ဒေါက်တာစုနှင့် တီတီတာတာလေးများ (၃)
ဝဲ ဆိုတာ ချိုနဲ့လား?
သားသား လက်ကြားက အရမ်းယားနေတယ်၊ ညဘက်ဆို ပိုယားတယ် သားထွေးတစ်ယောက် ဆေးခန်းရှိ စမ်းသပ်ကုတင်ပေါ်ရောက်သည်နှင့် ဒေါက်တာစုကို
ပြောနေတော့သည်၊
“သားသားရေ ခြေထောက်ကြားရော ယားဘူးလား? အရေကြည်ဖုလေးတွေရောထွက်ဘူးလား? ဆရာမကို ပြကြည့်ပါဦး” ဒေါက်တာစု ပြောလိုက်သည်နှင့် သားထွေး သူ့လက်ကလေးတွေကို ဖြန့်ပြသည်
သားထွေးလက်ကြားတွင် အရည်ကြည်ဖုလေးတွေ အစီအရီ တစ်နည်းအားဖြင့် “ဝဲ” ဖုလေးတွေ
သားထွေးမေမေ ဒေါ်မိုးလဲ ကိုလဲ လှမ်းပြကာ “အမရေ သားထွေးလေး ဝဲ ပေါက်နေတာ”
“ဒေါ် မိုး နဲ့ သားထွေးကို ဝဲအကြောင်း ရှင်းပြမယ်နော်”
“ဝဲ ဆိုတာ စကေးဘီးဆိုတဲ့ ပိုးကောင်လေးတွေကြောင့်ဖြစ်တာ၊ ရောဂါပိုးရှိသူနဲ့ထိတွေ့မိမယ်ဆိုရင် ပိုးကူးသွားတတ်တယ်
လက်ကြား၊ခြေကြားအပြင် တင်ပါးတို့မှာပါ ယားတတ်ပြီး အဓိက အားဖြင့် ညဘက်ချိန်ခါတွေမှာ ယားတတ်ပါတယ်၊ ယားလို့ကုတ်ရင်းနဲ့ အနာတွေဖြစ်လာတတ်တယ်၊ အရေကြည်ဖုလေးတွေလဲ တွေ့ရတတ်ပြီး အဲ့ အရေကြည်ဖုလေးတွေထဲမှာ ပိုးကောင်ရေများစွာ နေနိုင်ပါတယ်၊များသောအားဖြင့် အတူနေမိသားစုဝင်များမှာလည်း ဝဲ ကူးစက်နေနိုင်ပါတယ်၊
တစ်ခါတစ်လေ အကောင်းလေးတွေရှိနေတဲ့ မြောင်းလေးတွေပါတွေ့ရတတ်တယ်” ကဲခုတော့ ဒေါ်မိုးတို့သားအမိလဲ ဝဲဖြစ်စေတဲ့ အကြောင်းရင်းလေးသိပီမို့ ဘာဆက်လုပ်ရမလဲ ပြောမယ်နော်
“အရင်ဆုံး သားထွေးကို လိမ်းဆေးလေးပေးလိုက်မယ်၊ လိမ်းဆေးလိမ်းပြီး ၂၄နာရီ ရေနှင့် မထိဘဲ ထားရမယ် ဒါမှ အာနိသင်ထိရောက်မှုကောင်းမှာ၊”ဒေါ်မိုးက သားထွေးဘက်လှည့်ရင်း
“သားညစ်ညစ်ပတ်ပတ်တွေဆော့လို့မရဘူးနော်” ဟုလှမ်းပြောလိုက်သည်
” ဆရာမတို့ အနေနှင့် မိသားစုဝင်တွေထဲ ဒါမျိုးဖြစ်နေရင် တစ်ခါထဲ ဆေးကုမှသာဒီ ဝဲ က အကုန်အစင် လျင်လျင်မြန်မြန် ပျောက်မှာ၊ ထိတွေ့ခြင်းက ကူးတာမို့ တစ်ယောက်က တစ်ယောက်ပြန်ကူးတာမျိုးမဖြစ် အောင် တစ်ြပ်ုင်ထဲ ကုဖို့ အရေးကြီးပါတယ်”
“ကဲ သားထွေးလေးလဲ ဖုန်တွေ ၊သဲတွေကို လက်နဲ့ကိုင်ပြီး ဆော့တာ အပြင်ထွက်ဆော့ပြီး ပြန်လာရင်လက်မဆေးတာမျိူးမလုပ်နဲ့တော့နော် သား”
“ဟုတ်ကဲ့ပါ ဆရာမ၊ သားဆေးလဲ လိမ်းပါမယ်” သားထွေးပြန်သွားော့ ဒေါက်တာစု တစ်ယောက် ငယ်စဉ်ပြေးလွား ဆော့ကစားခဲ့သော နွေကျောင်းပိတ်ရက်များကိုပင် သတိရမိနေတော့သည်
မယ်တင်(ဆေး ၁)
ဝဲ ဆိုတာ ချိုနဲ့လား?
ပြောနေတော့သည်၊
” ဆရာမတို့ အနေနှင့် မိသားစုဝင်တွေထဲ ဒါမျိုးဖြစ်နေရင် တစ်ခါထဲ ဆေးကုမှသာဒီ ဝဲ က အကုန်အစင် လျင်လျင်မြန်မြန် ပျောက်မှာ၊ ထိတွေ့ခြင်းက ကူးတာမို့ တစ်ယောက်က တစ်ယောက်ပြန်ကူးတာမျိုးမဖြစ် အောင် တစ်ပြ်ုင်ထဲ ကုဖို့ အရေးကြီးပါတယ်”
“ကဲ သားထွေးလေးလဲ ဖုန်တွေ ၊သဲတွေကို လက်နဲ့ကိုင်ပြီး ဆော့တာ အပြင်ထွက်ဆော့ပြီး ပြန်လာရင်လက်မဆေးတာမျိုးမလုပ်နဲ့တော့နော် သား”
မယ်တင်(ဆေး ၁)