All Articlesပိုးသေဆေးများ

Sanfetil (ပိုးသတ္ေဆး အမ်ိဳးအစား)

1 Mins read
All Articlesပိုးသေဆေးများ

Sanfetil (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read

ပါဝင်သောဆေး-Cefpodoxime proxetil၊
ဆေးပုံစံ-ဆေးတောင့် ပုံစံ။ ဖျော်သောက်ရသော ဆေးမှုန့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-သာမန်မှ အလယ်အလတ်အဆင့် အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း (နားပြည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း)၊ အရေပြားနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ။
သုံးစွဲရန်အညွှန်း- ရောဂါအခြေအနေနှင့် လူတစ်ဦးချင်းပေါ်မူတည်၍ ဆေးပမာဏမတူညီပါ။ ၁၀၀-၂၀၀မီလီဂရမ် ၁၂ နာရီခြားဆီ ၅ရက်မှ ၁၀ ရက်ထိ သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ cephalosporin ပိုးသတ်ဆေးနှင့် မတည့်သူများ။
သတိပြုရမည့်အချက်များ- ပင်နီဆလင်ဆေးနှင့် မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၅လ အောက်ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ရက်ကြာအားကောင်းသော ဆီးဆေးများနှင့် တွဲမသုံးသင့်ပါ။ ဆေးသောက်သည့်ကာလ ၁၀ ရက်ထက်ကျော်ပါက သွေးဆဲလ်အရေအတွက်ပြန်စစ်ရန်လိုအပ်ပါသည်။ ဆီးသွားနည်းခြင်းဖြစ်တတ်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ အရေပြားတွင် မှိုရောဂါများဖြစ်ခြင်းနှင့် အခြားသောအရေပြားအကွက်ဖြစ်ခြင်းများ၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားအူခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အာခြောက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ နှာရည်ယိုခြင်း၊ ဆေးမတည့်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ်အက်ဆစ်ချေဖျက်ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ Probenecid ဆေး၏ ကျောက်ကပ်မှ စွန့်ထုတ်မှုကို ကျစေပါသည်။ ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *