ကိုယ်ဝန်ဆောင်ချိန် ချစ်တင်းနှောခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံခြင်းဟာ ဗိုက်ထဲက ရင်သွေးကိုအန္တရာယ်ဖြစ်စေနိုင်သလားဆိုတာ စုံတွဲတော်တော်များများသိချင်ကြပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်ချိန် ချစ်တင်းနှောခြင်းဟာ ကလေးကို အန္တရာယ်မဖြစ်စေပါဘူး။ ရေမြွာအိတ်နဲ့ သားအိမ်ရဲ့သန်မာတဲ့ကြွက်သားတွေက ကလေးကို ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းအဝနားမှာရှိနေတဲ့ ထူထဲတဲ့အချွဲတွေကလည်း ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ လိင်ဆက်ဆံတဲ့အခါ လိင်တံဟာမိန်းမကိုယ်ကိုကျော်ပြီး မရောက်ပါဘူး။ ဒီတော့ကလေးအပေါ်ဘာအန္တရာယ်မှမရှိပါဘူး။
*လိင်ဆက်ဆံရင် မီးဖွားချင်လာသလား?
မဖြစ်ပါဘူး။ ရောဂါထူးထူးခြားခြားမရှိတဲ့ ပုံမှန်ကိုယ်ဝန်သည်(Normal,Low Risk pregnancy) တွေ လိင်ဆက်ဆံတဲ့အခါ ဖြစ်ပေါ်လာတဲ့လှုံ့ဆော်မှုနဲ့ ဆန္ဒပြီးမြောက်မှုဟာ ရုတ်တရက်မီးဖွားစေမှုလည်း မဖြစ်စေသလို ကိုယ်ဝန်ပျက်ကျတာမျိုးလည်းမဖြစ်စေပါဘူး။ ဆန္ဒပြီးမြောက်တဲ့အခါ သားအိမ်မှာ contraction( ကျုံ့ခြင်း ဆန့်ခြင်း )ခဏတာသာဖြစ်စေနိုင်ပြီး အန္တရာယ်မရှိပါဘူး
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတဲ့အခါ သတိထားရမယ့်အခြေအနေအချို့တော့ရှိပါတယ်။
ကိုယ်ဝန်အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာမျိုးရှိမယ်ဆိုရင် ကိုယ်ဝန် ၁၄ပတ်ပြည့်တဲ့အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရပါတယ်။
ဒါ့အပြင်
-သားအိမ်ခေါင်းမှာ အားနည်းနေပြီး အခြားပြဿနာတွေရှိဖူးတဲ့ ရောဂါရာဇဝင်ရှိရင်
-ကိုယ်ဝန်မှာ အချင်းကရှေ့ရောက်နေရင် (Placenta Previa)
-ခဏခဏကိုယ်ဝန်ပျက်ကျဖူးရင်
-လမစေ့ဘဲကလေးမွေးဖူးရင်
-ကိုယ်ဝန်ဆောင်စဉ် သွေးအများကြီးဆင်းခဲ့ရင်
-ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမကိုယ်လမ်းကြောင်းကနေပိုးဝင်ထားရင် လိင်ဆက်ဆံမှုမပြုသင့်ပါဘူး။ အထက်ပါအခြေအနေမျိုးရှိနေမယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ရှောင်သင့်တာရှောင်ရပါလိမ့်မယ်။
လိင်ဆက်ဆံတဲ့အခါ ပုံစံအနေအထားကိုလည်း ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာပက်လက်နေတဲ့အခါ ကြီးထွားနေတဲ့သားအိမ်ဟာ
အဓိကသွေးကြောတွေကို သွားဖိပါတယ်။ ဒီအခါ တင်ပဆုံမှာဖိအားဖြစ်ပြီး ခါးနာတတ်ပါတယ်။လိင်ဆက်ဆံပြီးချိန်မှာ အနံ့ဆိုးတဲ့ သဘာဝမဟုတ်သောအရည်တွေဆင်းရင် သို့မဟုတ် သွေးတွေဆင်းရင်တော့ ဆေးခန်းချက်ချင်းပြရပါမယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကိုယ္ဝန္ေဆာင္ခ်ိန္ ခ်စ္တင္းေႏွာျခင္း
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လိင္ဆက္ဆံျခင္းဟာ ဗိုက္ထဲက ရင္ေသြးကိုအႏၲရာယ္ျဖစ္ေစႏိုင္သလားဆိုတာ စံုတြဲေတာ္ေတာ္မ်ားမ်ားသိခ်င္ၾကပါတယ္။ တကယ္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ ခ်စ္တင္းေႏွာျခင္းဟာ ကေလးကို အႏၲရာယ္မျဖစ္ေစပါဘူး။ ေရႁမြာအိတ္နဲ႔ သားအိမ္ရဲ႕သန္မာတဲ့ႂကြက္သားေတြက ကေလးကို ကာကြယ္ေပးထားပါတယ္။ ဒါ့အျပင္ သားအိမ္ေခါင္းအဝနားမွာရွိေနတဲ့ ထူထဲတဲ့အခြ်ဲေတြကလည္း ပိုးဝင္ျခင္းကို ကာကြယ္ေပးပါတယ္။ လိင္ဆက္ဆံတဲ့အခါ လိင္တံဟာမိန္းမကိုယ္ကိုေက်ာ္ၿပီး မေရာက္ပါဘူး။ ဒီေတာ့ကေလးအေပၚဘာအႏၲရာယ္မွမရွိပါဘူး။
*လိင္ဆက္ဆံရင္ မီးဖြားခ်င္လာသလား?
