“လစဉ်ကျန်းမာ မှတ်စေရာ”
ပျိုမေတို့ လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း(pad)၊ဂွမ်းတောင့် (tampon)၊နဲ့ ခွက် (cup) ဆိုပြီး ရွေးချယ်စရာများစွာထဲကမှ လတ်တလော အသုံးအများဆုံးကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း(pad) ပြဲဖစ်ပါလိမ့်မယ်။
ဒါကြောင့် ဓမ္မတာရာသီလာနေစဉ်အချိန်အတွင်း pad လေးတွေကို စနစ်တကျ ဘယ်လိုသုံးမလဲ ဖော်ပြပေးလိုက်ရပါတယ်။
1) မိမိနဲ့သင့်တော်တဲ့ အရွယ်အစားSize ကိုရွေးချယ်ပါ။
မိမိရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ဝတ်လေ့ရှိတဲ့အတွင်းခံ size ပေါ်မူတည်ပြီး pad အရှည်အတို၊ရွယ်အစားကိုရွေးချယ်ပါ။ pad တွေရဲ့အိတ်ပေါ်မှာပါလေ့ရှိတဲ့အရွယ်အစားဇယားကိုကြည့် ပြီး ရွေးချယ်နိုင်ပါတယ်။
2)ရာသီသွေးပမာဏ၊အထူအပါးနဲ့ စုပ်ယူမှုအား
ရာသီသွေးပုံမှန်ပမာဏပဲဆင်းလေ့ရှိလား?များစွာ ဒလဟော ဆင်းလေ့ရှိသူလား? ရာသီသွေးများစွာဆင်းလေ့ရှိသူဆိုပါက အနည်းငယ်ထူပြီး စုပ်ယူမှုအးကောင်းတဲ့ pad ကိုရွေးချယ်ပါ။
ရာသီသွေးပမာဏနည်းပါက ပိုပါးတဲ့ pad မျိုးသုံးနိုင်ပါတယ်။ အချို့ အမျိုးသမီးများ အဖြူဆင်းနေတဲ့အချိန်မျိုးမှာလည်း ခပ်ပါးပါး pad မျိုး သုံးနိုင်ပါတယ်။
(ရာသီသွေးများသူများ pad နှစ်ခုဆင့်သုံးတာမျိုးကိုရှောင်ကြဉ်ပါ။လေဝင်လေထွက်လျော့ကျစေပြီး ကျန်းမာရေးနဲ့မကိုက်ညီတာကြောင့် pad နှစ်ခုဆင့်သုံးမယ့်အစား ထူပြီး စုပ်ယူမှုအားကောင်းတဲ့ pad ကိုပဲရွေးချယ်သုံးပါ။)
3) ၄နာရီ – ၈နာရီခြားတစ်ခါလဲပေးပါ။
၄နာရီခြားတစ်ခါလဲပေးခြင်းက ရောဂါပိုးပေါက်ပွားမှုနဲ့ ရာသီသွေးစိမ့်ခြင်း၊လျှံကျပေါက်ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ ၄နာရီခြားတစ်ကြိမ်မလဲနိုင်လျှင်တောင် pad တစ်ခုကို ၈နာရီထက်ပိုအသုံးမပြုပါနှင့်။
4)အတောင်ပံနဲ့လား? အတောင်ပံမပါတာလား?
အတောင်ပံပါတဲ့ pad လေးတွေဟာ ပုံမှန်အားဖြင့်တော့ သင့် pad ကိုနေရာမရွေ့စေဖို့နဲ့ သင့်အတွင်းခံအနားသားတွေ မစွန်းထင်းစေဖို့ ကူညီပေးပါတယ်။
(သင့်အသားအရည်ဟာ sensitive ဖြစ်တတ်သူဆိုရင်တော့ အတောင်ပံပါတဲ့ pad တွေကြောင့် ပေါင်ကြားတွေ နီရဲယားယံခြင်းမျိုး ဖြစ်တတ်လို့ အတောင်ပံမပါတဲ့ pad မျိုးက ပိုသင့်လျော်ပါတယ်။)
5)အမွှေးနံ့ပါတဲ့ pad တွေ
ရာသီစက်ဝန်းအချိန်မှာ ချွေးနံ့၊ရာသီသွေးနံ့တွေထွက်မှာ စိုးကြောက်မိတယ်ဆိုရင်တော့ဖြင့် အမွှေးနံ့အမျိုးမျိုးနဲ့ pad အမျိုးအစားများစွာရွေးချယ်နိုင်ပါတယ်။ (Sensitive ဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့တော့ အမွှေးနံမပါတာမျိုးကိုပဲ သုံးစွဲဖို့အကြံပြုချင်ပါတယ်။)
* နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ရာသီစက်ဝန်းကာလအတွင်း pad အချိန်မှန်လဲသလို မိန်းမကိုယ်နဲ့တစ်ဝိုက်ကိုလည်း အချိန်မှန်သန့်ရှင်းစင်ကြယ်စွယ် ဆေးကြောသန့်စင်ဖို့ပဲဖစ်ပါတယ် ပျိုမေတို့ရေ *
