schizophrenia

စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia)

သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။


စိတ်ကစဉ့်ကလျားရောဂါ (schizophrenia) ဟာ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေတစ်ရပ်ဖြစ်ပြီး ခံစားရသူတွေဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ ကွဲလွဲမှုပြဿနာများကနေ စတင်ပြီး သူတို့ဟာ လူအများနဲ့ ဆက်ဆံရတာ ခက်ခဲလာတတ်ကြပါတယ်။ schip ဟာ လူတစ်ယောက်ရဲ့ အသိ၊ ခံယူချက်ကိုတောင် ပြောင်းပြန်လှန်သွားလောက်အောင် အကျိုးသက်ရောက်နိုင်ပါတယ်။
စိတ်ကစဉ့်ကလျားဖြစ်ခြင်းရောဂါ (schizophrenia) ကို ကမ္ဘာနှင့်အဝှမ်း လူ (၂၁)သိန်းလောက် ခံစားနေရပါတယ်။ ဒါပေမယ့် ထက်ဝက်ခန့်ဟာ သူတို့ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မိသားစု၊ ပတ်ဝန်းကျင်ရဲ့ လုံလောက်တဲ့ ဂရုစိုက်မှုမရရှိကြပါဘူး။ ဒီရောဂါဟာ အသက် ၁၆ နှစ်မှ ၃၀ အရွယ် လူငယ်များမှာ ဖြစ်လေ့ရှိပြီး ရောဂါခံစားသူ ယောကျာ်းလေးများဟာ မိန်းကလေးများထက် အနည်းငယ်ပိုပြီး ပြင်းထန်ကြပါတယ်။


Schip ဟာ မိမိကိုယ်ကို ဖြစ်လို့ဖြစ်မှန်းမသိအောင် တစ်စတစ်စ ကြီးထွားလာတတ်ပါတယ်။ သူရဲ့ လက္ခဏာများကတော့

(၁) ထင်ယောင်ထင်မှားဖြစ်ခြင်း (delusion)
တစ်စုံတစ်ယောက်က မိမိကို အန္တရာယ်ပြုတော့မယ်၊ စော်ကားတော့မယ် (ဥပမာ လိင်ပိုင်းဆိုင်ရာ) လို့ထင်နေခြင်း၊ facebook ပေါ်မှာပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကို ရည်ညွှန်းထားတဲ့ comment တွေဟာ မိမိကို ဆိုလိုနေသည်၊ စောင်းပြောနေသည်ဟုထင်ခြင်း၊ မိမိမှာသူများနှင့်မတူသော စွမ်းရည်တစ်ခုခုရှိနေသည် ဟုထင်ခြင်း၊ တစ်စုံတစ်ယောက်က မိမိကို တစ်ဖက်သတ်ကြိုက်နေသည်ဟု ထင်ခြင်း စတဲ့ ထင်ယောင်ထင်မှား ဖြစ်ခြင်းကို schizophrenia ရောဂါရှိသူအများစုမှာ တွေ့ရပါတယ်။


(၂) မရှိသည်ကို အရှိဟု ထင်မှတ်မှားခြင်း (hallucination)
တကယ်မရှိတာတွေကို မြင်ရ၊ ကြားရ၊ စကားပြောရတာကလဲ schip ရဲ့ လက္ခဏာတစ်ခုပါ။ နည်းလမ်းမျိုးစုံနဲ့ hallucinate ဖြစ်နိုင်ပေမယ့် တကယ်မရှိတဲ့ အသံတွေကြားနေရတာကတော့ အဖြစ်အများဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၃) တလွဲတစောင်း တွေးခေါ်ပြောဆိုခြင်း (disorganized or abnormal motor behavior)
အတွေးအခေါ်တွေ၊ အပြောအဆိုတွေက အစီအစဉ်မကျဘူး။ မေးတာကတစ်မျိုး၊ ဖြေတာက တစ်မျိုး ၊ ဒဲ့ဖြေလိုက်လို့ရတာကို ကွေ့ပတ်ပြီးဖြေချင်ဖြေမယ်၊ တစ်ခါတစ်လေ မေးခွန်းနဲ့ အဖြေနဲ့ တက်တက်စင်အောင် လွဲမယ်။ တစ်ခါတလေ လုံးဝအဓိပ္ပါယ်မရှိတဲ့ စကားတွေ ထိုင်ပြောနေတတ်ပါတယ်။


