေနၾကပါတယ္။ က်န္းမာေရးျပႆနာကို ေရွ႕တန္းတင္ၿပီး
ျဖတ္ခိုင္းတာ ရွိသလို က်န္းမာေရးႏွင့္ ပတ္သက္တာေတြ သိသိခ်ည္းနဲ႔ ေသာက္ေနတဲ့ လူငယ္ေတြအတြက္
ကုန္က်စရိတ္ကို တြက္ခ်က္ျပၿပီး ျဖတ္ေစပါတယ္။ဟုတ္ေတာ့လဲ ဟုတ္ပါတယ္။ တစ္ရက္မွာ ၁၀ လိပ္ေသာက္ေနတဲ့
လူငယ္တစ္ေယာက္ အတြက္ တစ္ႏွစ္မွာ တစ္သိန္းရွစ္ေသာင္း ဆိုတဲ့ေငြ ထြက္သြားရသလို ျမန္မာတစ္ျပည္လုံးရဲ့
ေဆးလိပ္ေသာက္ႏွုန္းကို ၁၀% နဲ႔ တြက္ခ်က္ၾကည့္တာေတာင္ ျမန္မာျပည္ လူဦးေရထဲက ေဆးလိပ္ ေသာက္ေနတဲ့
လူ ငါးသန္းေၾကာင့္ ေဆးလိပ္ဖိုးက က်ပ္ သန္းေပါင္း ကိုးသိန္း (ေဒၚလာနဲ႔ဆို ကိုးရာ) ဆိုတဲ့ေငြေတြ ေဆးလိပ္
ထုတ္လုပ္တဲ့ နိုင္ငံျခားက လုပ္ငန္းရွင္ေတြဆီ ေရာက္သြားရတာ ႏွေမ်ာစရာ မဟုတ္လား။ က်ပ္သန္းေပါင္းကိုးသိန္း
ဆိုတာ အလုပ္ေတြ အေတာ္မ်ားမ်ားကို လုပ္နိုင္တယ္။ ေဆး႐ုံေတြ ေဆာက္နိုင္တယ္။ ဟိုတယ္ႀကီးေတြ ေဆာက္နိုင္တယ္။
လမ္းေတြ ေကာင္းေကာင္း ခင္းနိုင္တယ္။ ေက်ာင္းသားေတြကို ပညာသင္ ေထာက္ပ့ံေၾကးေတြ အမ်ားႀကီးေပးနိုင္တယ္။
လူ တစ္ေယာက္ ေဆးလိပ္ျဖတ္ၿပီး အဲဒီေငြကို ေကာင္းတဲ့ ေနရာမွာ အသုံးခ်မယ္ လို႔ တြက္ခ်က္ၾကည့္၊ ကေလးသူငယ္
ျပဳစုေရးမွာ ကေလး တစ္ေယာက္အတြက္ အနိမ့္ဆုံး သုံးရတဲ့ တစ္ရက္ ၁၀၀၀ ႏွုန္းနဲ႔ ဆိုရင္ တစ္သိန္းရွစ္ေသာင္း
က ေျခာက္လေလာက္ သုံးလို႔ရတယ္။ တစ္နိုင္ငံလုံး မေသာက္ၾကဘူးဆိုရင္ေတာ့ စဥ္းစား ၾကည့္ေပါ့။ အမ်ိဳးမ်ိဳး
ေျပာၾကတာေပါ့။ ဒါဆိုရင္ အစိုးရက ဘာလို႔ ထုတ္တုန္း။ (အခုေတာ့ အစိုးရရဲ့ ဒူးယား၊ ခေပါင္း၊ အုန္းေတာ ေတြ
ထြက္ေသးလား မထြက္ေတာ့ဘူးလား မသိေတာ့ ပါ။) ဘာလို႔ နိုင္ငံျခားကေန သြင္းခြင့္ ေပးေနတာတုန္း။ နို္င္ငံျခားက
ကုမၸဏီေတြ ဘာလို႔ လက္ခံေနတာတုန္း လို႔ ေျပာရင္ ကၽြန္ေတာ္မ်ိဳုး မေျဖတတ္ပါ။ ဒီၾကားထဲ ဦးပိုင္က စီးကရက္
ဖက္စပ္လုပ္မယ္ လဲ ဆိုေရာ အျမတ္ခြန္ေတာင္ ၅၀% ပဲ ရွိေတာ့လို႔ အျမတ္ခြန္ တိုးေကာက္ဖို႔ ေအာ္လာၾကၿပီ။
ေဆးလိပ္ စီးကရက္ကို ေစ်းနည္းနည္းနဲ႔ ေရာင္းေစခ်င္ တာလား၊ ျဖတ္ၾကဖို႔ ႏွိုးေဆာ္မွာလား၊ ေစ်းႀကီးလာရင္
နယ္စပ္က ေမွာင္ခို ၀င္လာမွာကို ေၾကာက္လို႔လား၊ ဘာမွန္းေတာ့ မသိနိုင္ေတာ့ပါ။
ဘယ္စနစ္ေၾကာင့္ ဘာပဲ ျဖစ္ေနျဖစ္ေန ကၽြန္ေတာ္တို႔ကေတာ့ ေရာဂါလဲ ျဖစ္ေစနိုင္တဲ့၊ နိုင္ငံျခားေငြကို ျဖဳန္းတီး
ရာေရာကတဲ့၊ ေရာဂါျဖစ္လာရင္လဲ ကုသစရိတ္ ပိုကုန္လာတဲ့၊ ေရာဂါျဖစ္ေနတဲ့ အတြက္ေၾကာင့္ လူသားေတြရဲ့
လုပ္အား ဆုံးရွုုံးရတဲ့၊ ေရာဂါသည္ကို ေစာင့္ေရွာက္ရတဲ့အတြက္ အျခားလူေတြရဲ့ ၀င္ေငြရွာရမယ့္ လုပ္အားေတြ
ဆုံးရွုုံးရတဲ့၊ ေဘးလူကိုပါ ေကာင္းက်ိဳးမေပးတဲ့ ဒီ ေဆးလိပ္၊ စီးကရက္၊ ေဆးရြက္ႀကီးနဲ႔ ပတ္သက္ေနတဲ့ အျခား
အေၾကာင္းအရာေတြကိုပါ၊ အခ်ိန္ကုန္ခံၿပီး အာေညာင္းေအာင္ ေျပာ၊ လက္ေညာင္းေအာင္ ေရးေနဦးမွာပါ လို႔။
ခိုင္စိုးဝင္း(ေထြကု)