မျဖစ္ပါဘူး။ ေရာဂါထူးထူးျခားျခားမရွိတဲ့ ပံုမွန္ကိုယ္ဝန္သည္(Normal,Low Risk pregnancy) ေတြ လိင္ဆက္ဆံတဲ့အခါ ျဖစ္ေပၚလာတဲ့လွံု႔ေဆာ္မႈနဲ႔ ဆႏၵၿပီးေျမာက္မႈဟာ ႐ုတ္တရက္မီးဖြားေစမႈလည္း မျဖစ္ေစသလို ကိုယ္ဝန္ပ်က္က်တာမ်ိဳးလည္းမျဖစ္ေစပါဘူး။ ဆႏၵၿပီးေျမာက္တဲ့အခါ သားအိမ္မွာ contraction( က်ံဳ႕ျခင္း ဆန္႔ျခင္း )ခဏတာသာျဖစ္ေစႏိုင္ၿပီး အႏၲရာယ္မရွိပါဘူး
ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံတဲ့အခါ သတိထားရမယ့္အေျခအေနအခ်ိဳ႕ေတာ့ရွိပါတယ္။
ကိုယ္ဝန္အေစာပိုင္းကာလမွာ ေသြးအနည္းငယ္ဆင္းတာမ်ိဳးရွိမယ္ဆိုရင္ ကိုယ္ဝန္ ၁၄ပတ္ျပည့္တဲ့အထိ လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ရပါတယ္။
ဒါ့အျပင္
-သားအိမ္ေခါင္းမွာ အားနည္းေနၿပီး အျခားျပႆနာေတြရွိဖူးတဲ့ ေရာဂါရာဇဝင္ရွိရင္
-ကိုယ္ဝန္မွာ အခ်င္းကေရွ႕ေရာက္ေနရင္ (Placenta Previa)
-ခဏခဏကိုယ္ဝန္ပ်က္က်ဖူးရင္
-လမေစ့ဘဲကေလးေမြးဖူးရင္
-ကိုယ္ဝန္ေဆာင္စဥ္ ေသြးအမ်ားႀကီးဆင္းခဲ့ရင္
-ကိုယ္ဝန္ေဆာင္စဥ္မွာ မိန္းမကိုယ္လမ္းေၾကာင္းကေနပိုးဝင္ထားရင္ လိင္ဆက္ဆံမႈမျပဳသင့္ပါဘူး။ အထက္ပါအေျခအေနမ်ိဳးရွိေနမယ္ဆိုရင္လည္း ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေရွာင္သင့္တာေရွာင္ရပါလိမ့္မယ္။
လိင္ဆက္ဆံတဲ့အခါ ပံုစံအေနအထားကိုလည္း ဂ႐ုစိုက္ရပါမယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာပက္လက္ေနတဲ့အခါ ႀကီးထြားေနတဲ့သားအိမ္ဟာ
အဓိကေသြးေၾကာေတြကို သြားဖိပါတယ္။ ဒီအခါ တင္ပဆံုမွာဖိအားျဖစ္ၿပီး ခါးနာတတ္ပါတယ္။လိင္ဆက္ဆံၿပီးခ်ိန္မွာ အနံ႕ဆိုးတဲ့ သဘာဝမဟုတ္ေသာအရည္ေတြဆင္းရင္ သို႔မဟုတ္ ေသြးေတြဆင္းရင္ေတာ့ ေဆးခန္းခ်က္ခ်င္းျပရပါမယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)