Hiruscar

ကလေးဘဝကအမာရွတ် ကြီးတဲ့အထိမပါချင်လျှင်

ကလေးသဘာဝဆော့ကြ ကစားကြရင်းနဲ့အနည်းအများ၊အကြီးအသေးဆိုသလို ဒဏ်ရာအနာတရဖြစ်တတ်ကြပါတယ်။ အနာကျက်ပြီး ဖြစ်ကျန်ခဲ့တဲ့အမာရွတ်တွေဟာ ကြီးတဲ့အချိန်ထိထင်းထင်းကြီးပါလာတတ်ပါတယ်။ ဒီလိုမျိုး ကလေးဘဝက အမာရွတ်တွေကြီးလာတဲ့အချိန်ထိပါလာတာကိုလျှော့နည်းသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။ အမာရွတ်တွေဟာ အရှင်းပျောက်အောင်လုပ်ရခက်ပေမယ့် မထင်ရှားအောင်၊မသိသာအောင်တော့ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာကတော့ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ပြုလုပ်ပေးရမှာပါ-

၁။ရှောက်သီးဖျော်ရည်။

-ပထမဦးဆုံး အမာရွတ်တစ်ဝိုက်ကို သေချာစွာဆေးကြောသန့်စင်ပါ။

– ရှောက်သီးဖျော်ရည်ကို ဂွမ်းလုံးအသန့်လေးနဲ့ယူပြီး အမာရွတ်အပေါ်တို့ပေးပါ။

-(၁၅)မိနစ်ခန့်ထားပြီး ရေသေချာဆေးချပါ။

-တစ်ရက်ကို ၂-၃ကြိမ်ခန့်လုပ်ပေးနိုင်ပါတယ်

၂။ပျားရည်။

-ပျားရည်နှင့်မုန့်ဖုတ်ဆော်ဒါကိုရောပါ။

-အမာရွတ်ပေါ်တွင်တင်ပြီး (၅)မိနစ်ခန့်ဖွဖွလေးနှိပ်နယ်ပေးပါ။

-ပဝါစနွေးနွေးလေး အုပ်ထားပေးပါ။

-အနွေးဓါတ်ပြယ်သွားပါက ရေဖြင့်သေချာဆေးကြောပါ။

တစ်ရက်ကို ၂ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ကြက်သွန်ဖြူအရည်။

-ကြက်သွန်ဖြူအရည်ကိုညှစ်ချပြီး ၎င်းအရည်ကိုအမာရွတ်ပေါ်တွင်လိမ်းပေးပါ။

-၁၅ မိနစ်ခန့်ကြာလျှင်ရေဖြင့်ဆေးကြောပေးပါ။

-တစ်ရက်လျှင် (၃-၄)ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

၄။ရှားစောင်းလက်ပတ်။

-ရှားစောင်းလက်ပတ်အရည်ကို အမာရွတ်ပေါ်မှာလိမ်းပြီး ခပ်ဖွဖွနှိပ်နယ်ပေးပါ။

– ရဆေးချရန်မလိုပါ။

-တစ်ရက်ကို (၂-၃)ကြိမ် ပြုလုပ်နိုင်ပါတယ်။

၅။အမာရွတ်ပျောက်ဆေးများ။

– ဈေးကွက်ထဲတွင်အမာရွတ်ပျောက်ဆေးများ များပြားစွာရှိပါတယ်။

-ထိုအထဲကမှ အရည်အသွေးစစ်မှန်သော၊ဆရာဝန်များညွှန်ကြားသောဆေးများကို ညွှန်ကြားချက်အတိုင်းသုံးစွဲနိုင်ပါတယ်။

၆။ဓါတုပစ္စည်းများဖြင့်ကုသခြင်း။

-အရေပြားအလှအပဆေးခန်းများတွင် အမာရွတ်ကိုအရောင်ပိုဖျော့အောင်၊ကွာကျအောင်အတွက် ဖော်စပ်ထားသောဓါတုပစ္စည်းများဖြင့်ကုသနိုင်ပါတယ်။

-ဤနည်းကတော့ အပေါ်ယံအမာရွတ်တွေကိုသာ ကုသနိုင်မှာဖြစ်ပါတယ်။

၇။လေဆာကုထုံး။

-အထက်ပါကုသနည်းများဖြင့် မပျောက်ကင်းပါက လေဆာဖြင့်ကုသနိုင်ပါတယ်။

– လေဆာဖြင့်အမာရွတ်ကုသခြင်းဟာ နည်းလမ်းအားလုံးထဲမှာထိရောက်မှုအရှိဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

အမာရွတ်နည်းပါးကင်းစင်ပြီး ချောမွေ့နူးညံ့သောအရေပြားအလှလေးများပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…