မေ (ဆေး ၂)
"လစဥ္က်န္းမာ မွတ္ေစရာ"
ပ်ိဳေမတို႔ လစဥ္ၾကံဳေတြ႔ေနရတဲ့ ဓမၼတာစက္ဝန္းအတြက္ အမ်ိုးသမီးလစဥ္သံုးပစၥည္း(pad)၊ဂြမ္းေတာင့္ (tampon)၊နဲ႔ ခြက္ (cup) ဆိုၿပီး ေရြးခ်ယ္စရာမ်ားစြာထဲကမွ လတ္တေလာ အသံုးအမ်ားဆံုးကေတာ့ အမ်ိဳးသမီးလစဥ္သံုးပစၥည္း(pad) ပျဲဖစ္ပါလိမ့္မယ္။
ဒါေၾကာင့္ ဓမၼတာရာသီလာေနစဥ္အခ်ိန္အတြင္း pad ေလးေတြကို စနစ္တက် ဘယ္လိုသံုးမလဲ ေဖာ္ျပေပးလိုက္ရပါတယ္။
1) မိမိနဲ႔သင့္ေတာ္တဲ့ အရြယ္အစားSize ကိုေရြးခ်ယ္ပါ။
မိမိရဲ႕ ခႏၶာကိုယ္အရြယ္အစား၊ဝတ္ေလ့ရွိတဲ့အတြင္းခံ size ေပၚမူတည္ၿပီး pad အ႐ွည္အတို၊ရြယ္အစားကိုေရြးခ်ယ္ပါ။ pad ေတြရဲ႕အိတ္ေပၚမွာပါေလ့႐ွိတဲ့အရြယ္အစားဇယားကိုၾကည့္ ၿပီး ေရြးခ်ယ္ႏိုင္ပါတယ္။
2)ရာသီေသြးပမာဏ၊အထူအပါးနဲ႔ စုပ္ယူမႈအား
ရာသီေသြးပံုမွန္ပမာဏပဲဆင္းေလ့႐ွိလား?မ်ားစြာ ဒလေဟာ ဆင္းေလ့႐ွိသူလား? ရာသီေသြးမ်ားစြာဆင္းေလ့႐ွိသူဆိုပါက အနည္းငယ္ထူၿပီး စုပ္ယူမႈအးေကာင္းတဲ့ pad ကိုေရြးခ်ယ္ပါ။
ရာသီေသြးပမာဏနည္းပါက ပိုပါးတဲ့ pad မ်ိဳးသံုးႏိုင္ပါတယ္။ အခ်ိဳ႕ အမ်ိဳးသမီးမ်ား အျဖဴဆင္းေနတဲ့အခ်ိန္မ်ိဳးမွာလည္း ခပ္ပါးပါး pad မ်ိဳး သံုးႏိုင္ပါတယ္။
(ရာသီေသြးမ်ားသူမ်ား pad ႏွစ္ခုဆင့္သံုးတာမ်ိဳးကိုေ႐ွာင္ၾကဥ္ပါ။ေလဝင္ေလထြက္ေလ်ာ့က်ေစၿပီး က်န္းမာေရးနဲ႔မကိုက္ညီတာေၾကာင့္ pad ႏွစ္ခုဆင့္သံုးမယ့္အစား ထူၿပီး စုပ္ယူမႈအားေကာင္းတဲ့ pad ကိုပဲေရြးခ်ယ္သံုးပါ။)
3) ၄နာရီ - ၈နာရီျခားတစ္ခါလဲေပးပါ။
၄နာရီျခားတစ္ခါလဲေပးျခင္းက ေရာဂါပိုးေပါက္ပြားမႈနဲ႔ ရာသီေသြးစိမ့္ျခင္း၊လ်ွံက်ေပါက္ထြက္ျခင္းကို ကာကြယ္ေပးပါတယ္။ ၄နာရီျခားတစ္ႀကိမ္မလဲႏိုင္လ်ွင္ေတာင္ pad တစ္ခုကို ၈နာရီထက္ပိုအသံုးမျပဳပါႏွင့္။
4)အေတာင္ပံနဲ႔လား? အေတာင္ပံမပါတာလား?
အေတာင္ပံပါတဲ့ pad ေလးေတြဟာ ပံုမွန္အားျဖင့္ေတာ့ သင့္ pad ကိုေနရာမေရြ႔ေစဖို႔နဲ႔ သင့္အတြင္းခံအနားသားေတြ မစြန္းထင္းေစဖို႔ ကူညီေပးပါတယ္။
(သင့္အသားအရည္ဟာ sensitive ျဖစ္တတ္သူဆိုရင္ေတာ့ အေတာင္ပံပါတဲ့ pad ေတြေၾကာင့္ ေပါင္ၾကားေတြ နီရဲယားယံျခင္းမ်ိဳး ျဖစ္တတ္လို႔ အေတာင္ပံမပါတဲ့ pad မ်ိဳးက ပိုသင့္ေလ်ာ္ပါတယ္။)
5)အေမႊးနံ႔ပါတဲ့ pad ေတြ
ရာသီစက္ဝန္းအခ်ိန္မွာ ေခြၽးနံ႔၊ရာသီေသြးနံ႔ေတြထြက္မွာ စိုးေၾကာက္မိတယ္ဆိုရင္ေတာ့ျဖင့္ အေမႊးနံ႔အမ်ိဳးမ်ိဳးနဲ႔ pad အမ်ိဳးအစားမ်ားစြာေရြးခ်ယ္ႏိုင္ပါတယ္။ (Sensitive ျဖစ္တတ္တဲ့ အသားအေရပိုင္႐ွင္မ်ားအေနနဲ႔ေတာ့ အေမႊးနံမပါတာမ်ိဳးကိုပဲ သံုးစြဲဖို႔အၾကံျပဳခ်င္ပါတယ္။)
* ေနာက္ဆံုးအေနနဲ႔ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ ရာသီစက္ဝန္းကာလအတြင္း pad အခ်ိန္မွန္လဲသလို မိန္းမကိုယ္နဲ႔တစ္ဝိုက္ကိုလည္း အခ်ိန္မွန္သန္႔႐ွင္းစင္ၾကယ္စြယ္ ေဆးေၾကာသန္႔စင္ဖို႔ပဲဖစ္ပါတယ္ ပ်ိဳေမတို႔ေရ *
ေမ (ေဆး ၂)