(၄) အမူအရာများ ပုံမမှန်တော့ခြင်း(abnormal motor behavior)
တဖြည်းဖြည်းဆိုးလာတဲ့ အဆင့်ဖြစ်ပါတယ်။ ဘယ်လိုအမူအရာတွေလဲဆိုတာ ပြောပြဖို့ခက်ပါတယ်။ တချို့ဆို အသက်က ၃၀ လောက်ဖြစ်နေပေမယ့် စိတ်နဲ့မတွေ့ရင် ၄ နှစ်အရွယ်ကလေးတစ်ယောက်လို ဂျီကျမယ်၊ အော်ငိုမယ်။ စည်းကမ်းတွေကို ဆန့်ကျင်လာမယ်၊ အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူး။


(၅) အရာရာကို ဆုတ်ယုတ်လာခြင်း (negative symptoms)
ပုံမှန်နေ့စဉ်ဘဝ ဆုံးရှုံးသွားတာကို ဆိုလိုတာပါ။ ဥပမာ – ညစ်တီးညစ်ပတ် ရေမချိုးပဲ အချိန်ကြာကြီး နေချင်နေမယ်၊ မျက်လုံးချင်းဆုံအောင် မကြည့်ဘူး၊ မျက်နှာ အရီအမဲ့ နည်းလာမယ်၊ စကားပြောရင်တောင် မိုနိုတုန်း ကြီးနဲ့ ပြောမယ်၊ ဘာကိုမှ စိတ်မဝင်စားတော့ဘူး။

ပိုပြီးစိုးရိမ်စရာကောင်းတာတစ်ခုက schizophrenia ရှိတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှု (Suicidal attempt) လုပ်လေ့ရှိပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ၊ သင့်အသိထဲမှာ ဒီလိုရောဂါ ခံစားနေရသူရှိနေပြီဆိုရင်တော့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ ပြဖို့ တိုက်တွန်းသင့်ပါတယ်။ ဒီလိုရောဂါသည်တွေဟာ အများအားဖြင့် အပစ်ပယ်ခံဖြစ်တာကြောင့် သင့်အနေနဲ့လဲ နွေးထွေးစွာဆက်ဆံ ပေးခြင်း၊ နွေးထွေးသော ဆရာဝန်ထံ လမ်းညွှန်ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။


အချိန်မှီ ကုသမှု မခံယူဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အောက်ပါလက္ခဏာများကို ခံစားရနိုင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်း
(၂) စိတ်ကျခြင်း၊ အရက်၊ဆေးလိပ်များ အလွန်အကျွံသောက်သုံးခြင်း
(၃) မှုခင်းပြဿနာများ ကျူးလွန်ခြင်း၊ လူတွေနဲ့ ဆက်ဆံလို့မရတော့သောကြောင့် အပယ်ခံရခြင်း စတာတွေ ခံစားရမှာဖြစ်ပါတယ်။


Schizophrenia ရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာ မသိသေးပေမယ့် မျိုးရိုးရှိသူများ၊ ငယ်စဉ်အခါ စိတ်ဒဏ်ရာကြီးကြီးမားမား ခံစားခဲ့ရသူများ၊ ခုခံအားစနစ်ရောဂါရှိသူများ (autoimmune disease)၊ မီးဖွားစဉ် အခက်အခဲ၊ ရောဂါဖြစ်ခဲ့သူများ (post natal complications) မှာ ပိုမို ဖြစ်တာတွေ့ရပါတယ်။


https://www.mayoclinic.org/diseases-conditions/schizophrenia/symptoms-causes/syc-20354443
By
Dr.Zaw Htet Aung
( I am your doctor)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…